HVAC GEEK

HVAC GEEK Design Consultancy & Educational Entertainment

10/06/2021

GOOD NEW !!!
🔎🔎🔎 Find out more about in...
&EngineeringWorksforMarine&OffshoreHVA

ဒီတ​လော ကျ​နော် project ​လေး​တွေလတ်စသတ်​နေရင်း Social Media နဲ့ အဆက်အသွယ်ပြတ်​နေလို့ page မှာActive မဖြစ်တာ Sorry ပါ။ Me...
27/09/2019

ဒီတ​လော ကျ​နော် project ​လေး​တွေလတ်စသတ်​နေရင်း Social Media နဲ့ အဆက်အသွယ်ပြတ်​နေလို့ page မှာActive မဖြစ်တာ Sorry ပါ။ Messenger မှာလည်း ​မေးလာကြတာ​တွေကို​ဖြေထား​ပေးပါတယ်​နော် ။
ဒီ​နေ့က​တော့ Technical post တင်တာမဟုတ်ပါဘူး ။ စာအုပ်​​ကောင်း​လေးတအုပ်အ​​ကြောင်း​ပြောချင်လို့ပါ။ ကျ​နော်တို့ HVAC Engineering နယ်ပယ်အတွက် မှတ်တိုင်တခုစိုက်ထူနိုင်မယ့် စာအုပ်မျိုးပါ။ စာအုပ်မျက်နှာဖုံးမှာ Marine & Offshore ဆိုပြီးရေးထားလို့ BS သမား​တွေက ငါတို့နဲ့မဆိုင်ပါဘူးကွာ လို့​တော့အ​ပြောမ​စောလိုက်ပါနဲ့ ။ တကယ်​တော့ တချို့ equipment ​တွေ သုံးပုံသုံးနည်း​တွေပဲကွဲတာပါ။ design တွက်တာအကုန်တူတူပါပဲ။ နှစ်သီးစား​ပေါ့ဗျာ။ ဒီစာအုပ်ကို​ရေးတဲ့သူက ကျ​နော်​လေးစားရတဲ့ ဆရာတ​ယောက်ပါ။ ကိုယ့်ဆရာမို့ ကိုယ့်ငါးချဥ်ကိုယ်ချဥ်​နေတယ်ထင်ရင် Design & Engineering Work for Marine & Offshore HVAC ဆိုတဲ့ page မှာ ဆရာ ​အောင်မြတ်သူရဲ့ စာအ​ရေးအသား ပညာရည်ပြည့်ဝမှု့ကို သွား​ရောက်မြည်းစမ်းဖတ်ရှုနိုင်ပါတယ်။
အခုလိုမျိုး ​ခေတ်ကြီးထဲမှာ ​​ကျောင်းသား​တွေအတွက်​ရော လုပ်ငန်းခွင်ဝင်​နေတဲ့လူများအတွက်ပါ reference အတွက်​ရော လုပ်ငန်းခွင်အတွက်ပါ တကယ်ကိုအကျိုးရှိပြီး ပိုက်ဆံ​ကုန်ရကြိုးနပ်မယ့် စာအုပ်ဖြစ်လို့ ဝယ်ယူဖတ်ရှု​စေချင်ပါတယ်။ ကျ​နော်က​​တော့ ဝယ်ဖို့စာရင်း​ပေးပြီးသွားပါပြီ။

Cold Storage System ( Cold Room ) # Cold storage system သည် residential air conditioning  ပိုင်းတွင်မပါဝင်သော်လည်း  indu...
10/05/2019

Cold Storage System ( Cold Room )

