EI engineering

EI engineering To share my experience and knowledge about industrial electrical and instrument engineering
To distr
(1)

ကျွန်တော် ရဲ့ EI engineering LOGO အကြောင်း
===================================
color တွေ က လျပ်စစ်ရဲ့ Red, yellow , Blue ကို ကိုယ်စားပြုပါတယ်။
တြိဂံ အ၀ိုင်း လေးထောင့် တွေ က ပါဝင်ရတဲ့ အလုပ် action ကို ကိုစားပြုပါတယ်။
tangle က safety ကို ကိုယ်စားပြုပါတယ်။
circle က check ဆိုတဲ့ သင်္ကေ တ ကို ကိုယ်စားပြုပါတယ်
Rectangular က လုပ် take action သင်္ကေ တကို ကိုယ်စားပြုပါတယ်
procedure ရေးရင် ပါတဲ့ သင်္ကေ တ တွေပါ။

ါကြောင့်မို့electricaLွှအလုပ်တွေ လုပ်မယ်ဆိုရင်ပထမ safety ကို စစ်ပါ။ နောက် operation ကို စစ်ပါ။ final ကျ မှ action စလုပ်ပါလို့ ဆိုလိုချင်တာပါ။
safety first လို့ ဆိုချင်တာပါ။ အချိန် ယူပါ။ လုပ်ခါနီး စဉ်းစားပါ ။ take 5 minutes ပါ။
EI ကတော့ electrical and instrument လို့ ဆိုချင်တာပါ။

21/05/2026

GS for Solar PV Array and Main Junction Box
****************************************
Offshore (ပင်လယ်ပြင်) နဲ့ Remote Site တွေရဲ့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ Solar System တစ်ခု ရေရှည်ခိုင်ခံ့ဖို့ အဓိက သတ်မှတ်ထားတာ ဖြစ်ပါတယ်။အဲဒီ အတွက်ရေးထားတဲ့ GS တချို့ကို Knowledge အဖြစ်ဖေါ်ပြလိုက်ပါတယ်။
၁။ PV Array တည်ဆောက်ပုံ Hierarchy
PV Array ဆိုတာ အလွယ်ပြောရရင် Solar Panel အချပ်ပေါင်းများစွာကို Series / Parallel ချိတ်ဆက်ပြီး ကျွန်တော်တို့ လိုအပ်တဲ့ Voltage, Current နဲ့ Power Output ရအောင် လုပ်ထားတဲ့ DC Power Generation Unit ကြီးတစ်ခုပေါ့။
ဒီကောင်ရဲ့ တည်ဆောက်ပုံ အဆင့်ဆင့် (Hierarchy) ကို Specification ထဲမှာ ဒီလို သတ်မှတ်ထားပါတယ် -
PV Cell: အခြေခံ အကျဆုံး Semiconductor Device (အလင်းကနေ လျှပ်စစ်ထုတ်ပေးတဲ့ အကွက်လေးတွေ)။
PV Module: ဆဲလ်လေးတွေကို စုပြီး Panel (တစ်ချပ်) ဖြစ်အောင် Encapsulate လုပ်ထားတာ။
PV String: ဗို့အား (Voltage) တိုးချင်လို့ Module တွေကို တစ်ခုနဲ့တစ်ခု Series ချိတ်ထားတာ။
PV Array: အမ်ပီယာ (Current) နဲ့ ပါဝါ ပိုရချင်လို့ အဲဒီ String တွေကို Parallel ပြန်စုလိုက်တာ (ဒါက အကြီးဆုံး Unit ပါပဲ)။
၂။ IP & IK Protection နဲ့ ပစ္စည်းအမျိုးအစား သတ်မှတ်ချက်
Offshore Platform တွေမှာ ဆားငန်ရေ၊ လေပြင်း၊ သဲမုန်တိုင်းနဲ့ မိုးဒဏ် တွေ ရှိလို့ ပစ္စည်း Quality ကို အဆင့်မြင့်ဆုံး သတ်မှတ်ထားပါတယ်။
Protection Level: အနည်းဆုံး IP66 (ဖုန်မှုန့် လုံးဝမဝင်စေရ၊ ရေပြင်းပြင်းနဲ့ ပက်လည်း ခံနိုင်ရမယ်) နဲ့ IK08 (ပြင်ပကနေ ရိုက်မိ/ဆောင့်မိတဲ့ အရှိန်ကို ခံနိုင်ရမယ်) ဖြစ်ရပါမယ်။
Material (ပစ္စည်း):
ဆားငန်လေနဲ့ $H_2S$ (ဟိုက်ဒရိုဂျင် ဆာလဖိုက်) ရှိတဲ့ Corrosive Area တွေမှာ Epoxy Painted Stainless Steel 316L ကိုပဲ သုံးရပါမယ်။
သာမန်နေရာ (Non-Corrosive Area) တွေမှာတော့ Hot Dip Galvanized Carbon Steel သုံးရင် ရပါတယ်။
၃။ Support Structure နဲ့ Natural Cooling
Panel တွေကို ထိန်းထားမယ့် Structure ဒီဇိုင်းကလည်း အရေးကြီးပါတယ်။
Adjustable Tilt : ရာသီအလိုက် နေရောင်ခြည်ရတဲ့ မူလထောင့်ပြောင်းလဲမှုကို လိုက်ညှိလို့ရအောင် Panel ရဲ့ စောင်းထောင့် (Tilt Angle) ညှိလို့ရတဲ့ ဒီဇိုင်း ဖြစ်ရပါမယ်။
Natural Air Cooling: Panel အောက်ခြေကနေ လေဝင်လေထွက် ကောင်းရပါမယ်။ ဘာလို့လဲဆိုတော့ Solar Panel တွေက အပူချိန် အရမ်းတက်လာရင် Voltage ကျတယ်၊ Efficiency (စွမ်းဆောင်ရည်) ကျတယ်၊ သက်တမ်းတိုတတ်လို့ ပါ။
Earthing: လျှပ်စီးကြောင်း ဘေးအန္တရာယ်ကင်းဖို့ (Lightning, Static Charge နဲ့ Fault Current တွေအတွက်) Structure မှာ Earthing Terminal (၂) ခု တိတိကျကျ ပါရပါမယ်။
၄။ Bird Protection (ငှက်ကာကွယ်ရေး)
Offshore မှာ စင်ရော်လို ပင်လယ်ငှက်တွေရဲ့ ပြဿနာက တော်တော် ခေါင်းခဲရပါတယ်။ ဒါကြောင့် GS ရဲ့ ထူးခြားချက်က Structure ပေါ်မှာ Bird Spikes (ငှက်ထိုင်လို့မရတဲ့ ဆူးချွန်လေးတွေ) တပ်ခိုင်းတာပါ။ ငှက်တွေ လာအသိုက်လုပ်ရင် သို့မဟုတ် ၎င်းတို့ရဲ့ အညစ်အကြေးတွေ Panel ပေါ် ပေကျံရင် Efficiency ကျရုံတင်မကဘဲ Cable တွေကိုပါ ကိုက်ဖြတ် ပျက်စီးစေနိုင်လို့ ပါ။
၅။ PV Module နဲ့ Bypass Diode သတ်မှတ်ချက်
Cell Type: Multi-Crystalline Cells အမျိုးအစား သုံးရမယ်လို့ ညွှန်ကြားထားပါတယ်။
Front Surface: အလင်းပြန်သက်သာစေမယ့် Anti-Reflective Coating ပါတဲ့ Tempered Glass ဖြစ်ရပါမယ်။
Bypass Diode: Module တစ်ခုချင်းစီမှာ Plug-in Bypass Diode ပါရပါမယ်။ ဒါက ဘာလို့လဲဆိုတော့ Panel ပေါ်မှာ အရိပ်တပိုင်းတစ ကျသွားတဲ့အခါ (Partial Shading) အဲဒီနေရာမှာ အပူလွန်ကဲပြီး ပျက်စီးတာ (Hot Spot) မဖြစ်စေဘဲ လျှပ်စီးကြောင်းကို ဆက်စီးသွားနိုင်အောင် ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။
High Efficiency: Offshore မှာ နေရာအကန့်အသတ် (Space Limitation) အရမ်းကြီးလို့ Panel အကျယ်ကြီး သုံးလို့မရပါဘူး။ ဒါကြောင့် Efficiency မြင့်တဲ့ Module တွေကိုပဲ သုံးဖို့ သတ်မှတ်ထားပါတယ်။
၆။ PV String Combiner Box
ဒီကောင်က String အများကြီးကနေ လာတဲ့ DC Wire တွေကို စုစည်းပေးတဲ့နေရာပါ။ သူ့မှာ အဓိက (၄) ချက် ပါရပါမယ်။
Surge Protection: မိုးကြိုးပစ်တာ ဒါမှမဟုတ် Voltage ဆောင့်တက်တာတွေကို ကာကွယ်ဖို့ Surge Arrestor/Diverter ပါရမယ်။
Reverse Current Protection: ညဘက် နေမရှိတဲ့အချိန်မှာ Battery ထဲက ပါဝါတွေ Panel ဘက် ပြန်စီးမလာအောင် Blocking Diode ခံထားရမယ်။
Isolation: Maintenance လုပ်ရလွယ်အောင် String တစ်ခုချင်းစီကို (Isolate) လုပ်နိုင်ရမယ်။
Monitoring: String တစ်ခုချင်းစီရဲ့ Voltage နဲ့ Current ကို အမြဲ တိုင်းတာနိုင်ရမယ်။
၇။ Main Junction Box (Solar DC Hub)
Main Junction Box ဆိုတာ Solar Power System တစ်ခုလုံးရဲ့ DC Hub (ဗဟိုချက်) ဖြစ်ပြီး Charge Controller, Battery နဲ့ Distribution Panel တွေကို ချိတ်ဆက်ပေးတဲ့ နေရာပါ။
Protection
DC Overvoltage Disconnect: ဗို့အား သတ်မှတ်ချက်ထက် များလာရင် PV Array ကို Auto ဖြတ်ချရမှာဖြစ်ပြီး၊ ဗို့အား ပုံမှန်ပြန်ဖြစ်ရင် Automatic Reconnection (အလိုအလျောက် ပြန်ချိတ်ဆက်) ပေးရပါမယ်။
Earth Fault Monitoring: DC System မှာ Earth Fault ဖြစ်တာကို သိနိုင်ဖို့ Detection စနစ် မဖြစ်မနေ ပါရပါမယ်။
Local Display: Panel ဘောက်စ် အပြင်ဘက် Display မှာ PV Voltage/Current, Output Voltage, Battery Current နဲ့ Alarm/Fault Status တွေကို အလွယ်တကူ ကြည့်လို့ရရပါမယ်။
Mimic Diagram: Operator တွေ Troubleshooting (ပြဿနာရှာဖွေပြင်ဆင်ခြင်း) လုပ်ရလွယ်ကူစေဖို့ Main Junction Box ရဲ့ အရှေ့မျက်နှာပြင်မှာ System ပုံကြမ်း (Mimic Diagram) ပါရပါမယ်။
Safety Marking: Solar Panel တွေက နေရောင်ရှိနေသရွေ့ (Power ပိတ်ထားရင်တောင်) Voltage Live ဖြစ်နေတတ်လို့ သတိပေး Warning Labels တွေကို အထင်အရှား ကပ်ထားရပါမယ်။
🛠️ ၈။ Practical Offshore Lessons (လက်တွေ့သင်ခန်းစာများ)
လက်တွေ့ Offshore Platform တွေမှာ Solar System အဓိက Failure (ပျက်စီးမှု) ဖြစ်တတ်တဲ့ အားနည်းချက်တွေကတော့ -
Junction Box တွေ သံချေးတက်တာ (Corrosion)
Cable Gland တွေကနေ ရေဝင်တာ (Water Ingress)
ငှက်တွေကြောင့် ပျက်စီးတာ (Bird Damage)
DC Connection တွေ ချောင်ပြီး အပူလွန်ကဲတာ (Loose Connection & Overheating)
Earthing မကောင်းလို့ Surge မိတာ
Specification ဟာ အထက်ပါ လက်တွေ့ပြဿနာတွေကို ကြိုတင်ကာကွယ်ဖို့၊ အနည်းဆုံး သက်တမ်း (၂၅) နှစ် (Design Life) အထိ ဘေးအန္တရာယ်ကင်းကင်းနဲ့ စိတ်ချရစွာ လည်ပတ်နိုင်ဖို့အတွက် စနစ်တကျ ပြဌာန်းထားတဲ့ ဒီဇိုင်းစံနှုန်း ဖြစ်ပါတယ်ဗျာ။

