BSSDC

Call Directions Website Contact the business

BSSDC Institute

Wire နဲ့ Cable ဆိုတာ နှစ်ခုစလုံးကို လျှပ်စစ်ဓာတ်အား တစ်နေရာကနေ တစ်နေရာကို သယ်ဆောင်ဖို့ အသုံးပြုတဲ့ လျှပ်စစ်ကြိုးတွေလို့ ...
23/09/2026

Wire နဲ့ Cable ဆိုတာ နှစ်ခုစလုံးကို လျှပ်စစ်ဓာတ်အား တစ်နေရာကနေ တစ်နေရာကို သယ်ဆောင်ဖို့ အသုံးပြုတဲ့ လျှပ်စစ်ကြိုးတွေလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် တည်ဆောက်ပုံနဲ့ အသုံးပြုပုံမှာ ကွာခြားချက်တွေ ရှိပါတယ်။

Wire ဆိုတာ လျှပ်စစ်စီးဆင်းဖို့အတွက် အသုံးပြုတဲ့ Conductor တစ်ခုဖြစ်ပါတယ်။ Wire ကို အများအားဖြင့် Copper (ကြေးနီ) သို့မဟုတ် Aluminium (အလူမီနီယမ်) နဲ့ ပြုလုပ်ထားပြီး Solid Wire ဖြစ်နိုင်သလို ကြေးမျှင်သေးသေးလေးတွေ စုစည်းထားတဲ့ Stranded Wire လည်း ဖြစ်နိုင်ပါတယ်။ Wire ရဲ့ အပြင်ဘက်မှာ လျှပ်စစ်ရှော့ခ်မဖြစ်အောင် PVC သို့မဟုတ် အခြား လျှပ်ကာပစ္စည်း (Insulation Material) တွေ ဖုံးအုပ်ထားတတ်ပါတယ်။ အချို့ Wire တွေမှာတော့ Insulation မပါဘဲ ဗြောင်လျှပ်ကူကြိုး (Bare Conductor) အဖြစ် အသုံးပြုတာလည်း ရှိပါတယ်။

Wire တွေကို အိမ်တွင်းလျှပ်စစ် Wiring, Lighting Circuit, Switch နဲ့ Socket ချိတ်ဆက်ခြင်း၊ Distribution Board အတွင်း Wiring နဲ့ Electronic ပစ္စည်းတွေရဲ့ Internal Wiring စတဲ့နေရာတွေမှာ အသုံးများပါတယ်။

Cable ဆိုတာကတော့ Conductor တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ Conductor တွေကို Insulation နဲ့ ကာကွယ်ပြီး လိုအပ်ပါက အပြင်ဘက်မှာ Common Protective Sheath သို့မဟုတ် Jacket ထပ်မံဖုံးအုပ်ထားတဲ့ လျှပ်စစ်ကြိုးဖြစ်ပါတယ်။ ဥပမာ 2-Core Cable မှာ Conductor နှစ်ခု၊ 3-Core Cable မှာ Conductor သုံးခု၊ 4-Core Cable မှာ Conductor လေးခု ပါဝင်နိုင်ပါတယ်။ Conductor တစ်ခုချင်းစီမှာလည်း ကိုယ်ပိုင် Insulation ရှိနိုင်ပြီး အားလုံးကို အပြင်ဘက် Sheath က ထပ်မံကာကွယ်ပေးပါတယ်။

Cable တွေကို အိမ်အတွင်းနဲ့ အဆောက်အအုံ Wiring တွေအပြင် Outdoor Wiring, Underground Wiring, Industrial Electrical Installation, Motor, Machinery, Solar PV System နဲ့ Power Distribution စတဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။ အသုံးပြုမယ့်နေရာအလိုက် Cable ရဲ့ Core အရေအတွက်၊ Conductor Size, Insulation Type နဲ့ Protective Sheath အမျိုးအစားတွေ ကွဲပြားနိုင်ပါတယ်။

အလွယ်ဆုံးမှတ်ရမယ်ဆိုရင် Wire က လျှပ်စစ်စီးဆင်းစေတဲ့ Conductor ကို အဓိကပြောတာဖြစ်ပြီး Cable က Conductor တွေကို Insulation နဲ့ Protective Sheath တွေ အသုံးပြုပြီး လျှပ်စစ်စနစ်အတွက် အသင့်အသုံးပြုနိုင်အောင် စုစည်းထားတဲ့ ကြိုးအမျိုးအစားလို့ နားလည်နိုင်ပါတယ်။

တစ်ခုသတိထားရမှာက Cable ဆိုတာ မဖြစ်မနေ Conductor နှစ်ခုအထက် ပါရမယ်လို့ မဆိုလိုပါဘူး။ လက်တွေ့ Electrical Standards နဲ့ Industry Usage တွေမှာ Single-Core Cable လည်း ရှိပါတယ်။ ဒါကြောင့် Wire နဲ့ Cable ကို ခွဲတဲ့အခါ Core အရေအတွက်တစ်ခုတည်းနဲ့ မခွဲဘဲ Construction, Insulation, Sheath နဲ့ အသုံးပြုတဲ့ Application တွေကိုပါ ထည့်စဉ်းစားရပါတယ်။

