Nway Ingyin - နွေအင်ကြင်း

Nway Ingyin - နွေအင်ကြင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nway Ingyin - နွေအင်ကြင်း, Chemical company, Nya-28, Ahthawka Street, Bayint Naung/Yangon, Yangon.

19/10/2025

အကောင်းဆုံးမြေခံမြေဩဇာ ကောမက်စွမ်းအား

စိုက်ပျိုးလိုက်သော သီးနှံပင်များ အမြစ်သန်မာပြီး အစာရေ ကောင်းစွာ စုပ်ယူစားသုံးနိုင်ဖို့အတွက် ဖော့စဖိတ် အချိုးမြင့် ကောမက်စွမ်းအား ဓာတ်မြေဩဇာကို အသုံးပြုပေးသင့်ပါတယ်။

📌ကောမက်စွမ်းအားကို မြေခံထည့်သွင်းပေးမည်ဆိုပါက

✅ နိုက်ထရိုဂျင် ၁၅ % + ဖော့စဖောရပ် ၃၀ % နှင့် ပိုတက်ဆီယမ် ၇ % ပါဝင်ခြင်း

✅ အပင်ငယ်စဉ်တွင် စွမ်းအင်ပြည့်ပြည့်ဝဝရရှိစေပြီး သီးနှံပင်များကို သိသာကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးစေခြင်း

✅ အမြစ်ဖွဲ့စည်းမှု နှင့် အမြစ်ဆင်းအား ကောင်းစေသည့်အတွက် သီးနှံပင်မှ အာဟာရဓာတ်နှင့်ရေကို ပိုမို ရရှိနိုင်ခြင်း

✅ အပင်ကြီးထွားသန်မာခြင်း၊ ပင်ပွားများခြင်း၊ ကိုင်းတက်ကိုင်းခွများပြားခြင်း၊ အပွင့်အသီးစောခြင်း များကြောင့် သီးနှံအထွက်တိုးကာ ဈေးကောင်းရစေနိုင်ပါတယ်။

📣📣ဒါကြောင့် လူကြီးမင်းများ စပါး၊ ‌ပြောင်း၊ ကြံ၊ ဖရဲ၊ သခွား၊ ကြက်သွန်၊ အာလူး ကဲ့သို့ ဘာသီးနှံပဲ စိုက်စိုက် မြေခံ မြေဩဇာရွေးချယ်မယ်ဆို ကောမက်စွမ်းအားဖြစ်ဖို့ အရေးကြီးပါတယ်ခင်ဗျာ။


