Glorious Sunshine Construction, Design & Deco'

Glorious Sunshine Construction, Design & Deco' Ultimate solution for Architectural design, Construction, Interior design, Renovation & Decoration.

Ultimate solution for Construction, Architectural design, Interior design, Renovation & Decoration.

23/05/2026

အိမ်စဆောက်ဖို့ဆွေးနွေးမယ်ဆိုရင် 🏠🏡

Glorious Sunshine Construction, Design & Deco'
☎️09796769841, 09793537078, 09778077281
[For Marketing Call - 09941588248]
🏢Room 201, A 1, Yadanar Housing, Yadanar Road, South Okkalapa Township.


🚪🪵
20/05/2026

🚪🪵

ကျွန်းပေါင်းသား တံခါးပဲ သုံးသုံး၊ နေပူကျဲတဲထဲ ထားရင်တော့ ခံရမှာပဲ" 🤔🚪☀️

"ငါကတော့ ပိုက်ဆံအကုန်ခံပြီး အကောင်းဆုံး ‘ကျွန်းပေါင်းသား’ ဝယ်တပ်ထားတာပဲ၊ ဘာမှဖြစ်မှာမဟုတ်ဘူး" ဆိုပြီး စိတ်ချလက်ချ နေနေသလား?

တကယ်လို့ သင့်အိမ်က Temperature အပြောင်းအလဲများတဲ့အိမ်၊ အပူပိုင်း ဒေသမှာ ရှိတဲ့ အိမ်၊ ကွင်းပြင်ကြီးထဲမှာ၊ ဒါမှမဟုတ် ဘေးပတ်ပတ်လည် ဘာအကာအကွယ်မှမရှိဘဲ နေပူကျဲတဲအောက်မှာ ဆောက်ထားတာဆိုရင်တော့… သေချာပေါက် အကျုံ့အကျွ၊ အကောက်အကွေး ဒဏ်ကို ခံရမှာပါပဲ။
"ဟ… ပေါင်းသားပဲဟာကို ဘာလို့ ကျုံ့ရမှာလဲ" လို့ မေးစရာရှိပါတယ်။
သစ်သားကို ပေါင်းတယ် (Kiln Drying) ဆိုတာ သစ်ထဲက အစိုဓာတ်ကို စက်နဲ့ နှုတ်ပြီး တည်ငြိမ်အောင် လုပ်ပေးလိုက်တာ မှန်ပါတယ်။ ဒါပေမဲ့ သစ်သားရဲ့ သဘာဝက "အသက်ရှူတယ်" ဗျ။ ပတ်ဝန်းကျင် အပူအအေးနဲ့ စိုထိုင်းဆပြောင်းရင် သူက လိုက်ပြောင်းတာ။

ဘေးပတ်ဝန်းကျင်မှာ အရိပ်မရှိ၊ Temperature အပြောင်းအလဲ အရမ်းများတဲ့ အိမ်တွေမှာ ကျွန်းတံခါး တပ်မယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်မလဲ?
၁။ Thermal Expansion (အပူအအေး အပြောင်းအလဲ): နေ့လယ်ဘက် ကတ္တရာလမ်းဖယောင်းတိုင်လို အရည်ပျော်မတတ် ပူပြီး၊ ညဘက်ကျ အေးသွားတဲ့အခါ သစ်သားက ကျုံ့ချည်၊ ပွချည်နဲ့ ကောက်ထွက်ကုန်ရော။
၂။ တစ်ဖက်သတ် အပူဒဏ်: တံခါးရဲ့ အပြင်ဘက်မျက်နှာပြင်က နေပူဒဏ် တိုက်ရိုက်ခံရပြီး အိမ်ထဲကမျက်နှာပြင်က အေးနေရင် တံခါးချပ်က လိပ်ပြီး ကောက် (Warp) သွားတတ်ပါတယ်။
၃။ အစိုဓာတ် ခမ်းခြောက်ခြင်း: နေပူလွန်းတော့ သစ်ထဲမှာရှိသင့်တဲ့ မရှိမဖြစ် အစိုဓာတ်ပါ ထပ်ခမ်းပြီး ပတ်ကြားအက် (Crack) ကုန်တာမျိုး ဖြစ်တတ်ပါတယ်။
⚠️ "နေပူတာ အပြင်တံခါးပဲ မဟုတ်လား?" ဆိုပြီး လျှော့မတွက်နဲ့ဦး!
အိမ်ထဲက အိပ်ခန်းတံခါးလို Interior Door တွေလည်း ခံရနိုင်ပါတယ်။ မှန်ပြတင်းပေါက်တွေကနေတစ်ဆင့် နေရောင်ခြည်က အိမ်ထဲကို တိုက်ရိုက်ဖြတ်သန်းပြီး Interior Door တွေကို သွားရိုက်မိရင် အဲဒီတံခါးတွေပါ အရောင်ကျွတ်ပြီး ပတ်ကြားအက်ကုန်တတ်ပါတယ်။ နောက်ပြီး အခန်းထဲမှာ AC (အဲယားကွန်း) ဖွင့်လိုက်၊ ပိတ်လိုက်လုပ်လို့ အပူချိန် ကွာခြားချက်ကြီးမားတာ (Temperature Fluctuation) ကလည်း သစ်သားကို စိမ့်ဝင်ထိခိုက်စေပါတယ်။