# Cold storage system သည် residential air conditioning ပိုင်းတွင်မပါဝင်သော်လည်း industrial refrigeration ပိုင်းမှာတော့ အရေးပါသော system တခုဖြစ်သည်။ စက်ရုံအလုပ်ရုံများတွင် raw material များဖြစ်သည့် အသားငါး သစ်သီးဝလံများကို တာရှည်ခံနိုင်အောင် သတ်မှတ်ထားသည့် set point temperature ဖြင့် cold room ထဲတွင် storeလုပ်ထားလေရှိသည်။ Pharmacy ပိုင်းတွင်လည်း သာမန် ambient temperature တွင်ထား၍မရသော ဆေးရည်များ ပဋီဇီဝဆေးများ အတွက်လည်း cold storage system လိုအပ်သည်။ desired condition အလိုက် 5'C , 18+ - 'C စသဖြင့် ထားလေ့ရှိသည်။
Cold roomထဲတွင် Evaporator ထားကာ condenserကိုအပြင်ထုတ်ထား၍ install လုပ်ကြသည်။ သို့ပေမယ့် တချို့ store set point temperature မြင့်သော project များတွင် AHU ကို VRF outdoorနှင့်တွဲသုံးကာ cold room ထဲမှာ air terminals တွေလောက်သာထားတတ်တာတွေ့ဖူးသည်။
Cold room အတွက် cooling load တွက်ရာတွင် comfort cooling လိုစဉ်းစားကာတွက်၍မရပေ။ Carrier E20II software မှာလည်းတွက်လို့မရပါ။ မယုံလျှင် စမ်းကြည့်ပါ။ unoccupied cooling temp နှင့် Heating set point temperature ထည့်သည့်အချိန်မှာ ပြသနာစတက်ပါလိမ့်မည်။ ကံကောင်းထောက်မလို့ report fileထွက်လာရင်တောင် loading အမှားသာဖြစ်ပါမည်။ ထို့ကြောင့် cold storage အတွက် Danfoss application ကို အသုံးပြု၍တွက်ချက်ကြသည်။
Cold Room အတွက် ဖယ်ထုတ်ပေးရမည့် heat loadကို စဉ်းစားရာတွင် အဓိကအားဖြင့် ငါးမျိုးစဉ်းစားသင့်သည်။
Q1 = transmission load
Q2 = infiltration load
Q3 = product load
Q4 = Internal heat load
Q5 = Equipment load

Heat Transmission Load

Roof , floor နှင့် wall များမှတဆင့် transmission ဖြစ်လာမည့် loadများကိုဆိုလိုသည်။ Heat ၏ သဘောတရားအရ ပူသည့် နေရာမှ အေးသည့်နေရာသို့ စီးဆင်းလေ့ရှိသည့်အတွက်ကြောင့် surrounding area ထက် ပိုအေးသည့် cold roomထဲသို့ အပူများ စီးဝင်လာမှာကျိန်းသေဖြစ်သည်။ အကယ်၍ cold room ၏ နံရံက exposedဖြစ်နေပါက heat loadကိုပိုမိုစဉ်းစားပေးသင့်သည်။

Infiltration Load

Cold room တံခါးဖွင့်လိုက်သောအခါ အထဲရှိ လေအေးများ အခန်းပြင်သို့ ACH တခုဖြင့်ထွက်သွားနိုင်သည့်loadကိုတွက်ချက်ခြင်းဖြစ်သည်။ တချို့ အနံ့အသက်ရှိသော material များအတွက်ventilation system သုံးတတ်ကြသောကြောင့် ထည့်တွက်ရသည်။

Product Load

Cold roomထားတွင် သိုလှောင်ထားရှိမည့် materials အမျိုးအစားကိုလိုက်၍ ကွာခြားတတ်သည်။ Freezing ထိရောက်အောင် storeမှာလား cooling ပဲလားဆိုတာ ခွဲခြားသိရမည်။ သစ်သီးဝလံ နှင့် အရွက် များကဲ့သို့ alive materials များဆိုလျှင် respiration ရှိသောကြောင့် decay မဖြစ်စေရန်loadပိုစဉ်းစားရမာ်။

Internal Load

Cold room ထဲသို့ ပစည်း အထုတ်အသွင်းပြုလုပ်မည့် people occupancy နှင့် lighting loadကိုပြောခြင်းဖြစ်ပါသည်။ တနေ့လျှင် ဘယ်နှစ်နာရီ လောက် အခန်းမီးဖွင့်ပြီးလူဝင်လာနိုင်မလဲဆိုသည့် အချိန်က အရေးကြီးသည်။

Equipment Load

Cold room ထဲမှာထားရှိမည့် evaporator ရှိ fan မှထွက်လာမည့် heat load ကိုပြောခြင်းဖြစ်သည်။ Evaporator coil မခဲသွားစေအောင် defrost လုပ်ပေးရသည့် fan motor ၏ အပူလည်းထည့်တွက်ရမည်။

ရှေ့ဆက်၍ လူသိနည်းသေးသော HVAC Engineering အကြောင်းအရာများကိုရေးသားသွားမှာဖြစ်လို့ ကျနော်တို့pageကို like & share , see first လုပ်ထားစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Contact - 09 400344182
Mail Address - [email protected]
Let's Design & Build Reliable Society Together with Us !