#ကောမက်စွမ်းအား

19/10/2025

“မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်” ဆိုပြီး စိုက်ပျိုးရေးလောကမှာ မြေရဲ့ အရေးပါမှုကို ရှေ့တန်းကတင်၍ဆိုခဲ့ကြပါတယ်။ မြေမှန်မှ သီးနှံပင်များ ရှင်သန်နိုင်မှာဖြစ်ပါတယ်။ မြေညံ့ရင် သီးနှံပင်လည်း ညံ့သွားမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း မြေဆီလွှာပညာရှင်တွေက “အပင်ကို အစာမကျွေးပါနဲ့၊ မြေကိုအစာကျွေးပါ” "Don't feed the plant feed the Soil"လို့ အလေးအနက်ဆိုခဲ့ကြခြင်း ဖြစ်ပါတယ်။
သို့အတွက် သီးနှံတစ်မျိုး စိုက်ပျိုးတော့မယ်ဆိုရင် မြေရဲ့သဘာ၀ ဖြစ်ပေါ်နေတဲ့အခြေအနေကို အကဲခတ်မိအောင် ဦးစွာလေ့လာဖို့လိုအပ်ပါတယ်။ မြေမှန်ဆိုတာ ရူပဂုဏ်သတ္တိနဲ့ ပြည့်ဝနေဖို့လိုတယ်။ ဓာတ်ဂုဏ်သတ္တိနဲ့ ပြည့်စုံနေဖို့လိုတယ်။ ဇီဝဂုဏ်သတ္တိနဲ့လည်း ကယ်ဝနေဖို့လိုတယ်။ ဒါမှသာ သီးနှံပင်ကြီးထွားရှင်သန်ဖြစ်ထွန်းပြီး အထွက်များများကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်။ မြေဆီလွှာရဲ့ ရူပဂုဏ်သတ္တိတွေမှာ မြေမျက်နှာပြင်အနိမ့်အမြင့် သိရှိအောင်လေ့လာခြင်း၊ ကုန်းစောင်း၊ တောင်စောင်း၊လျှိုမြောင်များ ဖြစ်တည်နေမှုကို သိရှိလေ့လာခြင်းပြုလုပ်ရန် လိုအပ်ပါတယ်။ သို့မှသာ ရေတိုက်စားမှု ကာကွယ်တားဆီးနိုင်ရန် စီမံခြင်း၊ ရေသိုလှောင်နိုင်မဲ့နေရာမှာတမံပိတ်၍ ရေသိုလှောင်နိုင်ရန် စီမံခြင်း၊မြေအနိမ့်၊ အမြင့်အလိုက် လှေကားထစ်များဖော်၍ စိုက်ပျိုးနိုင်ရန် စီမံခြင်း၊ မြေအနိမ့်၊ အမြင့်အလိုက် သီးနှံပင်စိုက်ပျိုးနိုင်ရန်စီမံခြင်း၊ မြေမျက်နှာပြင်ညီအောင် ညှိခြင်းတို့ကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
နောက်လေ့လာရမဲ့ အချက်မှာ မြေသားဖွဲ့စည်းတည်ဆောက်မှု၊ ရေစီးဆင်းအားကောင်းမှု၊ အစိုဓာတ်ထိန်းအားကောင်းမှုစတဲ့အခြေအနေဖြစ်ပါတယ်။ နီညိုတောမြေဟာ မြေသားအလယ်အလတ် မြေစေးသမ (အလယ်အလတ်အနုကြမ်း)၊ မိုးရေချိန်လက်မ ၈၀ မှ ၂၀၀ အထိရှိပြီး မြေဆွေးပါဝင်မှု နည်းပါးတာတွေ့ရပါတယ်။ ပင်လယ်မြေမျက်နှာပြင်အထက် ပေ ၁၀၀၀ မှ၄၀၀၀ ကျော်မှာ တွေ့ရှိနိုင်ပါတယ်။ မြေချဉ်ငန်ကိန်း ၅ ဒသမ ၅ မှ ၆ ဒသမ ၅ ရှိပါတယ်။ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရန် သင့်လျော်မြေ ဖြစ်ပါတယ်။ နုန်းမြေဟာ သဲသမမှ မြေစေးသမအထိရှိပြီး မြေမှာ နိုက်ထရိုဂျင်ဓာတ်နဲ့ ဖော့စဖရပ်ဓာတ်တွေ ချို့တဲ့တတ်ပါတယ်။ အဆိုပါမြေမျိုးမှာ စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနဲ့ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်ပါတယ်။ PH ၆ မှ ၈၊ မြေစေး ၁၅ရာခိုင်နှုန်း၊ မြေဆွေး သုည ဒသမ ၅ မှ ၁ ဒသမ သုည ရာခိုင်နှုန်း ပါဝင်တယ်။
နိုက်ထရိုဂျင်ဓာတ်နဲ့ ဖော့စဖရပ်ဓာတ်များ သုံးစွဲရန် စီမံသင့်ပါတယ်။ နုန်းရောမြေမဟာ သဲနှုန်းသမမှ မြေစေးသမအထိ ရှိတတ်ပါတယ်။ နိုက်ထရိုဂျင်ဓာတ်နဲ့ ဖော့စဖရပ်ဓာတ်များ နည်းတတ်ပါတယ်။ အဆိုပါမြေမျိုးမှာ စပါး၊ မြေပဲ၊ နှမ်း၊ ဆေး၊ ကြက်သွန်၊ ကြံ၊ ပဲမျိုးစုံ၊ ဂုန်လျှော်၊ ဟင်းသီးဟင်းရွက်များစိုက်ပျိုးရန် စီမံသင့်ပါတယ်။

