22/12/2020
👉...ဒီနေ့မှာတော့ English စာကိုလေ့လာနေတဲ့ learners တွေကြားထဲမှာ တဖြည်း ဖြည်းနဲ့ ရေပန်းစားလာတဲ့ IELTS အကြောင်းလေးကိုပြောပြပေးချင်ပါတယ်...🤗🤗🤗
👉-IELTS ဆိုတာဘာလဲ❓❓❓
-IELTS သင်ရင်ကိုယ့်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ❓❓❓
-IELTS ကိုဘယ်သူတွေတက်သင့်သလဲ❓❓❓
👉...IELTS ရဲ့ အရှည်ကောက်ကတော့ International English Language Testing System ပဲဖြစ်ပါတယ်။👥
👉...IELTS ဟာEnglish ကိုလေ့လာလိုတဲ့ native speaker မဟုတ်တဲ့သူတွေအတွက် နိုင်ငံတကာမှာ စံသတ်မှတ်ထားတဲ့ test တစ်ခုပဲဖြစ်ပါတယ်။👩🎓👨🎓💯
👉...IELTS ကို British Council,IDP: IELTS Australia နဲ့ Cambridge Assessment English တို့ကပူးပေါင်းစီစဉ်ပြီး 1989 ခုနှစ်ထဲက စတင်တည်ထောင်ခဲ့ကြပါတယ်။နိုင်ငံပေါင်းများစွာက ကျောင်းပေါင်းများစွာမှာ လက်ခံကျင့်သုံးနေတဲ့ စနစ်တခုဖြစ်ပါတယ်၊☑🌍
👉အခုအချိန်မှာတော့ နိုင်ငံတကာ တက္ကသိုလ်အများစုက IELTS ကို ဝင်ခွင့်သဘောတစ်ခုလိုမျိုးတောင်လက်ခံလာတာကိုတွေ့ရပါတယ်(IELTS score အနည်းဆုံးဘယ်လောက်ရမှ တက်ခွင့်ရမယ်ဆိုတဲ့ကန့်သတ်ချက်မျိုးတွေရှိလာတာပါ)😱😱😱
👉...ဒါ့အပြင် IELTS ဟာ လေ့လာဖို့ခက်ခဲပါတယ်၊ IELTS ကိုလေ့လာဖို့အတွက် ငယ်စဥ်ထဲက Starter,mover, Flyer လိုမျိုး International test တွေနဲ့ပတ်သက်ပြီး အခြေခံရှိခဲ့ရင်တော့ လွယ်လွယ်ကူကူကျော်ဖြတ်နိုင်လောက်ပေမယ့် သာမန် English skill ရှိသူတွေအတွက်တော့ သာမန်ထက်ပိုပြီး အာရုံစိုက်သင့်တဲ့ test တခုဖြစ်ပါတယ်၊✌✌✌🤓🤓🤓
👉...IELTS မှာ English 4 skills ဖြစ်တဲ့ Writing, Reading, Speaking, Listening စတဲ့အပိုင်းတွေကို ကိုယ်ပိုင်အတွေး အခေါ်၊ General knowledge တွေနဲ့တွဲပြီး နည်းစနစ်ကျကျ ဖြေဆိုရတဲ့ test ဖြစ်ပါတယ်၊IELTS score ဟာ Band (1 to 9) အထိရှိပါတယ်။ဒါပေမဲ့ Score 5 မှ 9 အထိရနိုင်မှအဆင်ပြေမှာဖြစ်ပါတယ်။
👉...Scholarshipလျှောက်မယ့်သူတွေအတွက်ကတော့ Score များလေ အကျိုးရှိလေဖြစ်ပါတယ်💪💪💪
👉...4 skills လုံးမှာမတိမ်းမယိမ်းထူးချွန်နေမယ်ဆိုရင် Score ကောင်းကောင်းရနိုင်ပြီး Score 5 အောက်ကိုရတယ်ဆိုရင်တော့ အရည်အချင်းမပြည့်မှီဘူးလို့ယူဆနိုင်ပြီး နောက်တကြိမ်ဖြေဆိုနိုင်ပါတယ်၊စာမေးပွဲ၀င်ကြေးက USD 200 ပတ်လည်လောက်ကျသင့်မှာဖြစ်ပြီး တခါထဲအောင်မြင်ရင်တော့အကောင်းဆုံးဖြစ်တာကြောင့် သေချာအချိန်ယူလေ့လာသင့်ပါတယ်၊📒📕📔🎉
👉...IELTS ဟာ နိုင်ငံခြား မှာကျောင်းသွား တက်မယ့် လူငယ်တွေအပြင် လုပ်ငန်း ခွင်ဝင်ရောက်တဲ့သူတွေအတွက်လည်း အသုံးဝင်တဲ့လက်မှတ်တခုဖြစ်ပါတယ်၊ အခုခေတ်မှာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ဝင်ရောက်လာတဲ့အချိန်မှာနိုင်ငံတကာအသိ အမှတ်ပြုအဂ်လိပ်စာအရည်အချင်းရှိတယ်ဆိုတာက ကိုယ့်ရဲ့အလုပ်အကိုင်အခွင့်အလမ်းအတွက် အတော်လေးအထောက်အကူဖြစ်စေမှာပါ၊👍👍👍💻💻💻
👉...ဒါ့အပြင် UK,Canada, Australia စတဲ့ နိုင်ငံမျိုးတွေမှာ အလုပ်လုပ်ချင်တဲ့ skilled worker တွေနဲ့ အခြေတကျ ရွှေ့ပြောင်းနေထိုင်ချင်တဲ့သူတွေ အတွက်တောင်မှ ဖြေထားသင့်တဲ့ test တခုဖြစ်ပါတယ်၊📑📑📑🌍🌍🌍
👉...အခုဆိုရင်နှစ်စဥ် နှစ်စဥ် နိုင်ငံတ ကာမှဝင်ရောက်ဖြေဆိုသူပေါင်း 3 million ခန့်ရှိပြီး ဝင်ရောက်ဖြေဆိုသူပမာဏဟာလည်း တနှစ်ထက်တနှစ် များပြားလာလျှက်ရှိပါတယ်။📈📈📈
👉...IELTS ကတော့ အခုလက်ရှိအချိန်မှာ နိုင်ငံတကာကလက်ခံထားတဲ့ test တွေထဲမှာရေပန်းအစားဆုံးဖြစ်ပြီးတော့ နောက်တပတ်မှာလဲ IELTS လိုမျိုး International ကလက်ခံထားတဲ့ test တွေဖြစ်တဲ့ TOEFL, TOEIC, SAT, PTE:A နဲ့ OPI/OPIc တို့အကြောင်းကိုလဲ တတ်နိုင်သမျှ sharing လုပ်ပေးသွားမှာမို့လို့ စောင့်မျှော်ပေးကြပါဦး....😍😍😍💙💙💙