ဒါဆို အိမ်က ကွင်းပြင်ထဲမှာမို့လို့ မသုံးရတော့ဘူးလား?
သုံးလို့ရပါတယ်။ ဒါပေမဲ့ ‘သဘာဝတရား’ ကို နည်းပညာနဲ့ စနစ်နဲ့ ပြန်ထိန်းဖို့ လိုအပ်ပါတယ်။

💡 ကာကွယ်နည်း (၅) ချက်:
ခန်းဆီးလိုက်ကာ (Curtains / Blinds) သုံးပါ: အိမ်ထဲက Interior Door တွေဆီ နေရောင်တိုက်ရိုက် မကျအောင် မှန်ပြတင်းပေါက်တွေမှာ Blackout ခန်းဆီးလိုက်ကာ တွေ တပ်ပြီး နေရောင်ကို မဖြစ်မနေ ကာကွယ်ပေးရပါမယ်။ ဒါမှ အခန်းတွင်း အပူချိန်ကိုပါ မျှတအောင် ထိန်းပေးနိုင်မှာပါ။

Exterior PU (Polyurethane) ဆေးကောင်းကောင်းသုတ်ပါ: ရိုးရိုးသစ်သားဆီ သုတ်ရုံနဲ့ မရပါဘူး။ Outdoor UV-resistant ဖြစ်တဲ့ ဆေးမျိုးနဲ့ တံခါးရဲ့ အပေါ်အောက် အနားသတ်တွေအထိ ၆ ဖက်စလုံးကို ပိတ်သုတ်ရပါမယ်။ ဆေးလွှာက မိုးဒဏ်၊ နေဒဏ်ကို ခံပေးမယ့် Shield အကာအကွယ်ပေါ့။

အမိုးအစွန်း (Overhang) ထုတ်ပါ: အပြင်တံခါးရှိတဲ့နေရာကို နေရောင် တိုက်ရိုက်မကျအောင် အမိုးကို အနည်းဆုံး ၃ ပေ ကနေ ၄ ပေလောက်အထိ အပြင်ကို ထုတ်ပေးပါ။ နေရော မိုးပါ သက်သာသွားမယ်။

Frame and Panel ဒီဇိုင်းရွေးပါ: တံခါးချပ်ကို တစ်ပြင်လုံး Solid အချပ်ကြီး လုပ်မယ့်အစား အကွက်ရိုက်တဲ့ဒီဇိုင်း သုံးရင် သစ်သားကျုံ့ပွဖို့ Space ရှိတဲ့အတွက် တံခါးချပ် ကောက်ထွက်တာမျိုး မဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။

တံခါး Gap (Clearance) ချန်ပါ: တပ်တဲ့အခါ ဘောင်နဲ့ တံခါးချပ်ကြားမှာ အနည်းဆုံး 3mm ဝန်းကျင် Gap ချန်ထားပေးပါ။ ဒါမှ ရာသီဥတုကြောင့် ပွလာရင်လည်း တံခါးပိတ်မရတာမျိုး မဖြစ်မှာပါ။
သစ်သားဆိုတာ ဘယ်လောက်ပဲ ကောင်းကောင်း သဘာဝပစ္စည်း ဖြစ်တဲ့အတွက် ရာသီဥတုဒဏ်ကို တိုက်ရိုက်ကြီး သွားချရင်တော့ အနည်းနဲ့အများ ရှိမှာပါပဲ။ အဓိကကတော့ အကာအကွယ် (Finishing, Interior Layout & Design) စနစ်ကျဖို့ပါပဲဗျာ။