နိုက်ထရိုဂျင်ဓာတ်နဲ့ ဖော့စဖရပ်ဓာတ် ဂရုစိုက်သုံးစွဲသင့်ပါတယ်။ အဆိုပါမြေမျိုးတွေမှာ မကြာခဏ ရေလွှမ်းတတ်လေ့ရှိပါသဖြင့် ရေဘေးကာကွယ်ရေး ကြိုတင်စီမံသင့်ပါတယ်။ မြေမမြေဟာ မြေစေးသမနဲ့ မြေစေးပါဝင်ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ နိုက်ထရိုဂျင်ဓာတ် အသင့်အတင့်နဲ့ ဖော့စဖရပ်ဓာတ် များများလိုအပ်တာ တွေ့ရပါတယ်။ PH ၅ ဒသမ ၅ မှ ၆ ဒသမ၅ ၊ မြေစေး ၉၀ ရာခိုင်နှုန်း၊ မြေဆွေး တစ်မှနှစ်ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒီလိုမြေအမျိုးအစားမျိုးမှာ စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ ကြံနဲ့ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်စီမံသင့်ပါတယ်။ ရေနုတ်မြောင်းများ ဖောက်လုပ်ပေးရန် လိုအပ်ပါတယ်။
နွံပေါက်မြေဟာ မြေစေးနဲ့ ဖွဲ့စည်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နိုက်ထရိုဂျင်၊ ဖော့စဖရပ်နဲ့ ပိုတက်စီယမ်ချို့တဲ့တဲ့အတွက် ထည့်သွင်းတဲ့အစီအမံ ပြုလုပ်သင့်ပါတယ်။ သီးနှံကတော့ စပါး၊ ဂုန်လျှော်၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် စီမံသင့်ပါတယ်။ ရေနုတ်မြောင်းတူးခြင်း၊ ရေစုပ်ထုတ်ခြင်းများ ကြိုတင်စီမံသင့်ပါတယ်။ ဂဝံမြေဟာ သဲသမနဲ့ မြေသမ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ရော်ဘာ၊ သီဟိုဠ်သရက်နဲ့ ဥယျာဉ်ခြံအဖြစ် တည်ထောင်စိုက်ပျိုးသင့်ပါတယ်။ PH ၄ မှ ၅ ဒသမ ၈အထိ ရှိပါတယ်။ မြေဆွေး တစ်မှနှစ်ရာခိုင်နှုန်း၊ မြေစေး ၈ မှ ၁၅ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဝါညို၊ နီညိုတောမြေဟာမြေစေးသမ၊ သဲသမ ဖွဲ့စည်းတည်ဆောက်ထားတာ တွေ့ရပါတယ်။ PH ၅ ဒသမ ၅ မှ ၆ ဒသမ သုည၊ မြေစေး ၃၀ ရာခိုင်နှုန်း၊သစ်ဆွေး နှစ်မှ လေးရာခိုင်နှုန်း ပါဝင်ပါတယ်။ အာဟာရဓာတ်များ ချို့တဲ့တတ်သဖြင့် ထည့်သွင်းအသုံးပြုရန် စီမံသင့်ပါတယ်။ မြေဆွေးဓာတ်လည်း နည်းတတ်ပါတယ်။
ရော်ဘာ၊ သီဟိုဠ်သရက်၊ ဥယျာဉ်ခြံသီးနှံများ တည်ထောင်စိုက်ပျိုးသင့်ပါတယ်။ မြေနီသဲဝန်းမြေဟာ သဲနဲ့ သဲသမမြေများနဲ့ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ အာဟာရဓာတ် အတော်အသင့် ပြည့်စုံတတ်တာ တွေ့ရပါတယ်။ မြေပဲ၊ နှမ်း၊ဝါ၊ ပဲမျိုးစုံ၊ နှံစားပြောင်း၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် စီမံသင့်ပါတယ်။ PH ၆ ဒသမ ၅ မှ ၇ ဒသမ ၅၊ မြေစေး ၃၀ရာခိုင်နှုန်း၊ မြေဆွေး တစ်ရာခိုင်နှုန်း ပါဝင်ပါတယ်။ အဓိကတော့ မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်တဲ့လုပ်ငန်းကို ဦးစားပေးဆောင်ရွက်သင့်ပါတယ်။ စနယ်မြေဟာ မြေစေး၊ နုန်းမြေဆေးသမတို့ ပါဝင်ဖွဲ့စည်းထားတာ တွေ့ရပါတယ်။PH ၇ဒသမ ၅ မှ ၈ ဒသမ ၅၊ မြေစေး ၂၅ မှ ၅၅ ရာခိုင်နှုန်း၊ မြေဆွေး သုည မှ ၁ ဒသမ ၅ ရာခိုင်နှုန်းပါဝင်ပါတယ်။ အာဟာရဓာတ်များ အသင့်အတင့်ပြည့်ဝတာ တွေ့ရပါတယ်။ ပြောင်း၊ အစေ့ထုတ်ပြောင်း၊ နှံစားပြောင်း၊ ကြံ၊ ဝါ၊ ငရုတ်၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် စီမံသင့်ပါတယ်။ ရေသွင်းစိုက်ပျိုးတဲ့စနစ်ဖြစ်အောင် စီမံသင့်ပါတယ်။ မြေဆီလွှာရဲ့ ရူပဂုဏ်သတ္တိမှာ လေ့လာရမဲ့အချက်မှာ မိမိစိုက်ပျိုးမဲ့မြေ ရာဇဝင်ကို သိရှိအောင် ဆောင်ရွက်ရမဲ့အချက်ဖြစ်ပါတယ်။ မိမိမြေပေါ်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းထုတ်လုပ်တဲ့စက်ရုံ တည်ဆောက်ခဲ့ဖူးသလား၊ လွန်ခဲ့သောနှစ်များက ပိုးမွှားရောဂါများ လွန်ကဲစွာကျရောက်ခဲ့ဖူးသလား၊ရက်ကြာရှည်စွာ ရေကြီးရေလွှမ်းခံခဲ့ရဖူးသလား စတဲ့ အချက်များကို သေချာစွာလေ့လာ၍ ထိ
