MZ Construction & Renovation

MZ Construction & Renovation Your Most Reliable Construction Team
Best quality with the fairest price

လက်ရှိ Mz construction က နေ သံပန်း/ဆန်းရှိတ် တို့ကို ယခု စျေးလေးတွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်ဗျာ။🙏✨သံပန်း ဆန်းရှိတ် ဘာဂျာ...
12/06/2026

လက်ရှိ Mz construction က နေ သံပန်း/ဆန်းရှိတ် တို့ကို ယခု စျေးလေးတွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်ဗျာ။🙏✨

သံပန်း ဆန်းရှိတ် ဘာဂျာ များအပ်နှံချင်တဲ့ Customer များအတွက် 👉
✔️🚛အခမဲ့ လာရောက်တိုင်းတာပေးခြင်း
✔️🦺ကျွမ်းကျင် Installer များမှ တိကျစွာတွက်ချက်ပြီး ဈေးနူန်းတင်ပေးခြင်း
✔️🥇လက်ရာပိုင်းအတွက် အာမခံပေးခြင်း
✔️🌟ရန်ကုန်မြို့တွင်း ကားခ အခမဲ့ဆောင်ရွက်ပေးခြင်း
✔️ 🎨Red oxide ခံဆေး ၊ဆီဆေး များပါအပြီးအစီးပါဝင်တဲ့ အပြင် Standard Quality ပစ္စည်းများသာအသုံးပြုပေးထားပါတယ်👌

ဆက်သွယ်ရန် ဖုန်းနံပါတ် ။ ။
☎️ 09774436679
☎️ 09776878554

ရုံးလိပ်စာ ။ ။ 🏤🏢🏤
🏢 အမှတ်29, ပိတောက်ရွှေဝါလမ်း, ၇ ရပ်ကွက်, သာကေတမြို့နယ်,ရန်ကုန်။

#သံပန်း
#သံတံခါး
#ဘာဂျာ
#စတီး

သိန်း ၂၀၀ ကျော်ဖိုး အသုံးပြု ပြောင်းလဲ သွားတဲ့ ပိတောက်ရွှေဝါလမ်း၊ သာကေတ တိုက်ခန်းလေး ပြီးစီးပါပြီဗျ။ ✨🙏18‘x 55‘ အကျယ်အဝန...
11/06/2026

သိန်း ၂၀၀ ကျော်ဖိုး အသုံးပြု ပြောင်းလဲ သွားတဲ့ ပိတောက်ရွှေဝါလမ်း၊ သာကေတ တိုက်ခန်းလေး ပြီးစီးပါပြီဗျ။ ✨🙏

18‘x 55‘ အကျယ်အဝန်းကိုမှ 12‘x10‘ အခန်းနှစ်
ခန်း ဖွဲ့ခဲ့တဲ့ အတွက်ကြောင့် အလယ်မှာ လျှောက်လမ်း ပိုကျယ် သွားတယ်။✅

မီးဖိုခုံကိုလဲ အသစ်ပြန်တည်ဆောက်ထားတဲ့ အတွက် ချက်ပြုတ်ရေးမှာ နေရာပိုရပြီး အဆင်ပြေသွားတယ်။✅

အခန်းကိုလဲ Gypsum board နဲ့ ဖွဲ့ခဲ့တဲ့ အတွက် ကုန်ကျစရိတ် သက်သာပြီး ကြာရှည်ခံမှု ပိုရှိသွားပါတယ်✅

🚪Aluminium slide door တွေ အသုံးပြုပေးထားတယ်။ တံခါး/ပြတင်းပေါက်နဲ့ ဝရန်ဒါတွေမှာ သံပန်း/ဘာဂျာ တွေ တပ်ဆင်ပြီး တစ်ခြား ရေ/မီး/မျက်နှာကျက်/ တစ်အိမ်လုံးဆေးသုတ်ခြင်း နဲ့ အိမ်ရဲ့ နေရာပေါက်မကျန် အဆင်ပြေစေရအောင် ဂရုတစိုက် ပြင်ဆင် ပေးခဲ့ ပါတယ်ဗျ။

