21/01/2026
နံရံမှာ ကိုင်ထားတဲ့ ပလာစတာမျက်နှာပြင်တွေ အက်ကွဲကြောင်းပေါ်တာမျိုး၊ မညီမညာနှင့် လှိုင်းထတာမျိုး၊ ကွန်ကရစ်လောင်းပြီး Formwork(ပုံစံ) ဖြုတ်တော့၊ Formwork(ပုံစံ) နေရမှာ ပဲ့ကျတာတို့ မညီမညာဖြစ်တာမျိုး၊ ကွန်ကရစ် မျက်နှာပြင်မှာ အက်ကွဲကြောင်းပေါ်တာမျိုး စတဲ့ ပြသနာတွေကို ဆောက်လုပ်ရေးလောကသားတွေ ကြုံဖူးကြမှာပါ။
ခေါင်းစား စိတ်ညစ် ကုန်ကျစရိတ်များပြီး ဖြေရှင်းရတာ တော်တော်လက်ဝင်တဲ့ ပြသနာတွေပါ။
ပလာစတာမျက်နှာပြင်တွေ ပြန်ခွာ၊ ပြန်လုပ်၊ ကွန်ကရစ်ဆိုရင်လဲ ကွဲတဲ့နေရာတစ်ဝိုက် ပြန်ဖျက် ပြန်လောင်းပြီး ဖြေရှင်းရတာမျိုးဖြစ်တဲ့ အတွက် အချိန်ကုန် ငွေကုန် လူပန်းပါတယ်။
တစ်ချို့ကတော့ အဲဒီလို မဖျက်ပဲ အက်ကွဲကြောင်းကို Epoxy Glue(အီပေါက်စီ ကော်) နှင့် ဖာတာမျိုးလဲ ရှိပါတယ်။ အီပေါက်စီ ကော်က စျေးမသေးတာမို့ တစ်ကျင်းကုန်ကျစရိတ် သိန်းချီ ရှိတာမို့ ဒီနည်းလမ်းကလဲ အဆင်မပြေပြန်ပါဘူး။
အဲဒီပြသနာတွေကို အလွယ်တကူနှင့် ဖြေရှင်းဖို့အတွက် BEST မှ အက်ကွဲကြောင်းပြုပြင်ပစ္စည်း (BEST Bonding Agent) ကို ထုတ်လုပ်လိုက်ပါပြီ။ ရေနှင့်ဖျော်ပြီး အသင့်သုံးနိုင်တဲ့ ကော်မှုန့် အမျိုးအစား ဖြစ်တဲ့အတွက် အသုံးပြုရတာ အင်မတန်လွယ်ကူပါတယ်။
အက်ကွဲကြောင်းသေးနေရင် အက်ကွဲကြောင်းထဲ ကော် သေချာဝင်ဖို့ အတွက် ကော်ထည့်လို့အဆင်ပြေမယ့်အရွယ်အစားရောက်အောင်ချဲ့ရပါမယ်။ ချဲ့ပြီးရင်တော့ အမှုန်အမွားတွေမကျန်အောင် သန့်ရှင်းရေးလုပ်ရပါမယ်။
ပြီးရင် အညွှန်းမှာပါတဲ့ အချိုးအစားအတိုင်း ကော်မှုန့် နှင့် ရေ ရောဖျော်ပြီး မွှေစက်နှင့်မွှေရပါမယ်။ သမအောင်မွှေပြီး ခရင်(မ်) ဖြစ်ပြီဆိုရင် အသုံးပြုလို့ရပါပြီ။ သန်လျက် (သို့မဟုတ်) ပတ်တီးကိုင်းပြားပေါ် တင်ပြီး အက်ကွဲကြောင်းထဲ အပြည့်ဝင်အောင်ထည့်ပြီး ညှိပေးလိုက်ရုံပါပဲ။ သေချာခြောက်အောင် အနဲဆုံး ၃ရက်စောင့် (၇ရက်စောင့်နိုင်ရင် ပိုကောင်းပါတယ်) ပြီးရင် ပတ်တီးသုတ်တာတို့ ကြွေပြားကပ်တာတို့ လုပ်လို့ရပါပြီ။
မညီညာ လှိုင်းထတဲ့ ပလာစတာမျက်နှာပြင်တွေကို ပြုပြင်ချင်ရင်တော့ ပတ်တီးကိုင်းပြားပေါ် ဖျော်ထားတဲ့ ကော်ခရင်(မ်)တင်ပြီး မညီညာတဲ့နံရံ ပေါ်မှာ သုတ်လိမ်းပြီး ညီညာအောင် ညှိပေးလိုက်ရုံပါပဲ။ ကဲဘယ်လောက်လွယ်လဲ။
ကွန်ကရစ်မျက်နှာပြင် အက်ကွဲကြောင်းနှင့် မညီညာမှုတွေကို ပြင်ချင်ရင်လဲ အထက်မှာဖော်ပြထားတဲ့နည်းလမ်းအတိုင်း ပြင်လို့ရပါတယ်။
ဒါတင်မကသေးပါဘူး။ ကွန်ကရစ်တိုင်ပေါ်မှာ အလှဆင်ကြွေပြားတို့ အုတ်တို့ကပ်ချင်ရင်လည်း BEST Bonding Agent ကို ကွန်ကရစ်တိုင်ပေါ်မှာ သုတ်လိမ်းပြီး ကပ်လို့ရပါတယ်။
ဒီလောက်သုံးဖို့အဆင်ပြေနေတာ စျေးကြီးမှာပေါ့လို့ ထင်ရင်မှားသွားပါမယ်။ နိုင်ငံခြားကတင်သွင်းတဲ့ Epoxy Glue(အီပေါက်စီကော်)တို့လို ကော်တွေရဲ့ စျေးနှုန်းနှင့် နှိုင်းယှဉ်ရင် အဆမတန်ကို စျေးချိုပါတယ်။
အဲဒီတော့ နောက်တစ်ခါ အက်ကွဲကြောင်းတွေ့ရင်၊ မျက်နှာပြင်လှိုင်းထနေရင် စိတ်ရှုပ်ပြီး ခေါင်းကုတ်မနေပါနှင့်တော့၊ BEST ကိုသာ သတိရလိုက်ပါ။
မှတ်ချက်။ ။Structure အားနည်းချက်(သို့မဟုတ်) Structure Failure ကြောင့် ဖြစ်လာတဲ့ အက်ကွဲကြောင်းတွေကိုတော့ Bonding agent နှင့် ပြုပြင်လို့မရပါ။
အထူးသတိပြုရန်
အက်ကွဲကြောင်းများဖာရာတွင် နံရံ(သို.မဟုတ်)ကြမ်းခင်းတွင် အက်ကွဲကြောင်းဆက်မကွဲပဲ Settle ဖြစ်ပြီး ငြိမ်သွားမှသာ ဖာရပါမည်။ ဆက်လက်ကွဲနေသော အက်ကွဲကြောင်းများ၊ Structure အားနည်းမှု၊ အုတ်စီရာတွင် အားနည်းမှုကြောင့် ဖြစ်သော အက်ကွဲကြောင်းများကို Bonding Agent သုံး၍ ဖာလို.မရပါ။
(ဆောက်လုပ်ရေးလုပ်ငန်းနှင့်သက်ဆိုင်သော နည်းပညာအကြောင်းအရာအသစ်အဆန်းများအမြဲတင်ပေးမည်ဖြစ်ပါသောကြောင့် Page အား Like & See first လေးလုပ်ထားဖို့အကြံပြုပါရစေ)