21/05/2026

Why Document Numbering & EDMS Matter in Oil & Gas Projects?
*******************************************************
Oil & Gas industry ရဲ့ Engineering Design, Construction, Commissioning ကနေ Operations အထိ Phase တိုင်းမှာ Document Management System (DMS) ဆိုတာ Project တစ်ခုလုံးရဲ့ အသက်သွေးကြော (Critical Backbone) ပဲ ဖြစ်ပါတယ်။
Projects တွေမှာ P&ID, SLD, Datasheet, Calculation, Procedures ကနေ နေ့စဉ်ထွက်နေတဲ့ TQ, MOM, Vendor Documents နဲ့ Inspection Reports စတဲ့ စာရွက်စာတမ်းပေါင်း ထောင်သောင်းချီပြီး စီးဆင်း (Circulate) နေတတ်ပါတယ်။ ဒီနေရာမှာ တိကျတဲ့ Identification နဲ့ Traceability (နောက်ကြောင်းပြန်လိုက်နိုင်မှု) မရှိရင် Engineering ပိုင်း ရှုပ်ထွေးမှုတွေ၊ Revision မှားယွင်းမှုတွေကနေတစ်ဆင့် ဆောက်လုပ်ရေး ကြန့်ကြာမှု (Construction Delays) နဲ့ မလိုလားအပ်တဲ့ Operational Risks တွေအထိ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်မို့လည်း company တွေရဲ့ specification မှာ Standardized Document Identification & Numbering System ကို အသေအချာ Define လုပ်ထားတာ ဖြစ်ပါတယ်။
Technical Document Number တစ်ခုရဲ့ ဖွဲ့စည်းပုံ ဥပမာ-
AA-BBBB -01-CCCC -012345
ဒီ Numbering Structure ထဲမှာ-
Country Code
Site Code
Sector Code
Originator Code
Sequential Number
စတာတွေ စနစ်တကျ ပါဝင်ပြီး Document တိုင်းကို ထပ်တူမရှိတဲ့ Unique Identity တစ်ခု ပေးထားပါတယ်။
ဒါက ဘာကြောင့် ဒီလောက်တောင် အရေးကြီးရတာလဲ?
Easy Retrieval: EDMS ထဲမှာ လိုချင်တဲ့ စာရွက်စာတမ်းကို စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်ခြင်း။
Revision Control: အသုံးပြုနေတဲ့ ဗားရှင်းက Latest လား၊ ခေတ်မမှန်တော့တာ (Obsolete) လား၊ ဒါမှမဟုတ် အစားထိုးလိုက်ပြီ (Superseded) လားဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ခြင်း။
Engineering Coordination: Process, Mechanical, Electrical, Instrument, Civil, Telecom စတဲ့ Discipline အားလုံး တစ်ပြေးညီ (Harmonized Workflow) ချိတ်ဆက် အလုပ်လုပ်နိုင်ခြင်း။
Audit & Compliance: ISO, QA/QC, HSE နဲ့ Project Audit တွေအတွက် ခိုင်မာတဲ့ Traceability အပြည့်အဝ ပေးနိုင်ခြင်း။
Asset Lifecycle Management: Project ပြီးဆုံးသွားပေမဲ့ Operation Phase ရောက်တဲ့အထိ Document Continuity ရှိနေခြင်း။
ထို့အပြင် Specification ထဲမှာ Discipline Codes တွေဖြစ်တဲ့ PRO (Process)၊ ELE (Electrical)၊ INS (Instrumentation)၊ PVV (Piping/Valve/Vessel)၊ HSE (Health Safety Environment) နဲ့ Document Type တွေဖြစ်တဲ့ PID၊ CAL၊ REP၊ MAN၊ SPE၊ TQR စတာတွေကိုပါ တရားဝင် သတ်မှတ်ထားတာကြောင့် Contractors, Vendors, Subcontractors အားလုံး Standard တစ်ခုတည်းအောက်မှာ စနစ်တကျ လည်ပတ်နိုင်ကြပါတယ်။
ကျွန်တော့်ရဲ့ အတွေ့အကြုံအရ (From My Experience)— ခိုင်မာတဲ့ Document Control System မရှိတဲ့ Project တွေမှာ- Revision မှားယွင်း အသုံးပြုမိခြင်း
Construction အဆင့်မှာ ဖျက်ပြီး ပြန်လုပ်ရခြင်း (Rework) , Vendor များအကြား နားလည်မှု လွဲမှားခြင်း , Commissioning အဆင့် ကြန့်ကြာခြင်းနဲ့ , ရေရှည် Operational Risks များပြားခြင်းတို့ကို မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။
ဒါကြောင့် Document Control ဆိုတာ ရိုးရိုးတန်းတန်း စာရွက်စာတမ်း ထိန်းသိမ်းရတဲ့ “Administrative Work” သက်သက် မဟုတ်ပါဘူး။ သူက Engineering Quality Assurance ရဲ့ ပင်မကျောရိုး (Core System) ဖြစ်ပါတယ်။ အထူးသဖြင့် Mega Offshore/Onshore Projects တွေမှာ EDMS နဲ့ Standardized Numbering System ဆိုတာ Knowledge Retention နဲ့ Long-term Asset Integrity အတွက် မရှိမဖြစ် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်ပါတယ်။

