29/09/2017
ပန္နက်ရိုက်ခြင်း
အဆောက်အဦးဆောက်လုပ်ဖို့အတွက် မြေနေရာရှင်းလင်းပြီးပြီဆိုရင် အရင်ဆုံးလုပ်ရတာက အဆောက်အဦးရဲ့ level အနိမ့်အမြင့်တွေမှန်ကန်ဖို့ ပတ်တန်းရိုက်ရပါတယ်။ ပတ်တန်းရိုက်ဖို့အတွက်က ဆောက်လုပ်မယ့်အဆောက်အအုံရဲ့ပေရှည်ထက် အပြင်ကိုတစ်ဖက် ၅ပေလောက်ပိုယူပြီး ၅ ပေ၊ ၅ပေခွဲလောက် ဖြတ်ထားတဲ့ 3"x2" သစ်သားတိုင်တွေကို တစ်တိုင်နဲ့တစ်တိုင် 6 ပေလောက်ခြားပြီး လေးဖက်လေးတန် ပတ်ပတ်လည်လည်ရိုက်ပေးရပါတယ်။ တိုင်တွေအကုန်ရိုက်ပြီးပြီဆိုရင် မြေပြင်ပေါ်ကနေ မိမိယူမယ့် plinth level ထိ (တချို့လည်း PL ထက် ၁ပေပိုပြီးယူတယ်။) ပေကြိုးနဲ့ထောက် marker ပေးပြီး ရိုက်ထားတဲ့တိုင်တွေအားလုံးစီကို level ပိုက်နဲ့ ခုနယူထားတဲ့ marker ကို level ကူးပါတယ်။ level အားလုံးကူးပြီး၊ level မှန်မမှန်ပြန်စစ်ပြီးပြီဆိုရင် ဖြောင့်တန်းတဲ့ 3"x2" တွေနဲ့အဲဒီ level အတိုင်းပတ်လည်ချုပ်ရပါတယ်။ ဒါဆိုရင် ပတ်တန်းရိုက်တာပြီးပါပြီ။
ပြီးရင် အဆောက်အဦးရဲ့ alignment တွေ၊ ခန်းဖွဲ့တွေ မှန်ဖို့အတွက် ပန္နက်ရိုက်ရပါတယ်။ ပန္နက်ရိုက်ဖို့အတွက် အရင်ဆုံး အဆောက်အအုံမျဉ်းကြောင်းကို ကျင်တွယ်ကျ (ထောင့်မှန်ကျ) အောင်လုပ်ပေးရပါတယ်။ အနည်းဆုံး လူ ၃ယောက် လိုပါတယ်။ ဒီတော့ ခုန ပတ်တန်းရိုက်တုန်းက ခွာထားတဲ့ 5 ပေနေရာလောက်မှာ X direction လိုင်းကိုဖြစ်ဖြစ် Y direction လိုင်းဖြစ်ဖြစ် တစ်လိုင်းကို ခုနပတ်တန်းပေါ် 2လက်မ (or) 2 လက်မခွဲ သံငုတ်လေး ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်ရိုက်ကြိုးဆွဲပြီး ယာယီအနေနဲ့အသေထားပြီး ကျန်တဲ့လိုင်းတစ်လိုင်းကို ထိပ်တစ်ဖက်ဘဲ သံငုတ်ရိုက်ကြိုးဆွဲပြီး ကျန်တစ်ဖက်ကို ကစားလို့ရအောင် လူတစ်ယောက်က ကိုင်ထားရပါတယ်။
ခုနဆွဲထားတဲ့ကြိုး ၂ကြိုး ဆုံတဲ့နေရာကနေ ကြိုးတစ်ကြိုးကို 6 ပေဆွဲပြီး ပလတ်စတစ်ကြိုးလေးနဲ့ ချည်ထားပေးရပါတယ်တယ်။ ပေကြိုးဆွဲတဲ့နေရာမှာလည်း 0 လက်မကနေမဟုတ်ဘဲ 1 လက်မကနေယူပြီးဆွဲရပါတယ်။ သဘောက 6 ပေဆိုရင် 6ပေ 1 လက်မယူရမှာပေါ့။ နောက်တစ်ဖက်လည်း ဒီလိုဘဲ 8 ပေတိုင်းပြီး ပလပ်စတစ်ကြိုးချည်ထား။ ပြီးရင် ခုန ချည်ထားတဲ့ ပလပ်စတစ်စ နှစ်ခုကို ထောင့်မှန်ပေကြိုးထောက်ကြည့်လို့ 10 