ရောက်သော ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပြီးမှ သီးနှံစိုက်ပျိုးရန် စီမံသင့်ပါတယ်။
မြေဆီလွှာရဲ့ ရူပဂုဏ်သတ္တိကို လေ့လာရာမှာ မြေဆီလွှာရဲ့ အတိမ်အနက်ဟာလည်း အလွန်အရေးပါတဲ့အချက် ဖြစ်ပါတယ်။မိမိမြေဆီလွှာဟာ မြေဆီလွှာအနက်ဘယ်လောက်ရှိသလဲ လေ့လာဖို့လိုအပ်ပါတယ်။ မိမိဟာ ရာသီသီးနှံ (စပါး၊ ပဲမျိုးစုံ၊ဆီထွက်၊ ဟင်းသီးဟင်းရွက်) စတဲ့သီးနှံတွေပဲ စိုက်ပျိုးမယ်ဆိုရင် မြေဆီလွှာအနက်ဟာရှစ်လက်မကနေ ၁၂ လက်မရှိရင်လုံလောက်ပါတယ်။ သဘာဝမြေသြဇာတစ်ဧက လှည်း ၁၀ စီးကနေ အစီး ၂၀ ထည့်ပေးဖို့လိုပါတယ်။ အကယ်၍ မိမိစိုက်ပျိုးမဲ့သီးနှံဟာဥယျာဉ်ခြံသီးနှံ (သို့) နှစ်ရှည်သီးနှံဆိုရင်တော့ မြေဆီလွှာအနက်ဟာ အနည်းဆုံး သုံးပေက ရှစ်ပေအထိရှိဖို့လိုအပ်ပါတယ်။ မြေဆီလွှာရဲ့အနက်ဟာ လိုအပ်တဲ့အနက်မရှိဘူးဆိုရင်တော့ မိမိသီးနှံပင်စိုက်မဲ့နေရာမှာ လိုအပ်တဲ့အကျယ်၊လိုအပ်တဲ့အနက်ရအောင် ကျင်းတူးပြီး သဘာဝမြေဆွေးများ အပြည့်ထည့်နှပ်ပြီးမှ စိုက်ပျိုးသင့်ပါတယ်။မြေဆီလွှာရဲ့ ဓာတုဂုဏ်သတ္တိများကို လေ့လာမယ်ဆိုရင် မြေဆီလွှာအတွင်း အာဟာရဓာတ်အမျိုးအစားအလိုက် ပါဝင်တဲ့ပမာဏသိရှိရန် မြေဆီလွှာဓာတ်ခွဲသေတ္တာနဲ့ ဓာတ်ခွဲစမ်းသပ်ဖို့လိုပါတယ်။ သီးနှံများ ရှင်သန်ကြီးထွား အထွက်များဖို့ဆိုရင် အာဟာရဓာတ် ၁၆ မျိုးပါဝင်ရန်လိုအပ်ပါတယ်။ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ မဂ္ဂနီးစ်၊ဆာလ်ဖာ၊ ကယ်လ်စီယမ်၊ သံ၊ ကော့ပါး၊ ဇင့်၊ ဘိုရွန်၊ မော်လစ်ဘီဒီနန်၊ ကလိုရင်းတို့ဖြစ်ပါတယ်။
သီးနှံတစ်မျိုးချင်းအလိုက် တစ်ဟက်တာမှာ အကောင်းဆုံးအထွက်ရရှိရန် လိုအပ်တဲ့ အာဟာရဓာတ်များကတော့ စပါးတစ်ဟက်တာ ခြောက်တန်ထွက်ရှိရန် နိုက်ထရိုဂျင် ကီလိုဂရမ် ၁၀၀၊ ဖော့စဖိတ်ကီလိုဂရမ် ၅၀၊ ပိုတက်ရှ် ကီလိုဂရမ် ၁၆၀၊ မဂ္ဂနီစီယမ်နဲ့ ဆာလ်ဖာ ကီလိုဂရမ် ၃၀ စီလိုအပ်ပါတယ်။ အစေ့ထုတ်ပြောင်း တစ်ဟက်တာ ခြောက်တန်ထွက်ရှိဖို့အတွက် နိုက်ထရိုဂျင် ကီလိုဂရမ် ၁၂၀၊ ဖော့စဖိတ် ကီလိုဂရမ်၅၀၊ ပိုတက်ရှ် ကီလိုဂရမ် ၁၂၀၊ မဂ္ဂနီစီယမ်ကီလိုဂရမ် ၄၀ နဲ့ ဆာလ်ဖာ ၂၅ ကီလိုဂရမ်လိုအပ်ပါတယ်။ ပဲမျိုးစုံသီးနှံတစ်ဟက်တာ၂ ဒသမ ၄ တန်ထွက်ရှိဖို့အတွက် နိုက်ထရိုဂျင် ၁၅၅ ကီလိုဂရမ်၊ ဖော့စဖိတ်ကီလိုဂရမ် ၅၀၊ ပိုတက်ရှ် ကီလိုဂရမ် ၁၂၀၊ မဂ္ဂနီစီယမ် ကီလိုဂရမ် ၂၀၊ ဆာလ်ဖာ ၂၅ ကီလိုဂရမ်တို့ လိုအပ်ပါတယ်။မြေပဲသီးနှံတစ်ဟက်တာ နှစ်တန် ထွက်ရှိဖို့ နိုက်ထရိုဂျင် ကီလိုဂရမ် ၁၇၀၊ ဖော့စဖိတ် ကီလိုဂရမ် ၃၀၊ ပိုတက်ရှ် ကီလိုဂရမ် ၁၁၀၊ မဂ္ဂနီစီယမ် ကီလိုဂရမ် ၂၀၊ ဆာလ်ဖာ ၁၅ ကီလိုဂရမ် လိုအပ်ပါတယ်။ နှမ်းသီးနှံတစ်ဟက်တာ ၁ ဒသမ ၅ တန်ထွက်ရှိဖို့ နိုက်ထရိုဂျင်ကီလိုဂရမ် ၁၂၀၊ ဖော့စဖရပ် ကီလိုဂရမ် ၆၀၊ ပိုတက်ရှ် ကီလိုဂရမ် ၁၂၀၊ ပိုတက်ရှ် ကီလိုဂရမ် ၁၂၀၊ မဂ္ဂနီဆီယမ် ကီလိုဂရမ်၄၀ လိုအပ်ပါတယ်။