Kyaw Oo

21/05/2026

Solar inverter hybrid / off grid တွေရဲ့ Neutral / Erath
*********************************************
အားလုံးပဲ မင်္ဂလာပါဗျာ။
ကျနော်တို့ Solar field ထဲမှာ အလုပ်လုပ်တဲ့အခါ အမြဲတမ်း ခေါင်းကိုက်ရတဲ့ လက်တွေ့ practical issue တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ အထူးသဖြင့် ဒီ HF inverter တွေ သုံးတဲ့အခါ ကြုံရတတ်တဲ့ AC output floating ဖြစ်တဲ့ ကိစ္စနဲ့ Neutral-Earth (N-E) bonding အကြောင်းပါ။
AC output floating ဆိုတာကတော့ လိုင်းနှစ်ခုလုံးမှာ voltage ရှိနေတာ၊ တနည်းအားဖြင့် နှစ်ဖက်လုံး မီးရှိ နေတာကို ပြောတာပါ။ line ၂ ခုပေါင်းပြီး မီးပေးတာပေါ့။ တချို့ လျပ်စစ်ပစ္စည်းတွေက အဲဒါကိုလက်မခံတတ်ပါ။ EV charger လို မျိုးတွေပေါ့။
ဘာလို့ AC output က Floating ဖြစ်နေရတာလဲဆိုရင် သူတို့ရဲ့ design မှာ High-frequency switching စနစ် သုံးထားတယ်၊ Transformerless topology ဖြစ်နေတယ်၊ ပြီးတော့ EMI filter capacitors တွေ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ earth reference ပေါ် မူတည်ပြီး "ဒါကတော့ Neutral ကြိုးပါ" လို့ တိတိကျကျ define လုပ်မထားဘူး ဖြစ်နေတတ်ပါတယ်။
အဲဒီလို Earth မချိတ်ထားဘဲ Floating ဖြစ်နေတဲ့အတွက် လက်တွေ့ site မှာ ဘာတွေ ကြုံရလဲဆိုရင် -
၁။ Tester pen နဲ့ ထောက်ကြည့်ရင် နှစ်ဖက်လုံး မီးလင်းနေမယ်။ ၂။ Leakage tester နဲ့ တိုင်းရင်လည်း တည်ငြိမ်မှုမရှိဘဲ weird reading (ဂဏန်းတွေ လျှောက်ပြတာမျိုး) တွေ ဖြစ်နေလိမ့်မယ်။ ၃။ အိမ်က RCCB / ELCB တွေကလည်း မတိကျတော့ဘဲ အကြောင်းမရှိဘဲ ခဏခဏ trip ဖြစ်မယ်။ ၄။ Inverter body ကို သွားထိရင် Touch voltage ကြောင့် ကျဉ်စိမ့်စိမ့် ခံစားရမယ်။
Neutral Reference ဘယ်လို ပြန်ယူမလဲဆိုရင် -
တကယ်တမ်း ကျနော်တို့ လိုချင်တာက Earth နဲ့ တိုင်းရင် Neutral က zero ဝန်းကျင်ဖြစ်ပြီး Line က 230 VAC ဖြစ်စေမယ့် တည်ငြိမ်တဲ့ reference မျိုးပါ။ အဲဒီလိုဖြစ်ဖို့ဆိုရင် တချို့ system တွေမှာ N-E bond relay၊ Internal bonding relay၊ External grounding transformer ဒါမှမဟုတ် ATS neutral switching တွေကို သုံးပြီးတော့ neutral reference ကို တည်ဆောက်ပေးရပါတယ်။
Grid ရှိနေရင်တော့ inverter က EPC ရဲ့ neutral ကို သူ့ရဲ့ neutral အဖြစ် ယူသုံးပါတယ်။ Internal / Auto Bonding ပါတဲ့ Inverter မျိုးကတော့ Grid (EPC) ပျက်သွားလို့ EPS (Emergency Power Supply) mode (Backup) ထဲ ရောက်သွားတာနဲ့ Internal relay ကနေ Neutral ကို Earth နဲ့ auto bond လုပ်ပေးလိုက်ပါတယ်။ ဒါဆိုရင်တော့ EPS Neutral က stable ဖြစ်မယ်၊ RCCB/ELCB လည်း စနစ်တကျ အလုပ်လုပ်မယ်၊ အိမ်တွင်း wiring နဲ့လည်း compatibility အဆင်ပြေသွားမယ်။ ဒါကိုတော့ Datasheet ထဲမှာ "Neutral-earth relay"၊ "Bonding relay" ဒါမှမဟုတ် "EPS neutral switching" ဆိုပြီး ရေးထားတာမျိုးကို ကြည့်ပြီး သိနိုင်ပါတယ်ဗျ။
Manual External Bond လုပ်ရမယ့် ဈေးသက်သာတဲ့ inverter တော်တော်များများကတော့ internal relay မပါဘူး။ အဲဒီအခါ ကျနော်တို့က EPS output side မှာ Neutral နဲ့ Earth ကို manual bonding (External N-E bond) လုပ်ပေးကြရတယ်။ အဲဒါကတော့ manual contactor သုံးပြီး ကိုယ့်ဘာသာကိုယ် modify လုပ်ယူရတာပါ။
အရေးအကြီးဆုံး သတိထားရမယ့် Important Reality ကတော့ -
ဒီနေရာမှာ အဓိက အန္တရာယ်ရှိတာက Cheap HF inverter အချို့မှာ Neutral bonding သဘောတရားကို နားမလည်ဘဲ မှားလုပ်လိုက်မိရင် inverter ရဲ့ output stage (Power electronics block) တစ်ခုလုံး damage ဖြစ်ပြီး လောင်သွားနိုင်ပါတယ်။
ဒါကြောင့် Recommendation အနေနဲ့ N-E bond တန်းမလုပ်လိုက်ပါနဲ့ဦး။ အောက်ပါအဆင့်အတိုင်း အရင်လုပ်ပါ -
Earthing ကောင်းအောင် လုပ်ပါ။
Manual စစ်ပါ: Inverter ရဲ့ အညွှန်းစာအုပ်ကို သေချာဖတ်ပါ။
Topology သိပါ: သူက ဘယ်လို circuit ပုံစံမျိုးလဲဆိုတာ နားလည်အောင် လုပ်ပါ။
Manufacturer recommendation ကြည့်ပါ: ထုတ်လုပ်သူက N-E bond လုပ်ဖို့ ခွင့်ပြုလား၊ ဘယ်လိုလုပ်ရမလဲ ညွှန်ကြားချက်ကို ကြည့်ပါ။
Floating output ဟုတ်မဟုတ် အရင်တိုင်းပါ: Multi-meter နဲ့ သေချာ အရင်တိုင်းကြည့်ပါ။
ဒီအချက်တွေကို သေချာစိစစ်ပြီး လုံခြုံစိတ်ချရပြီဆိုမှသာ Bonding ကို လုပ်ဆောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျာ။

18/05/2026

Qusetion ??
Deye single phase Hybrid 12K inverter သုံးထားပါတယ်ခင်ဗျာ။ solar 590 21pcs နဲ့ 320Ah 200A, Discharge ပေးနိုင်တဲ့ Battery တစ်လုံးပါတပ်ထားပါတယ်။ Autel 7 kw ကို Grid နဲ့ဆို အားသွင်းလို့ရပြီး။ off grid ဖြစ်တဲ့အချိန် inverter နဲ့ဆို Ground fault ပြပြီး charger က အားပေးမသွင်းပါ။ Floating Neutral ကြောင့်လို့ပြောပါတယ်။ N-E bonding ကိုDistribution board မှာလုပ်လိုက်တဲ့ အခါ Fault မရှိတော့ပါ။ On grid ဖြစ်တဲ့အချိန် Double Bonding ဖြစ်ရင် Safe ဖြစ် မဖြစ်သိချင်ပါတယ်ခင်ဗျာ

ANSWER :

ဤပြဿနာမှာ Off-Grid စနစ်များတွင် အဖြစ်များလေ့ရှိသည့် Floating Neutral ကြောင့် ဖြစ်ပြီး၊ Distribution Board (DB) တွင် N-E (Neutral-Earth) Bonding ပြုလုပ်ပေးလိုက်သည့်အခါ Fault ပျောက်သွားသည်ကို တွေ့ရပါသည်။
သို့သော် ဤကဲ့သို့ Permanent (အသေ) Double Bonding ပြုလုပ်ထားခြင်းသည် On-Grid (လိုင်းမီး ပြန်လာချိန်) တွင် ဘေးအန္တရာယ် ရှိလာနိုင်ပါသည်။

၁။ ဘာကြောင့် Ground Fault ပြရတာလဲ (The Root Cause)
မြန်မာနိုင်ငံတွင် အသုံးပြုနေသော TT System အရ Grid (EPC) မှ Neutral သည် Earth နှင့် Transformer တွင် တိုက်ရိုက်ချိတ်ဆက်ထားပြီး ဖြစ်သည်။
• On-Grid အခြေအနေ: EV Charger သည် EPC ၏ Neutral ကို အခြေခံ၍ Earth နှင့် ဗို့အား (Voltage) ကို တိုင်းတာသည်။ Neutral သည် မြေကြီးနှင့် တစ်သားတည်းဖြစ်နေသဖြင့် ဗို့အား 0V နီးပါးသာ ရှိပြီး Charger က ပုံမှန်အလုပ်လုပ်သည်။
• Off-Grid အခြေအနေ: Deye Inverter သည် Grid နှင့် လုံးဝအဆက်ဖြတ်လိုက်ပြီး (Island mode) ၎င်း၏ Neutral ကို အသစ်ထုတ်ပေးသည်။ သို့သော် ၎င်း Neutral သည် မြေကြီးနှင့် မချိတ်ဆက်ထားဘဲ Floating Neutral ဖြစ်နေသည်။ EV Charger က Neutral-Earth ကြား ဗို့အားကို တိုင်းသောအခါ ဗို့အား something (Floating Voltage) ကို တွေ့ရသဖြင့် လုံခြုံရေးအရ Ground Fault ပြပြီး အားမသွင်းတော့ခြင်း ဖြစ်သည်။
၂။ On-Grid မှာ Double Bonding ဖြစ်ရင် Safe ဖြစ်ပါသလား?
လုံးဝမဖြစ်ပါ (Safety အန္တရာယ်ရှိပါသည်)။ Distribution Board (DB) တွင် N-E ကို အသေချိတ်ထားခြင်း (Double Bonding) သည် အောက်ပါပြဿနာများကို ဖြစ်စေနိုင်သည် -
1. RCD/RCCB မကြာခဏ ကျခြင်း: Neutral မှ စီးလာသော Current အချို့သည် Bonding မှတစ်ဆင့် Earth လိုင်းထဲသို့ စီးဝင်သွားမည်။ RCD သည် Current မညီမျှမှုကို အမှားဟု ထင်မှတ်ပြီး လျှပ်စစ်မီးကို ဖြတ်တောက်မည်။
2. Stray Voltage အန္တရာယ်: Grid ဘက်တွင် Neutral ပျက်သွားပါက သို့မဟုတ် ဗို့အားတက်လာပါက၊ ထိုအန္တရာယ်ရှိသော ဗို့အားများသည် Bonding မှတစ်ဆင့် အိမ်ရှိ Earth ကြိုးအားလုံးနှင့် စက်ပစ္စည်းကိုယ်ထည်များဆီသို့ ရောက်ရှိသွားမည်။ ဤသည်မှာ အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်ရပါသည်။
၃။ စနစ်တကျ ဖြေရှင်းနည်း (Step-by-Step Solution)
အန္တရာယ်ကင်းပြီး အမှန်ကန်ဆုံးမှာ Auto N-E Bonding စနစ်ကို တပ်ဆင်ခြင်းဖြစ်သည်။
အဆင့် (၁): လက်ရှိ DB ထဲတွင် ပူးထားသော N-E Bonding ကို ချက်ချင်းဖြုတ်ပါ။ Double Bonding ၏ အန္တရာယ်ကို ရှောင်ရှားရန် DB ထဲမှ ကြိုးကို ဖြုတ်ပြီး စနစ်ကို မူလအတိုင်း ထားရှိပါ။
အဆင့် (၂): External Contactor သုံး၍ Auto N-E Bonding စနစ် တပ်ဆင်ပါ။
1. လိုအပ်သောပစ္စည်း: 230V Coil ပါသည့် NC (Normally Closed) Modular contactor ( 63 Amp ) ရွေးချယ်ပါ)။
2. ချိတ်ဆက်ပုံ (Logic):
o Contactor ၏ A1/A2 (Coil) ကို AC Grid ထံမှ ရယူပါ။( inverter မှလဲ ယူလို့ရပါတယ်)
o Contactor ၏ အဓိက Contact နှစ်ခုကို Inverter ၏ LOAD Side Neutral နှင့် အိမ်၏ Main Earth Bar တို့ကြားတွင် ချိတ်ဆက်ပါ။
o လုပ်ဆောင်ချက်: Grid မရှိတော့သည့် အချိန် Contactor Off သွားပြီး ( NO to Close ) N နှင့် E ကို အလိုအလျောက် ပူးပေးမည်။ Grid ပြန်လာပါက Contactor ပြန်ကွာသွားပြီး N နှင့် E ကို ခွဲထုတ်ပေးမည်။

