THIRD WAY TECH Construction & Trading Co.,Ltd

THIRD WAY TECH Construction & Trading Co.,Ltd Construction Project Management
Construction Contractor

08/02/2026

2016 ခုနှစ်မှ စတင်၍ အတွေ့အကြုံပြည့်ဝသော အင်ဂျင်နီယာများ ဦးစီးကာ Client စိတ်တိုင်းကျ ဆောက်လုပ်ရေးဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ ပေးဆောင်လျက်ရှိပါသည်။

လှပသေသပ်သော ဒီဇိုင်း
ခိုင်ခံ့သန်မာသော Structure
သင့်တင့်သော ဈေးနှုန်း
ပြည်တွင်း Safety Standard များနှင့် ကိုက်ညီသော လုပ်ငန်းစဉ်များ

Third Way Tech သည် —
• Construction Project Management
• Building Construction (လုံးချင်း၊ အဆောက်အဦးအမျိုးမျိုး)
• Factory & Infrastructure Works
• MEP (Mechanical, Electrical, Plumbing) Works
• Building Renovation Works
• Painting Works

စသည့် ဆောက်လုပ်ရေးနှင့်ပတ်သက်သော ဝန်ဆောင်မှုအစုံအလင်ကို တစ်နေရာတည်းတွင် ပေးဆောင်နိုင်ပါသည်။

မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များနှင့် ကိုယ်ပိုင်အိမ်ဆောက်လုပ်နေထိုင်လိုသူများအတွက် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ် ရပ်တည်နေပါသည်။

“Quality ကို ဦးစားပေးပြီး ယုံကြည်မှုကို တည်ဆောက်ပါ”

သင့်အိမ်မက်အဆောက်အဦးကို Third Way Tech နှင့်အတူ အကောင်အထည်ဖော်လိုက်ပါ။

Long long ago....Toilet design
30/09/2025

Long long ago....Toilet design

TWT မှ world labour day ကို လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။ မြန်မာနိုင်ငံမှ ကာယ အလုပ်သမားများလည်း လစာ နဲ့ ခံစားခွင့်များကိ...
01/05/2025

TWT မှ world labour day ကို လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။ မြန်မာနိုင်ငံမှ ကာယ အလုပ်သမားများလည်း လစာ နဲ့ ခံစားခွင့်များကို အပြည့်အဝရပါစေဟု ဆုတောင်းပေးပါသည်။

TWT
Management team

ERSS & MBS
24/08/2023

ERSS & MBS

Enviromental , Geotechnical, Earth works, Steel structure , RC, Road work, Bridge construction, Traffic management.....e...
24/08/2023

Enviromental , Geotechnical, Earth works, Steel structure , RC, Road work, Bridge construction, Traffic management.....etc

Two triangles for project management.
24/08/2023

Two triangles for project management.

ERSS and extension sump construction.
09/08/2023

ERSS and extension sump construction.

Installation of geo composite , before back filling behind the drain walls.
09/08/2023

Installation of geo composite , before back filling behind the drain walls.

✳️ Singapore Construction Projects တွေမှာ တွေ့ကြုံရနိုင်တဲ့ Stakeholder တဖြစ်လဲ Authority များ အကြောင်း ✳️ဒီခေါင်းစဉ်တပ်...
25/07/2022

✳️ Singapore Construction Projects တွေမှာ တွေ့ကြုံရနိုင်တဲ့ Stakeholder တဖြစ်လဲ Authority များ အကြောင်း ✳️

ဒီခေါင်းစဉ်တပ်ထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ ကိစ္စလေးတွေကို ကျနော် ပြုလုပ်ထားတဲ့ Working in Singapore Construction Industry ဆိုတဲ့ Seminar လေးကနေ ပြန်လည်ကိုးကားပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Singapore ဆောက်လုပ်ရေး လောကမှာ လုပ်ကိုင်တော့မယ်ဆိုရင် သူ့တို့ဆီမှာ ရှိတဲ့ Authority တွေ အကြောင်း သိထားဖို့ လိုပါတယ်။ တကယ်တမ်းတော့ မြန်မာနိုင်ငံမှာဆိုရင်လည်း ဆောက်လုပ်ရေး လောကကလူတွေ ဒီက အစိုးရဌာနတွေ အကြောင်း သိဖို့ လိုပါတယ်။ အိုးအိမ်၊ စည်ပင်၊ ဆောက်လုပ်ရေး၊ လမ်းတံတား အစရှိသဖြင့် ဌာနတွေအကြောင်း သိထားဖို့ လိုသလိုပါပဲ။

