28/04/2026
🔹SAW TET Construction & Design Co., Ltd. ၏ (၁၅) နှစ်ပြည့် အောင်မြင်မှုခရီးစဉ်နှင့် ကျေးဇူးတင်လွှာ🔹
Furniture Co.,Ltd.
Aung Myay Co.,Ltd.
Furniture Co.,Ltd.
ယနေ့သည် SAW TET Construction Co., Ltd. စတင်တည်ထောင်ခဲ့သည့် (၁၅) နှစ်မြောက် ပြည့်မြောက်သော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ဤ (၁၅) နှစ်တာ ကာလပတ်လုံး အခက်အခဲပေါင်းစုံကို အတူကျော်ဖြတ်ကာ အောင်မြင်မှုမှတ်တိုင်များကို အတူတကွ စိုက်ထူနိုင်ခဲ့ကြသည့် ကျွန်တော်တို့၏ -
•📌လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများ - သင်တို့၏ စိတ်အားထက်သန်မှု၊ ပင်ပန်းမှုကို မမှုဘဲ ပေးဆပ်ခဲ့သည့် ကြိုးစားအားထုတ်မှုများမှာ ကုမ္ပဏီ၏ အဓိက မောင်းနှင်အားဖြစ်ပါသည်။
•📌ကန်ထရိုက်တာများ - ကျွန်တော်တို့၏ လုပ်ငန်းစဉ်တိုင်းတွင် အကောင်းဆုံးသော အရည်အသွေးများ ရရှိစေရန် အဖက်ဖက်မှ ဝန်းရံကူညီပေးခဲ့ကြသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။
• 📌ယုံကြည်အားပေးသူ မိဘပြည်သူများ - ကျွန်တော်တို့အပေါ် ယုံကြည်မှုအပြည့်ဖြင့် အဆောက်အဦး တည်ဆောက်ခြင်း၊ အခန်းဝယ်ယူခြင်းနှင့် Furniture လုပ်ငန်းများကို အားပေးခဲ့ကြသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
သင်တို့၏ ခိုင်မာသော ယုံကြည်အားပေးမှုကြောင့်သာ ကျွန်တော်တို့ SAW TET သည် ယနေ့အထိ ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ နောင်နှစ်ပေါင်းများစွာတိုင်အောင်လည်း အကောင်းဆုံးသော ဝန်ဆောင်မှု၊ စိတ်ချရသော အရည်အသွေးတို့ဖြင့် လူကြီးမင်းတို့နှင့်အတူ ဆက်လက်လက်တွဲသွားမည်ဟု အလေးအနက် ကတိပြုအပ်ပါသည်။
လေးစားစွာဖြင့်
CEO