အကြံပြုချက်: ကိုယ်တိုင် DYI မလုပ်ပဲ ဤဝါယာကြိုးသွယ်တန်းခြင်းလုပ်ငန်းစဉ်များကို သင်ကိုယ်တိုင် မလုပ်ဆောင်ဘဲ၊ အတွေ့အကြုံရှိသော Solar Engineer တစ်ဦးဦးကို အကူအညီတောင်း၍ စနစ်တကျ တပ်ဆင်စေခြင်းဖြင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Kyaw Oo
EI Engineering

18/05/2026

မြန်မာနိုင်ငံ၏ အိမ်သုံးလျှပ်စစ်ဖြန့်ဖြူးရေးစနစ် (အပိုင်း - ၂)
**********************************************
လိုင်းပေါ်မှ အိမ်ထဲသို့ လျှပ်စစ်သွယ်တန်းခြင်း
လျှပ်စစ်မီး သွယ်တန်းတဲ့နေရာမှာ အရေးအကြီးဆုံးက Cable Size ရွေးချယ်မှုနဲ့ Connection ချိတ်ဆက်မှု ဖြစ်ပါတယ်။ အဲ့ဒီနှစ်ခုကပဲ အိမ်တစ်အိမ်လုံးရဲ့ လျှပ်စစ်စနစ်ကို လုံခြုံစေမလား၊ အန္တရာယ်ဖြစ်စေမလား ဆိုတာကို ဆုံးဖြတ်ပေးတာပါ။ အပြင်မှာ ကြည့်ရင် ကြိုးနှစ်ချောင်းပဲ မြင်ရပေမယ့် အဲ့ဒီနောက်ကွယ်မှာ Technical အချက်တွေ အများကြီးရှိပါတယ်။
Distribution Line ပေါ်ကနေ အိမ်ထဲကို Single Phase Supply ယူတဲ့အခါ Phase (Line) တစ်ချောင်းနဲ့ Neutral တစ်ချောင်းကို သွယ်တန်းပေးရပါတယ်။ ဒီနေရာမှာ လူအများ ပေါ့ပေါ့ဆဆ ဖြစ်တတ်တာက “မီးလာရင်ပြီးရော” ဆိုပြီး ကြိုး Size သေးသေးလေးတွေ သုံးတာ၊ Connection ကို ဖြစ်သလို ချိတ်တာတွေ ဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒီအရာတွေက နောက်ပိုင်း မီးလောင်မှုတွေ၊ Voltage ကျတာတွေ၊ ပစ္စည်းပျက်စီးတာတွေ ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေပါပဲ။
၁၀/၃၀ Amp Meter အတွက်ဆိုရင် အနည်းဆုံး 6 mm² Copper Cable ကို သုံးသင့်ပါတယ်။ ကြိုးအရွယ်အစား ပိုကြီးတာက ပြဿနာမရှိပေမယ့် သေးလွန်းရင်တော့ အန္တရာယ်များပါတယ်။ မီတာ Amp ပိုကြီးလာရင် ကြိုး Size ကိုလည်း လိုက်ပြီး ပိုကြီးသုံးရပါတယ်။ ကြိုး Size မှန်မှန်ကန်ကန် မရွေးရင် ကြိုးပူလာမယ်၊ Voltage ကျမယ်၊ Breaker ခဏခဏ Trip ဖြစ်မယ်၊ နောက်ဆုံး မီးလောင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
နောက်ထပ် အရေးကြီးတာက Voltage Drop ပါ။ လိုင်းကြိုးက ရှည်လေလေ Resistance များလာပြီး Voltage Drop ဖြစ်လေလေပါပဲ။ အိမ်က တိုင်နဲ့ဝေးရင်၊ သို့မဟုတ် ခြံကျယ်ပြီး အဝေးကြီးသွယ်ရမယ်ဆိုရင် ကြိုးအရွယ်အစားကို ပိုကြီးပေးရပါတယ်။ မဟုတ်ရင် အိမ်ထဲရောက်တဲ့ Voltage ကျသွားပြီး Aircon မနိုင်တာ၊ Pump မတက်တာ၊ Motor တွေပူတာတွေ ဖြစ်လာတတ်ပါတယ်။
Cable အမျိုးအစားမှာလည်း Copper နဲ့ Aluminum ဆိုပြီး ရှိပါတယ်။ Aluminum ကြိုးက ဈေးသက်သာပေမယ့် Conductivity နည်းတဲ့အတွက် Copper ထက် Size ပိုကြီးသုံးရပါတယ်။ Connection နေရာတွေမှာလည်း Oxidation ပိုဖြစ်လွယ်ပါတယ်။ ဒါကြောင့် အိမ်သုံး Supply အတွက်ဆိုရင် Copper Cable ကိုပဲ အသုံးပြုတာ ပိုကောင်းပါတယ်။ အထူးသဖြင့် Aircon၊ Heater၊ Water Pump၊ Oven စတဲ့ Load များတဲ့အိမ်တွေမှာ Copper Cable က ပိုစိတ်ချရပါတယ်။
အပြင်ဖက်မှာ သွယ်တန်းတဲ့ကြိုးတွေက နေရောင်၊ မိုးရေ၊ အပူဒဏ်တွေ ခံရတဲ့အတွက် Weather Resistant Cable ကို သုံးဖို့လိုပါတယ်။ XLPE Insulated Cable လို 2-Layer Insulation ပါတဲ့ကြိုးတွေက ပိုပြီး လုံခြုံပါတယ်။ ကြိုးအပြင်သား ကွဲတာ၊ Insulation ပျက်တာတွေ ဖြစ်လာရင် Leakage Current ဖြစ်နိုင်ပြီး လူကို Shock ရိုက်နိုင်ပါတယ်။
ဒါပေမယ့် အရေးအကြီးဆုံးကတော့ Connection ချိတ်ဆက်တဲ့အပိုင်းပါပဲ။ Cable Size ကောင်းပြီး Connection မကောင်းရင်လည်း အန္တရာယ်ဖြစ်နိုင်ပါတယ်။ လိုင်းပေါ်ကနေ Supply ယူတဲ့အခါ Copper Bare Wire နဲ့ ခိုင်မာစွာ ချိတ်ဆက်ဖို့ လိုပါတယ်။ Connection လုပ်မယ့်နေရာကို ကော်ဖတ် (Sandpaper) နဲ့ သေချာစားပြီး Oxidation တွေ ဖယ်ရှားပြီးမှ ကြိုးကို Tighten လုပ်ရပါတယ်။ Connection မတင်းရင် Resistance တက်လာပြီး အပူအရမ်းထွက်ပါတယ်။
ညဘက်မှာ Connection နေရာကို ကြည့်လိုက်လို့ မီးပွင့်သေးသေး Spark ဖြစ်နေတာ မြင်ရရင် အဲ့ဒါ အန္တရာယ်အရမ်းရှိတဲ့ လက္ခဏာပါ။ Connection Loose ဖြစ်နေတာ၊ အပူလွန်ကဲနေတာ ဖြစ်ပါတယ်။ ဒီလိုနေရာတွေက မီးလောင်မှု စတင်တဲ့နေရာတွေ အများဆုံးပါပဲ။ အထူးသဖြင့် Neutral Connection မကောင်းရင် Voltage မတည်ငြိမ်တော့ဘဲ TV၊ Refrigerator၊ Inverter စတဲ့ ပစ္စည်းတွေ ပျက်စီးနိုင်ပါတယ်။
Connection လုပ်ပြီးရင် Insulation ကိုလည်း သေချာလုပ်ရပါတယ်။ မိုးရေမဝင်အောင်၊ Oxidation မဖြစ်အောင် Bo***ge Tape သို့မဟုတ် သင့်တော်တဲ့ Insulation Tape တွေနဲ့ သေချာပတ်ထားဖို့ လိုပါတယ်။ ရေဝင်ပြီး သံချေးတက်လာရင် Resistance တက်လာပြီး Voltage Drop ဖြစ်မယ်၊ အပူတက်မယ်၊ နောက်ဆုံး မီးလောင်နိုင်ပါတယ်။
နိုင်ငံခြားမှာတော့ Service Connection တွေအတွက် Special Clamp၊ Compression Connector၊ Hydraulic Crimp Tool တွေ သုံးကြပေမယ့် မြန်မာနိုင်ငံမှာတော့ လက်တွေ့အတွေ့အကြုံရှိတဲ့ Lineman နဲ့ Electrician တွေရဲ့ Skill က အရမ်းအရေးကြီးပါတယ်။ Connection ကောင်းကောင်းလုပ်ထားတဲ့အိမ်တွေက နှစ်ပေါင်းများစွာ ပြဿနာမရှိဘဲ သုံးနိုင်ပေမယ့် ဖြစ်သလိုလုပ်ထားတဲ့အိမ်တွေကတော့ နောက်ပိုင်း ပြဿနာမျိုးစုံ တက်လာတတ်ပါတယ်။
အနှစ်ချုပ်ပြောရရင် လျှပ်စစ်သွယ်တန်းတဲ့အလုပ်မှာ “မီးလာရင်ပြီးရော” ဆိုပြီး ပေါ့ပေါ့ဆဆ မလုပ်သင့်ပါဘူး။ မှန်ကန်တဲ့ Cable Size ကို ရွေးချယ်ခြင်း၊ Connection တွေကို တင်းကျပ်ခိုင်မာအောင် လုပ်ခြင်း၊ Insulation ကောင်းကောင်းလုပ်ခြင်းတွေက အိမ်တစ်အိမ်ရဲ့ လျှပ်စစ်လုံခြုံရေးအတွက် အရေးအကြီးဆုံးသော အချက်တွေ ဖြစ်ပါတယ်။
ဆက်ရန်
ဖတ်ရှုပြီး Share ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Kyaw Oo