📩 လျှောက်ထားရန် — BSSDC Page Messenger

📞 Phone — 09 5155373
🌐 FEG Website — www.fegedumm.com

🏠 သင်တန်းကျောင်းလိပ်စာ
၃၈ လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

𝐒𝐨𝐥𝐚𝐫 & 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 𝟐𝟎𝟐𝟔⚡ Solar & Electrical နည်းပညာကို အခြေခံမှ Professional Level အထိ လေ့...
11/09/2026

𝐒𝐨𝐥𝐚𝐫 & 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 𝟐𝟎𝟐𝟔

⚡ Solar & Electrical နည်းပညာကို အခြေခံမှ Professional Level အထိ လေ့လာနိုင်မည့် 100% Scholarship Training Programs

Solar Installation နဲ့ Electrical Wiring နည်းပညာကို အခြေခံမှစတင်လေ့လာလိုသူများအတွက်လည်းကောင်း၊ Solar လုပ်ငန်းခွင်အတွေ့အကြုံရှိပြီး Commercial & Industrစာial (C&I) Solar PV + ESS ပိုင်းကို Professional Level အထိ တိုးမြှင့်လေ့လာလိုသူများအတွက်လည်းကောင်း 100% Scholarship ဖြင့် အခမဲ့တက်ရောက်နိုင်မည့် Training Programs များကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

🔰 PROGRAM 1

Electrical Wiring & Solar Installation Training

100% Scholarship Program

Electrical Wiring & Solar Installation နည်းပညာကို စာတွေ့ + လက်တွေ့ အခြေခံမှစ၍ လေ့လာပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် ရည်ရွယ်ထားသော Vocational Training Program ဖြစ်ပါသည်။

📍 ရန်ကုန် – ၂ လသင်တန်း

🛑 သင်တန်းကာလ – ၂ လ
🕘 အချိန် – မနက် ၉:၀၀ မှ ညနေ ၄:၀၀
📅 တစ်ပတ် ၆ ရက် – တနင်္လာမှ စနေ
🎂 အသက် – ၁၈ နှစ်မှ ၃၅ နှစ်
🚀 စတင်မည့်ရက် – 21 September 2026

📍 မန္တလေး – ၁ လသင်တန်း

🛑 သင်တန်းကာလ – ၁ လ
🕘 အချိန် – မနက် ၉:၀၀ မှ ညနေ ၄:၀၀
📅 တစ်ပတ် ၆ ရက် – တနင်္လာမှ စနေ
🎂 အသက် – ၁၈ နှစ်မှ ၃၅ နှစ်
🚀 စတင်မည့်ရက် – 21 September 2026

📚 အဓိကသင်ယူရမည့်အကြောင်းအရာများ

✅ Electrical Wiring Fundamentals
✅ Electrical Installation Practice
✅ Electrical Safety
✅ Wiring System & Installation Methods
✅ Solar PV Fundamentals
✅ Solar Installation
✅ PV Components & System Configuration
✅ Solar System Installation Practice
✅ Testing & Basic Troubleshooting
✅ လုပ်ငန်းခွင်အသုံးချ လက်တွေ့လေ့ကျင့်မှု

🎯 သင်တန်းပြီးဆုံးသူများအတွက်

သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအတွက် -

🎯 OJT (On-the-Job Training) ဆင်းနိုင်ရန် ချိတ်ဆက်ပေးခြင်း
🎯 အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရန် ချိတ်ဆက်ပံ့ပိုးခြင်း
🎯 NSSA Level 1 & Level 2 ဖြေဆိုနိုင်ရန် ပံ့ပိုးခြင်း
🎯 သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး လုပ်ငန်းအတွေ့အကြုံရှိသူများအတွက် EI လက်မှတ်ရရှိနိုင်ရန် ပံ့ပိုးကူညီခြင်း

🚀 PROGRAM 2

Advanced C&I Solar PV + ESS

Applied Professional Course

1st Batch – 100% Scholarship Program

Solar Installation အခြေခံရှိပြီး လုပ်ငန်းခွင်လက်တွေ့အတွေ့အကြုံရှိသူများအတွက် Commercial & Industrial (C&I) Solar PV + ESS ပိုင်းကို အင်ဂျင်နီယာအမြင်ဖြင့် ပိုမိုနက်ရှိုင်းစွာ လေ့လာနိုင်မည့် 72 Hours Applied Professional Training ဖြစ်ပါသည်။

📅 စတင်မည့်ရက် – 21 September 2026
📍 နေရာ – မန္တလေးမြို့
⏰ အချိန် – မနက် ၉:၀၀ မှ ညနေ ၄:၀၀
⏱️ Teaching Hours – 72 Hours / 12 Days
🎂 အသက် – ၁၈ နှစ်မှ ၃၅ နှစ်
🎓 Batch – 1st Batch
💰 သင်တန်းကြေး – အခမဲ့ / 100% Scholarship

📚 Advanced C&I Course Modules

တပ်ဆင်ရုံသာမန် Installation Level ထက်ကျော်လွန်ပြီး C&I Project Engineering & Complete Project Lifecycle ကို Applied & Practical Approach ဖြင့် လေ့လာသွားမည်ဖြစ်ပါသည်။

✅ Solar PV System Fundamentals & On-Grid PV System
✅ C&I Site Survey & Load Assessment
✅ Energy Analysis & Load Profile Evaluation
✅ Advanced C&I PV System Design
✅ PV Electrical Design, SLD & Protection Coordination
✅ Solar BOQ, Quotation & Technical Proposal Preparation
✅ C&I PV Installation & QA/QC
✅ Testing & Commissioning
✅ ESS Technology & PV + ESS Architecture
✅ ESS Sizing & Energy Management System (EMS)
✅ C&I Solar Project Management, HSE, Handover & O&M
✅ Integrated C&I PV + ESS Project – Site Practical & Capstone