ပေရှိတယ်ဆိုရင် ခုယူထားတဲ့ မျဉ်းအတိုင်း ok ပြီ။ 10 ပေမရှိရင် ခုန လူကိုင်ထားတဲ့ကြိုးစတစ်ဖက်ကိုဘယ်ညာရွေ့ကစားပေးပြီး 10 ပေမရရအောင် အကြိမ်ကြိမ်ဖမ်းရတယ်။ (ကျင်တွယ် 6, 8, 10 ဆိုတာက pythagoras' theroem ပါ။ အခြေခံဂဏန်းက 3, 4, 5 ပါ။ အဲ့ဒါကို 2 နဲ့မြှောက်ရင် 6, 8, 10 ရပါတယ်။ 6, 8, 10 နဲ့မဖမ်းချင်ဘူးဆိုရင်လည်း အဲ့ဒါကို 2 နဲ့မြှောက်ပြီး 12 , 16, 20 ဆိုပြီးလည်းရပါတယ်။ အများဆုံးသုံးကျတာက 6 , 8, 10 ပါ။) ခုလိုကျင်တွယ်ဖမ်းတဲ့နေရာမှာ ပေကြိုးဆွဲတာကို 0 လက်မကနေမဟုတ်ဘဲ 1 လက်မကနေယူပြီး တိုင်းရတယ်။ 6, 8, 10 မရရအောင် အကြိမ်ကြိမ်ဖမ်းရတယ်။ ပြီးရင် မှန်မမှန် သေချာအောင် အနည်းဆုံး 2 ကြိမ် 3ကြိမ်လောက်ပြန်စစ်ရတယ်။ အဲ့ဒါမမှန်ရင် ရှေ့ဆက်အဆောက်အအုံ alignment တွေဘယ်လိုမှ မမှန်နိုင်ဘူး။
ခုန ကျင်တွယ်ဖမ်းတာ ok ပြီ၊ ကျင်တွယ်ကျပြီ၊ ထောင့်မှန်ကျပြီဆိုရင် ခုနကြိုးနှစ်ကြိုးကနေ ဆောက်လုပ်မယ့်အဆောက်အအုံခန်းပွင့်တွေအတိုင်း ပေကြိုးဆွဲပြီး သံငုတ်ရိုက်ကြိုးဆွဲပေးရပါတယ်။ ခုလို ခန်းပွင့်ခွဲ၊ သံငုတ်ရိုက်ကြိုးဆွဲပြီးရင် ခုရိုက်ထားတဲ့ သံငုတ်တွေက center to center တွေမို့ column တိုင်တွေထောင်ရင်အဆောင်ပြေအောင်လို့ column တိုင်တွေအတွက် ခု center mark ကနေဘေးနှစ်ဖက်ကို column တစ်တိုင်စာတိုင်းပြီး သံငုတ်ရိုက်ပေးရပါတယ်။ (column က 9"x9" ဆိုရင် သံတိုင်က 6လက်မ ပတ်လည်ရှိမယ်ဆိုတော့ တစ်ဖက်ကို ခုန center ကနေ 3 လက်မထုတ်ပြီး သံငုတ်ရိုက်ရမှာပေါ့။)
ဒါဆိုရင် အခုကျွန်တော်တို့ center line နဲ့ column တွေ တိုင်ထောင်ဖို့အတွက် alignment တွေရပြီ။ ဒါပေမယ့် ခုအဓိကလုပ်ရမှာက foundation အတွက် မြေတူးရမှာဆိုတော့ ခုန center ကနေ မြေတူးရမယ့် အကျယ်ကို ပေကြိုးဆွဲပြီး ခွဲပေး၊ သံငုတ်ရိုက်ကြိုးဆွဲရမယ်။ ဥပမာ footing က 3' 6" ဆိုရင် formwork ရိုက်လို့ရအောင်၊ ကစားလို့အဆင်ပြေအောင် 4ပေ လောက်တူးရမှာဆိုတော့ ခုန center ကနေ တစ်ဖက်ကို 2 ပေလောက် ပေကြိုးဆွဲပြီး သံငုတ်ရိုက်။ ပြီးရင် ကြိုးဆွဲပြီး X & Y center line ကြိုးတွေဆုံတဲ့နေရာတိုင်းမှာ ချိန်သီးငြီမ်အောင် သေချာထိန်းပြီး ချိန်သီးချပြီး မြေပေါ် သစ်သားငုတ်လေး သို့ ၀ါးငုတ်လေးရိုက်ပေးရပါတယ်။ ပြီးရင် ခုနငုတ်တွေအားလုံးကို ကြိုးလေးဆွဲပြီး ထုံးဖြူးပေးရပါတယ်။။ (footing တူးဖို့ခုလို သံငုတ်ရိုက်ကြိုးဆွဲပြီး ချိန်သီးချတဲ့သူ ချကြသလို ခုလို footing အတွက် သံငုတ်မရိုက်ကြဘဲ ခုန center ကိုဘဲယူပြီး သစ်သားခွေပြီး marker ပေးကျင်းတူးတဲ့သူတွေလည်းရှိပါတယ်။)
Center Mark ဘဲယူတဲ့နည်း။
ခုလို column အတွက် footing အတွက် သံငုတ်ရိုက်ပြီး ခွဲစရာရှိတာခွဲပြီးပြီဆိုရင် ခုနကြိုးဆွဲထားတဲ့ X & Y center line ကြိုးတွေဆုံတဲ့နေရာတိုင်းမှာ ချိန်သီးငြီမ်အောင် သေချာထိန်းပြီး ချိန်သီးချပြီး မြေပေါ် သစ်သားငုတ်လေး သို့ ၀ါးငုတ်လေးရိုက်ပေးရပါတယ်။ ဒါဆိုရင် မြေပေါ်မှာ center mark တွေအားလုံးရပါပြီ။ ပြီးရင် footing မြေတူးဖို့အတွက် 3"x2" ကိုကျင်တွယ် လေးထောင့်ခွေ (footing က 3ပေခွဲ ပတ်လည်ဆိုရင် 6လက်မပိုယူပြီး 4ပေပတ်လည်ခွေ)၊ ကန့်လတ်ဖြတ်ကြိုးတွေဆွဲပြီး အဲ့ဒီ ကန့်လန့်ဖြတ်ကြိုးတွေဆုံတဲ့နေရာကို ခုနမြေပေါ်မှာရိုက်ထားတဲ့ center mark နေရာမှာထားပြီး ခုနကျင်တွယ်ကျရိုက်ထားတဲ့ 4ပေပတ်လည်သစ်ဘေးပတ်လည် ထုံးနဲ့marker ပေးပေါ့။ footing တွေအတွက်အားလုံး marker ပေးပြီးရင် RW တွေအတွက် ခုန maker ပေးထားတဲ့ footing ကနေ မြေပေါ်ကြိုးဆွဲပြီး ထုံးနဲ့ marker ပေးပေါ့။
ပြီးရင် ခုန ကျွန်တော်တို့ပတ်တန်းပေါ်ရိုက်တဲ့တဲ့ center mark တွေကို အလွယ်တကူမြင်နိုင်ဖို့ သူ့အောက်က ပတ်တန်းပေါ် သဘောင်္ဆေးလေးသုတ်ပေးပေါ့။
ဒါဆိုရင် ပန္နက်ရိုက်တာပြီးလို့ မြေစတူးလို့ရပါပြီ။
မြေတူးတဲ့နေရာမှာ မြေအောက်ကို 4 ပေဆိုတဲ့နေရာမှာ မြေပေါ်ကနေတိုင်းတာမဟုတ်ဘဲ အပေါ်မှာရိုက်ထားတဲ့ ပတ်တန်း level ကနေ plinth level အတွက်နုတ်ပြီး မြေအောက်ထိ 4 ပေရှိရမှာပါ။ ဒါမှ level အားလုံးညီမှာပါ။ ဥပမာ ပတ်တန်းရိုက်ထားက မြေပေါ်ကနေ plinth level 3 ပေ ဆိုရင် မြေတူးရမှာက ၄ပေဆိုရင် ခုနငုတ်ရိုက်ထားတဲ့ level ကနေကြိုးဆွဲပြီးအောက်ကို ပေကြိုးထောက်ကြည့်ရင် 7' ရှိရမှာပေါ့။
(စာရေးထားတာ ဖတ်ရတာ နည်းနည်းရှုပ်နေကောင်းရှုပ်နေလိမ့်မယ်ထင်တယ်။)
ဆိုဒ်ထဲက ပုံတွေသိမ်းထားတာတွေလည်း harddisk ပျက်တဲ့ထဲ ပါသွားတာနဲ့ ရှိတဲ့ဟာလေးဘဲတင်ပေးထားတယ်။