Zey Min Paing -ဇေမင်းပိုင် ဆောက်လုပ်ရေး

  • Home
  • Myanmar
  • Yangon
  • Zey Min Paing -ဇေမင်းပိုင် ဆောက်လုပ်ရေး

Zey Min Paing -ဇေမင်းပိုင် ဆောက်လုပ်ရေး 0% Down payment အတိုးမဲ့ အရစ်ကျ စနစ် ( ကနဦး စရံငွေ ပေးစရာ မလိုသော အတိုးမဲ့ အရစ်ကျစနစ်)

  အက်ကွဲကြောင်း မဖြစ်အောင်ဘယ်လိုလုပ်ရမလဲ========================Construction လောက မှာ Engineer တွေကို ဒေါက် အဖြုတ်ဆုံး က...
29/04/2024

အက်ကွဲကြောင်း မဖြစ်အောင်ဘယ်လိုလုပ်ရမလဲ
========================
Construction လောက မှာ Engineer တွေကို ဒေါက် အဖြုတ်ဆုံး က သူပေါ့ Plaster Crack လေ
တစ်ချို့ အိမ်ရှင်တွေ ဆို အိမ် အပ်ပြီ ဆိုတာနဲ့ အဲလို crack များ တွေ့ရင် အမလေး အိမ်က အခု မှ ဆောက် ပြီးတယ် အက်ကြောင်းတွေနဲ့ မနေရဲတော့ ဘူး ဘာညာ နဲ့ ဒါ က အပေါ် ရံ plaster ပဲ အက် တာ ဆိုတာ အာ ပေါက် မတတ် ပြော ရတယ် သူတို့ စိတ် ချ သွားအောင် ..
အဲဒီမှာတင် ပြဿနာ မပြီးဘူး.
အဲလို မအက် အောင် Engineer က လုပ် ရမှာပေါ့ ဆိုတော့
ဘိလပ်မြေကို က ကွဲအက်တတ်တဲ့ အမျိုး လေ

#ဘာကြောင့် Crack ပေါ် နိုင်လည်း?
ဘိလပ်မြေStrength ကျရင်လည်းဖြစ်နိုင်တယ်.
သဲက နုန်း ပါရင်လည်းဖြစ်နိုင်တယ်.
ရေ မသန့်လည်း ဖြစ်နိုင်တယ်.

ချောရမည့် အုတ်နံရံ ကို ရေ ၀ အောင် မလောင်း ရင်လည်း ဖြစ်နိုင်တယ်။အုတ်နံရံ ကိုရေမလောင်းတော့ plaster ချောတဲ့အခါ plaster ထဲကရေ ကို အုတ် က စုတ်ယူလိုက်ပါတယ်။ဘိလပ်မြေက သူStrength ရအောင် ဓာတ် မပြုရသေးဘူး လုံလောက်တဲ့ ရေ က မရှိတော့ဘူး။အဲတော့ အပူထွက်တာများ ပြီး ကွဲ တတ်ပါတယ်။

#နောက် တစ်ချက် က အုတ်ရိုးမှာ မပါမဖြစ် ပါ ရမည့် Stiffener ကျောက်ထုပ်ပါ။ သူက Concrete .....အုတ်ရိုးနဲ့ Material မတူဘူး ။ Material တွေရဲ့ Elastic Limit ကြောင့် ပဲ အဲဒီ Stiffener ရှိတဲ့ နေရာ အုတ်ရိုး နဲ့ သူ ထိတဲ့ တောက်လျှောက် မှာ Plaster Crack တွေပေါ်ပါတယ်။

#နောက် တစ်မျိုး က မီးပိုက်၊ရေပိုက်တွေ ကို အုတ်နံရံ ကို ခွဲ ပြီး ထည့် ခဲ့တာမျိူးတွေပေါ့။
သူ့ အပေါ်က Plaster ပိတ်တော့ လည်း Plaster Crack တွေ ပေါ် ပါတယ်။

တစ်ခါ တရံ မှာ Structure ကစား လို့ လည်း ပေါ် တတ်ပါတယ်။

တိုင် မှာ Plaster ချောရင် နည်း စနစ်မမှန် ရင်လည်း Crack ပေါ်တတ် ပါတယ်။

Plaster ချော ပြီး Curing မပေးရင်းလည်း Crack ပေါ်ပါတယ်။

နောက်ထပ် နောက်ထပ် အကြောင်းပေါင်း များစွာ ကြောင့် လည်း Plaster Crack ပေါ်ပါတယ်.

#အဆောက် အဦး အသစ်တွေမှာ အက်ကြောင်း တွေ ဖြစ်နိုင်တာ အကြောင်းအရာ တွေက တစ်ပုံ ကြီး လုံး၀ Crack မပေါ်အောင်တော့ လုပ်လို့ မရဘူး နည်းအောင် တော့ လုပ် လို့ ရပါတယ်။

1.ဘိလပ်မြေ Strength ကောင်းရန်.

2.သဲသန့်ရန် ( သဲကို ဇကာချ ၊ ရေဆေးရန် )

3.ရေ သန့်ရန်

4.Plaster မချောမှီ အုတ်ကိုရေဝအောင်လောင်းရန်

5. Stiffener ၊ RC Column၊ RC Beam ၊ တွေ အုပ်ရိုးနဲ့ ဆက်တဲ့ နေရာတွေမှာ .ရေပိုက်၊မီးပိုက် တွေနံရံကိုခွဲပြီး ပိုက် မြုပ်ပြီးရင် ပြန်ပိတ်တဲ့နေရာတွေမှာ.. Wire Mesh အုပ်ရန် (သို့မဟုတ်) ဂျာလီ ကပ်ရန်.