👨‍🏫 Professional Trainers

သင်တန်းများကို သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် လုပ်ငန်းခွင်လက်တွေ့အတွေ့အကြုံရှိသည့် Industry Professionals နှင့် Technical Trainers / Doctor-level Technical Experts များက သက်ဆိုင်ရာ Specialization အလိုက် သင်ကြားပေးသွားမည်ဖြစ်ပါသည်။

စာတွေ့သဘောတရားကိုသာမက -

Design → Site Assessment → Installation → Testing & Commissioning → ESS → Handover

အထိ လုပ်ငန်းခွင်တွင် အသုံးချနိုင်ရန် အလေးထားသင်ကြားပေးသွားမည်ဖြစ်ပါသည်။

🎯 Advanced C&I Course အတွက် Eligibility

အောက်ပါအရည်အချင်းရှိသူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည် -

☀️ Solar Installation သင်တန်း တက်ရောက်ဖူးသူများ
☀️ Solar လုပ်ငန်းခွင်အတွေ့အကြုံရှိသူများ
☀️ Solar Installation / Technical ပိုင်းတွင် လုပ်ကိုင်နေသူများ
☀️ C&I Solar Project ပိုင်းကို စနစ်တကျ တိုးချဲ့လေ့လာလိုသူများ
☀️ Solar System Design, Installation နှင့် Project Management ကို Professional Level အထိ တက်လှမ်းလိုသူများ

🌱 Advanced C&I Course မှ ရရှိမည့် Benefits

1️⃣ C&I Solar Architecture ကို နားလည်လာမည်

Commercial & Industrial Solar System များ၏ Electrical Architecture, Energy Flow နှင့် Grid Integration ကို နက်ရှိုင်းစွာ လေ့လာနိုင်မည်။

2️⃣ Site Survey & Load Assessment Skill တိုးတက်မည်

Site စစ်ဆေးခြင်း၊ SLD လေ့လာခြင်း၊ Load Profile နှင့် Energy Consumption များကို ခွဲခြမ်းစိတ်ဖြာနိုင်မည်။

3️⃣ Engineering PV Design Skill ရရှိမည်

PV Module Datasheet, String Configuration, Inverter Selection, DC/AC Ratio နှင့် Energy Yield စသည့် Design Concepts များကို လက်တွေ့အသုံးချနိုင်မည်။

4️⃣ Electrical Design & Protection ကို နားလည်မည်

AC/DC Protection, Grid Interconnection, SLD နှင့် Earthing/Grounding System များကို Project Engineering အမြင်ဖြင့် လေ့လာနိုင်မည်။

5️⃣ BOQ & Technical Proposal ပြင်ဆင်နိုင်မည်

Engineering data အပေါ်အခြေခံပြီး BOQ, Cost Estimation နှင့် Technical Proposal များကို ပြင်ဆင်နိုင်မည်။

6️⃣ PV + ESS ကို Professional Level ဖြင့် လေ့လာနိုင်မည်

ESS Technology, AC/DC-Coupled Architecture, Battery Sizing နှင့် EMS Concept များကို C&I application နှင့် ချိတ်ဆက်လေ့လာနိုင်မည်။

7️⃣ Complete Solar Project Lifecycle ကို နားလည်မည်

Site Survey → Design → BOQ → Installation → QA/QC → Testing & Commissioning → ESS → Handover → O&M

အထိ Project တစ်ခုလုံးကို ချိတ်ဆက်စဉ်းစားနိုင်မည်။

8️⃣ Project-Based Learning

သင်တန်းတစ်လျှောက် Common C&I Project Case Study တစ်ခုကို အခြေခံပြီး Module တစ်ခုချင်းစီမှ ရရှိသော Technical Output များကို ဆက်လက်အသုံးပြုကာ Project တစ်ခုလုံးကို တည်ဆောက်လေ့ကျင့်နိုင်မည်။

🌟 ဘယ် Program ကို တက်သင့်လဲ?

🌱 Solar & Electrical ပိုင်းကို အခြေခံမှ စတင်လိုသူများ

➡️ Electrical Wiring & Solar Installation Training

☀️ Solar Installation အခြေခံရှိပြီး လုပ်ငန်းခွင်အတွေ့အကြုံရှိသူများ

➡️ Advanced C&I Solar PV + ESS Applied Professional Course

🚀 ရည်မှန်းချက်က Solar Installer ကနေ C&I Solar Professional အဖြစ် တိုးတက်လိုသူများ

➡️ Foundation → Advanced C&I Professional Pathway ကို ဆက်လက်လေ့လာနိုင်ပါသည်။

🎓 100% SCHOLARSHIP PROGRAM

အရွေးချယ်ခံရသူများအနေဖြင့် သင်တန်းကြေး လုံးဝအခမဲ့ ဖြင့် တက်ရောက်နိုင်မည်ဖြစ်ပါသည်။

သင်တန်းကို အဆုံးအထိ တက်ရောက်ပြီး သင်ယူတတ်မြောက်ခဲ့သော ပညာရပ်များဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်လိုသူများကို ဦးစားပေးရွေးချယ်မည်ဖြစ်ပါသည်။

