16/04/2026
Sigenergy (Stock Code: 06656.HK) သည် ဟောင်ကောင်စတော့အိတ်ချိန်း (HKEX) တွင် ယနေ့ပဲ အောင်မြင်စွာ စာရင်းသွင်းနိုင်ခဲ့ပြီး ကုမ္ပဏီ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်ပါသည်
ကုမ္ပဏီသည် HKEX တွင်စာရင်းသွင်းခံရသည့် ပထမဆုံးသော “AI+ All-in-One PV Storage” ကုမ္ပဏီအဖြစ်လည်း မှတ်တမ်းဝင်ပါသည်
Sigenergy ၏ တည်ထောင်သူနှင့် CEO ဖြစ်သူ Mr. Tony Xu က “ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံသူတွေ ၊ မိတ်ဖက်တွေ ၊ အကြံပေးသူတွေ ၊ ကမ္ဘာတစ်ဝှမ်းက ဖြန့်ဖြူးရောင်းချသူတွေ ၊ တပ်ဆင်သူတွေ နှင့် Sigenergy ဝန်ထမ်းများအားလုံး၏ ယုံကြည်မှုနှင့် ပံ့ပိုးမှုတွေအားလုံး အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ် ၊ ဒီစာရင်းသွင်းမှုဟာလည်း ခြေလှမ်းသစ်တစ်ခုပဲ ဖြစ်ပါတယ် ၊ ကျွန်တော်တို့ဟာ Energy Storage နယ်ပယ်မှာ စွမ်းဆောင်ရည်ကို ပိုမိုအားကောင်းစေပြီးတော့ တိုးတက်ကောင်းမွန်တဲ့ နည်းပညာတွေ ပေးစွမ်းဖို့ ‘AI in All’ နည်းပညာကို ပိုမိုရင်းနှီးမြုပ်နှံပြီး လုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ် ၊ ကျွန်တော်တို့ အနေနဲ့ လူအဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို တဖက်တလမ်းက ဖြည့်ဆည်းပေးရင်းနဲ့ သုံးစွဲသူတွေ ၊ မိတ်ဖက် အဖွဲ့အစည်းတွေ ၊ ရှယ်ယာရှင်တွေအတွက် ရေရှည်တန်ဖိုးကို ဖန်တီးပေးဖို့ မျှော်မှန်းပါတယ်” ဟု ပြောကြားခဲ့သည်။
သတင်းထုတ်ပြန်ချက်အပြည့်အစုံကို ဖတ်ရှုပါ- https://www.sigenergy.com/en/news/info/3009