17/05/2026

မြန်မာနိုင်ငံ၏ အိမ်သုံးလျှပ်စစ်ဖြန့်ဖြူးရေးစနစ် (အပိုင်း - ၁)
*******************************************************
လူတိုင်း လွယ်စွာ နားလည်အောင်ရေးပေးထားပါတယ်။ အခုနောက်ပိုင်းဆိုလာ Power generation တွေ ပါတတ်လာကျတော့ ပိုမို ရှင်းလင်းသွားအောင်ပါ။
မြန်မာနိုင်ငံတွင် အိမ်သုံးလျှပ်စစ်မီးကို Distribution Transformer (ဗို့အားမြင့်/ဗို့အားနိမ့် ထရန်စဖော်မာ (High Voltage / Low Voltage Transformer) များမှတစ်ဆင့် 3 Phase + Neutral (ကြိုး ၄ ချောင်းစနစ်) ဖြင့် ဖြန့်ဖြူးပေးထားပါသည်။ ထို့ကြောင့် လမ်းဘေးရှိ ထရန်စဖော်မာအထွက်တွင် ကြိုး ၄ ချောင်းကို တွေ့မြင်နိုင်ခြင်း ဖြစ်သည်။
Phase ကြိုး ၃ ချောင်း = R (Red), Y (Yellow), B (Blue) ( အရင် အသုံး အနှုံးဖြစ်ပါတယ်) Line 1, 2,3
Neutral ကြိုး ၁ ချောင်း = N (Common Neutral)
ဗို့အားစနစ် (Voltage System)
မြန်မာနိုင်ငံ၏ လျှပ်စစ်စနစ်သည် AC (Alternating Current - ပြန်လှန်လျှပ်စီး) စနစ်ဖြစ်ပြီး အသုံးပြုထားသော ဗို့အားနှင့် ကြိမ်နှုန်း (Frequency) မှာ အောက်ပါအတိုင်း ဖြစ်သည်။
Phase to Phase (Line to Line Voltage) = 400 VAC
Phase to Neutral (Line to Neutral Voltage) = 230 VAC
Frequency (ကြိမ်နှုန်း) = 50 Hz (ဆိုလိုသည်မှာ တစ်စက္ကန့်လျှင် လျှပ်စစ်စီးဆင်းမှု လမ်းကြောင်း အပေါင်း/အနှုတ် အကြိမ်ရေ ၅၀ ပြောင်းလဲနေခြင်း ဖြစ်သည်။)
အိမ်သုံးမီတာနှင့် မီးလိုင်းစနစ်
ကျွန်ုပ်တို့အိမ်များတွင် အသုံးပြုသော မီတာ (Power Meter) များနှင့် ဖြန့်ဖြူးရေးကွန်ရက် (Distribution Network) တွင် အခြေခံအားဖြင့် 3 Phase + Neutral စနစ်ကို သွယ်တန်းထားသော်လည်း၊ သာမန်အိမ်သုံး Single Phase မီးလိုင်းများတွင်မူ အောက်ပါအတိုင်း ကြိုး ၂ ချောင်းသာ သုံးစွဲပါသည်။
Phase (Line) ကြိုး ၁ ချောင်း
Neutral ကြိုး ၁ ချောင်း
အိမ်သုံး ၂၃၀ ဗို့ (230 VAC) လျှပ်စစ်ပစ္စည်းများအားလုံးသည် ၎င်း Line နှင့် Neutral ကြားရှိ ဗို့အားကွာခြားချက်ကို အခြေခံ၍ အလုပ်လုပ်ကြခြင်း ဖြစ်သည်။

ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မြေစိုက်ကြိုးစနစ် (Safety & Earthing)
အိမ်တိုင်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ကိုယ်ပိုင် Earthing (Grounding - မြေစိုက်ကြိုး) ကို သီးသန့်ရိုက်နှက် ထည့်သွင်းထားရပါမည်။
အထူးသတိပြုရန် အချက်များ ကား -
Neutral ကြိုးနှင့် Earthing ကြိုးကို တိုက်ရိုက် ပူးမထားရပါ။
Neutral ကြိုးသည် လျှပ်စစ်ဓာတ်အားလိုင်း (Distribution System) မှ လာသော တခုတည်းသော ကြိုး (Common Neutral) ဖြစ်သည်။
Earthing ကြိုးသည် မိမိအိမ်ရှိ လျှပ်စစ်ပစ္စည်းများ ဓာတ်လိုက်မှုမရှိစေရန် ကာကွယ်ပေးသည့် သီးသန့် Safety စနစ် ဖြစ်သည်။
မြန်မာနိုင်ငံ၏ အိမ်သုံးလျှပ်စစ် ဖြန့်ဖြူးရေးစနစ်အများစုတွင် TT System (Earthing / Neutral Arrangement) ကို အဓိက အသုံးပြုထားပါသည်။

Kyaw Oo

Digital Multimeter နဲ့ တိုင်းရုံနဲ့ Earthing ကောင်းမွန်ကြောင်း အာမခံနိုင်ပါသလား။????????????????????????????????????????...
17/05/2026

Digital Multimeter နဲ့ တိုင်းရုံနဲ့ Earthing ကောင်းမွန်ကြောင်း အာမခံနိုင်ပါသလား။
?????????????????????????????????????????????