နေပူ၊ မိုးရွာ မရှောင် လုပ်ရတော့မဲ့ Team Glorious Sunshine အတွက် နှစ်စဉ်နှစ်တိုင်း ထိုးပေးနေကျ တုပ်ကွေးကာကွယ်ဆေးလဲ 2026 ခ...
12/05/2026

နေပူ၊ မိုးရွာ မရှောင် လုပ်ရတော့မဲ့ Team Glorious Sunshine အတွက် နှစ်စဉ်နှစ်တိုင်း ထိုးပေးနေကျ တုပ်ကွေးကာကွယ်ဆေးလဲ 2026 ခုနှစ်မှာ ထပ်မံထိုးပေးခဲ့ပါပြီရှင် 😊❤️👷👷‍♀️👷‍♂️👷‍♂️🧑‍💻🧑‍💻

မြောက်ဒဂုံ ၃၄ ရပ်ကွက်ထဲ ပေ ၄၀ x ၆၀ မြေကွက်မှာ တိုက်၂ လုံး၂ ကွက်တွဲတပြိုင်နက်ဆောက်လုပ်ရန် ယုံကြည်စွာ အပ်နှံပေးတဲ့ အန်တီနဲ...
05/05/2026

မြောက်ဒဂုံ ၃၄ ရပ်ကွက်ထဲ ပေ ၄၀ x ၆၀ မြေကွက်မှာ တိုက်၂ လုံး၂ ကွက်တွဲတပြိုင်နက်ဆောက်လုပ်ရန် ယုံကြည်စွာ အပ်နှံပေးတဲ့ အန်တီနဲ့ ဦး မောင်နှမ ၂ ယောက်နှင့် မိသားစုများကို ကျေးဇူးတင်အများကြီးတင်ရှိပါတယ်ရှင့် ။
ပထမမှာ အန်တီ့ အိမ်အတွက်ဘဲ အပ်နှံရန်စုံစမ်းခဲ့ပေမဲ့ အန်တီ့ အကိုမိသားစုနဲ့ပါ စကားပြောကြည့်ပြီး တခါထဲ အပ်နှံခဲ့တဲ့အတွက်လဲ ယုံကြည်မှုကို တန်ဖိုးထားပေးပြီး ပိုမိုကောင်းမွန်သော service များ ပစ္စည်းများဖြင့် အားထည့်သေချာလုပ်ဆောင်ပေးပါ့မယ်ရှင် ။ 🏛️🏛️ ❤️❤️🏡🏡

Glorious Sunshine Construction, Design & Deco'
☎️09796769841, 09793537078, 09778077281
[For Marketing Call - 09941588248]
🏢Room 201, A 1, Yadanar Housing, Yadanar Road, South Okkalapa Township.


အကြမ်းထည်ပိုင်းမှအစ အချောထည် transition ကို အချောမွတ်ဆုံးဖြစ်အောင် အကောင်းဆုံး Management လုပ်ပေးလျက်ရှိနေတဲ့ Glorious S...
01/05/2026

အကြမ်းထည်ပိုင်းမှအစ အချောထည် transition ကို အချောမွတ်ဆုံးဖြစ်အောင် အကောင်းဆုံး Management လုပ်ပေးလျက်ရှိနေတဲ့ Glorious Sunshine ပါရှင့် ❤️❤️🏛️🏛️

Glorious Sunshine Construction, Design & Deco'
☎️09796769841, 09793537078, 09778077281
[For Marketing Call - 09941588248]
🏢Room 201, A 1, Yadanar Housing, Yadanar Road, South Okkalapa Township.