Government Authority တွေဟာ ကိုယ့် Projects က Public Project ပဲဖြစ်စေ၊ Private Project ပဲဖြစ်စေ တည်ဆောက်ရေး လုပ်ငန်းခွင်မှာ တစ်နည်းတစ်ဖုံ ပတ်သက်နေတာ ဖြစ်ပါတယ်။ ဌာနတစ်ခုချင်းစီရဲ့ Functions ပေါ် မူတည်ပြီး သူတို့နဲ့ ဆက်ဆံဆောင်ရွက်ရတဲ့ ပုံစံတွေက မတူပါဘူး။ ဒါတွေကို တစ်ခုချင်းစီ ခေါင်းစဉ်တပ်ပြီး ပြောပြပါ့မယ်။

✅ BCA (Building Construction Authority) ✅
စလုံးမှာ ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အားလုံးက BCA နဲ့ ပတ်သက်ပါတယ်။ ဆောက်လုပ်ခွင့် Permit ကို BCA ဆီကနေ ယူရသလို၊ ဆောက်လုပ်ပြီးတဲ့ အချိန်မှာ TOP (Temporary Occupation Permit) ကိုလည်း BCA ဆီကပဲ လျှောက်ယူရပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေး လုပ်ငန်းစဖို့အတွက် လိုအပ်တဲ့ Structural Design Submission တွေကိုလည်း BCA ဆီ တင်ရပါတယ်။ ST Submission ဆိုပြီး သုံးနှုန်းပါတယ်။

BCA website ရှိပြီး စလုံးမှာ အလုပ်သွားရှာမယ့် သူတွေက ဒါကို ဝင်လေ့လာထားသင့်ပါတယ်။ တခါတလေ ကိုယ်က Jobstreet တို့၊ JobDB တို့ကနေ အလုပ်လျှောက်လို့ အလုပ်ရတဲ့အခါမှာ ကိုယ်အလုပ်ရတဲ့ Company ကို သိဖို့ လိုပါတယ်။ အဲ့ဒီအခါ BCA Company Directory မှာ ဝင်ကြည့်ပြီး၊ ကိုယ့်ကို Offer ပေးတဲ့ ကုမ္ပဏီက ဘယ်အဆင့်ရှိတာလဲဆိုတာ ကြည့်လို့ရပါတယ်။ ကျနော်တို့ဆီမှာ ဆောက်လုပ်ရေး လုပ်ငန်း စာချုပ် ချုပ်တော့မယ်ဆိုရင် ကုမ္ပဏီမှတ်ပုံတင်ကို DICA မှာ ဝင်ကြည့်တာမျိုးနဲ့ တူပါတယ်။ ဒီလိုမျိုး ကြည့်ခြင်းအားဖြင့် ကိုယ်အလုပ်ရတဲ့ ကုမ္ပဏီရဲ့အဆင့်အတန်းကို သိနိုင်ပါတယ်။

✅ HDB (Housing Development Board) ✅
Singapore မှာ ရှိတဲ့ Public Housing တွေကို HDB က ကိုင်ပါတယ်။ သူတို့ကပဲ အကောင်အထည်ဖော် တည်ဆောက်ပြီး ပြည်သူတွေကို ပြန်လည်ရောင်းချပေးတာ ဖြစ်ပါတယ်။ အရင်တုန်းက HDB ဆိုရင် ရိုးရိုးရှင်းရှင်း Design ဖြစ်ပေမယ့်၊ အခုနောက်ပိုင်းမှာ HDB Apartments တွေက တော်တော်လေးကို Design Considerations ပြည့်စုံလာပါတယ်။ တစ်ချို့ဆို Sustainable Energy ဘက်ကို သွားပြီး Design လုပ်လာတာ ဖြစ်ပါတယ်။

အကယ်၍ ကိုယ်လုပ်ရတဲ့ Project က HDB Project ဆိုရင် အစအဆုံး ဇွဲရှိရှိနဲ့ လုပ်စေချင်ပါတယ်။ Singapore မှာ HDB လုပ်ဖူးတဲ့သူဟာ Residential Building တစ်လုံးရဲ့တည်ဆောက်ပုံကို နောက်ပိုင်းမှာ ကောင်းကောင်း ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် Design ပိုင်းမှာ စဉ်းစားထားတာတွေကိုပါ သေချာလေ့လာသင့်ပါတယ်။ Refute Chute ရှိတာတွေ၊ Household Shelter ထည့်ထားတာတွေ အစရှိသဖြင့် လေ့လာစရာတွေ တော်တော်များများ ရှိပါတယ်။