🎗️ လူတိုင်းပါဝင်နိုင်သော Inclusive Training Program ဖြစ်ပြီး လိင်၊ မိသားစုအသိုင်းအဝိုင်း၊ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ မသန်စွမ်းမှု သို့မဟုတ် မည်သည့်နယ်ပယ်မှ ဖြစ်သည်ဖြစ်စေ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။

📩 လျှောက်ထားရန်နှင့် အသေးစိတ်စုံစမ်းရန်

သင်တန်းတက်ရောက်လိုသူများအနေဖြင့် BSSDC Page Messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်း၍ လျှောက်ထားနိုင်ပါသည်။

🏢 FEG Vocational Institute

🌐 FEG Website: www.fegedumm.com
📞 Phone: 09 5155373

📍 Training Locations: Yangon & Mandalay
📅 Starting Date: 21 September 2026

⚡ Learn Skills. Build Careers. Power a Greener Future. 🌱

















𝗔𝗱𝘃𝗮𝗻𝗰𝗲𝗱 𝗖&𝗜 𝗦𝗼𝗹𝗮𝗿 𝗣𝗩 + 𝗘𝗦𝗦 𝗔𝗽𝗽𝗹𝗶𝗲𝗱 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗖𝗼𝘂𝗿𝘀𝗲(𝟏𝐬𝐭 𝐁𝐚𝐭𝐜𝐡 – 𝟏𝟎𝟎% 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦)​Solar Installation အခြေခံရ...
08/09/2026

𝗔𝗱𝘃𝗮𝗻𝗰𝗲𝗱 𝗖&𝗜 𝗦𝗼𝗹𝗮𝗿 𝗣𝗩 + 𝗘𝗦𝗦 𝗔𝗽𝗽𝗹𝗶𝗲𝗱 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗖𝗼𝘂𝗿𝘀𝗲
(𝟏𝐬𝐭 𝐁𝐚𝐭𝐜𝐡 – 𝟏𝟎𝟎% 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦)

​Solar Installation အခြေခံရှိပြီး လုပ်ငန်းခွင်လက်တွေ့လုပ်ကိုင်နေသူများအတွက် Commercial & Industrial (C&I) Solar PV + ESS ပိုင်းကို အင်ဂျင်နီယာအမြင်ဖြင့် ပိုမိုနက်ရှိုင်းစွာ လေ့လာနိုင်မည့် Advance Solar သင်တန်းကို အခမဲ့ (Scholarship) အစီအစဉ်ဖြင့် ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။

​သင်တန်းအချက်အလက်များ

​📅 စတင်မည့်ရက် – 21 September 2026
​📍 နေရာ – မန္တလေးမြို့ (Mandalay)
​⏰ အချိန် – နံနက် ၉:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီအထိ
​⏱️ သင်ကြားချိန် – 72 Hours (12 Days)
🎂 အသက် – ၁၈ မှ ၃၅
​🎓 အပတ်စဉ် – Batch 1
​💰 သင်တန်းကြေး – အခမဲ့ (Scholarship Program)

​ဘာတွေသင်ယူရမလဲ? (Course Modules)

​တပ်ဆင်ရုံ သာမန် Installation Level ထက်ကျော်လွန်ပြီး C&I Project Engineering & Lifecycle တစ်ခုလုံးကို Applied & Practical Approach ဖြင့် လေ့လာသွားရပါမည် —

✅ ​Solar PV System Fundamentals & On-Grid PV System
✅ ​C&I Site Survey & Load Assessment
✅ ​Energy Analysis & Load Profile Evaluation
✅ ​Advanced C&I PV System Design
✅ ​PV Electrical Design, SLD & Protection Coordination
✅ ​Solar BOQ, Quotation & Technical Proposal Preparation
✅ ​C&I PV Installation & QA/QC Standards
✅ ​Testing & Commissioning Protocols
✅ ​ESS Technology & PV + ESS Architecture
✅ ​ESS Sizing & Energy Management System (EMS)
✅ ​C&I Solar Project Management, HSE, Handover & O&M
✅ ​Integrated C&I PV + ESS Project (Site Practical & Capstone)

​သင်ကြားပေးမည့် ဆရာများ

​သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် လုပ်ငန်းခွင်လက်တွေ့အတွေ့အကြုံ ရင့်ကျက်သည့် Industry Professionals များနှင့် Technical Trainer များက Specialization အလိုက် စနစ်တကျ သင်ကြားပေးမည်ဖြစ်ပါသည်။

​သဘောတရားမျှသာမက Project တစ်ခုကို Design စဉ်းစားခြင်းမှသည် Installation → Testing → Handover အထိ လုပ်ငန်းခွင်လက်တွေ့ အသုံးချနိုင်ရေးကို ဦးတည်လေ့ကျင့်ပေးသွားပါမည်။

​တက်ရောက်ရန် သင့်တော်သူများ (Eligibility)

​အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများကို ဦးစားပေး ရွေးချယ်သွားပါမည် —

☀️ ​Solar Installation သင်တန်း တက်ရောက်ဖူးသူများ
☀️ ​Solar လုပ်ငန်းခွင် အတွေ့အကြုံရှိသူများ (သို့မဟုတ်) Technical ပိုင်း လုပ်ကိုင်နေသူများ
☀️ ​C&I Solar Project ပိုင်းကို စနစ်တကျ တိုးချဲ့လေ့လာလိုသူများ
☀️ ​Solar System Design, Installation နှင့် Project Management ကို Professional Level အထိ တက်လှမ်းလိုသူများ