"Live နဲ့ Earth ကြား DMM နဲ့ တိုင်းလိုက်လို့ 220V ပြနေရင် Earth ကောင်းတယ်လို့ ပြောလို့ရလား?"
အဖြေကတော့ Absolutely NO ပါ! လုံးဝ မရပါဘူး။
ဒါက Electrical Engineering သဘောတရားကို နားလည်သူ၊ Ohm’s Law ကို သိသူမှသာ နားလည်နိုင်တဲ့ အချက်တစ်ခုပါ။
ပထမဆုံး Digital Multimeter (DMM) ဘယ်လိုအလုပ်လုပ်လဲဆိုတာ နားလည်ရင် လွယ်သွားပါမယ်။ DMM ဆိုတာ ဗို့အားတိုင်းတဲ့အခါ Current အများကြီး မယူပါဘူး။ Circuit ကို Load မလုပ်ချင်တဲ့အတွက် DMM ထဲမှာ Input Resistance အရမ်းကြီးအောင် ထားထားပါတယ်။ အများအားဖြင့် 10 Mega Ohm (10MΩ) လောက် ရှိပါတယ်။ 10MΩ ဆိုတာ 10,000,000Ω ဖြစ်တဲ့အတွက် အရမ်းကြီးတဲ့ Resistance ပေါ့။
ဥပမာ - Earth Resistance 100Ω ရှိတဲ့ နေရာတစ်ခုကို တိုင်းမယ်ဆိုပါတော့။ Meter Resistance နဲ့ Earth Resistance က Series ဖြစ်နေတဲ့အတွက် Total Resistance က 10,000,100Ω ဖြစ်သွားပါတယ်။ အဲဒီတော့ Current ဘယ်လောက်စီးမလဲဆိုတာ Ohm’s Law နဲ့ တွက်ကြည့်မယ်။
• 220V ကို 10,000,100Ω နဲ့ စားလိုက်ရင် Current က 22 microamp (22μA) လောက်ပဲ ထွက်ပါတယ်။ အရမ်းနည်းပါတယ်။
• Current နည်းလွန်းတော့ Earth Resistance 100Ω ပေါ်မှာ Voltage Drop က Almost မရှိသလောက်ပါပဲ။ V = I × R နဲ့ တွက်ရင် 0.0022V ပဲကျပါတယ်။ 220V ထဲက 0.0022V လောက်ကျတာကို Meter က မမြင်နိုင်တဲ့အတွက် Display ပေါ်မှာ 220V နီးပါးပဲ ပြနေတာပါ။
"500Ω ဖြစ်ရင်ရော?" အဲဒီအခါ Voltage Drop က 0.011V လောက်ပဲ ရှိပါမယ်။ Meter Reading က 219.989V လောက်ဖြစ်မယ်။ လူကြည့်ရင်တော့ Still 220V ပဲ မြင်နေရမှာပါ။ "1000Ω ဆိုရင်ရော?" 1000Ω ဖြစ်ရင်တောင် Voltage Drop က 0.022V ပဲ ရှိပါမယ်။ Meter Reading က 219.978V လောက်ပဲ ဖြစ်မယ်။ Display ပေါ်မှာတော့ 220V နီးပါးပဲ ပြနေတုန်းပါပဲ။ အဲဒီတော့ တကယ့်နေရာမှာ ဘာမှ ကွာခြားမှာမဟုတ်ပါဘူး။ မသိနားမလည်တဲ့ Customer ကတော့ ဟုတ်နိုးနိုး ဖြစ်နေမှာပါ။
အဓိကနားလည်ရမှာက DMM က Voltage Source ကို Test လုပ်တာမဟုတ်ပါဘူး။ သူက Voltage ရှိ/မရှိကို Sense လုပ်တာပါ။ Input Resistance အရမ်းကြီးလို့ Current နည်းနည်းပဲ ယူတဲ့အတွက် Earth Resistance ဘယ်လောက်ပဲ များများ (100Ω, 500Ω, 1000Ω) Display မှာ 220V နီးပါးပဲ ပြနေတာပါ။
ဒီအတွက် DMM နဲ့ ဗို့အားတိုင်းရုံနဲ့ Earth Quality ကောင်း/မကောင်း၊ Earth Resistance နည်း/များ ကို မသိနိုင်ပါဘူး။ Earth Resistance ကို တိကျစွာ တိုင်းတာဖို့ အောက်ပါနည်းလမ်းတွေကို သုံးပါတယ် -
1. Earth Resistance Tester (Megger): အမှန်ကန်ဆုံးပါ။ မြေကြီးထဲကို Current စီးဆင်းမှု Resistance ကို တိုင်းတာပေးတာဖြစ်လို့ Ohms (Ω) တန်ဖိုး တိတိကျကျ ထွက်ပါတယ်။
2. Loop Impedance Tester: Live-Earth ကြားမှာ တကယ့် High Current (Load) ကို ခဏတာ စီးစေပြီး Voltage ဘယ်လောက်ကျသလဲဆိုတာကို တိုင်းတာပါ။ Fault ဖြစ်တဲ့အချိန် Breaker ဘယ်လောက်မြန်မြန် Trip ဖြစ်မလဲဆိုတာကို အဖြေထုတ်ပေးနိုင်ပါတယ်။
3. Test Lamp (Load Test): 100W မီးလုံးကို Line နဲ့ Earth ကြားမှာ ခဏချိတ်ကြည့်ပါ။ မီးလုံး တောက်ပစွာ လင်းရင် Earth ကောင်းတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ (အန္တရာယ်ရှိတဲ့အတွက် အတွေ့အကြုံရှိမှသာ ပြုလုပ်သင့်ပါတယ်။ ကြားထဲမှာ volt drop ကိုတိုင်းရင် ပိုတိတိကျကျ သိနိုင်ပါတယ်)။
4. ကိုယ်တိုင် တွက်ချက်ထားတဲ့ resistance တွေနဲ့ Earth leakage test ကို ELCB နဲ့စမ်းလို့ရတာလဲရှိပါတယ်။ နောက်မှ အသေးစိတ် ရေးပြပါ့မယ်၊ )
DMM နဲ့ တိုင်းတဲ့နည်းဟာ "Check" လုပ်ရုံအတွက်ပဲ အသုံးဝင်ပြီး " Earthing System တစ်ခုရဲ့ အရည်အသွေးကို အတည်ပြုဖို့" လုံးဝ မလုံလောက်ပါ။
အခု Post က Electrical Engineering Basic ကို တကယ်နားလည်မှ ဖတ်ရတာ လွယ်မှာပါ။ နားမလည်ရင်လည်း Senior တွေကို မေးကြည့်ပါ။ အလုပ်ခွင်မှာ နားလည်မှုလွဲမှာ စိုးလို့ ရေးပြတာပါ။

ဖတ်ရှုပြီး Share ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Kyaw Oo

ဒဂုံ ကတယောက် တင်ထားတာပါ။ over voltage 300 VAC ***************************************************မီးအားတွေ၃၀၀ကျော်ဝင်ပြီ...
14/05/2026

ဒဂုံ ကတယောက် တင်ထားတာပါ။ over voltage 300 VAC
***************************************************
မီးအားတွေ၃၀၀ကျော်ဝင်ပြီး ဖုန်းအားသွင်းတုံးတွေပါထပေါက် တောင်ဒဂုံ ၁၉ ရပ်ကွက် EPC သိရန်တင်ခြင်းပါ မီးအန္တာရာယ် ဖြစ်မှာစိုးလို့ပါ ဖုန်းလည်းဆက်မရလို့ပါ Edit မီးအားအဲ့လိုဖြစ်ပြီး မိနစ် ပိုင်းအကြာ မီးပျက်သွားပါတယ် အခုပြန်လာတော့ မီးပုံမှန်ပြန်ဖြစ်ပါပြီ ။
********************
Very danger !!!!!!!
ဘာဖြစ်တာလဲဆိုတော့ Neutral ပြတ်သွားလို့ပါ။ အန္တာရာယ်များပါတယ်။ အားလုံး ပျက်စီးသွားနိုင်ပါတယ်။
ဘာကြောင့် ဗို့အား (Voltage) တွေ ၃၀၀ ကျော်ထိ တက်သွားရတာလဲ။
သာမန်အချိန်မှာ Transformer ကနေ အိမ်တွေကို Phase ကြိုး နဲ့ Neutral ကြိုး ဆိုပြီး နှစ်ကြိုးပေးထားပါတယ်။ အဲဒီ နှစ်ကြိုးကြားမှာ 220V ရှိရပါမယ်။ floating neutral လို့ခေါ်ပါတယ်။
ဒါပေမဲ့ လမ်းဘေး ဓာတ်တိုင်မှာဖြစ်ဖြစ်၊ Transformer မှာဖြစ်ဖြစ် Neutral ကြိုး ပြတ်တောက်သွားရင် (Neutral Lost) အိမ်တွေဟာ Zero Reference Voltage ပျောက်ဆုံးသွားပါတယ်။ အဲဒီအခါမှာ အိမ်နီးချင်းအိမ်တွေနဲ့ Series (တန်းဆက်) ပတ်လမ်း ဖြစ်သွားပြီး Phase တစ်ခုနဲ့ တစ်ခုကြား (Phase to Phase) ချိတ်ဆက်မိသလို ဖြစ်သွားပါတယ်။
Load နည်းတဲ့အိမ် (ဥပမာ- ဖုန်းအားသွင်းရုံ၊ မီးသီးပဲထွန်းထားတဲ့အိမ်): ဗို့အား ၃၀၀V ကျော်ထိ တက်သွားပြီး ပစ္စည်းတွေ ပေါက်ကွဲပျက်စီးပါတယ်။
Load များတဲ့အိမ် (ဥပမာ- Aircon, မီးပူ သုံးနေတဲ့အိမ်): ဗို့အား ၁၀၀V အောက်ထိ ထိုးကျသွားတတ်ပါတယ်။
Electrical ပစ္စည်းတွေ ဘာကြောင့် ပေါက်ကွဲတာလဲ။
အိမ်သုံး လျှပ်စစ်ပစ္စည်း တော်တော်များများ (အထူးသဖြင့် Phone Charger, TV, Router) ထဲမှာ Capacitor နဲ့ Varistor ဆိုတဲ့ အစိတ်အပိုင်းတွေ ပါပါတယ်။ သူတို့က 220V (သို့မဟုတ်) အများဆုံး 265V လောက်အထိပဲ ခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ်ထားတာပါ။ ဗို့အား ၃၀၀ ကျော် ဝင်လာတဲ့အခါ အဲဒီ အစိတ်အပိုင်းတွေက အပူလွန်ကဲပြီး "ဖောက်" ခနဲ အသံမြည်ကာ ပေါက်ကွဲသွားရခြင်း ဖြစ်ပါတယ်။
နောင်မှာ ဒါမျိုးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။
EPC ဘက်က အမှားအယွင်းကို ကျွန်တော်တို့ ထိန်းချုပ်လို့ မရပေမဲ့ မိမိအိမ်ထဲက ပစ္စည်းတွေကိုတော့ အောက်ပါအတိုင်း ကာကွယ်နိုင်ပါတယ်။
အထိရောက်ဆုံး နည်းလမ်း (Protection System)
Over/Under Voltage Protection Relay ကို Contactor နဲ့ တွဲသုံးတာဟာ အကောင်းဆုံးပါ။
Sensing: Relay က ဗို့အားကို အမြဲစောင့်ကြည့်နေမယ်။
Tripping: ဗို့အားက 250V ထက်ကျော်တာနဲ့ (သို့မဟုတ်) Neutral ပျောက်လို့ ဗို့အားမမှန်တာနဲ့ တပြိုင်နက် Contactor ကို ခိုင်းပြီး တအိမ်လုံး မီးဖြတ်ချလိုက်ပါမယ်။
Delay: မီးပြန်လာတဲ့အခါမှာလည်း ဗို့အားငြိမ်အောင် ၅ စက္ကန့်ကနေ စက္ကန့် ၃၀ အထိ စောင့်ပြီးမှ မီးပြန်လွှတ်ပေးတဲ့အတွက် ပစ္စည်းတွေ ပိုစိတ်ချရပါတယ်။
အခုလို Neutral lost ဖြစ်ပြီး မီးပြန်လာတဲ့အခါ မီးပုံမှန်ဖြစ်နေရင်တောင် အိမ်ထဲက ပစ္စည်းတွေကို တစ်လုံးချင်း စစ်ဆေးပါ။ အနံ့ထွက်နေတဲ့ ပစ္စည်းတွေရှိရင် မီးထပ်မသွင်းပါနဲ့ဦး။ အိမ်က Main Breaker တွေ၊ ကြိုးဆက်တွေကိုလည်း အပူလွန်ကဲပြီး အရည်ပျော်နေတာမျိုး ရှိမရှိ လျှပ်စစ်ပညာရှင်နဲ့ စစ်ဆေးဖို့ တိုက်တွန်းပါတယ်။
ကျေးဇူးတင်ပါတယ်။