✅ LTA (Land Transport Authority) ✅
Singapore ရဲ့ လမ်ပန်းဆက်သွယ်ရေးကို ကိုင်တွယ်တာက LTA ဖြစ်ပါတယ်။ LTA ဟာ ဖွဲ့စည်းပုံကောင်းပြီး၊ စည်းစနစ်ကျနတဲ့ Authority ဖြစ်ပါတယ်။ စလုံးမှာတော့ LTA Project ကို လုပ်ဖူးရင် ရာသက်ပန် ဒီ LTA Projects တွေမှာ ဆက်တိုက် လုပ်နေလို့ ရပါတယ်။ အလုပ် မရှားပါဘူး။ တစ်ချို့ဆို LTA Project မှာ Site Engineer နဲ့ စလုပ်၊ နောက်တော့ Senior Engineer တို့ RE တို့ဖြစ်၊ အဲ့ဒီကနေမှ CM တွေ၊ PM တွေ ဖြစ်တာတွေ ရှိပါတယ်။

ပြောခဲ့သလို LTA ဟာ စည်းစနစ်ကျနတဲ့ အတွက် ကိုယ်က ဒီလိုမျိုး Projects တွေမှာ လုပ်ရတယ်ဆိုရင် အစစအရာရာ စူးစမ်းပြီး လေ့လာသင့်ယူသင့်ပါတယ်။ ကျနော်ဆို ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောရင် ရပေမယ့် Instrumentation Works လည်း လေ့လာဖူးပါတယ်၊ Safety and Environment အပိုင်းလည်း လေ့လာဖူးပါတယ်။ Reports တွေ၊ Inspections တွေ၊ Meetings တွေ ဘယ်လို လုပ်လဲဆိုတာ လေ့လာထားရင် ကိုယ့်အတွက် အများကြီး အကျိုးရှိပါလိမ့်မယ်။

✅ PUB (Public Utilities Board) ✅
Singapore မှာ ရှိတဲ့ Authority ထဲမှာ နောက်ထပ် လုပ်ငန်းတော်တော်များများ ရှိတာက PUB ဖြစ်ပါတယ်။ PUB ဟာ တစ်နိုင်ငံလုံးအတွက် Water Supply and Distribution, Sanitary System တို့ကို ထိန်းချုပ်ရတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါ့အပြင် ရေဆိုးတွေကို သန့်စင်တဲ့ NEW Water Projects တွေကိုလည်း လုပ်ကိုင်ပါတယ်။ စလုံး တစ်နိုင်ငံလုံးကို ပတ်ပြီး မြေအောက် အနက်ကြီးမှာ ဖော်ထားတဲ့ DTSS (Deep Tunnel Sewerage System) ဟာ PUB က အကောင်အထည် ဖော်တဲ့ လုပ်ငန်းဖြစ်ပါတယ်။

ဒီ PUB နဲ့ ဆက်စပ်ပြီး စလုံးမှာ အလုပ်လုပ်မယ့်သူတွေ နားလည်ထားရမှာက သူတို့ဆီမှာ ရှိတဲ့ Services တွေဟာ Underground System နဲ့ သွားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်Project မှာ အလုပ်စတော့မယ်ဆိုရင် ဒီ Services တွေ ဘယ်မှာ ရှိလဲဆိုတာ Detection လုပ်ရပါတယ်။ လိုအပ်ရင် Diversion လုပ်ရတယ်၊ Protection လုပ်ရပါတယ်။ အဲ့ဒီအတွက် Services Detection Procedures တွေကို နားလည်ထားဖို့ လိုပါတယ်။ ဒါတွေ မသိဘဲနဲ့ Excavation ကို လုပ်လို့ မရပါဘူး။

✅ NEA (National Environment Agency) ✅
Singapore Construction Project မှာ လုပ်ရင် သတိထားရမယ့် Authority အဖွဲ့က NEA ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလို့ ပြောရမယ့် NEA က Construction Projects တွေအတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေ ထုတ်ထားတာ ရှိပါတယ်။ ဒါတွေကို လိုက်နာရပါမယ်၊ လာစစ်လို့ ချိုးဖောက်တယ် (Violations) ဖြစ်တယ်ဆိုရင် ဒဏ်ရိုက်ခံရမယ်၊ တခါတရံမှာ လုပ်ငန်းလုပ်ခွင့်အထိ ကန့်သတ်တာ၊ တရားစွဲခံရတာတွေ ရှိပါတယ်။

ဥပမာ Site စဖို့ဆိုရင် ECM Plant မဆင်ပဲနဲ့ စလို့ မရပါဘူး။ Site ထဲကနေ လမ်းမပေါ်ကို ရေဆိုးရေညစ်တွေ ထွက်လို့ မရပါဘူး။ ကျနော်ကိုယ်တိုင် ကြုံဖူးတာက ဆိုက်ထဲမှာ မိုးတအားရွာလို့ Submersible Pumps နဲ့ စုပ်ထုတ်တဲ့ ရေကို IC ထဲထည့်ပြီး Discharge လုပ်တာ၊ NEA က လာစစ်တာနဲ့ မိသွားဖို့ ကျနော်တို့ Project ကို ဒဏ်ရိုက်တာ ခံရဖူးပါတယ်။ Mosquito Breeding နဲ့ ပတ်သက်ပြီး ဒဏ်ရိုက်တာလည်း NEA ပဲ ဖြစ်ပါတယ်။