​သင်တန်းမှ ရရှိမည့် အကျိုးကျေးဇူးများ

1️⃣ ​𝐂&𝐈 𝐒𝐨𝐥𝐚𝐫 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐞 ကို နက်ရှိုင်းစွာ နားလည်ခြင်း –
Residential ထက် ရှုပ်ထွေးသော Commercial & Industrial စနစ်များ၏ Electrical System နှင့် Energy Flow ကို သုံးသပ်တတ်လာမည်။

2️⃣ ​𝐒𝐢𝐭𝐞 𝐒𝐮𝐫𝐯𝐞𝐲 & 𝐋𝐨𝐚𝐝 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 ကျွမ်းကျင်မှု –
Site စစ်ဆေးခြင်း၊ Single Line Diagram (SLD) လေ့လာခြင်းနှင့် Load Profile/Energy Consumption ခွဲခြမ်းစိတ်ဖြာမှုကို တိကျစွာ ဆောင်ရွက်နိုင်မည်။

3️⃣ ​𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐏𝐕 𝐃𝐞𝐬𝐢𝐠𝐧 စွမ်းရည် –
PV Module Datasheet သုံးသပ်ခြင်း၊ String Configuration၊ Inverter Selection, DC/AC Ratio တွက်ချက်ခြင်းနှင့် Energy Yield စသည့် Design Concepts များကို ကျွမ်းကျင်လာမည်။

4️⃣ ​𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥 𝐒𝐚𝐟𝐞𝐭𝐲 & 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 –
AC/DC Protection, Grid Interconnection နှင့် Earthing/Grounding System များကို ဘေးကင်းလုံခြုံစွာ ရေးဆွဲတပ်ဆင်တတ်မည်။

5️⃣ ​𝐁𝐎𝐐 & 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐏𝐫𝐨𝐩𝐨𝐬𝐚𝐥 – Engineering data အပေါ် အခြေခံသည့် တိကျခိုင်မာသော BOQ, Cost Estimation နှင့် Technical Proposal များ ပြင်ဆင်နိုင်မည်။

6️⃣ ​𝐏𝐕 + 𝐄𝐒𝐒 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐞 & 𝐒𝐢𝐳𝐢𝐧𝐠 – Battery Energy Storage System (ESS), AC/DC-Coupled Architecture, Battery Sizing နှင့် EMS အယူအဆများကို ပိုင်နိုင်စွာ နားလည်မည်။

7️⃣ ​𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐋𝐢𝐟𝐞𝐜𝐲𝐜𝐥𝐞 ချိတ်ဆက်နိုင်ခြင်း – Survey မှသည် Handover & O&M အထိ အဆင့်တိုင်းကို စနစ်တကျ ချိတ်ဆက် စီမံနိုင်မည်။

8️⃣ ​𝐏𝐫𝐨𝐣𝐞𝐜𝐭-𝐁𝐚𝐬𝐞𝐝 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 –
စာသင်ခန်းတွင်း သင်ယူမှုတစ်ခုစီ၏ Technical Output များကို အခြေခံကာ Project Case Study တစ်ခုလုံး ပြီးမြောက်အောင် ကိုယ်တိုင်ရေးဆွဲ လေ့ကျင့်ခွင့်ရမည်။

​🚀 Solar Installer မှသည် C&I Solar Professional အဖြစ်သို့ အဆင့်မြှင့်တင်လိုသူများအတွက် လက်လွတ်မခံသင့်သည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။

​📌 လျှောက်ထားရန်နှင့် အသေးစိတ်စုံစမ်းရန်

သင်တန်း လျှောက်ထားလိုသူများသည် Page Messenger မှတစ်ဆင့် အသေးစိတ် အချက်အလက်များကို ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞

🌐 FEG website - www.fegedumm.com

☎️ 09 5155373

​

🎓 အခမဲ့ Electrical Wiring & Solar သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း⚡ Electrical Wiring & Solar နည်းပညာကို စာတွေ့ + လက်...
07/09/2026

🎓 အခမဲ့ Electrical Wiring & Solar သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း

⚡ Electrical Wiring & Solar နည်းပညာကို စာတွေ့ + လက်တွေ့ အပြည့်အဝ လေ့လာပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိနိုင်ရန် 100% Scholarship ဖြင့် အခမဲ့တက်ရောက်နိုင်မည့် သင်တန်းသား/သူများကို လျှောက်လွှာခေါ်ယူနေပါပြီ။

📍 ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်မည့်

📍 ရန်ကုန် — ၂ လသင်တန်း
🛑 သင်တန်းကာလ — ၂ လ
🕘 အချိန် — မနက် ၉:၀၀ မှ ညနေ ၄:၀၀
(တစ်နေ့ သင်ကြားချိန် ၆ နာရီ)
📅 နေ့ရက် — တနင်္လာမှ စနေ
(တစ်ပတ် ၆ ရက်)
🎂 အသက် — ၁၈ နှစ်မှ ၃၅ နှစ်
🚀 သင်တန်းစမည့်ရက် — ၂၁.၉.၂၀၂၆

📍 မန္တလေး — ၁ လသင်တန်း
🛑 သင်တန်းကာလ — ၁ လ
🕘 အချိန် — မနက် ၉:၀၀ မှ ညနေ ၄:၀၀
(တစ်နေ့ သင်ကြားချိန် ၆ နာရီ)
📅 နေ့ရက် — တနင်္လာမှ စနေ
(တစ်ပတ် ၆ ရက်)
🎂 အသက် — ၁၈ နှစ်မှ ၃၅ နှစ်
🚀 သင်တန်းစမည့်ရက် — ၂၁.၉.၂၀၂၆