💡💡💡📒💻🏗💡💡💡

Basement Car Parking Ventilation System Mechanical ventilation system design တွက်ချက်ရာတွင် Car Parking Ventilation သည်လ...
05/05/2019

Basement Car Parking Ventilation System

Mechanical ventilation system design တွက်ချက်ရာတွင် Car Parking Ventilation သည်လည်း အရေးပါသော system တစ်ခုဖြစ်သည်။ ဒီpost မှာတော့ basement car parking ventilation systemကိုအဓိကထားပြောချင်ပါသည်။ project အနေအထားကိုလိုက်၍ basement အရေအတွက် တခုနှင့်တခု မတူကြပါ။ basement တထပ်တည်းရှိသည့် building များအပြင် သုံးထပ်လေးထပ် စသဖြင့်ရှိသည့် အဆောက်အဦးများလည်းတွေ့နိုင်သည်။ မည်သို့ပင်ဖြစ်စေ ၎င်း basement များကို ventilation design တွက်ချက်ရာတွင် တစ်ထပ်နှင့်တစ်ထပ် လေများ intermixing ဖြစ်မသွားစေရန် အလွန်အရေးကြီးသည်။
နောက်တခုသတိပြုရမည့်အချက်က basement ကို Negative pressure ဖြစ်အောင် အမြဲထားသင့်သည်။ ဆိုလိုသည်မှာ Supply air ကို exhaust air ထပ်ပိုအောင်ပေး၍မရပေ။ ထိုသို့Negative pressure ထားရသည့်အကြောင်းရင်းမှာ basementနှင့် ဆက်စပ်နေသော Area များသို့ toxic ဖြစ်နိုင်သောလေများမရောက်စေချင်သောကြောင့်ဖြစ်သည်။
Basement car parking ventilation system များတွင် ကောင်းမွန်သောdesign ရရှိရန် section ကို အနည်းဆုံးနှစ်ခုခွဲထားရသည်။ ဆိုလိုသည်မှာ section တခုက down သွားလျှင်အခြား sectionကတော့ run၍ ရနိုင်အောင်ဖြစ်သည်။ ထို့အပြင် အသုံးပြုမည့် fan တွေကိုလည်း back up ထား ပေးသင့်သည်။ electrical ပိုင်းမှလည်း Gen set ဖြင့် back power သွယ်ထားပေးသင့်ပါသည်။ မိမိ design က exhaust ရော supply ပါ နှစ်မျိုးလုံးပေးထားပါက ထိုsystem နှစ်ခုလုံးကို automactically interlock လုပ်ပေးထားသင့်ပါသည်။ သို့မှသာ exhaust ပိုင်းက breakdown ဖြစ်သွားလျှင် supply ပိုင်းကပါ အလိုလျောက် shut down ဖြစ်သွားလိမ့်မည်။
Basement area 2000 sq meter ထက်ကျော်သည့် basementများကိုတော့ smoke purging system သုံးသင့်သည်။ ဒါကိုတော့နောက်မှထပ်ရေးပေးပါမည်။
SS 553 Singapore ACMV code အရ ပြင်ပ opening သည် MV ပေးရမည့် area ၏ 15% ထပ်မနည်း ရှိပါက Fume Extract System သာအသုံးပြုလို့ရပါသည်။ Fume extract system တွင် supply air ပေးစရာမလိုပါ။ Air change rate ကိုလည်း 1.2 နဲ့ပဲတွက်၍ရပါသေးသည်။ သို့ပေမယ့် သာမန် car park exhaust system လိုမျိုး high level မှာ50% exhaust , low level မှာ 50% exhaust ထားရတာမျိုးမဟုတ်တော့ဘဲ 100% လုံးexhaust grilleတွေကို finish floor level မှ 650mm ကနေ exhaust suction လုပ်ပေးရပါသည်။ ဒါက groundပေါ်သို့ အနည်းငယ်ရောက်နေသည့် first basement level carpark တွေအတွက်သာဖြစ်ပြီး တစ်ထပ်လုံး basement ထဲရောက်နေသည့် car parking တွေအတွက်အကျုံးမဝင်ပါ။ ထို car park မျိုးကတော့ exhaustရော supplyပါ system နှစ်ခုလုံးသုံးသင့်ပါသည်။
ရှေ့ဆက်ပြီး knowledge sharing များ ထပ်ရေးသွားမှာဖြစ်လို့ ကျွန်တော်တို့ pageကို like & share , see first လုပ်ထားစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