အခုခေါင်းစဉ် တပ်ထားတာတွေကို Singapore Construction Projects တွေမှာ လုပ်တော့မယ်ဆိုရင် သိထားရမယ့် Authority တွေ အကြောင်း ဖြစ်ပါတယ်။ တကယ်တမ်းတော့ SCDF တို့၊ URA တို့လို အဖွဲ့တွေလည်း ရှိပါတယ်။ Site ထဲမှာ ဖြစ်တဲ့ Incidents/Accidents တွေအတွက် အကြောင်းကြားရတဲ့ MOM (Ministry of Manpower) အကြောင်းလည်း သိထားရပါသေးတယ်။

ဒီပို့စ်က စလုံးအကြောင်း တိုက်ရိုက်ပြောသလို ဖြစ်သွားလို့ ဒီကလူတွေနဲ့တော့ မဆိုင်သလို ဖြစ်သွားပါလိမ့်မယ်။ အဓိကက စလုံးကို သွားမယ်ဆိုပြီး ပြင်နေတဲ့သူတွေ၊ စလုံးမှာ အလုပ် စဝင်နေတဲ့သူတွေ အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ တတ်နိုင်ရင်တော့ ပို့်စ်ကို ပြန်ရှယ်ပေးစေချင်ပါတယ်။ သက်ဆိုင်မယ့်သူ တစ်ယောက်ယောက် မြင်သွားရင် အကျိုးရှိပါလိမ့်မယ်။ နောက်ထပ်ပို့စ်မှာတော့ ဒီကလူတွေရော စလုံးကလူတွေ အတွက်ပါ အကျိုးရှိနိုင်တဲ့ Construction Sequences စဉ်းစားပုံအကြောင်း ရှင်းပြပေးပါမယ်။

ခင်မင်လေးစားစွာဖြင့်
AKT

P.S For registration of ICMS (International Contract Management System) Course to be opened on this Sunday (10-Apr-2022), please read the details at the following link if you are interested
https://www.facebook.com/aktpmt/posts/4934862706602227

✳️✳️✳️ ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်တော့မယ်ဆိုရင် သိထားရမယ့် တင်ဒါပြင်ဆင်ခြင်း အကြောင်းနဲ့ စာချုပ်ချုပ်ဆိုခြင်း ဆိုင်ရာတွေကို ပြောပြမယ့် ICMS Course အား April လထဲမှာ ပြန်လည် ဖွင့်လှစ်ပါမည် ✳️✳️✳️

အခုအချိန်မှာ လျှပ်စစ်မီး အခက်အခဲကြောင့် သင်တန်းတွေ ဖွင့်ဖို့ နောက်တွန့်နေပေမယ့် အတန်းတွေ ဘယ်တော့ ပြန်ဖွင့်မှာလဲ၊ အလုပ်နဲ့ ပတ်သက်ပြီး လိုအပ်လို့ပါဆိုပြီး လာရောက် မေးမြန်းသူတွေ ရှိတဲ့အတွက် ရှေ့ 10-April-2022 မှာတော့ ICMS (International Contract Management System) Course ကို ပြန်ဖွင့်ပါမယ်။

ဒီ ICMS Course ဟာ International Standards အနဲ့ အညီ Tender ခေါ်ရာမှာ၊ Tender တင်ရာမှာ သိသင့်သိထိုက်တဲ့ အချက်တွေကို ပြောပြပါမယ်။ ဒါကလည်း အရေးကြီးပါတယ်။ တစ်နေ့ကတုန်းက Company တစ်ခုမှာ အလုပ်ရတဲ့ QS (Quantity Surveyor) တစ်ယောက်ကို Invitation to Tender နဲ့ Instructions to Tenderers ကို ပြင်ခိုင်းပါတယ်။ ဒါကို မလုပ်တတ်လို့ဆိုပြီး လုပ်ငန်းခွင်ထဲမှာ အခက်အခဲ ဖြစ်ရတယ်ဆိုပြီး ကျနော့်ကို လာပြောပြပါတယ်။