ယုံကြည်စွာ အပ်နှံပေးခဲ့တဲ့ အိမ်ရှင်တို့ကို Mz construction & Renovation မှ အထူးကျေးဇူးတင်ရှိပါတယ်ဗျ။🙏✨

#အခန်းကန့် #ဆေးသုတ် #ကြွေပြားကပ် #ရေလိုင်း #မီးလိုင်း

သာကေတ ပိတောက်ရွှေဝါလမ်း သံပန်း/ဆန်းရှိတ် တပ်ဆင်ပြီးစီး 🙏🙏   #သံပန်း  #ဆန်းရှိတ်  #သွပ်လဲခြင်း
09/06/2026

သာကေတ ပိတောက်ရွှေဝါလမ်း သံပန်း/ဆန်းရှိတ် တပ်ဆင်ပြီးစီး 🙏🙏

#သံပန်း #ဆန်းရှိတ် #သွပ်လဲခြင်း

06/06/2026

#အခန်းကန့် #ဆေးသုတ် #ကြွေပြားကပ်

အိမ်ကို ကြည့်လိုက်တာနဲ့ နူးညံ့သွားစေတဲ့ အကြောင်းပြချက် 🌱🥥🪾🤔ဘာလို့ ဒီအိမ်ကို ကြည့်လိုက်ရင် သက်တောင့်သက်သာ ခံစားရတာလဲ? ဘာလ...
02/06/2026

အိမ်ကို ကြည့်လိုက်တာနဲ့ နူးညံ့သွားစေတဲ့ အကြောင်းပြချက် 🌱🥥🪾

🤔ဘာလို့ ဒီအိမ်ကို ကြည့်လိုက်ရင် သက်တောင့်သက်သာ ခံစားရတာလဲ?
ဘာလို့လဲဆိုတော့ အိမ်ကို သုတ်ထားတဲ့ အရောင်ရွေးချယ်မှုလေးတွေကြောင့်ပါ။ ဒီအိမ်ရဲ့ အဓိက ကျတဲ့ အရောင်သုံးရောင် က ဒီအိမ်ကို အသက်ပေးနေတာဘဲ ဖြစ်ပါတယ်။ အဲ့တာတွေကတော့ …

🥥Creamy White ( )
🍀Tropical Green ( )
🪾Teak Brown ( ) တို့ဘဲ ဖြစ်ပါတယ်။

1️⃣ခရင်မ်အဖြူရောင် (🧴Creamy White )

ဒီအရောင်က ပုံမှန် အဖြူရောင်တွေလို ဖြူဖြူစွပ်စွပ်ကြီး မဟုတ်ဘူး ခရင်မ် ဆိုတဲ့ အတိုင်း နို့နှစ်ရောင် လိုမျိုး အရောင်ဖြော့ပါတဲ့ အတွက်ကြောင့် ပိုနူးညံ့တဲ့ ခံစားချက်ကို ရစေပါတယ်။ ကြည့်လိုက်ရင် သန့်ရှင်းပြီးတော့ Warm ဖြစ်တဲ့ထဲကို သွားပါတယ်။

2️⃣သဘာဝအစိမ်း ( 🍀Natural Green)

ဒီအိမ်ရဲ့ နောက်ထပ်အရောင် တစ်စိတ်တစ်ပိုင်းက အပင်ပါ။ အပင်လေးတွေ စိုက်လိုက်တဲ့အတွက် အိမ်ကို သဘာဝ ပိုဆန်စေပြီး မျက်စိအေးစေပါတယ်။

3️⃣ကျွန်းသစ် အညို ( 🪾Teak Brown )

သုံးထားတဲ့ ပြတင်းပေါက် ဖရိန်တွေနဲ့ တံခါးတွေဟာ သစ်သားတွေဖြစ်ပြီး အစိမ်းရောင်နဲ့
အလိုက်ဖက်ဆုံးအရောင် ဖြစ်ပါတယ်။ အပင်ကြီးတစ်ပင် မှာ သစ် နဲ့ အရွက်စိမ်း ပါသလိုမျိုး အိမ်ကိုလဲ ဒီလို ကာလာ ပေါင်းလိုက်တဲ့အတွက် လုံးဝ fresh ဖြစ်ပြီး လူသားတိုင်းရဲ့ မျက်လုံးထဲမှာ လုံးဝ သဘာဝ ဆန်နေတာဘဲဖြစ်ပါတယ်။

