GRACE Plastic Factory - ပလတ်စတစ်ဘူးခွံစက်ရုံ

  • Home
  • Myanmar
  • Yangon
  • GRACE Plastic Factory - ပလတ်စတစ်ဘူးခွံစက်ရုံ

GRACE Plastic Factory - ပလတ်စတစ်ဘူးခွံစက်ရုံ we sales good quality and products in Myanmar.

31/12/2023
Hello Happy New Year ပါရှင့် 💕GRACE Plastic Factory - ပလတ်စတစ်ဘူးခွံစက်ရုံ  မှ ကြိုဆိုပါတယ်ရှင့် 🙏🙏🙏1L / 600ml / 350 ml ...
27/01/2023

Hello Happy New Year ပါရှင့် 💕
GRACE Plastic Factory - ပလတ်စတစ်ဘူးခွံစက်ရုံ မှ ကြိုဆိုပါတယ်ရှင့် 🙏🙏🙏

1L / 600ml / 350 ml ဘူးခွံ ကြည်ပြာ အသန့်တွေကို အသက်သာဆုံး ဈေးနဲ့ gram ပြည့်တွေကို အမြဲထုတ်လုပ်ရောင်းချနေပါတယ်ရှင့် ။
ကိုယ်လိုချင်တဲ့ အရေတွက်ကို ပြောပြီး ၀ယ်ယူလို့ရရှိနိုင်ပါပြီရှင့်

ရန်ကုန်မြို့တွင်းဆိုရင် 15 ကဒ် ကစပြီး Delivery နဲ့ပို့ဆောင်ပေးပါတယ်ရှင့်
ကဒ် 50 ဆို Delivery Free ပို့ဆောင်ပေးပါတယ်ရှင့်

နယ် customer များဆိုရင်ကြိုတင်ငွေလွဲ ဂိတ်ကနေ ပို့ဆောင်ပေးနေပါတယ်ရှင့်

စက်ရုံတွင်လာရောက်၀ယ်ယူလိုပါက ဖုန်းကြိုဆက်ပေးပါရန် Ph☎️ 09973995116

အမှတ် 331B / ကနောင်မင်းသားကြီးလမ်း ရွှေပေါက်ကံစက်မှုဇုံ ၊ မြောက်ဥက္ကလာပမြို့နယ် ☎️09973995116
Viber 09793926249


ေသန့်ဘူးခွံ

Update လေးဖြစ်အောင် မနက်ပိုင်းအော်ဒါလေး တစ်ဖြတ်ပါရှင့်😍၀ယ်ယူအားပေးတဲ့ customer များအားလုံး စီးပွားရေးတွေ ဒီထက်မကတိုးတတ်အ...
23/11/2022

Update လေးဖြစ်အောင် မနက်ပိုင်းအော်ဒါလေး တစ်ဖြတ်ပါရှင့်😍

၀ယ်ယူအားပေးတဲ့ customer များအားလုံး စီးပွားရေးတွေ ဒီထက်မကတိုးတတ်အောင်မြင်ပါစေရှင့် 🙏🙏🙏

အော်ဒါမှာယူမည် ဆိုပါက 09973995116
Viber 09793926249 ကို ဆက်သွယ်မှာယူအားပေးလို့ရပါတယ်ရှင့်

စက်ရုံလိပ်စာ အမှတ် 331/ ကနောင်မင်းသားကြီးလမ်း ရွှေပေါက်ကံစက်မှုဇုံ ၊ မြောက်ဥကလာပမြို့နယ်

မင်္ဂလာနံနက်ခင်းလေးပါရှင့် 🤩    တန်ဆောင်မုန်းလပြည့်နေ့           သာမညဖလ အခါတော်နေ့ "                    🙏🙏🙏🙏ယနေ့ကျရောက်တ...
07/11/2022

မင်္ဂလာနံနက်ခင်းလေးပါရှင့် 🤩

တန်ဆောင်မုန်းလပြည့်နေ့
သာမညဖလ အခါတော်နေ့ "
🙏🙏🙏🙏

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့အခါသမယမှာ
-မြန်မာပြည်သူ ပြည်သားများအားလုံး
-ခုနှစ်ရက် - သားသမီးများအားလုံး
-Customer များအားလုံး

"အန္တရာယ်ကင်းပါစေ , ဘေးရန်ကင်းပါစေ
သွားလမ်းသာလို့ , လာလမ်းဖြောင့်ကြပါစေ
ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့်
လိုအင်ဆန္ဒများ ပြည့်စုံကြပါစေ" လို့
ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ရှင့် 🙏🙏🙏