အခု ICMS Course မှာ Tender အကြောင်းတွေ ပါမှာ ဖြစ်တဲ့အပြင် တကယ်တမ်း စာချုပ်ချုပ်ဆိုတဲ့ အခါမှာ ထည့်သွင်းရမယ့် အချက်တွေ၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းရမယ့် ကိစ္စတွေ၊ လုပ်ရိုးလုပ်စဉ် procedures တွေ၊ ဒါတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒါကိုလည်း International Construction Contract Guidelines ဖြစ်တဲ့ FIDIC Red Book ကို အခြေခံပြီး ပြောပြပေးမှာ ဖြစ်ပါတယ်။ FIDIC က စုစုပေါင်း အခန်း (၂၀)နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ဘယ်အခန်းတွေက ဘာကို ဆိုလိုတယ်၊ ဘယ်လို Clause တွေကတော့ အသေးစိတ် သိဖို့ လိုတယ် အစရှိသဖြင့် လက်တွေ့နဲ့ ဆက်စပ်ပြီး ပြောပြပေးမှာ ဖြစ်ပါတယ်။

နောက်ပြီး ဒီအတန်းရဲ့ အားသာချက်က Zoom meeting ကို သုံးပြီး Live သင်မှာ ဖြစ်တဲ့အတွက် ကိုယ့်အလုပ်ထဲမှာ ကြုံတွေ့ရတဲ့ စာချုပ်စာတမ်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးနိုင်ပါတယ်။ ပုံမှန် ဒါမျိုး အပြင်မှာ ဆွေးနွေးမယ်ဆိုရင် Consultation Fees ပေးရမှာ ဖြစ်ပါတယ်။ သင်တန်းမှာတော့ စာသင်ရင်း ဆွေးနွေးလို့ ရပါတယ်။

ICMS သင်တန်းနဲ့ ပတ်သက်တဲ့ Course Outline ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
🔷 International Contract Management System (ICMS) - Course Outline🔷
1. Introduction to International Tendering Process
2. Preparation of Tender Documents
3. Tender Evaluation
4. Things to consider during Tendering
5. Construction Contracts Types
6. FIDIC Suite of Contracts
7. General Provision in Contracts
8. Employer, Engineer and Contractor’s Roles and Responsibilities
9. Commencement, Delays, Taking-over, DLP
10. Price, Payment and Fluctuations
11. Measurement, VO, Adjustment, Claims
12. Risk Management in Contracts
13. Dispute Resolution
14. Other Forms of Contracts such as JICA
15. Claims Reports and Writing

ဒီ ICMS Course ဟာ Construction Project တွေရဲ့ Management အပိုင်းမှာ ရှိနေတဲ့ သူတွေ၊ C-Suite Levels ကို ရောက်ရှိနေတဲ့သူတွေ၊ Contract Management ကို သေချာ နားလည်ချင်တဲ့သူတွေ၊ QS (Quantity Surveyor) အနေနဲ့ အလုပ်လုပ်နေသူတွေ အတွက် လိုအပ်ပါတယ်။ အားလုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ Feedback ကောင်းတွေ အများကြီး ရရှိထားတဲ့ သင်တန်း ဖြစ်ပါတယ်။

အွန်လိုင်း အတန်းလို့ ပြောပေမယ့် စည်းစနစ်ကျကျနဲ့ အားလုံးအကျိုးရှိအောင် Class Participation ကို အဓိကထားပြီး သင်မှာမို့ စည်းကမ်းချက်လေးတွေ ရှိပါတယ်။
(၁) သင်တန်းကို Zoom Application သုံးပြီး သင်မှာ ဖြစ်ပါတယ်။ Zoom Account ကို နာမည်နဲ့ သုံးရမှာ ဖြစ်ပြီး၊ နာမည်နဲ့ မဖော်ပြပါက သင်တန်းတက်ခွင့် မပေးပါ။
(၂) သင်တန်းချိန်များကို တတ်နိုင်သလောက် မပျက်မကွက် တတ်ဖို့ လိုအပ်ပါတယ်။ 75% attendance လိုအပ်ပါတယ်။
(၃) သင်တန်းနဲ့ ပတ်သက်ပြီး Video files မပေးပါ။ သင်တန်းချိန်မှာ လိုက်မှတ်ပြီး၊ Lectures ကို အာရုံစိုက်တဲ့ အလေ့အကျင့်ကိုသာ ဖြစ်စေချင်ပါတယ်။ Voice recording တော့ ပေးပေးပါတယ်။ တခြား အပြင်ကို Share လုပ်ဖို့ ခွင့်မပြုပါဘူး။
(၄) သင်တန်းနောက်ဆုံးနေ့မှာ Assessment Exam ရှိပါမယ်။ သတ်မှတ်ထားတဲ့ ရမှတ်တစ်ခုကို ရရှိမှသာ Certificate ထုတ်ပေးမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားလို့ သင်တန်းအပ်ချင်တယ်ဆိုရင် သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