🔔🔔🔔🔔🔔🔔🔔

22/04/2019

KITCHEN VENTILATION

Kitchen ventilation system ကို ယေဘုယျအားဖြင့် အရေးသိပ်မကြီးဟူ၍သာယူဆသူများသော်လည်း အမှန်တွင်မူ အခြား ventilation system design calculation များနှင့်ကွဲပြားသည်။ သာမန်အိမ်သုံးမီးဖိုချောင်အတွက် 20ACH ကိုသုံးပြီး

Q = A x V

equation ထဲထည့်ကာတွက်နိုင်သော်လည်း Commercial kitchen လိုမျိုး Hood typeများသုံးမည့် system တွင်တော့ တွက်နေကျ Q = A x V သုံး၍မရတော့ပါ။ ဤcase အတွက်

Q = 1.4V x 2 ( L x W ) H x F

အထက်ပါ equation ကို Hood ပါသော commercial kitchen ventilation system တွက်ရာတွင်သုံးနိုင်သည်။
Kitchen hood သုံးမှာသေချာပါက ဦးစွာ interior designer / Architect ထံမှ kitchen hood type နှင့် size ကို တောင်းယူထားဖို့အရေးကြီးသည်။ equation တွင်ပါဝင်သည့် L, W, H တို့က အသုံးပြုမည့် kitchen hood ၏ size များဖြစ်သည့်အတွက် type နင့် size ကိုသိရဖို့က ပထမဦးစားပေးဖြစ်သည်။ velocity အတွက် သီးသန့်limit မရှိပါက 0.3m/s ကို ယူသုံး၍တွက်နိုင်ပြီး။ F တန်ဖိုးမှာ light duty အတွက်ဆိုလျင် 0.7 ဖြစ်ပြီး heavy duty ဆိုပါက 1 ဖြစ်သည်။ အထက်ပါ data အသီးသီးကို equationတွင် ထည့်ဝင်ကာ kitchen exhaust ventilationrate ကိုတွက်ထုတ်နိုင်သည်။
Kitchen ထဲတွင်တော့ သေချာပေါက် negative room temperature ထားပေးသည်။ ဆိုလိုသည်မှာ fresh air / make up air rate ကို exhaust rate အောက် နည်းအောင် ထားပေးခြင်းဖြင့် room negative pressure ဖြစ်နိုင်သည်။ အသုံးပြုမည့် fan အမျိုးအစားကိုတော့ Bifricated fan သုံးကာ motorကိုလည်း high temperatureကို resist လုပ်နိုင်သည့် အမျိုးအစားကိုသာ select လုပ်သင့်သည်။ kitchen ventilation system အတွက် duct များတပ်ဆင်ရာတွင် stainless steel သို့ mild steel sheet များသာသုံးသင့်ပြီး 1hr fire rated duct ဖြစ်နေရမည်။ exhaust duct lineတွင် မီးခိုးသာမက ဆီငွေ့များပါ ဝင်လာမည်ဖြစ်သောကြောင့် slope လေး အနည်းငယ်စောင်းကာ တပ်ဆင်သင့်သည်။ သို့မှသာ ဆီများ duct အတွင်း၌ အနည်ထိုင်မှုမရှိမှာဖြစ်သည်။
အထက်ပါ အကြောင်းအရာများက Kitchen ventilation system အတွက်သိသင့်သည့် knowledge များသာဖြစ်သည်။ calculation detail အပြည့်စုံကိုတော့ part II တွင်တင်ပေးပါမည်။ မေးစရာရှိသည်များကို comment boxထဲတွင် မေးထားခဲ့နိုင်ပါသည်။
နောက်ထပ်လူသိနည်းသေးသော ACMV knowledgeများစွာကို ပညာဒါန အဖြစ် share ပေးမည်ဖြစ်သောကြောင့် ကျွန်တော်တို့ page ကို like & share / see first လုပ်ထားစေချင်ပါသည်။ ကျေးဇူးတင်ပါသည်။

💡📖📖📖📖📖💡

11/04/2019

Address

Yangon

Alerts

Be the first to know and let us send you an email when HVAC GEEK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HVAC GEEK:

Share