Kyaw Oo

14/05/2026

Understanding of Earthing and Grounding
***********************************
လွန်ခဲ့တဲ့ ၁၅ နှစ် ကရေးခဲ့တာ ပြန်တင်ပေးလိုက်ပါတယ်။
လျှပ်စစ်ပညာရပ်ကို လေ့လာတဲ့အခါ Earthing နဲ့ Grounding ဆိုတာ ဘာကွာတာလဲဆိုပြီး လူငယ်တော်တော်များများ ခေါင်းစားတတ်ကြပါတယ်။ တကယ်တော့ အခြေခံ Concept အရ နှစ်ခုစလုံးဟာ အတူတူပါပဲ။ အသုံးပြုတဲ့ ဒေသနဲ့ Standard ပေါ်မူတည်ပြီး အခေါ်အဝေါ် ကွဲပြားသွားတာသာ ဖြစ်ပါတယ်။Earthing = Grounding ပါ။ နားမလည်တဲ့သူတွေ ကတော့ မတူဖူးဆိုပြီး ပြောကျပါလိမ့်မယ်။ ကျွန်တော် က အဲလို သုံးတဲ့ US ရော EU company မှာလုပ်ခဲ့ဖူးလို့သိတာပါ။
ဥပမာပြောရရင် - "အမေ" ကို မြန်မာလို အမေလို့ခေါ်ပြီး အင်္ဂလိပ်လို Mother လို့ခေါ်တာနဲ့ အတူတူပါပဲ။ လူကတော့ တစ်ယောက်တည်း၊ ခေါ်တဲ့ နာမည်ပဲ ကွဲတာပါ။ ဒါကြောင့် field ထဲမှာ အတွေ့အကြုံရှိတဲ့ သူတွေကတော့ ဒီစကားလုံးနှစ်ခုကို လိုသလို အစားထိုးပြီး သုံးနေကြတာကို တွေ့ရပါလိမ့်မယ်။
Earthing or Grounding ပဲဖြစ်ဖြစ် အဓိက လုပ်ဆောင်ချက်ကတော့ လျှပ်စစ်စနစ်တစ်ခုရဲ့ Neutral Point ဒါမှမဟုတ် လျှပ်စစ်ပစ္စည်းတွေရဲ့ Metal Enclosure (ကိုယ်ထည်) တွေကို မြေကြီးရဲ့ Zero Potential (0V Reference) နဲ့ ချိတ်ဆက်ပေးဖို့ ဖြစ်ပါတယ်။
ဘာကြောင့် လုပ်ရတာလဲ ဆိုတော့ Insulation Failure ဖြစ်ပြီး ကိုယ်ထည်မှာ လျှပ်စစ်ဓာတ်လိုက်နေရင် လူကို Electric Shock မရအောင် ကာကွယ်ပေးဖို့ နဲ့ Voltage Reference ကို တည်ငြိမ်စေပြီး မလိုလားအပ်တဲ့ Surges တွေကနေ ကာကွယ်ပေးဖို့ဖြစ်ပါတယ်။
ဘာကြောင့် နာမည်ကွဲပြားရတာလဲဆိုတော့ (Regional Standards) ကြောင့်ပါ။
UK / EU / IEC Standard: ဗြိတိန်နဲ့ ဥရောပစံနှုန်းတွေမှာ "Earthing" လို့ သုံးပါတယ်။
US / NEC Standard: အမေရိကန်စံနှုန်းတွေမှာ "Grounding" လို့ သုံးပါတယ်။
• Earthing conductor = Grounding conductor
• Earth electrode = Ground electrode
• Earth fault = Ground fault

အနှစ်ချုပ် ( အနေနဲ့ အလွယ်မှတ်ထားဖို့က Earthing = Grounding ပါပဲ။
Everyday usage မှာ တစ်ခုနဲ့တစ်ခု အစားထိုး သုံးနိုင်ပါတယ်။
Professional level မှာတော့ ကိုယ့် Project က သုံးနေတဲ့ Standard (IEC လား၊ NEC လား) ကို ကြည့်ပြီး ဝေါဟာရကို တိကျအောင် လိုက်သုံးဖို့ လိုအပ်ပါတယ်။
"Earthing နဲ့ Grounding ဆိုတာ အတူတူ ပဲနဲ့ ဘေးကင်းဖို့နဲ့ စနစ်တည်ငြိမ်ဖို့ မြေကြီး (Mass Earth) နဲ့ ချိတ်ဆက်တာကို ခေါ်တာပဲ" လို့ နားလည်ထားရင် အဆင်ပြေပါပြီ။
လေ့လာရင်းနဲ့ မရှင်းတာရှိရင် အချိန်မရွေး ထပ်မံမေးမြန်းနိုင်ပါတယ်နော်။
ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Kyaw Oo

Neutral Arrangement (Earthing)***********************************ကျွန်တော် အရင် ၁၅ နှစ်လောက်က ရေးခဲ့ဖူးတဲ့ Power Distrib...
12/05/2026

Neutral Arrangement (Earthing)
***********************************
ကျွန်တော် အရင် ၁၅ နှစ်လောက်က ရေးခဲ့ဖူးတဲ့ Power Distribution System ထဲက Neutral Arrangement (Earthing System) အကြောင်းကို ဒီနေ့ခေတ် Electrical Engineers တွေ၊ Technicians တွေ၊ Site Supervisors တွေ၊ Industrial Maintenance သမားတွေ နဲ့ Electrical Knowledge အခြေခံ စိတ်ဝင်စားသူတွေ အတွက် ပြန်လည် ပြင်ဆင်ပြီး ရေးပေးလိုက်ပါတယ်။ လျှပ်စစ်စနစ်တစ်ခုမှာ Protection System က ဘယ်လောက် ကောင်းကောင်း၊ Breaker တွေ ဘယ်လောက် အဆင့်မြင့်မြင့် သုံးထားထား၊ Neutral နဲ့ Earth Arrangement ကို မှန်ကန်စွာ မသတ်မှတ်ထားရင် Equipment Damage ဖြစ်နိုင်သလို လူအသက်အန္တရာယ်ထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Earthing System ဆိုတာ Electrical System Design တစ်ခုလုံးရဲ့ အသက်သွေးကြောတစ်ခုလို အရေးကြီးပါတယ်။

EE တစ်ယောက်အနေနဲ့ မိမိအသုံးပြုနေတဲ့ Distribution System ဟာ ဘာ System အမျိုးအစားလဲ၊ Fault Current ဘယ်လို Return ပြန်သွားသလဲ၊ Protection Device တွေ ဘယ်လို Operate လုပ်မလဲဆိုတာ သိထားဖို့ လိုပါတယ်။ Practical Site မှာ အလုပ်လုပ်တဲ့သူတွေအတွက်လည်း Neutral Floating ဖြစ်ခြင်း၊ Earth Leakage ဖြစ်ခြင်း၊ N-E Voltage တက်ခြင်း၊ Equipment Body Shock ဖြစ်ခြင်းတွေဟာ Earthing Arrangement မမှန်တာနဲ့ တိုက်ရိုက် ဆက်စပ်နေတတ်ပါတယ်။

IEC 60364 Standard အရ Earthing System တွေကို အဓိကအားဖြင့် TT System, TN System နဲ့ IT System ဆိုပြီး (၃) မျိုး ခွဲခြားထားပါတယ်။ TN System ထဲမှာလည်း TN-S, TN-C, TN-C-S ဆိုပြီး ထပ်မံ ခွဲထားပါတယ်။ ဒီ Naming တွေကို သေချာ နားလည်သွားရင် Single Line Diagram ကြည့်ရုံနဲ့ System Philosophy ကို ခန့်မှန်းနိုင်လာပါလိမ့်မယ်။

အသုံးအနှုန်းများ၏ အဓိပ္ပါယ် (Notation Key)

ပထမစာလုံးဟာ Source Side ဖြစ်တဲ့ Transformer LV Side ကို ရည်ညွှန်းပါတယ်။

T (Terre) ဆိုတာ Neutral Point ကို Earth နဲ့ Directly ချိတ်ဆက်ထားတာကို ဆိုလိုပါတယ်။