Training Info:
🗓️🗓️🗓️သင်တန်းစမည့်ရက် ---- 10-Apr-2022
🔖🔖🔖သင်တန်းအချိန် ---- အပတ်စဉ် တနင်္ဂနွေနေ့ - ညနေ ၄း၀၀ နာရီမှ ၆း၀၀ နာရီအထိ (မြန်မာစံတော်ချိန်)
သင်တန်းကာလ ---- Total 8 weeks (about 2 months)
🏷️🏷️🏷️သင်တန်းကြေး ---- 80,000 ကျပ်
📞📞📞ဆက်သွယ်ရန် ---- Facebook Messenger (သို့) Viber 09763208895 မှ ဆက်သွယ် စာရင်းပေးနိုင်ပါတယ်
Email – [email protected]

24/07/2022

မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာ၍ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်ဟု WHO က ကြေညာ

ရန်ကုန်၊ ဇူလိုင် ၂၄

ကမ္ဘာ့တစ်ဝန်းတွင် ကူးစက်ပြန့်ပွားမှု များပြားလာနေသည့် မျောက်ကျောက်(Monkeypox) ရောဂါ၏ အခြေအနေကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇူလိုင်လ ၂၃ ရက်နေ့တွင် ကြေညာသည်။

လက်ရှိတွင် မျောက်ကျော်ရောဂါသည် နိုင်ငံဖြတ်ကျော် ကူးစက်မှု အခြေအနေများပြားလာခြင်းနှင့်အတူ ကမ္ဘာ့နိုင်ငံများက စနစ်တကျ တုံ့ပြန် ကိုင်တွယ်ရန် လိုအပ်နေသည့်အတွက် အရေးပေါ် အဖြစ် ကြေညာခြင်းဖြစ်ကြောင်း၊ ယင်းရောဂါကူးစက်မှုများပြားလာခြင်းသည် ပြင်းထန်ပြီး ရုတ်တရက် ကူးစက်မှု မြင့်တက်လာကြောင်း၊ ပုံမှန်မဟုတ်(သို့မဟုတ်) မမျှော်လင့်ထားသော အခြေအနေဖြစ်ကာ ပြည်သူ့ကျန်းမာရေးအတွက် နိုင်ငံတကာ အစိုးရအနေဖြင့် ကိုင်တွယ်ရန် လိုအပ်သည်ဟု WHO က ဆိုသည်။

"အတိုချုပ်ပြောရင် မျောက်ကျောက်ရောဂါ မြန်မြန်ဆန်ဆန်ကြီးကို ကမ္ဘာ့မှာ ကူးစက်နေပြီး ကူးစက်မှု ပုံစံသစ်တွေနဲ့ကူးစက်နေပါတယ်။ လတ်တလော ဒီကူးစက်မှုကို ကျနော်တို့ နားလည်မှု နည်းနေသေးပါသေးတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အဖြစ် ကြေညာတာဖြစ်ပါတယ်"ဟု WHO ညွှန်ကြား ရေးမှူးချုပ် Dr Tedros Adhanom Ghebreyesus က ပြောသည်။

လက်ရှိ တစ်ကမ္ဘာလုံးတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှု စုစုပေါင်း ၁၆၀၁၆ ခုရှိပြီး လွန်ခဲ့သော သီတင်းပတ်အတွင်း ရောဂါကူးစက်မှု ၄၁၃၂ ခုရှိခဲ့ကြောင်း ၊ နိုင်ငံပေါင်း ၇၅ နိုင်ငံတွင် ကူးစက်လျက်ရှိပြီး ၅ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

Monkeypox သည် မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပြီး အဆိုပါဗိုင်းရပ်စ် တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သည် ဇီနိုဗစ်ရောဂါပိုးတစ်မျိုး ဖြစ်ကာ လူမှ လူသို့လည်း ကူးစက်နိုင်သော ဗိုင်းရပ်စ်ပိုးဖြစ်သည်။