ကြက်သွန်ဖြူ၊ နီ တစ်ဟက်တာ ၃၃ တန်ထွက်ဖို့ဆိုရင် နိုက်ထရိုဂျင် ကီလိုဂရမ်၁၂၀၊ ဖော့စဖိတ် ၄၅ ကီလိုဂရမ်၊ ပိုတက်ရှ်ကီလိုဂရမ် ၁၆၀၊ ဆာလ်ဖာ ကီလိုဂရမ် ၂၀လိုအပ်ပါတယ်။ သို့အတွက် မိမိမြေမှာ ဓာတ်ခွဲသိရှိရတဲ့ ပါဝင်တဲ့ဓာတ်များ ပမာဏအလိုက်လိုအပ်တဲ့အာဟာရကို ထပ်မံဖြည့်စွက်ထည့်သွင်းစိုက်ပျိုးဖို့ စီမံသင့်ပါတယ်။ မြေဆီလွှာရဲ့ ဓာတုဂုဏ်သတ္တိများကို လေ့လာတဲ့အခါမှာ အရေးကြီးဆုံးအချက်ကတော့ မြေဆီလွှာပြဿနာများပဲ ဖြစ်ပါတယ်။ ဒီမြေဆီလွှာပြဿနာများဟာ သီးနှံပင်အထွက်ကို သိသိသာသာကြီး ထိခိုက်ပျက်စီးစေတဲ့ဒုက္ခကို ပေးပါတယ်။ မြေဆီလွှာချဉ်ခြင်း၊ ငန်ခြင်း၊ အာဟာရဓာတ်များက သီးနှံပင်ကို အဆိပ်သင့်စေခြင်းပဲ ဖြစ်ပါတယ်။ မိမိရဲ့မြေမှာ ဒီလယ်ယာပြဿနာများ ကြုံခဲ့ရဖူးခြင်း ရှိ၊ မရှိ ကြိုတင်သိရှိအောင် လေ့လာရန် အထူးလိုအပ်မှာ ဖြစ်ပါတယ်။ မြေဆီလွှာချဉ်ငန်ကိန်းကို ကြိုတင်သိရှိနေအောင် မြေဆီလွှာဓာတ်ခွဲသေတ္တာနဲ့ ကြိုတင်ဓာတ်ခွဲဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သို့မှသာ မြေချဉ်နေခြင်း၊ မြေငန်နေခြင်းကို ကြိုတင်သိရှိပြီး မြေချဉ်ခြင်းကြောင့် သီးနှံပင်များပျက်စီးဆုံးရှုံးရမှု၊ မြေငန်ခြင်းကြောင့် သီးနှံပင်များ ပျက်စီးဆုံးရှုံးရမှုကို ကြိုတင်သိရှိကာကွယ်မှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