#တန်ဆောင်မုန်းလပြည့်နေ့
#သာမညဖလအခါတော်နေ့

 #သီတင်းကျွတ်လပြည့်နေ့           သီတင်းကျွတ်လပြည့်နေ့ သည်  ဗုဒ္ဓဝါဒီတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ ဖြစ်သည် ။  ကဆုန်လ...
08/10/2022

#သီတင်းကျွတ်လပြည့်နေ့


သီတင်းကျွတ်လပြည့်နေ့ သည်
ဗုဒ္ဓဝါဒီတို့အတွက်
နေ့ထူးနေ့မြတ်ကြီး တစ်နေ့ ဖြစ်သည် ။
ကဆုန်လပြည့် ဗုဒ္ဓနေ့၊
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
တို့ကဲ့သို့ပင်

သီတင်းကျွတ် လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင်
တာဝတိံသာ နတ်ပြည်မှ

သင်္ကဿနဂိုရ် ပြည်သို့ ကြွမြန်း ဆင်းသက်တော်မူလာသည့် နေ့ ဖြစ်သဖြင့်

ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။
မြတ်စွာဘုရားသခင် ဆင်းသက်ကြွမြန်း လာသည်ကို ရည်၍ ဘုရားရှင်အား ပူဇော်သည့် အနေဖြင့်
ထိုနေ့တွင် မီးများထွန်းကာ မြင်းမိုရ်ပွဲ ဆင်ယင် ကျင်းပ ခဲ့ကြသည်။



#အဘိဓမ္မာပူဇော်ပွဲ

မြတ်စွာဘုရားရှင်သည်
တာဝတိံသာ နတ်ပြည်၌
မယ်တော်ဖြစ်ဘူးသော
သန္တုဿီတာ နတ်သား ကို အကြောင်းပြု၍

ကုသလာဓမ်မာ၊ အကုသလာဓမ်မာ ၊
အဗျာကတာဓမ္မာ အစရှိသည်ဖြင့် အဘိဓမ္မာ ခုနစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်

လပြည့်နေ့တွင် တာဝတိံသာ ၌ ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျက် ထိုနေ့ကို
အဘိဓမ္မာနေ့ ဟူ၍ သမုတ်ကာ
အဘိဓမ္မာပူဇော်ပွဲ ကျင်းပကြလေသည်။



#ဘုရားဆုပန်နေ့

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို
ဘုရားဆုပန်နေ့.ဟု
ခေါ်နိုင်လေသည်။
အဘယ်ကြောင့် ဆိုသော်

မြတ်စွာဘုရားသည်
တာဝတိံသာမှ ဆင်းသက်လာသောအခါ
ကိုယ်တော်တိုင်
ပတ္တမြားစောင်းတန်း ဖြင့် ဆင်း၍

လက်ျာဖက် ရွှေစောင်းတန်းဖြင့်
နတ်တို့ ခြံရံလိုက်ပါကာ
လက်ဝဲဖက် ငွေစောင်းတန်းဖြင့်
ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာလေသည်။

ထိုသို့ နတ် ဗြဟ္မာမင်းတို့
ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူ လာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကို
ဖူးမြင်ကြရသောအခါ

( ၃၆ ) ယူဇနာ အတွင်း၌ ရှိသော
ပရိသတ် အားလုံးပင် ဘုရားဆုကို တောင်းကြသည် ။
တစ်ယောက်သောသူမျှ ဘုရားဆုကို
မတောင်းသူဟူ၍ မရှိချေ ။
ဤသည်ကို ရည်၍
ဘုရားဆုပန်နေ့ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည် ။



#ဥပုသ်သီတင်းဆောက်တည်ကြခြင်း

မြတ်စွာဘုရား
သက်ဆင်းတော်မူသည်ကို ဖူးမျှော်ရန် စောင့်နေကြသော လူ အပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမေဂ္ဂလာန်က ဘုရားရှင်အား
မည်သည့်အခါ မည်သည့်အချိန်၍ လူ့ပြည်သို့ သက်ဆင်းမည်ကို လျှောက်ထားသောအခါ ဘုရားရှင်က ငါ ဘုရားကို ဖူးမျှော်လိုသူတို့သည့်
ရွာဦးကျောင်းသို့ ဥပုပ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍
ထိုနေ့ ထိုရက်၌ ဥပုသ်သီတင်း ဆောက်တည်ကြခြင်း ဖြစ်သည် ။



လူ နတ် ဗြဟ္မာ ငရဲသား အားလုံး
တစ်ဦးကို တစ်ဦး မြင်တွေ့ခြင်း

မြတ်စွာဘုရားသခင်သည်
လူ့ပြည်သို့ မဆင်းမီ တာဝတိံသာ နတ်ပြည်၌ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသည်။

မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင် ဖြစ်သွား လေသည်။ ရှင်တော်ဘုရား၏

လောကဝိဝရဏ တန်ခိုးတော်အားဖြင့် လူ နတ် ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကို တစ်ဦး ထင်ရှားစွာ မြင်တွေ့ရလေသည်။



အချုပ်အချယ်တို့မှ
လွတ်ကျွတ်စေသောနေ့


သီတင်းကျွတ်လပြည့်နေ့သည်
ဝါတွင်းသုံးလ၏
နောက်ဆုံးနေ့ဖြစ်သဖြင့်
ဝါဆိုတော်မူကြကုန်သော
သံဃာတော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်
သွားလာသီတင်းသုံး နိုင်သည့် အခွင့်အရေးကို ရရှိကြလေသည်။
ဤနေ့အထိ ဝါဆိုကြသည့်
သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြသည်။
လောကီတို့၏ ထုံးစံအရလည်း
အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှ လွတ်ကျွတ်စေသောနေ့ ဟုဆိုရပေသည်။



အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည်---

ရဟန်းတော်များ ဝါဆိုမှထသောနေ့ ၊

ပဝါရဏာပြုကြသောနေ့၊

-မြတ်စွာဘုရားရှင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး
ဟောကြားတော်မူသည်မှာ
အောင်မြင်စွာ ပြီးဆုံးသောနေ့ ( ဝါ ) အဘိဓမ္မာအခါတော်နေ့ ၊

-နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည် သို့ ဆင်းသက်တော်မူသောနေ့၊

-ဗြဟ္မာ နတ် လူ သုံးဘုံ သူတို့ မြတ်စွာဘုရားအား အတူတကွ ကြည်ဖြူကော်ရော် ပူဇော်ကြသောနေ့ ၊

-လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှန်းလုံး
တိုးယိုပေါက်မြင်ကြသောနေ့

စသောဂုဏ်ထူး ဝိသေသ အထူးထူး နှင့် ပြည့်စုံသောနေ့ ဖြစ်သည် ။



(မြန်မာ့စွယ်စုံကျမ်းမှကူးယူဖော်ပြသည်။)
Crd-Khin Htun

ဘူးခွံ ဈေးလေးတွေ နည်းနည်း ထပ်ကျပါတယ် 🥰 ဈေးမတတ်ခင် ဈေးကျတုန်းလေး၀ယ်ယူထားချင်တဲ့သူတွေ ဆက်သွယ်လို့ရပါတယ်ရှင့် 💕တစ်လီတာ ဘူးခ...
29/09/2022

ဘူးခွံ ဈေးလေးတွေ နည်းနည်း ထပ်ကျပါတယ် 🥰 ဈေးမတတ်ခင် ဈေးကျတုန်းလေး၀ယ်ယူထားချင်တဲ့သူတွေ ဆက်သွယ်လို့ရပါတယ်ရှင့် 💕

တစ်လီတာ ဘူးခွံထဲမှာဆိုရင် အကြည်ရော ကြည်ပြာရော 2 မျိုးလုံး ရပါတယ်ရှင့် 🤩

Stock လည်း အမြဲရှိတာဖြစ်လို့ မှာယူမယ်ဆိုရင် 2 ရက်တွင်းပို့ပေးပါတယ်

နယ်ဆိုရင် ကုန်ကားဂိတ်ချပေးပါတယ်ရှင့်

ကဒ်50 ဆို ရန်ကုန်မြို့တွင်း အိမ်အရောက် Delivery Free နဲ့ ပို့ဆောင်ပေးပါတယ်
ကဒ် 50 နယ်ဆိုရင် ကားဂိတ် ထိ Delivery Free ပါ

09973995116 ကို အမြန်လေးဆက်သွယ်မှာယူပေးနော် ဈေးတတ်ရင် တတ်ဈေးလေး ဖြစ်မှာမလို့‌ ဈေးကျတုန်းလေး ၀ယ်လိုက်ရအောင် 🥰🥰🥰

စက်ရုံ လိပ်စာ - အမှတ် 331 B / ကနောင်မင်းသားကြီးလမ်း ၊ ရွှေပေါက်ကံစက်မှုဇုံ ၊ မြောက်ဥက္ကလာပမြို့နယ် 09973995116

စဉ်းစားနေတဲ့သူတွေ ခုယူချိန်တန်ပါပြီ ရှင့် 🤩
23/08/2022

စဉ်းစားနေတဲ့သူတွေ ခုယူချိန်တန်ပါပြီ ရှင့် 🤩

"ဝါဆိုလပြည့်"12.7.2022ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန...
12/07/2022

"ဝါဆိုလပြည့်"