21/07/2022

Mass Engineering Timber (MET) Glulam beam and CLT floor စံချိန်စံညွှန်းများ

Timber structure ကို စင်ကာပူမလာခင် မြန်မာနိုင်ငံမှာတုန်းကတော solid timber တွေနဲ့ Brick Nogging building design နဲ့ ဘုန်းကြီးကျောင်းတချိုနဲ့ လူနေအိိမ်တစ်ချိုကိုတော့ အစအဆုံးဆောက်လုပ်ဘူးခဲ့ပါတယ် ဒါပေမဲ့ လက်ရှိ စင်ကာပူ Project မှာသုံးနေတဲ့ ထုထည် ကြီးမားတဲ့ Timber Structure Mass Engineering Timber ကိုတော့ ဒီရောက်မှ မြင်ဘူးလုပ်ဘူးခဲ့ပါတယ်... Singapore ရဲ့ Timber structure work အတွေအကြုံအသစ်တော့ ရရှိခဲ့တာပေါ့ ...ရရှိခဲ့တဲ့ Singapore ရဲ့ Mass Engineering Timbre Structual အတွေအကြုံလေးကို ကိုယ်ကိုတိုင်လဲ နောက် projects တွေအတွက် စာတန်း record လုပ် ၊ မသိ့သေးသူ ညီ ညီမတွေကို knowledge ရှယ်ရင် Mass Engineering Timber ရဲ့ စံချိန်စံညွှန်းနဲ့ စစ်ဆေးမူလေးတွေကို knowledge sharing လုပ်လိုက်ပါတယ် ...

Mass Engineering Timber Structual အဆောက်အအုံးတွေဟာ Engineering သစ်ထုတ်ကုန်များဖြင် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။MET ဟာ Cross Laminated Timber ( CLT ) နဲ့ Glue laminated Timber တို့နဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။
ကနေဒါနှင့်ဉရောပဒေသများမှာတော့ ကျယ်ပြန်စွာအသုံးပြုကြပါတယ်
ကျွန်တော်ရဲ့ လက်ရှိ siteမှာ သုံးတဲ့ Glulan and CLT သစ်သားတွေကိုတော့ Australia, Europe ကနေမှာယူထားတာဖြစ်ပါတယ် ၊ ကိုယ်လိုချင်တဲ့ size ကို production အတွက် ၃ လ အချိန်ပေးရပြီး transportation အတွက် ၄၅ ရက်အချိန်ပေးရပါတယ်။
Cross laminated Timber ဟာ သစ်သား panel တွေဟာ မြန်မာအခေါ်ဆိုရင် ကြိတ်သားအပြားချပ်တွေဖြစ်ပါတယ် ၊ လက်ရှိဆိုဒ်မှာတော 180mm အထူး CLT ပျဉ်းပြားကို အလွှာ၅ လွှာကိုအထူးကော်နဲ့ပေါင်းစပ်ပြီး Engineering နည်းပညာနဲ့ ပျဉ်ပြားတစ်ပြားတည်ဖြစ်အောင်လုပ်ထားပါတယ်။ လက်ရှိဆိုဒ်မှာ သုံးတဲ့ CLT Size က ( 180mm အထူး x အပြားဆိုဒ်က 1250mm x အရှည်ကတော ကိုလုပ်မဲ့ခန်းဖွင့် အရှည်အတိုင်းမှာထားပါတယ်
Glued laminated timber ကိုအတိုးကောက် Glulam လိုပဲခေါ်ကြပါတယ် အကြမ်းခံပြီးအစိုဓာက်ကိုလဲ ခံနိုင်အောင် Engineering နည်းပညာနဲ့ အထူးပေါင်းစပ်ဖွဲစည်းပြုလုပ်ထားတာတွေရပါတယ်..
လက်ရှိဆိုဒ်မှာတော့ Glulan beam size ကို (၂)မျိုးသုံးထားပါတယ် (360mm x 760mm ) , (400mm x 880mm ) ဖြစ်ပြီး Beam အရှည်ကိုတော့ခန်းဖွင့်အရှိအတိုင်းမှာထားတာပါ ..
နောက်ပြီး Glulan နဲ CLT ရဲ့ moisture content က ၂၀%ထက်ကျော်လိုမရပါဘူး ။
CLT တစ်ခုချင်းစိရဲ့ joint limited က 4mm ပဲပေးထားပါတယ် ..
QC အနေနဲ့ တော့ Site Deliverly အချိန် Timber တွေရဲ့ Quality ကိုစစ်ရပါတယ် ၊ Before installation ရယ် နဲ့ After installation အချိန် Checklist form တွေနဲ့ စုစုပေါင်းသုံးခါစစ်ရပါတယ် ..
Before installation မှာအောက်ပါအချက်တွေကိုစစ်ရပါတယ် _
Glulan နဲ့ CLT ကိုဆိုဒ်မှာစစ်ရမှာကတော့ -
(၁) Moisture less than 20%
(၂) သစ်သား Size တွေ စစ်ရပါတယ်
(၃) Approved brackets , Screws, bracing
(၄) Approved installation plan စစ်ရပါမယ်
(၅)သုံးမဲ့ သစ်သား putty ကိုတော့ Architect approval ယူရပါမယ်
(၆) သစ်သားတွေရဲ့ အက်ကြောင်းတွေနဲ့ အနည်းငယ် ဖြတ်တောက်ရတဲ့နေရာတွေကို အင်းဆက်ပိုးမွှားများနဲ့ မှိုတွေမကပ်နိုင်အောင် Timber care treatment ကိုသုတ်ပေးရပါတယ်
(၇) Glulam beam sitting လုပ်မဲ့ Brackets installation စစ်ရပါမယ်
(၈) Brackets and CLT supporting angler bar အတွက်လိုအပ်သော Chemical planting bolt &nuts တွေကို စစ်ရပါတယ် ( Torque test and pull out test )
After installation မှာအောက်ပါအချက်တွေစစ်ရပါမယ် -
(၁) CLT screw spacing
(၂) CLT joint and gap between end wall
(၃) damaged Defects
(၄) Glulam beam joint areas with brackets
(၅) Glulam beam connection steel pin installation
(၆) CLT supporting angle bar installation တွေစစ်ရပါတယ်
(၇) Glulam beam joint တွေကာတဲ့ fire protection board installation စစ်ရပါတယ်
(၈) CLT and Glulam gap joint sealant တွေစစ်ရပါတယ်
(၉) Installation လုပ်စဉ် ဖြသ်ပေါ်လာတဲ့ Defects တွေစစ်ရပါတယ်
(၁၀) Final finishing work တွေစစ်ရပါတယ်