အမှန်မှန်ဆိုရင် ဒီအိမ်လေးရဲ့ colour palette က နှစ်ရောင်ထဲပါ။ 🧴🪾 ဒါပေမယ့်
🌱အပင်လေးတွေစိုက်လိုက်တဲ့အတွက် အိမ်ရဲ့ ဥပဒိရုပ်ဟာ ချက်ချင်းပြောင်းလဲ သွားပါတယ်။ colour ကို အများကြီး သုတ်စရာမလိုဘဲ budget လဲ save ပြီးသားဖြစ်သလို လေကောင်းလေသန့်လဲ ရရှိစေပါတယ်။ ( တစ်ချက်ခုတ် နှစ်ချက်ပြတ် 🫡 )

ဒီအိမ်လေးကို လူတစ်ယောက်နဲ့ နှိုင်းရရင် 👤
-ယဉ်ကျေးမှု
-စိတ်တည်ငြိမ်မှု
-Taste ရှိသူ
-သန့်သန့်ရှင်းရှင်း နဲ့ simple ဖြစ်သူ အဖြစ်
မြင်ရစေပါတယ်။ ဒီအိမ်မှာ personality ရှိသွားပါတယ်။ 😇

ဒီအိမ်လေးကို ကြည့်ပြီး ကိုယ့် အိမ်ကို ဆေးသုတ်ရင်လည်း ဘယ်လို ခံစားချက်မျိုး
ပေးစေခြင်လဲ၊ ဘယ်လို အရောင်တွေ ရွေးချယ်ရမလဲ ဆိုတာကို စဉ်းစားကြည့်လို့ရမယ် ထင်ပါတယ်ဗျ။ 🤗✨

#အခန်းကန့် #အိမ်

ခေါင်မိုးကို budget စျေးနဲ့ ဖာခြင်း ဖြေရှင်းနည်းလမ်းများ🤔🌧️လက်ရှိမှာ မိုးတွင်းပိုင်း အတွင်း အိမ်က မိုးတွေယိုပြီး ရေတွေစိ...
01/06/2026

ခေါင်မိုးကို budget စျေးနဲ့ ဖာခြင်း ဖြေရှင်းနည်းလမ်းများ🤔

🌧️လက်ရှိမှာ မိုးတွင်းပိုင်း အတွင်း အိမ်က မိုးတွေယိုပြီး ရေတွေစိမ့်နေလို့ စိတ်ညစ်နေကြရမယ် ထင်ပါတယ်။
နှစ်ရှည်လကြာ သုံးလာတဲ့ ခေါင်မိုးဟာ တဖြည်းဖြည်းနဲ့ မိုးပေါက် အရှိန်ကြောင့် သံချေးတပ်ကာ ပေါက်လာတတ်ပါတယ်။ ဒါက သွပ်ခေါင်မိုး တပ်ထားရင် မလွဲမသေ ဖြစ်ပေါ်လာမယ့် ပြသနာတစ်ခုပါဘဲ။
ကိုယ်က အမိုးကို ထိန်းထိန်းသိမ်းသိမ်း အသုံးမပြုမိဘူး 🤔
ခေါင်မိုးကြီး တစ်ခုလုံး လဲ ရလောက်အောင်လည်း budget နဲ့ မကိုက်ညီ ဘူးဖြစ်နေရင် လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရမယ့် နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။

