23/06/2024
သိမ်ဖြူကွင်းမှာ ကျင်းပပြုလုပ်မည့် Lone Chaw Lethwei(𝐋𝐂𝐋) မြန်မာ့ရိုးရာ လက်ဝှေ့ပွဲအား 𝐂𝐨-𝐒𝐩𝐨𝐧𝐬𝐨𝐫 အနေနဲ့ ပါဝင်အားဖြည့်ထားသည့် Mahar Shin Saw Pu Construction Co.,Ltd.
ပြိုင်ပွဲကျင်းပမည့်ရက် 🗓️ ၃၀.၆.၂၀၂၄ (တနင်္ဂနွေနေ့)
ပြိုင်ပွဲကျင်းပမည့်နေရာ 🏢 သိမ်ဖြူလက်ဝှေ့အားကစားရုံ
LCL ကို ထောက်ပံ့ပေးကြတဲ့ sponsors များအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးအချိန်အတိအကျရောက်လာပေးကြတဲ့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ယှဉ်ပြိုင်ကြမယ့်သူတွေလည်း အကုန်တွဲပြီးပါပြီ။ ပထမဆုံးပွဲဖြစ်ပေမယ့်လည်း လာရောက်ယှဉ်ပြိုင်ကြတဲ့သူတွေများလို့ အရမ်းအံ့ဩကျေနပ်ခဲ့ရပါတယ်။ ကိုယ်အလေးချိန်ချိန်တာရော နာမည်စာရင်းပေးတာရော လာပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မပါဝင်လိုက်ရတဲ့သူတွေလည်း နောက်ပွဲစီစဉ်နိုင်အောင် ကြိုးစားသွားပါမယ်။
ယှဉ်တွဲပြီးပြိုင်ရမယ့်ပြိုင်ပွဲဝင်များကိုလည်း မကြာခင်မှာ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။ အားလုံးပါဝင်ကူညီပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
LCL ဇွန်လ ၃၀ ရက်နေ့၊ သိမ်ဖြူကွင်း။