မြေဆီလွှာ မြေချဉ်ငန်ကိန်း ၅ ဒသမ ၁ မှ ၅ ဒသမ ၅ ဆိုရင် အချဉ်များ၊ မြေချဉ်ငန်ကိန်း ၄ ဒသမ ၅ အောက်ဆိုရင် အလွန်ချဉ်တဲ့မြေ ဖြစ်နေပါတယ်။ မြေဆီလွှာချဉ်နေရင် သီးနှံပင် ကောင်းစွာမရှင်သန်နိုင်ခြင်း၊ မကြီးထွားမဖွံ့ဖြိုးခြင်း၊ မြေဆီလွှာမှာ နိုက်ထရိုဂျင်ဖမ်းပေးသော ဘက်တီးရီးယားများနည်းလာခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ဓာတ်ပြိုကွဲစေတဲ့ သက်ရှိအဏုဇီဝများ လျော့နည်းလာခြင်း၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊မော်လစ်ဘီဒီနန်၊ ဖော့စဖရပ်ဓာတ်များ ချို့တဲ့မှုဖြစ်ပေါ်စေခြင်း၊ သံ၊ အလူမီနီယမ်နဲ့မဂ္ဂနီးစ်အဆိပ်သင့်စေခြင်းများ ဖြစ်ပေါ်စေပါတယ်။ မြေချဉ်ခြင်းကို ကြိုတင်သိရှိနေပါက တစ်ဟက်တာ ထုံးတစ်တန်မှ သုံးတန်ကြိုတင်ထည့်ပေးပြီး ပြုပြင်ရန်လိုအပ်ပါတယ်။မြေဆီလွှာ အလယ်အလတ်ငန်နဲ့အလွန်ငန်အဆင့်မှာ သီးနှံပင်များ လုံးဝစိုက်ပျိုး၍မရပါ။ ဆိုဒီယမ်ပါဝင်မှု အလွန်များပြီး ဖော့စဖရပ်နဲ့ အနည်းလိုအာဟာရဓာတ်များ ချို့တဲ့မှုဖြစ်စေပါတယ်။
သံ၊ ဆာလ်ဖာ၊မဂ္ဂနီးစ်၊ ဘိုရွန်ဓာတ်အဆိပ်သင့်မှု ဖြစ်ပေါ်စေပါတယ်။ ဂျစ်ပဆမ်ကျောက်မှုန့် တစ်ဟက်တာ ပေါင် ၄၀၀ထည့်သွင်းပြုပြင်ပြီးမှ သီးနှံစိုက်ပျိုးသင့်ပါတယ်။ မြေဆီလွှာငန်ခြင်း ဖြစ်ပေါ်ရခြင်းမှာ ဆိုဒီယမ်အိုင်းယွန်းများ ပါဝင်မှုများနေခြင်းကြောင့် ဖြစ်ပါတယ်။ဆိုဒီယမ်ကာဗွန်နိတ် (NaHCO3)၊ ကယ်လ်စီယမ်ကာဗွန်နိတ် (CaCO3) နဲ့ ဆီလီကာများ ပျော်ဝင်ပျောက်ဆုံးခြင်း ဖြစ်ပေါ်ပါတယ်။ ဒီအခြေအနေမှာ နိုက်ထရိုဂျင်ဓာတ်နဲ့ ဖော့စဖရပ်ဓာတ်များ ချို့တဲ့တတ်ပါတယ်။ တချို့ဒေသတွေမှာ ဆိုဒီယမ်များသောမြေမှာ ဆပ်ပြာပေါက်မှု ဖြစ်ပေါ်စေပါတယ်။ ဂျစ်ပဆမ်ကျောက်မှုန့် တစ်ဧကကို ပေါင် ၅၀ နှုန်း ထည့်ပေးပြီး ရေသွင်းရေထုတ် ငါးကြိမ်၊ခြောက်ကြိမ် ပြုလုပ်ပေးပြီးမှ သီးနှံစိုက်ပျိုးသင့်ပါတယ်။ မြေဆီလွှာရဲ့ ဇီဝဂုဏ်သတ္တိကို လေ့လာရင် ဓာတ်သတ္တု ၄၉ ရာခိုင်နှုန်း၊ လေ ၂၅ရာခိုင်နှုန်း၊ အစိုဓာတ် ၂၅ ရာခိုင်နှုန်း၊ အော်ဂဲနစ်ပစ္စည်း တစ်ရာခိုင်နှုန်း ပါဝင်တာတွေ့ရပါတယ်။
မြေဆီလွှာတစ်ဟက်တာမှာ အဏုဇီ၀ ကီလိုဂရမ် ၇၀၀ ပါဝင်ပါတယ်။ အဲဒီအထဲမှာ မှို ၇၀-၇၅ ရာခိုင်နှုန်း၊ ဘက်တီးရီးယား၂၀-၂၅ ရာခိုင်နှုန်း၊ တခြားပစ္စည်းငါးရာခိုင်နှုန်း ပါဝင်ပါတယ်။ မြေကောင်းတစ်ခုမှာ မြေဆွေးဓာတ်ဟာ ၁ ဒသမ ၅ မှ နှစ်ရာခိုင်နှုန်းအထိ ပါဝင်တာတွေ့ရပါတယ်။ မြေဆီလွှာဟာ ဇီဝဂုဏ်သတ္တိများနဲ့ ပြည့်ဝနေမှသာ မှန်ကန်တဲ့မြေဖြစ်ပြီး သီးနှံအထွက်တိုးမှာ ဖြစ်ပါတယ်။ သို့အတွက်မိမိမြေရဲ့ ဇီဝသတ္တိအပြည့် ရှိ၊ မရှိ လေ့လာပြီး အပြည့်ရှိအောင် ဆောင်ရွက်ပြီးမှ သီးနှံစိုက်ပျိုးသင့်ပါတယ်။ ဇီဝသက်ရှိများဟာ မြေဆီလွှာအတွင်း ရှင်သန်ကြီးထွားနေနိုင်ရန်မှာ မြေဆွေးနဲ့ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။
ဇီဝသက်ရှိများ ရှင်သန်ပွားများမှု နည်းပါးရင်အပင်ကြီးထွားဖွံ့ဖြိုးမှုလည်း ရပ်တန့်နေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေဆွေးဓာတ်နဲ့ ဇီဝသက်ရှိများမရှိပါက မြေဆီလွှာအတွင်းရှိ ဖော့စဖရပ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ် စတဲ့ ဓာတ်များဟာထိန်းချုပ်ခံရပြီး အပင်က မစားသုံးနိုင်တဲ့ပုံစံအဖြစ်ပြောင်းသွားပြီး ချို့တဲ့မှုဖြစ်ပေါ်စေပါတယ်။မြေဆွေးဓာတ်ဟာ ဘာနဲ့မှအစားထိုးလို့ မရနိုင်တဲ့ အမိမြေဆီလွှာဖြစ်ပါတယ်။ မြေဆီလွှာအတွင်းရှိ မြေဆွေးအော်ဂဲနစ်တွေမှာ မှို၊ ရေညှိ ၄၀ ရာခိုင်နှုန်း၊ဘက်တီးရီးယားနဲ့ အက်တီနိုမိုက်စီ ၄၀ ရာခိုင်နှုန်း၊ တီကောင် ၁၂ ရာခိုင်နှုန်း၊ အကောင်ကြီး ငါးရာခိုင်နှုန်း၊ သတ္တဝါငယ် သုံးရာခိုင်နှုန်း ပါဝင်တာကို တွေ့ရပါတယ်။ တခြားပစ္စည်း ၂၅-၃၀ ရာခိုင်နှုန်းမှာ လစ်ကနင်နဲ့ ပရိုတင်းများ ဖြစ်ကြပါတယ်။ မြေဆီလွှာအတွင်းရှိ အော်ဂဲနစ်များဟာ မြေဆီလွှာရဲ့ အပူချိန်ကို လျော့စေပါတယ်။ အော်ဂဲနစ်များ ဆွေးမြည့်လာတဲ့အခါ အပင်ရဲ့အစာအာဟာရဖြစ်တဲ့အပြင် ထွက်ပေါ်လာတဲ့ ဟော်မုန်းများ၊ ဗီတာမင်များ၊ ပဋိဇီဝပစ္စည်းများဟာ အပင်ကြီးထွားမှုအတွက်အထောက်အကူဖြစ်စေပါတယ်။ အော်ဂဲနစ်ပစ္စည်းများ ဆွေးမြည့်လာတဲ့အခါ အပင်ကစားသုံး၍ မရရှိနိုင်သော ပိုတက်စီယမ်၊ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ အိုင်းယွန်း၊ အလူမီနီယမ်၊ ဘိုရွန်၊ ဖော့စဖိတ် စတဲ့ဓာတ်များကို အပင်ကစုပ်ယူနိုင်သော ပုံစံသို့ပြောင်းလဲပေးစေနိုင်ပါတယ်။ တစ်ခါတစ်ရံ အဆိပ်သင့်မှုများကို ပြေပျောက်စေနိုင်တာ တွေ့ရပါတယ်။ သို့ပါ၍ မိမိမြေဆီလွှာကို ဇီဝဂုဏ်သတ္တိနဲ့ ပြည့်ဝနေစေအောင်ကြိုတင်စီမံပြုပြင်ပြီးမှ စိုက်ပျိုးသင့်ပါတယ်။
သို့အတွက် မိမိမြေကို သီးနှံစိုက်ပျိုးတော့မယ်ဆိုရင် မြေရဲ့သဘာဝအခြေအနေကို သေချာစွာလေ့လာပြုပြင်ပြီးမှသာ စိုက်ပျိုးကြစေဖို့ တိုက်တွန်းလိုက်ရပါတယ်။

- အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်

26/09/2025

ပဲမျိုးစုံအတွက် အသင့်တော်ဆုံး ရွှေကောမက် ပဲမျိုးစုံဓာတ်မြေဩဇာ

🔰ရွှေကောမက် ပဲမျိုးစုံတွင် ပဲအတွက် အဓိက လိုအပ်သော နိုက်ထရိုဂျင် ၁၁ % + ဖော့စဖောရပ် ၂၀ % + ပိုတက်ဆီယမ် ၂၀ % ပါဝင်ခြင်း

🔰မြေဆီလွှာအတွင်း သာမန်အစိုဓာတ်မှာပင် ပျော်ဝင်မှုအားကောင်းခြင်း

🔰အမြစ်ဖွဲ့စည်းမှု အားကောင်းပြီး သီးနှံပင်မှ အစာအာဟာရ ပြည့်ပြည့်ဝဝစုပ်ယူနိုင်ခြင်း

🔰အကိုင်း အခက် အလက် အတက်များစေပြီး ပိုတက်အချိုးမြင့်မားသောကြောင့် အသီးအပွင့်အစေ့အဆံ အောင်မြင်ပြီး အရည်အသွေးများစေခြင်း

🔰 ပြင်းထန်သော ရာသီဥတုအခြေအနေမှာပင် ပဲပင်အားကောင်းစွာရှင်သန်ပွင့်သီးစေပြီး အထွက်တိုးစေမည်ဖြစ်ပါတယ်

ဒါကြောင့် ပဲအထွက်တိုးပြီး ဈေးကောင်းရစေရန် ရွှေကောမက်ဓာတ်ပဲမျိုးစုံ မြေသြဇာကို အခုပဲ အသုံးပြုလိုက်ပါခင်ဗျာ