✅“ ဆီလီကွန်ထိုးခြင်း “

အခန်းဖွဲ့ / မှန်ကပ်/ အမိုးဖာ အတွက် ဆျာကြီးပါ ဒီကောင်က ။
ခေါင်မိုး အဆက်နေရာတွေ၊ အက်ကြောင်းအသေးနေရာတွေမှာ သုံးလို့ ရပြီးတော့ အပူဒဏ်ကြောင့် ကျုံ့/ချဲ့ ဖြစ်တဲ့ ဒဏ်ကို ခံနိုင်ပါတယ်။ အလွယ်ကူဆုံး နည်းလမ်းဖြစ်သလို silicone ဂန်း တစ်ခုရှိရုံ နဲ့ ပြီးစီးနိုင်ပါတယ်။ ဒါပေမယ့် ရေရှည်အတွက်တော့ မခံနိုင်တဲ့ အတွက်ကြောင့် ပဲ့ထွက်မှု/ ကွာကြလာမှုတွေတော့ ဖြစ်လာနိုင်ပါတယ်။

✅ ဒုတိယ အချက်အနေနဲ့ “ Polyurethane Sealent( ပိုလီအျူရီသိန်း) “ ထိုးခြင်း

ပိုလီအျူရီသိန်း က ဆီလီကွန် ရဲ့ အကြီးကောင်ပါ။ သူက ဆီလီကွန်ထက် ပို ကပ်အားကောင်းပြီး၊ ရေစိမ့်ဝင်မှု ကိုအများကြီး ခံနိုင်ပါတယ်။ ဆီလီကွန် လုပ်တာထက် ၂ဆ ပိုလုပ်နိုင်ပါတယ်။ သူ့ကို သစ်သားနဲ့ ကွန်ကရစ်တွေမှာတောင် ကပ်လို့ရပါတယ်။ ဒါပေယ့် ပိုလီအျူရီသိန်းက စျေးပိုကြီးပြီး ပါတယ်။

✅ တတိယ ဖြေရှင်းအနေနဲ့ “ အိုးဖာတိတ်” ကပ်တာပါ။

ကပ်ကြီးလေးနဲ့ ဆွိ ဆိုပြီး ဖြတ် ဖက် ဆိုပြီး ကပ်လိုက်ရုံပါဘဲ။
အိုးဖာတိတ်ကပ်တာက ခေါင်မိုး
အပေါက်ဖာတဲ့ ဖြေရှင်းနည်းထဲက အကောင်းဆုံးရွေးချယ်မှု လို့ ကျွန်တော် ထင်ပါတယ်။ သူက အပေါ်အလွှာက အလူမီနီယမ် ဖြစ်ပြီးတော့ အောက်က ကပ်တဲ့ အလွှာက ရေမစိမ့်နိုင်တဲ့ ရော်ဘာကော် ဖြစ်ပါတယ်။ အလုပ်ရှုပ် အသက်အသာဆုံးဖြစ်သလို ကုန်ကျမှု အနည်းဆုံး ဖြစ်ပါတယ်။

ကိုယ့်ရယ့် နေအိမ် အသိုက်အမြုံဆိုတာ ကာကွယ်ဖို့ သင့်ပါတယ်။ ကိုယ့်အိမ်ရဲ့ ဥပဒိရုပ်ဟာ ကိုယ့် အနေအထားကို ဖော်ပြ နေတာဖြစ်လို့ အမြဲမပြတ် ဂရုစိုက်နေဖို့လိုပါတယ်။ အခုလို မိုးရာသီမှာ ကာကွယ်ခြင်း မရှိဘူးဆိုရင်တော့…

❌မိုးရေတွေစိမ့်ပြီး မှိုနံ့တွေထွက်မယ်
❌အုတ်တွေထဲထိ ရေစိမ့်လို့ ပရိဘောဂတွေ ပျက်စီးမယ်
❌လျှပ်စစ်မန္တာရာယ်ပိုများလာမယ်
❌အိမ်တွင်းထဲထိ ပျက်စီးလို့ ပြုပြင်စရိတ်တွေ ပိုများလာမယ်
❌နောက်ဆုံး အိမ်ရဲ့ တန်ဖိုးပါ ကျသွားနိုင်ပါတယ်