💥 100% Scholarship 💥
အရွေးချယ်ခံရသူများအနေဖြင့် သင်တန်းကြေး လုံးဝအခမဲ့ဖြင့် တက်ရောက်နိုင်မည်ဖြစ်ပါသည်။

📩 လျှောက်ထားလိုသူများအနေဖြင့် BSSDC Page Messenger မှတစ်ဆင့် စာရင်းသွင်းလျှောက်ထားနိုင်ပါသည်။

📌 သင်တန်းသားများအတွက် အရေးကြီးသော သတ်မှတ်ချက်များ
♦️ သင်တန်းကို အဆုံးအထိ ပြီးမြောက်အောင် တက်ရောက်နိုင်ရမည်။
♦️ သင်တန်းပြီးဆုံးပါက သင်ယူတတ်မြောက်ခဲ့သော ပညာရပ်ဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်လိုသူများကို ဦးစားပေးရွေးချယ်မည် ဖြစ်ပါသည်။

🎗️ အားလုံးပါဝင်နိုင်သော သင်တန်းအစီအစဉ် ဖြစ်ပြီး လိင်၊ မိသားစုအသိုင်းအဝိုင်း၊ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ မသန်စွမ်းမှု သို့မဟုတ် မည်သည့်နယ်ပယ်မှ ဖြစ်သည်ဖြစ်စေ အားလုံး လျှောက်ထားပါဝင်ခွင့်ရှိပါသည်။ 🎗️

✅ သင်တန်းပြီးဆုံးသူများအတွက် အခမဲ့ဝန်ဆောင်မှုများ

🎯 OJT (On-the-Job Training) ဆင်းနိုင်ရန် နှင့် အလုပ်အကိုင်ရရှိနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း
🎯 NSSA Level 1 & Level 2 ဖြေဆိုနိုင်ရန် ပံ့ပိုးဆောင်ရွက်ပေးခြင်း
🎯 သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး လုပ်ငန်းအတွေ့အကြုံရှိသူများအတွက် EI လက်မှတ်ရရှိနိုင်ရန် ပံ့ပိုးကူညီပေးခြင်း

⚡ Electrical Wiring & Solar နည်းပညာကို လက်တွေ့ကျကျ သင်ယူပြီး အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို စတင်လိုက်ပါ!

📩 လျှောက်ထားရန် — BSSDC Page Messenger

📞 Phone — 09 5155373
🌐 FEG Website — www.fegedumm.com

🏠 သင်တန်းကျောင်းလိပ်စာ
၃၈ လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။






#အခမဲ့သင်တန်း
#စာတွေ့လက်တွေ့






09/05/2026
"ကမ္ဘာ့အလုပ်သမားနေ့"အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်ပြီး အစိုးရရုံးများ၊ အလုပ်ရုံများ၊ ဈေးဆိုင်ကန္နားများကို ပိတ်၍ အလုပ်...
01/05/2026

"ကမ္ဘာ့အလုပ်သမားနေ့"

အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်ပြီး အစိုးရရုံးများ၊ အလုပ်ရုံများ၊ ဈေးဆိုင်ကန္နားများကို ပိတ်၍ အလုပ်သမားများ၏ အင်အားပြပွဲများ၊ စီတန်းလမ်းလျှောက်ပွဲများ စသည့် အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပလေ့ရှိသည်။
ဆွီဒင်နိုင်ငံ လက်ဝဲပါတီက ၂၀၀၆ ခုနှစ် စတော့ဟုမ်းမြို့တွင် ပြုလုပ်သော အလုပ်သမားနေ့ ဆန္ဒပြပွဲ
မေဒေးခေါ် အလုပ်သမားနေ့သည် ကမ္ဘာ့အလုပ်သမား လူတန်းစားများအဖို့ နိုင်ငံရေး သဘောတရားအရ လွန်စွာအရေးပါသော နေ့ကြီးဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားအား ဖိနှိပ်ချုပ်ချယ်ခဲ့သော အရင်းရှင်စနစ်ကို တော်လှန်၍ အလုပ်သမားတို့၏ ဘဝသစ် တည်ဆောက်ရန် အလုပ်သမားများ သွေးစည်းလိုက်သည့်နေ့ဟု ဆိုထိုက်ပေသည်။
မေဒေးပေါ်ပေါက်လာအောင် ဖန်တီးလိုက်သော အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ပဋိပက္ခမှုမှာ ၁၉ ရာစုဆန်းစမှစ၍ အမေရိကန်ပြည်ထောင်စုတွင် နိဒါန်းပျိုးခဲ့သည်။ ထိုခေတ်က အလုပ်သမားများမှာ နေထွက်မှနေဝင် တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ အထိ ပင်ပန်းကြီးစွာ အလုပ်ရုံ၊ စက်ရုံများတွင် အလုပ်ဆင်းကြရသည်။ မည်မျှပင်ပန်းကြီးစွာ လုပ်ကိုင်စေကာမူ သူတို့၏ ဘဝမှာ များစွာအောက်ကျ၍ လူစဉ်မမှီချေ။ သူတို့၏ နေရေး၊ ထိုင်ရေးနှင့် ကျန်းမာရေးမှာ များစွာ အဆင့်အတန်း နိမ့်ကျခဲ့သည်။
ဤကဲ့သို့ အလုပ်သမားတို့၏ ဘဝဆိုးကို မျက်ဝါးထင်ထင် ရင်ဆိုင်ရသော အလုပ်သမား ခေါင်းဆောင်များသည် အလုပ်သမားများ သက်သာချောင်ချိစေရန် အလုပ်ရှင်များထံ အရေးဆိုကြသည်။
၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင်များသည် တစ်နေ့လျှင် အလုပ်ချိန် ၁၀ နာရီသာ ကန့်သတ်ထားရန် တောင်းဆိုကြသည်။ သို့သော် အလုပ်ရှင်များက အလွယ်တကူ မလိုက်လျောခဲ့ပေ။ အလုပ်ချိန် လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်သော အလုပ်သမားများ ဖမ်းဆီးနှိပ်ကွပ်ခြင်း ခံရလေသည်။ အလုပ်သမား အင်အားစုများကလည်း အလျော့မပေးဘဲ ဆက်လက်ကြိုးပမ်းကြသည်။ ထိုအချိန်မှစ၍ အလုပ်သမားတို့၏ တိုက်ပွဲသည် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဩစတြေးလျတိုက်သို့ပင် ကူးစက်သွားသည်။
၁၈၈၄ ခုနှစ်တွင် အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံ၌ ၁၈၈၆ ခု မေလ ၁ ရက်နေ့မှစ၍ တစ်နေ့လျှင် ၈ နာရီသာ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်၏။ အလုပ်သမား အဖွဲ့ခွဲများသို့လည်း ထိုဆုံးဖြတ်ချက်အတိုင်း အောင်မြင်သည်အထိ တိုက်ပွဲဝင်ကြရန် ညွှန်ကြားချက်များ ပေးပို့လေသည်။ အလုပ်သမားပေါင်း များစွာတို့သည် ဤညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြရာ တစ်ဖက်မှ အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံရသည်။ အချို့မှာ အလုပ်မှ ထုတ်ပစ်ခြင်း ခံရသည်။ အချို့မှာ ထောင်ကျ၍ သေကြေပျက်စီးသူများလည်း မနည်းချေ။ နောက်ဆုံးတွင် အလုပ်သမားများ၏ အရေးမှာ အောင်မြင်သွားလေသည်။
၁၈၈၉ ခုနှစ် ပါရီမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တို့၏ ဒုတိယညီလာခံက မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့ဟု သတ်မှတ်ပေးလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ နှစ်စဉ် မေလ ၁ ရက်နေ့တိုင်းတွင် အလုပ်သမား ခေါင်းဆောင်အသီးသီးတို့က အလုပ်သမားအရေးများကို ဟောပြောခြင်း စသည့် အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။
ကမ္ဘာ့အလုပ်သမားနေ့တွင် အလုပ်သမားများ အားလုံးသည် လုပ်ခပြည့်နှင့် အားလပ်ခွင့်ရကြသည်။ ယခုအခါ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာ၌ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားလေသည်။

📚 Source: Wikipedia (မြန်မာ)

🆗 သင်တန်းများကို စိတ်ဝင်စားလို့ အသေးစိတ်သိရှိလိုတယ်၊ သင်တန်းအပ်နှံလိုတယ်ဆိုရင်တော့...🆗

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.fegedumm.com

📩 Email [email protected]

☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓

🏠 𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။



& Guilds


🎉 100% သင်တန်းကြေးအခမဲ့🎓 Future Technical Experts Programမန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အလုပ်အကိုင်အခွင့်အလမ်းများ ...
16/02/2026

🎉 100% သင်တန်းကြေးအခမဲ့

🎓 Future Technical Experts Program

မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အလုပ်အကိုင်အခွင့်အလမ်းများ မြင့်မားစေရန် ရည်ရွယ်၍ Technical Skills သင်တန်း ၃ ခုကို ဖွင့်လှစ်ပါမည်။

⚡ 𝗦𝗼𝗹𝗮𝗿 𝗜𝗻𝘀𝘁𝗮𝗹𝗹𝗮𝘁𝗶𝗼𝗻 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴
💡 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰𝗮𝗹 𝗪𝗶𝗿𝗶𝗻𝗴 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴
🔧 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗻𝗶𝗰 𝗥𝗲𝗽𝗮𝗶𝗿 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴

📚 သင်တန်းအချက်အလက်များ
🕘 သင်တန်းချိန် – မနက် ၉:၀၀ မှ ညနေ ၄:၀၀
📅 သင်တန်းကာလ – ၁ လ (၁၂၀ နာရီ)
🗓 စတင်မည့်ရက် – 3.3.2026

📌 သင်ကြားမှုအကြောင်းအရာများ -

✅ 70% Hands-on Practical Training
✅ Job-Oriented Skills
✅ Certificate Provided
✅ Solar Panel, Inverter & Battery Wiring
✅ House Wiring & Distribution Board Installation
✅ Basic Electronics & Circuit Board Repair
✅ Electrical Safety & Testing

🎯 သင်တန်းဆင်းများအတွက် အလုပ်အကိုင်ချိတ်ဆက် ဆောင်ရွက်ပေးပါသည်။

⚡ လျှပ်စစ်သင်တန်းဆင်းကျောင်းသားများအတွက် -

✅ NSSA ဖြေဆိုနိုင်ရန် အထူးလေ့ကျင့်ပေးခြင်း
✅ EI လက်မှတ်အတွက် Form တင်ပေးခြင်းနှင့် လမ်းညွှန်ဆောင်ရွက်ပေးခြင်း