😊😊👷👷‍♀️👏👏👏
01/05/2026

😊😊👷👷‍♀️👏👏👏

🙏🙏
30/04/2026

🙏🙏

📢 အလုပ်ခေါ်စာ – Junior Quantity Surveyor (QS)🏗️ Glorious Sunshine Construction Company မှ Junior Quantity Surveyor (QS) ...
21/04/2026

📢 အလုပ်ခေါ်စာ – Junior Quantity Surveyor (QS)

🏗️ Glorious Sunshine Construction Company မှ Junior Quantity Surveyor (QS) တာဝန်ထမ်းဆောင်ရန် လူငယ်တစ်ဦးကို အမြန်လိုအပ်နေပါသည်။

📍 တာဝန်ရှိရာနေရာ – တောင်ဥက္ကလာမြို့နယ်
💼 အလုပ်အမျိုးအစား – Full-time

# # # 🔧 တာဝန်များ
- Project estimate နှင့် BOQ (Bill of Quantities) ပြုစုခြင်း
- Site measurement နှင့် quantity take-off ဆောင်ရွက်ခြင်း
- Subcontractor & supplier များနှင့် ဆက်သွယ်ညှိနှိုင်းခြင်း
- Project cost control နှင့် report တင်ပြခြင်း
- Engineer နှင့် Site Team များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

# # # 🎓 လိုအပ်ချက်များ
- Civil Engineering (သို့) ဆက်စပ်ဘာသာရပ် Degree / Diploma ရရှိထားသူ
- QS (Quantity Surveying) အခြေခံနားလည်မှုရှိသူ
- Fresh Graduate များလည်း လျှောက်ထားနိုင်ပါသည်
- Microsoft Excel, AutoCAD အခြေခံအသုံးပြုနိုင်သူ
- Teamwork ကောင်းမွန်ပြီး သင်ယူလိုစိတ်ရှိသူ
# # # 💰 လစာနှင့်အကျိုးခံစားခွင့်များ
- လစာ – ညှိနှိုင်း (Experience အပေါ်မူတည်)
- Training & Career Development အခွင့်အလမ်းများ
- Bonus / Allowance (Company policy အရ)

CV ကို အောက်ပါ Email သို့ ပို့ပေးပါရန် –
📧 [email protected]
📞 09940899959

👉 Deadline – 20.04.2026

🔹 စိတ်ဝင်စားသူများ အမြန်လျှောက်ထားနိုင်ပါသည်။

❝ လေထဲကအိမ်လေးပြန်ဆောက်ပေးနိုင်မလားတဲ့ ❞𝙂𝙡𝙤𝙧𝙞𝙤𝙪𝙨 𝙎𝙪𝙣𝙨𝙝𝙞𝙣𝙚 မှာ ဘယ်လိုအဆောက်အအုံမျိုးကိုမဆို တည်ဆောက်ပေးတယ်ကြားလို့ ဖိနပ်တ...
08/04/2026

❝ လေထဲကအိမ်လေးပြန်ဆောက်ပေးနိုင်မလားတဲ့ ❞

𝙂𝙡𝙤𝙧𝙞𝙤𝙪𝙨 𝙎𝙪𝙣𝙨𝙝𝙞𝙣𝙚 မှာ ဘယ်လိုအဆောက်အအုံမျိုးကိုမဆို တည်ဆောက်ပေးတယ်ကြားလို့ ဖိနပ်တောင်မပါဘဲ အပြေးလာမေးလိုက်ပေမဲ့...

စိတ်မကောင်းစွာနဲ့ပဲ လှည့်ပြန်ရမယ့် အနေအထားရောက်နေပါပြီ😔

ဘာလို့လဲဆိုတော့ 𝙂𝙡𝙤𝙧𝙞𝙤𝙪𝙨 𝙎𝙪𝙣𝙨𝙝𝙞𝙣𝙚 မှာ မြေကြီးပေါ်ကအိမ်တွေပဲ ဆောက်ပေးတာမို့လို့ပါ👀

ဒါပေမဲ့ စိတ်မပူပါနဲ့။

ပြိုလဲသွားတဲ့ လေထဲကအိမ်ငယ်လေးတွေကိုတော့ ပြန်မဆောက်ပေးနိင်ပေမဲ့ လွယ်လွယ်မပြိုလဲနိုင်တဲ့ မြေပေါ်ကအိမ်လေးကိုတော့ အခိုင်ခံ့ဆုံးဖြစ်အောင် ဆောက်လုပ်ပေးနိုင်ပါတယ်နော်🏡

𝙂𝙡𝙤𝙧𝙞𝙤𝙪𝙨 𝙎𝙪𝙣𝙨𝙝𝙞𝙣𝙚 က Client တို့ရဲ့ စိတ်ကူးတွေကို လေထဲမှာမထားဘဲ လက်တွေ့ဘဝထဲမှာပါ တည်ရှိလာအောင် အဆင့်တိုင်းမှာ ဂရုတစိုက်နဲ့ ဆောက်လုပ်ပေးနေပါတယ်✨