ဒါတွေကို “ အလုပ်ရှုပ်တယ်ကွာ အမိုးကြီး တစ်ခုလုံးတာ လဲပြစ်လိုက်ချင်သဟေ့..” ဆိုရင်တော့ ကျွန်တော်တို့ Mz construction က မင်္ဂလာပါလို့ နှုတ်ဆက်လိုက်ပါတယ်။ 🤗😁
ကျွန်တော်တို့ ဆီမှာ အမိုးပြုပြင်ခြင်းလုပ်ငန်း ခေါင်းစ ခြေဆုံး တာဝန်ယူမှု အပြည့်နဲ့ လုပ်ဆောင်ပေးနေကြောင်း၊ အိမ်ရှင်အတွက် အတတ်နိုင်ဆုံးဖြစ်အောင် လုပ်ဆောင်ပေးနေလျက်ရှိကြောင်း ပြောကြားလိုက်ပါတယ်ဗျ။ လာရောက်ဆက်သွယ်ခြင်တယ်ဆိုရင်တော့ page လေးထဲမှာ ဖုန်းနံပါတ်လေးရှိပါတယ်ဗျ..လမ်းကြုံတုန်း follow လေးပါ နှိပ်ပေးလဲ စိတ်မဆိုးပါဘူးဗျာ။ 🤭 အားလုံးကျေးဇူးတင်ပါတယ်။

#မိုးရေယိုခြင်း #ရေတားဆေး #အမိုးဖာခြင်း #ရေစိမ့်ခြင်း #သွပ်လဲခြင်း #သွပ်သံချေးတက်ခြင်း #ဆီလီကွန်ထိုးခြင်း #မိုးရာသီ

အခန်းကျဉ်းကျဉ်း decoration လေးများ ✨🙏Living room decoration ideas လေးတွေ မျှဝေပေးလိုက်ပါတယ်ဗျ။   #အခန်းကန့်  #ဆေးသုတ်   ...
29/05/2026

အခန်းကျဉ်းကျဉ်း decoration လေးများ ✨🙏
Living room decoration ideas လေးတွေ မျှဝေပေးလိုက်ပါတယ်ဗျ။

#အခန်းကန့် #ဆေးသုတ် #ကြွေပြား #သံပန်း

🏢 သာကေတ ပိတောက်ရွှေဝါလမ်းက အိမ်လေး လကုန်ရင် ပြီးစီးပါ တော့မယ်ဗျ။ 💪✨▶️လုပ်ဆောင်ပေးခဲ့တဲ့ လုပ်ငန်းတွေကတော့ ✅အခန်းကန့် ✅ဆေး...
28/05/2026

🏢 သာကေတ ပိတောက်ရွှေဝါလမ်းက အိမ်လေး လကုန်ရင် ပြီးစီးပါ တော့မယ်ဗျ။ 💪✨

▶️လုပ်ဆောင်ပေးခဲ့တဲ့ လုပ်ငန်းတွေကတော့
✅အခန်းကန့်
✅ဆေးသုတ်
✅ဆန်းရှိတ်/ သံပန်း
✅စတီးဘာဂျာ
✅ရေလိုင်း
✅မီးလိုင်း
✅မီးဖိုခုံ
✅အဲကွန်းတပ်ဆင်
✅ကြွေပြားကပ် စသည်တို့ဘဲ ဖြစ်ပါတယ်ဗျ။

#အခန်းကန့် #ကြွေပြား #ဆေးသုတ် #သံပန်း

ကြည့်မြင်တိုင် စျေး Before/After ပုံရိပ်များ ✨💪Mz Construction and Renovation မှာဆိုရင်တော့✅ Site အခမဲ့ လာရောက်တိုင်းတာပ...
27/05/2026