12.7.2022

ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လဲဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လဲ ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လဲ ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လဲ ဖြစ်သည်။ ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လဲ ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။

ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။

ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည်။

ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။

ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။

မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။

မင်္ဂလာပါရှင့် GRACE Plastic Factory မှ အသစ်ထုတ်လိုက်တဲ့ ဘူး ဒီဇိုင်းသစ်နဲ့ မိတ်ဆက်ပေးပါရစေရှင့် 🙏အရမ်းရမ်းကို အမေးများတ...
22/06/2022

မင်္ဂလာပါရှင့် GRACE Plastic Factory မှ အသစ်ထုတ်လိုက်တဲ့ ဘူး ဒီဇိုင်းသစ်နဲ့ မိတ်ဆက်ပေးပါရစေရှင့် 🙏
အရမ်းရမ်းကို အမေးများတဲ့ ဒေါင့်ဘူးလေး၀ယ်ယူလို့ရရှိနိုင်ပါပြီရှင့် 😍

ရေသန့် ၊ ဆီ ၊ ရှာလကာရည် ၊ ငံပြာရည်၊ အင်ဂျင်ဝိုင် ၊ အချည်ရည် ၊ အရက် စတဲ့ အရည် မှန်သမျှ ထည့်လိုက်တိုင်း အရမ်းလှတဲ့အပြင် ဘူးသား အထူ ထုတ်လုပ်ပေးထားတာဖြစ်လို့ မကြိုက်မှာမပူနဲ့နော်❤️

ဒီဘူးဒီဇိုင်းသစ်လေးက ဘယ်မှာမှမရှိသေးပါ။ GRACE Plastic Factory မှာပဲ ရှိတာဖြစ်လို့ အကောင်းကြိုက်သူများလာရောက်လှည့်ပါရှင့် 💕

အဲ့တော့ ဈေး‌ကွက်ထဲ ကိုယ်က သူများနဲ့ မတူပဲ ဘူးဒီဇိုင်း အသစ်လေးနဲ့ ကြွကြွလေး ထုတ်လုပ်ချင်ရင် GRACE Plastic Factoryမှာလာရောက်ကြည့်ရှု့၀ယ်ယူပါလို့ဖိတ်ခေါ်ပါရစေရှင့် 😍😍🙏🙏🙏

လိပ်စာ - အမှတ်331 B / ကနောင်မင်းသားကြီးလမ်း၊ ရွှေပေါက်ကံစက်မှုဇုံ ၊ မြောက်ဥက္ကလာပမြို့နယ်

☎️ 09973995116 , 09793926249

1L အကြည် = 14* ks 1L ကြည်ပြာ = 11* ksဈေးနှုန်းအဆင်ပြေပြီး Quality ကောင်းတဲ့ ဘူးလေးတွေ ကို   မှာ ယူအားပေးလို့ရပါပြီရှင့်❤...
19/05/2022

1L အကြည် = 14* ks
1L ကြည်ပြာ = 11* ks

ဈေးနှုန်းအဆင်ပြေပြီး Quality ကောင်းတဲ့ ဘူးလေးတွေ ကို မှာ ယူအားပေးလို့ရပါပြီရှင့်❤️

Ph 09973995116
စက်ရုံလိပ်စာ No .331 B ၊ ကနောင်မင်းသားကြီးလမ်း ၊ ရွှေပေါက်ကံစက်မှုဇုံ
မြောက်ဥက္ကလာပမြို့နယ်

📌စက်ရုံသို့လာရောက်၀ယ်ယူမည်ဆိုပါက ဖုန်းကြိုဆက်ပေးပါရန် 😍📌

10/05/2022
၀ယ်ယူအားပေးတဲ့ Customer တစ်ယောက်ချင်းစီတိုင်းကို အမြဲ ဦးထိပ်ထား ကျေးဇူးတင်လျက်ပါရှင့် 🙏🙏🙏 နှစ်သစ်မှာလည်း ဒီထက်မက ရောင်းန...
22/04/2022

၀ယ်ယူအားပေးတဲ့ Customer တစ်ယောက်ချင်းစီတိုင်းကို အမြဲ ဦးထိပ်ထား ကျေးဇူးတင်လျက်ပါရှင့် 🙏🙏🙏

နှစ်သစ်မှာလည်း ဒီထက်မက ရောင်းနိုင် ၀ယ်နိုင်ကြပါစေလို့ GRACE Plastic Factory မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့် ❤️


Address

Yangon

Telephone

+959973995116

Website

Alerts

Be the first to know and let us send you an email when GRACE Plastic Factory - ပလတ်စတစ်ဘူးခွံစက်ရုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GRACE Plastic Factory - ပလတ်စတစ်ဘူးခွံစက်ရုံ:

Share