ဒါကြောင့်…
“တစ်နေ့တော့ဆောက်မယ်” ဆိုတဲ့ စိတ်ကူးနဲ့မရပ်လိုက်ဘဲ တကယ်ပိုင်ဆိုင်နိုင်မယ့် အိမ်လေးအတွက် ဒီနေ့ကစပြီး 𝙂𝙡𝙤𝙧𝙞𝙤𝙪𝙨 𝙎𝙪𝙣𝙨𝙝𝙞𝙣𝙚 နဲ့သာ စတင်လိုက်ပါ👀🏡


𝙂𝙡𝙤𝙧𝙞𝙤𝙪𝙨 𝙎𝙪𝙣𝙨𝙝𝙞𝙣𝙚 𝘾𝙤𝙣𝙨𝙩𝙧𝙪𝙘𝙩𝙞𝙤𝙣, 𝘿𝙚𝙨𝙞𝙜𝙣 & 𝘿𝙚𝙘𝙤'

☎️09796769841, 09793537078, 09778077281
[For Marketing Call - 09941588248]
🏢Room 201, A 1, Yadanar Housing, Yadanar Road, South Okkalapa Township.



Glorious Sunshine မှာ အိမ်ပဲအပ်နှံနိုင်တာလား❓ဒီလိုတွေးရင်မှားသွားပါလိမ့်မယ်။ Glorious Sunshine မှာဆိုရင် Private Residen...
07/04/2026

Glorious Sunshine မှာ အိမ်ပဲအပ်နှံနိုင်တာလား❓

ဒီလိုတွေးရင်မှားသွားပါလိမ့်မယ်။

Glorious Sunshine မှာဆိုရင် Private Residence တွေတင်မက Showroom, Office, Cafe & Restaurant စတဲ့ Project မျိုးစုံကိုလည်း ဆောက်လုပ်ပေးနေပါတယ်။👷‍♀️

ဘယ်လိုအဆောက်အဦး Project ပဲဖြစ်နေပါစေ ရလဒ်ကောင်းတွေအတွက် အဆင့်တစ်ခုစီ အပိုင်းပိုင်းခွဲပြီး စီစဉ်ရတာက အချိန်လည်းယူရတတ်ပြီး စိတ်လည်းနှစ်ထားရတာမျိုးပါ။

အဲဒီအတွက် Glorious Sunshine Construction မှာဆိုရင် -

🏗မြေနေရာအတိုင်းအတာတွက်ချက်ခြင်းကနေ
🏗Structure
🏗Architectural Drawing
🏗Interior Design Decoration
🏗Furniture အထိ

အဆင့်ဆင့်ကို တစ်နေရာတည်းမှာ စနစ်တကျ One Stop Service နဲ့ ဆောင်ရွက်နေပါတယ်။

ဒါကြောင့်လည်း ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ
Project များစွာ Client များရဲ့ယုံကြည်မှုနဲ့ အောင်မြင်စွာ လက်ခံဆောက်လုပ်ပေးနိုင်ခဲ့ပါပြီ။

❝ ယုံကြည်မှုနဲ့တည်ဆောက်ပြီး ခိုင်ခံ့လှပမှုနဲ့သက်သေပြမှာ 𝙂𝙡𝙤𝙧𝙞𝙤𝙪𝙨 𝙎𝙪𝙣𝙨𝙝𝙞𝙣𝙚 ပါ ❞

𝙂𝙡𝙤𝙧𝙞𝙤𝙪𝙨 𝙎𝙪𝙣𝙨𝙝𝙞𝙣𝙚 𝘾𝙤𝙣𝙨𝙩𝙧𝙪𝙘𝙩𝙞𝙤𝙣, 𝘿𝙚𝙨𝙞𝙜𝙣 & 𝘿𝙚𝙘𝙤'

☎️09796769841, 09793537078, 09778077281
[For Marketing Call - 09941588248]
🏢Room 201, A 1, Yadanar Housing, Yadanar Road, South Okkalapa Township.



Address

Building A1, Room 201 , Yadanar Housing, Yadanar Road, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959459266094

Website

Alerts

Be the first to know and let us send you an email when Glorious Sunshine Construction, Design & Deco' posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Glorious Sunshine Construction, Design & Deco':

Share