ကြည့်မြင်တိုင် စျေး Before/After ပုံရိပ်များ ✨💪

Mz Construction and Renovation မှာဆိုရင်တော့

✅ Site အခမဲ့ လာရောက်တိုင်းတာပေးခြင်း
✅ ကျွမ်းကျင် တာဝန်ခံ များမှ တိကျစွာတွက်ချက်ပြီး ဈေးနှုန်းတင်ပေးခြင်း
✅ လက်ရာပိုင်းအတွက် အာမခံပေးခြင်း
✅ ရန်ကုန်မြို့တွင်း ကားခ အခမဲ့ ဆောင်ရွက်ပေးခြင်း
✅ Design, Layout plan များလက်ခံ ရေးဆွဲပေးခြင်း တို့အပြင် သံပန်း၊ စတီး၊ ရေ၊ မီး၊ ဆေး၊ အခန်းဖွဲ့၊ အခန်းကာ၊ အလူမီနီယမ် ၊ PVC၊ မျက်နှာကြက်၊ ကြမ်းခင်း၊ ကြွေပြားကပ် စသည့် ဆောက်လုပ်ရေးလုပ်ငန်းပိုင်းဆိုင်ရာများကို အာမခံ လက်ရာအရည်အသွေးများဖြင့် One-Stop-Service တွေနဲ့ လက်ခံဆောင်ရွက်ပေးနေပါတယ်ခင်ဗျ ။

Office Address 🏠🏠
အမှတ် 29 ပိတောက်ရွှေဝါလမ်း ၊ ( ၇ )ရပ်ကွက်၊ သာကေတမြို့နယ် ၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်ဖုန်း ☎️☎️
📞 - 09 774436679
📞 - 09 792207450
📞 - 09 776878554

#အခန်းဖွဲ့စျေးနှုန်း

✅သင်သိပါသလား? လူသားတွေရဲ့ မျက်စိဟာ ကမ္ဘာပေါ်က တခြားအရောင်တွေထက် အစိမ်းရောင်ရဲ့ အရောင်ကွဲ (Shades) တွေကို အများဆုံး ခွဲခြ...
25/05/2026

✅သင်သိပါသလား?

လူသားတွေရဲ့ မျက်စိဟာ ကမ္ဘာပေါ်က တခြားအရောင်တွေထက် အစိမ်းရောင်ရဲ့ အရောင်ကွဲ (Shades) တွေကို အများဆုံး ခွဲခြားနိုင်စွမ်းရှိပါတယ်။ ဒါဟာ ရှေးယခင်ကတည်းက သဘာဝတောတောင်တွေထဲမှာ အစာရှာဖွေဖို့နဲ့ အန္တရာယ်တွေကို ရိပ်မိဖို့အတွက် ဆင်းသက်လာတဲ့ ဗီဇစွမ်းရည်တစ်ခု ဖြစ်ပါတယ်။

🥽ညကြည့်မှန်ပြောင်း (Night Vision) လျှို့ဝှက်ချက်: ကျွန်တော်တို့ မျက်စိက အစိမ်းရောင်ကို အာရုံခံနိုင်စွမ်း အကောင်းဆုံးဖြစ်လို့ စစ်တပ်နဲ့ လေယာဉ်မှူးတွေသုံးတဲ့ ညကြည့်မှန်ပြောင်းတွေမှာ အစိမ်းရောင် Screen တွေကို တမင်တကာ သုံးထားခြင်း ဖြစ်ပါတယ်။ မျက်စိကို မထိခိုက်စေဘဲ အမှောင်ထဲမှာ အသေးစိတ်အချက်အလက်တွေကို အားလုံး ရှင်းလင်းစွာ မြင်နိုင်အောင် ကူညီပေးပါတယ်။

💃ဇာတ်ခုံနောက်ကွယ်က "Green Room": ပြဇာတ်သမိုင်းမှာ မင်းသား၊ မင်းသမီးတွေ စင်ပေါ်မတက်ခင် နားနေရတဲ့ အခန်းကို "Green Room" လို့ ခေါ်ကြပါတယ်။ ဒါဟာ အလကားပေးထားတဲ့ နာမည်မဟုတ်ပါဘူး၊ သရုပ်ဆောင်တွေ စင်ပေါ်မတက်ခင် စင်ကြောက်ရောဂါ သက်သာစေဖို့နဲ့ စိတ်တည်ငြိမ်စေဖို့အတွက် အဲဒီအခန်းကို အစိမ်းရောင် သီးသန့် သုတ်ပေးထားရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ 😲

🍀🧩အစိမ်းရောင်က သင့်စိတ်ခံစားချက်ကို ဘယ်လိုပြောင်းလဲပေးနိုင်လဲ? ဘာလို့ ဒီအရောင်ကို ဆေးသုတ်သင့်လဲ? 🤔