MET Standards တွေကတော့ -
(၁) သစ်သားပေါ်မှာ ဘာအစွန်းအထင်းမှလက်မခံပါဘူး
(၂) သစ်သားမျက်နာပြင်တွေဟာ ကော်ပတ်စားပြီးသား ပြောင်ရှင်း သပ်ရပ်ရပါမယ်၊ ကြမ်းတမ်းနေလိုမရပါဘူး။
(၃) အဲကွဲကြောင်းကို industrial standard အနေနဲ့ လက်ရှိဆိုဒ်မှာ 4mm အကျယ်အထိ နဲ့ အရှည်ကို 400mm အထိလက်ခံပါတယ်
(၄) Knot size ( သစ်သားအဖု ၊ အမြစ်အရာကို 50mm diameter အဝိုင်းအကျယ်အထိလက်ခံပါတယ်
(၅) ထိခိုက်မူလို ဖြစ်ပေါလာတဲ အချိုင့်အခွက် အပွန်အပဲ့ လက်မခံပါဘူး။ အတက်နိုင်ဆုံးထိန်သိမ်းရပါမယ်
(၆) Hollow တွေကိုလဲ လက်မခံပါဘူး

Floor , Wall နဲ့ Ceiling တွေကို အထိကစစ်ရမှာတော
(၁) Finishing
(၂) Alignment & Evenness
(၃) Crack & Damages
(၄) Roughness
(၅) Jointing နေရာတွေဖြစ်ပါတယ်

Note for inspection before installation

(1) Angle bar fire rated painting thickness test
(2) cast in bolt installation from RC beam ,
(3) torque test need to do for cast in bolts &nuts after brackets installed and than grouting between bolts & Nuts and brackets
(4) pull out test to M10 planting bolts for CLT supporting angle bar before angle bar installation.

- Glulam beam are sitting on the bracket with dowel connection
- CLT timber are siting on the Glulam beam and both end side of RC beam .CLT timber need to sit on the RC Beam at least 100 mm , if sit less than 100mm on the RC beam , additional angle bar need to support.

1 .Materials inspection Delivery
Dimensions,Moisture, defects, bolts , screw size , dowel size need to check

Note for inspection after installation

1. Inspection work after installation
(a) Gap checking between precast wall and CLT but CLT need to sit on the RC beam at least 100mm , if less than 100 mm , additional angle need to support to CLT .
(b) screw spacing and CLT spacing need to check .
(c) defects need to check , some time CLT timber are damaged when installation time , that time installer need to touch up with approved wood putty.
(d) Glulam beam defects check any damage
(e) Dowel bar installation check 100% because sometimes missing .
(f) Fire protection board length and defects check after dowel installation.
(g) Gaps between Glulam and CLT need to touch up after final finishing .
(h) Finishing touch up

18/07/2022

Column တွေရဲ့သမိုင်း (past,present,future)

(1) ANCIENT - 1650

ဒီကာလအတွင်းမှာတော့ ရှေးက ဂရိပညာရှင်တွေရဲ့ အတွေးအခေါ်တွေပေါ်ပေါက်နေပါပြီ။လူတစ်ယောက်မတ်တပ်ရပ်နေတဲ့အသွင်အတိုင်း ညီမျှခြင်းတွေ ရှာဖွေကြပါတယ်။

L/d=(Body height)/(Foot imprint)

1956 အထိ ACI code မှာ L/d

Address

Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959784980927

Website

Alerts

Be the first to know and let us send you an email when THIRD WAY TECH Construction & Trading Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to THIRD WAY TECH Construction & Trading Co.,Ltd:

Share