🎉 100% Scholarship Available (နေရာအကန့်အသတ်ဖြင့်သာ)

📝 Interview ကျင်းပမည့်ရက် – 1.3.2026

📩 သင်တန်းတက်ရောက်လိုပါက Page Message မှ

👉 နာမည်
👉 ဖုန်းနံပါတ်
👉 လိပ်စာ ပေးပို့၍ စာရင်းသွင်းနိုင်ပါသည်။

📞 09765155373

Skill တက်ပြီး Certificate + Employment Pathway ကို တစ်ပြိုင်နက် ရယူလိုသူများအတွက် အကောင်းဆုံးအခွင့်အရေးပါ။
နေရာအကန့်အသတ်ရှိသဖြင့် အမြန်စာရင်းသွင်းလိုက်ပါ။

သင့်စိတ်ကူး အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ FEG Mandalay မှ သင့်ကို နွေးထွေးစွာ ကြိုဆိုနေပါတယ်။

"𝑩𝑼𝑰𝑳𝑫 𝒀𝑶𝑼𝑹 𝑭𝑼𝑻𝑼𝑹𝑬 𝑾𝑰𝑻𝑯 𝑭𝑬𝑮 𝑴𝑨𝑵𝑫𝑨𝑳𝑨𝒀"

သင်တန်းအပ်နှံရန် -

📞 09 765155373

FEG Mandalay သင်တန်းကျောင်းတည်ရှိရာ - 58 Ath street, Between (22A x 22B)Aungmyaytharsan Township, Mandalay








"အခမဲ့ Electrical Wiring & Solar သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း"🛑 ၂လသင်တန်းအချိန် - မနက် ၉နာရီမှ ညနေ ၄ နာရီ ( သင်ကြ...
11/02/2026

"အခမဲ့ Electrical Wiring & Solar သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း"

🛑 ၂လသင်တန်း

အချိန် - မနက် ၉နာရီမှ ညနေ ၄ နာရီ
( သင်ကြားချိန် ၆ နာရီ)
နေ့ - တနင်္လာမှ စနေ
(တစ်ပတ် ၆ ရက်)
သင်တန်းကာလ - ၂ လ
အသက် - ၁၆ နှစ်မှ ၃၅ နှစ်
သင်တန်းစမည့်ရက် - ၂၆.၂.၂၀၂၆

(ကျွမ်းကျင်တတ်မြောက်မှုအတွက် စစ်ဆေးအကဲဖြတ်မည်)

* သင်တန်းတက်ရောက်ခွင့်အတွက် လျှောက်ထားရန် *

https://docs.google.com/forms/d/e/1FAIpQLSfFCe9ZAPF4uDZ47IbV3Q7oGKOwpR4ZBCVJNt0EwnzSmWTGag/viewform?usp=dialog

➡️အောက်ပါ Link မှ Google form ဖြည့်၍ လျှောက်ထားနိုင်ပါသည်

💥အရွေးချယ်ခံရသူများ သင်တန်းကြေး လုံးဝ အခမဲ့ဖြင့် တက်ရောက်နိုင်ပါမည် 💥

မှတ်ချက်

♦️ သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရမည်
♦️ သင်တန်းပြီးဆုံးပါက သင်ယူတတ်မြောက်ခဲ့သော ပညာရပ်ဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့်သူများကို ဦးစားပေးရွေးချယ်ပါမည်။

🎗️ ဤသင်တန်းအား မည်သူမဆို၊ လိင်၊ မိသားစုအသိုင်းအဝိုင်း၊ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ မသန်စွမ်းနှင့် မည်သည့်နယ်ပယ်မှ မည်သူမဆို အားလုံးပူးပေါင်းပါဝင်ခွင့်ရှိပါသည် 🎗️

✅ သင်တန်းဆင်းများအတွက် အခမဲ့ဝန်ဆောင်မှုများ -

OJT ဆင်းနိုင်ရန်နှင့် အလုပ်အကိုင်ရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ 𝐍𝐒𝐒𝐀 𝐋𝐞𝐯𝐞𝐥 𝟏, 𝐍𝐒𝐒𝐀 𝐋𝐞𝐯𝐞𝐥 𝟐 ဖြေဆိုနိုင်ရန်ဆောင်ရွက်ပေးခြင်းနှင့် သတ်မှတ်ချက်ကိုက်ညီသည့် လုပ်ငန်းအတွေ့အကြုံရှိပြီးသူများကို EI လက်မှတ်ရရှိအောင် ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းအကြောင်း အသေးစိတ် သိလိုပါက....

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.fegedumm.com

☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓

🏠 သင်တန်းကျောင်းလိပ်စာ - ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။



#အခမဲ့သင်တန်း
#စာတွေ့လက်တွေ့

Address

ဒုတိယထပ်၊ ၃၈ လမ်းစျေးပလာဇာ၊ ဆိပ်ကမ်းသာလမ်း (အထက်)၊ ကျောက်တံတားမြို့နယ်
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Saturday 08:00 - 17:30
Sunday 08:00 - 17:30

Telephone

+959795926255

Alerts

Be the first to know and let us send you an email when BSSDC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BSSDC:

Shortcuts

Share