🍏ကျန်းမာရေးအတွက် အကောင်းဆုံးအရောင်

👀မျက်စိက အစိမ်းရောင်ကို ကြည့်တဲ့အခါ အားစိုက်စရာမလိုဘဲ မြင်လွှာပေါ်ကို တိုက်ရိုက်အလင်းကျရောက်စေလို့ မျက်စိကြွက်သားတွေကို ချက်ချင်းအနားရစေပြီး အာရုံကြောစနစ်ကို လန်းဆန်းစေပါတယ်။
အစိမ်းရောင်ရှိတဲ့ ပတ်ဝန်းကျင်မှာ အချိန်ကုန်ဆုံးခြင်းက ခန္ဓာကိုယ်ကို သဘာဝအတိုင်း စိတ်ဖိစီးမှုတွေကို အနားရစေပါတယ်။ လေ့လာမှုများအရ အစိမ်းရောင်ဟာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကော်တီစော (Cortisol) ဟော်မုန်းကို လျော့ကျစေပြီး စိုးရိမ်ပူပန်မှုတွေကို သက်သာစေတဲ့အပြင် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကိုပါ တည်ငြိမ်စေပါတယ်။

အိမ်တွင်းဒီဇိုင်းအတွက် အစိမ်းရောင်ဘာလို့ထားသင့် ? 🏡

အစိမ်းရောင်ဟာ သဘာဝတရားကို အပြည့်အဝ ကိုယ်စားပြုပါတယ်။ အိမ်တွင်းဒီဇိုင်းနဲ့ ပြင်ပက သစ်ပင်ပန်းမန်တွေကို လိုက်ဖက်ညီညီ ပေါင်းစပ်ပေးတာကြောင့် မည်သည့်အခန်းကိုမဆို လန်းဆန်းပြီး သက်ဝင်လှုပ်ရှားနေသလို ခံစားရစေတယ်။
🥒အစိမ်းနုရောင်များက ကျဉ်းမြောင်းတဲ့အခန်းတွေကို လင်းထိန်၊ သန့်ရှင်းပြီး ကျယ်ဝန်းသလို ခံစားရစေကာ
🥦အစိမ်းရင့်ရောင်များကတော့ ချက်ချင်းပဲ ဆွဲဆောင်မှုရှိပြီး ဇိမ်ကျတဲ့ Designer အဆင့်မြင့်အသွင်ကို ဆောင်စေပါတယ်။

✨🏡သင်က လန်းဆန်းတဲ့ အရောင်နုလေးပဲရွေးရွေး၊ ရဲရင့်တဲ့ အရောင်ရင့်ကိုပဲ သုံးသုံး၊ အခန်းတစ်ခန်းကို အစိမ်းရောင်သုတ်လိုက်ခြင်းက အမြင်အာရုံ ရှုပ်ထွေးမှုတွေကို ဖယ်ရှားပေးပြီး ဘဝကို ဟန်ချက်ညီစေပါတယ်။ အစိမ်းရောင်ဟာ အခန်းတစ်ခန်းကို လှပရုံတင်မကဘဲ သက်ဝင်လှုပ်ရှားလာအောင် ဖန်တီးပေးနိုင်တဲ့ အရောင်ပဲ ဖြစ်ပါတယ်။

နောက်ထပ်လဲ အိမ်သုတ်ကာလာ နဲ့ ပတ်သတ်ပြီး ဗဟုသုတ မျှဝေသွားဖို့ရှိတာကြောင့် ဒီ series လေးကို follow ထားစေချင်ပါတယ်။ စိတ်ဝင်စားတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ဗျ။ PEACE ✌️ 🪴

#အခန်းကာလာသုတ်ခြင်း #ဆေးသုတ်
သတ်မှတ်ထားသူတွေအတွက် အစိမ်းရောင်ဟာ စိတ်အေးချမ်းစရာ အကောင်းဆုံး ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959266505120

Website

Alerts

Be the first to know and let us send you an email when MZ Construction & Renovation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MZ Construction & Renovation:

Share