20/08/2026
🔰မြေအောက်ရေလှောင်ကန်တွေမှာ ရေလုံဆေးကို အပြင်ဘက်ကသုတ်သင့်လား၊ အတွင်းဘက်ကသုတ်သင့်လား?
✅မြေအောက်ရေလှောင်ကန်တစ်ခုတွင် ရေလုံဆေးလုပ်ငန်းကို ကန်၏ အပြင်ဘက်နှင့် အတွင်းဘက် နှစ်နေရာလုံးတွင် သုတ်လိမ်းခြင်းကသာ မှန်ကန်သော နည်းလမ်းတစ်ခုဖြစ်ပြီး ရေစိမ့်ဝင်မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါသည်။
✅အကြောင်းမှာ ကန်၏ အပြင်ဘက်မှ ရေလုံဆေးသုတ်လိမ်းခြင်းသည် မြေအောက်ရှိ ရေများနှင့် မြေဆီလွှာထဲမှ အစိုဓာတ်များ ကန်နံရံအတွင်းသို့ စိမ့်ဝင်လာခြင်းကို ကာကွယ်ပေးရန်ဖြစ်ပြီး ကန်အတွင်းပိုင်းမှ ရေလုံဆေးသုတ်လိမ်းခြင်းသည် ကန်အတွင်းရှိ ရေများ နံရံမှတစ်ဆင့် အပြင်ဘက်သို့ စိမ့်ထွက်ခြင်းကို ကာကွယ်ပေးရန်အတွက်ဖြစ်သည်။
✅နှစ်ဖက်လုံးတွင် ရေလုံဆေး သုတ်လိမ်းခြင်း မပြုလုပ်ဘဲ တစ်ဖက်တည်းကိုသာ ရေလုံဆေးသုတ်လိမ်းထားပါက မကာကွယ်ထားသည့်ဘက်မှ ရေစိမ့်ဝင်မှုကြောင့် အချိန်ကြာလာသည်နှင့်အမျှ ကွန်ကရိအတွင်းရှိ သံချောင်းများ သံချေးတက်လာနိုင်ပြီး ကွန်ကရိ ကြံ့ခိုင်မှု လျော့နည်းကာ အက်ကြောင်းတွေ ဖြစ်လာနိုင်သလို အပေါ်ယံကွန်ကရိများ ကွာကျပြီး ရေယိုစိမ့်မှုများဖြစ်ပေါ်နိုင်ပါသည်။
✅ထို့ကြောင့် မြေအောက်ရေလှောင်ကန်များအတွက် Waterproofing ကို တစ်ဖက်တည်းသုတ်လမ်းတာမျိုးမလုပ်ဘဲ အတွင်းနှင့် အပြင် နှစ်ဖက်စလုံးကို ထည့်သွင်းစဉ်းစားပြီး စနစ်တကျ ပြုလုပ်သင့်သည်။
✅မြေအောက်ရေကန်များအား ရေလုံဆေးလုပ်ငန်း ပြုလုပ်ရာတွင် တည်ဆောက်မည့်နေရာနှင့် လိုအပ်ချက်အပေါ်မူတည်၍ နှစ်မျိုးစပ် ဘိလပ်မြေ အခြေခံ ရေလုံဆေးများဖြစ်သော APT AquaCem 100 နှင့် APT AquaCem 200 Flex များကို သင့်လျော်စွာ ရွေးချယ်အသုံးပြုနိုင်သည်။
Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
09 881 881 420