#ပဲ #ရွှေကောမက်

26/09/2025
17/09/2025

NPK အချိုးညီတာကိုမှ ကြိုက်နှစ်သက်ကြသည့် တောင်သူဦးကြီးတွေအတွက် စံပြ ၁၅+၁၅+၁၅

စံပြ ၁၅+၁၅+၁၅ မြေဩဇာကို စပါး၊ ပြောင်း၊ နှမ်း၊ ဝါ၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ငရုပ်၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်၊ ကွမ်းရွက်နှင့် ဟင်းသီးဟင်းရွက်များ၊ ဥယျာဉ်ခြံသီးနှံများပါ ရွေးချယ်အသုံးပြုနိုင်ပါတယ်။

အရည်အသွေးမြင့်မားသည့် သီးနှံအထွက်များရရှိစေဖို့ အခုပဲအသုံးပြုလိုက်ကြရအောင်...

 🤍💙🧡💛
17/09/2025

🤍💙🧡💛

14/07/2025
စူပါ စူပါ စူပါG46% စူပါ G46% ​နွေအင်ကြင်းမှာရ​နေပြီ​နော်ဟဲလို ဟဲလို လုပ်လိုက်ပါ။    %
14/07/2025

စူပါ စူပါ စူပါG46%
စူပါ G46%
​နွေအင်ကြင်းမှာရ​နေပြီ​နော်
ဟဲလို ဟဲလို လုပ်လိုက်ပါ။



%

14/07/2025

တောင်သူဦးကြီးများအတွက် စံပြ ၁၅+၁၅+၁၅ ကို မြေခံအဖြစ်အသုံးပြုနိုင်သလို နောက်လိုက်စာအဖြစ်ရွေးချယ်အသုံးပြုနိုင်ပါတယ်။ စံပြ ၁၅+၁၅+၁၅ သည် သီးနှံအာဟာရ၏ လိုအပ်ချက်ကိုပြည့်ဝစွာပေးစွမ်းနိုင်ပြီး အရည်အသွေးမြင့်မားသည့် သီးနှံအထွက်ကိုရရှိစေတာကြောင့် အခုပဲရွေးချယ်အသုံးပြုလိုက်ပါ...

14/07/2025

ပင်ပွားများမှသာ စပါးအထွက်တိုးမှာ
🌾🌾🌾🌾🌾

စပါးအထွက်ကို အဆုံးအဖြတ်ပေးမှာ စပါးပင်အခြေကထွက်လာတဲ့ စပါးပင်ပွားများအရေအတွက်ပါ ။
🌾🌾ပွားလာတဲ့အပင်တိုင်းက စပါးနှံလေးတွေ ထွက်လာခွင့် ရှိပါတယ်။ ပင်ပွားများဖို့ဆိုရင် -

၁။စပါးပင်လေးတွေအတွက် သင့်တော်တဲ့ ပင်ကြားတန်းကြား ရှိဖို့လိုပါမယ်

၂။ရေကို အမြဲမြုပ်ထားတာမဟုတ်ဘဲ စိုစွတ်ရုံထားပေးဖို့လိုပါမယ်

၃။ပေါင်း၊ ပိုး၊ ရောဂါ ကင်းစင်ရပါမယ်

၄။ရွှေကောမက် သုံးရပါမယ်။

🌾🌾ရွှေကောမက်မှာ စပါးပင်ကောင်းစွာကြီးထွာဖွံ့ဖြိုးပြီး အပင်များများပွားစေတဲ့ နိုက်ထရိုဂျင် ၂၀% ၊ အမြစ်ဖွံ့ဖြိုးမှုနဲ့ အနှံအောင်မြင်စေတဲ့ ဖော့စဖိတ်က ၁၂ % ၊ စပါးနှံဆရှည်ပြီး အစေ့အဆံပြည့်ဝ အထွက်တိုးစေတဲ့ ပိုတက်စီယမ် ၁၂ % ပါဝင်ပါတယ်။

🌾🌾ရွှေကောမက်က စပါးလည်းအပင်ပွားစေမယ်၊ အရွက်လည်း စိမ်းစေမယ်၊ အပင်လည်းသန်စေမယ် အနှံထွက်အားကောင်းပြီး စပါးနှံအလေးချိန်ပါ စီးစေပါတယ်ဗျာ။ ပင်စိမ်းခြင်း ၊ ပင်ပွားများခြင်း၊ တစ်နှံပါအောင်စေ့အရေအတွက်များစေပြီး အထွက်တိုးစေပါတယ်။

🌾🌾ဒါကြောင့် စပါးစိုက်တောင်သူတိုင်း မဖြစ်မနေ လက်စွဲထားသင့်‌ ရွှေကောမက် ဓာတ်မြေဩဇာကို နီးစပ်ရာ ကောမက်ဓာတ်မြေဩဇာ ကိုယ်စားလှယ်ဆိုင်တွေမှာ အခုပဲ ဝယ်ယူအသုံးပြုလိုက်ပါခင်ဗျာ


#စပါးအတွက်ရွှေကောမက်

Address

Nya-28, Ahthawka Street, Bayint Naung/Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when Nway Ingyin - နွေအင်ကြင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share