I (Isolated / Impedance) ဆိုတာ Neutral ကို Earth နဲ့ တိုက်ရိုက် မချိတ်ဘဲ Floating ထားတာ၊ ဒါမှမဟုတ် High Impedance တစ်ခုခံပြီးမှ ချိတ်ထားတာကို ဆိုလိုပါတယ်။

ဒုတိယစာလုံးဟာ Consumer Side (Load Side) ကို ဆိုလိုပါတယ်။

T (Terre) ဆိုတာ Equipment Metallic Body ကို Local Earth Electrode နဲ့ သီးသန့်ချိတ်ထားတာပါ။

N (Neutral) ဆိုတာ Equipment Body ကို Supply Side ကလာတဲ့ Neutral / Earth Conductor နဲ့ ချိတ်ထားတာကို ဆိုလိုပါတယ်။

TN System တွေမှာ နောက်ထပ် S နဲ့ C ဆိုတဲ့ Notation တွေ ပါလာပါတယ်။

S (Separate) ဆိုတာ Neutral (N) နဲ့ Protective Earth (PE) ကို သီးခြားစီ ဆွဲထားတာဖြစ်ပြီး၊

C (Combined) ဆိုတာ Neutral နဲ့ Earth ကို PEN Conductor တစ်ချောင်းတည်းအဖြစ် ပေါင်းပြီး သုံးထားတာကို ဆိုလိုပါတယ်။

၁။ TT System (Terra – Terra)

ဒီ System ဟာ မြန်မာနိုင်ငံအပါအဝင် Developing Countries တွေရဲ့ Residential Area တွေမှာ အသုံးအများဆုံး System ဖြစ်ပါတယ်။ Transformer Side မှာ Neutral ကို Earth ချထားပြီး Consumer Side မှာတော့ မိမိဘာသာ Earth Electrode (Earth Rod / Earth Pit) စိုက်ပြီး Equipment Body တွေကို ချိတ်ဆက်ထားရပါတယ်။ Supply Authority က Earth Wire ကို အိမ်အထိ မပို့ပေးဘူးဆိုတဲ့ သဘောပါ။

ဒီ System ရဲ့ အားသာချက်က Installation ရိုးရှင်းတယ်၊ Construction Cost သက်သာတယ်၊ Existing Building တွေမှာလည်း Retrofit လုပ်ရ လွယ်ပါတယ်။ အထူးသဖြင့် Rural Area တွေမှာ Practical အကျဆုံး System တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် Earth Fault ဖြစ်တဲ့အခါ Fault Current ဟာ Soil Resistance ပေါ် မူတည်သွားတဲ့အတွက် Earth Resistance မကောင်းရင် Breaker ချက်ချင်း မTrip နိုင်ပါဘူး။ အဲ့ဒီအခါ Equipment Body မှာ Touch Voltage တက်နေပြီး လူကို Shock ရိုက်နိုင်ပါတယ်။ ဒါကြောင့် TT System မှာ RCD / RCCB / ELCB တွေ မဖြစ်မနေ သုံးသင့်ပါတယ်။ Practical Experience အရ Earth Resistance 5 Ohm အောက် ရအောင် လုပ်နိုင်ရင် ပိုကောင်းပါတယ်။

၂။ TN System (Terra – Neutral)

ဒီ System မှာတော့ Transformer Earth Point ကနေ Protective Earth Conductor ကို Consumer Side အထိ တပါတည်း ပါလာပါတယ်။ Fault Current Return Path က Metallic Conductor အတိုင်း ပြန်သွားတဲ့အတွက် Fault Current Magnitude မြင့်ပြီး Protection Device တွေ Fast Operation လုပ်နိုင်ပါတယ်။ Industrial Plant တွေ၊ Commercial Buildings တွေမှာ အများဆုံး သုံးကြပါတယ်။

TN-S System

ဒီ System မှာ Neutral (N) နဲ့ Protective Earth (PE) ကို အစကတည်းက သီးခြားစီ ခွဲထားပါတယ်။ Three Phase System ဆိုရင် L1, L2, L3, N, PE ဆိုပြီး (၅) ကြိုး သီးခြားသွယ်ထားတာပါ။ Electrical Noise နည်းတယ်၊ Sensitive Equipment တွေအတွက် သင့်တော်တယ်၊ Shock Protection ကောင်းတယ်၊ Fault Detection မြန်တယ်။ Data Center, Hospital, Office Tower, Automation System တွေမှာ အများဆုံး သုံးကြပါတယ်။

အားနည်းချက်ကတော့ Cable Cost ပိုများတယ်၊ Installation Cost မြင့်တယ်၊ Space ပိုယူပါတယ်။ ဒါပေမယ့် Safety Level အမြင့်ဆုံး Earthing Arrangement တွေထဲက တစ်ခု ဖြစ်ပါတယ်။

TN-C System

ဒီ System မှာ Neutral နဲ့ Earth ကို PEN Conductor တစ်ချောင်းတည်းနဲ့ ပေါင်းသုံးထားပါတယ်။ Cable Size လျော့နိုင်လို့ Cost သက်သာပါတယ်။ Utility Distribution Line တွေမှာ အရမ်းတွေ့ရပါတယ်။

ဒါပေမယ့် PEN Conductor တစ်ခုတည်းကို အားထားနေရတဲ့အတွက် အဲ့ဒီ Conductor ပြတ်သွားရင် Equipment Body တွေမှာ Full Phase Voltage ပေါ်လာနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ လူထိရင် Severe Electric Shock ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Modern Installation တွေမှာ Pure TN-C System ကို Indoor Final Circuit တွေအထိ ဆက်သုံးတာ နည်းလာပါတယ်။

TN-C-S System

ဒီ System ကတော့ Hybrid Type ဖြစ်ပါတယ်။ Main Distribution Line မှာ PEN Conductor နဲ့ လာပြီး Consumer Main Distribution Board ရောက်မှ Neutral နဲ့ Earth ကို ခွဲထုတ်လိုက်တာပါ။ PME (Protective Multiple Earthing) လို့လည်း ခေါ်ကြပါတယ်။ Utility Companies တွေ အများဆုံး သုံးတဲ့ System ဖြစ်ပါတယ်။

Installation Cost နဲ့ Safety ကြား Balance ကောင်းတဲ့အတွက် ယနေ့ခေတ် Building Distribution တွေမှာ အလွန် Popular ဖြစ်ပါတယ်။ ဒါပေမယ့် PEN Failure Risk ကိုတော့ အမြဲ ထည့်တွက်ရပါမယ်။

၃။ IT System (Isolated / Impedance – Terra)

ဒီ System ကတော့ High Reliability လိုတဲ့နေရာတွေမှာ သုံးပါတယ်။ Medical ICU, Operation Theatre, Offshore Platform, Oil & Gas Plant, Chemical Plant, Shipboard Electrical System တွေမှာ အရမ်းအသုံးများပါတယ်။

Neutral ကို Earth နဲ့ Directly မချိတ်ထားဘဲ Floating ထားတာ၊ ဒါမှမဟုတ် High Resistance / Impedance ခံထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် First Earth Fault ဖြစ်တဲ့အချိန်မှာ Fault Current အရမ်းသေးနေပြီး Breaker ချက်ချင်း မကျပါဘူး။ System Continue Run နိုင်ပါတယ်။ Critical Process တွေ မရပ်သွားတာက ဒီ System ရဲ့ အကြီးဆုံး Advantage ပါ။

နောက်တစ်ခုက Arc Energy နည်းတဲ့အတွက် Flammable Gas Area တွေမှာ Fire Risk လျော့စေပါတယ်။ Oil & Gas Industry မှာ ဒီအချက်က အရမ်းအရေးကြီးပါတယ်။

ဒါပေမယ့် ဒီ System ကို သုံးမယ်ဆိုရင် Insulation Monitoring Device (IMD) တွေ မဖြစ်မနေ တပ်ရပါတယ်။ Fault Location Tracking System တွေလည်း လိုလာပါတယ်။ Maintenance Skill Requirement မြင့်တယ်၊ Cost များတယ်။ အရေးကြီးဆုံးက First Fault ကို မရှင်းဘဲ ဒုတိယ Fault ထပ်ဖြစ်သွားရင်တော့ Severe Short Circuit နဲ့ Major Failure ဖြစ်နိုင်ပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြောရရင်—

TT System ဟာ ရိုးရှင်းပြီး Residential Use အတွက် အဆင်ပြေတယ်၊ TN-S System က Safety နဲ့ Performance အကောင်းဆုံး၊ TN-C System က Economical ဖြစ်ပေမယ့် Risk များတယ်၊ IT System ကတော့ Continuous Operation လိုတဲ့ Critical Facility တွေအတွက် အကောင်းဆုံး ဖြစ်ပါတယ်။

Electrical Engineer တစ်ယောက်အနေနဲ့ Earthing System ကို “Ground ချထားတာပဲ” ဆိုပြီး အလွယ်မမြင်သင့်ပါဘူး။ Fault Current Path, Protection Coordination, Step Voltage, Touch Voltage, Earth Resistance, Bonding Arrangement, Leakage Current, EMC Noise, Harmonic Effect စတာတွေဟာ Earthing Design နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ Site Trouble တွေရဲ့ Root Cause အများစုဟာ Earthing မကောင်းတာက စတာ များပါတယ်။

Good Earthing does not mean only low resistance.
Good Earthing means Safe System, Stable Operation and Reliable Protection.

Thanks you all.

Kyaw Oo
EI Engineering
AETHER Solar Engineering

Address

BLD B 10, Room 302 MINDAMA Road Shwe Gabar Housing
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+9595152476

Website

Alerts

Be the first to know and let us send you an email when EI engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EI engineering:

Share