6.Plaster ထုကို သုံးမတ်ထက် ပိုထူပြီးမချောရန်.

7.Plaster ချောပြီး Curing လုပ်ရန်.

ဒါတွေကတော့ Site Engineer က Control လုပ်
နိုင်တာတွေပါ။ Structure ကစားလို့ ဖြစ်တာတော့ Control မလုပ်နိုင်ပါဘူး။

လေမခိုအောင်လို့ Plaster ချောမယ်၊အချောကိုင်တော့မယ်ဆိုရင်ဘာတွေ လုပ်ရမှာလဲ?

Plaster မချောခင် အုတ်နံရံမျက်နှာပြင်မှာ အုတ်မြောင်းကို လက်မ၀တ်ခန့် အနက်ထိ ခြစ်ထုတ်ပစ်ပြီးလျှင် သံဘရွတ်ဖြင့် အညစ်အကြေးများကို သန့်ရှင်းရေးလုပ်ပါ။

သန့်ရှင်းရေးလုပ်ပြီးသွားရင်တော့ အုတ်နံရံကို ရေဖြန်းပါ။အုတ်နံရံက မျက်နှာပြင်စိုစွတ်နေတဲ့ အချိန်မှာ Plaster ချောပါ။

ဘယ်လိုချောမှာလဲ?

နှာကြောင်းဖော်ပြီး မဆလာကို သံလျက်နဲ့ယူပြီး နှာကြောင်းတွေထဲ ဖိသိပ်ပေးရပါတယ်။

Plaster ချောတဲ့မျက်နှာပြင် ချောမွတ်နေအောင် ဗျက် သုံးလက်မ ရှိတဲ့ မျဉ်းတံနဲ့ တိုက်ညှိပေးရပါမယ်။ ဒါမှ မို့မောက်နေတဲ့ မဆလာတွေက နိမ့်တဲ့နေရာတွေကို ဖြည့်ပြီး၀င်သွားပါတယ်။

မျက်နှာပြင်တစ်ခုလုံးညီညာသွားပါက မျဉ်းတံစောင်းနဲ့ ခပ်ဆပ်ဆပ် ရိုက်ပေးရပြန်ပါတယ်။ ဒီလိုလုပ်တာကတော့ သရွတ် ကိုပိုပြီးသိပ်သည်းသွားစေပါတယ်။

အဲဒီနောက်တော့ သစ်သားလက်ပွတ်နဲ့ လက်ယာရစ်တိုက်ညှိပေးရပါတယ်။

လုပ်နေရင်းနဲ့ သရွတ်ကခြောက်ပြီးမာလာရင် လက်ပွတ်ကို မကြာခဏရေစွတ်ပြီး တိုက်ပေးရပါတယ်။

ချောမွေ့တဲ့ မျက်နှာပြင်ကို လိုချင်တယ်ဆိုရင်တော့ သစ်သားလက်ပွတ်နဲ့ ပွတ်ပြီးသားချောပြီးသားကို သံလက်ပွတ်နဲ့ ထပ်တိုက်ပေးလိုက်ပါ။

သာမန်မျက်နှာပြင်ပဲဆိုရင်တော့ အားလုံးပြီးသွားရင် မြက်တံမြက်စည်းလေးနဲ့ လှဲပေးပြီး လက်စသက်လို့ရပါတယ်။

Plaster အိပ်သွားရင် ( ၇ )ရက်ခန့် နေစဉ် ရေဖြန်းပါ။ တစ်နေ့ သုံးကြိမ်ပါ။

အပြင်နံရံ တွေ အတွက် ရာသီဥတုကပူလွန်းရင်တော့ အပူသက်သာစေဖို့ Plaster ချောပြီးပြီးရင် ဘိလပ်မြေအိပ်၊ ဒါမှ မဟုတ် အခြားအပူဒဏ်ကာကွယ်ပေးတဲ့ အရာတွေနဲ့ ဖုံးအုပ်တာတွေ ကာပေးတာတွေ လုပ်ရပါမယ်။

ဒီနေရာမှာ တစ်ခု သတိပေးချင်တာကတော့ သာမန် အုတ်နံရံတွေဆို ငါးမူးထုပဲ Plaster ချောကြတာများပါတယ်။ထုကို တိတိကျကျ လိုချင်ရင်တော့ အုတ်နံရံမျက်နှာပြင်မှာ ပါရာ တုံးလေးတွေ ကြိုပေးထားရင်တော့ ပိုကောင်းပါတယ်။

ပထမတန်းစား ကောင်းမွန်တဲ့ ကြာရှည်ခိုင်ခံတဲ့မျက်နှာပြင်ကို လိုချင်တယ်ဆိုရင်တော့ Plaster ကို အနည်းဆုံးနှစ်ထပ် ကျံပေးရပါတယ်။

၃/၈လက်မအထူ ရှိတဲ့ အောက်ခံသရွတ်ကိုရှေ့ဦးစွာ ကျံပြီး သူမအိပ်ခင်မှာ မျက်နှာပြင် ကြမ်းထားပေးရပါတယ်။

ပထမအလွှာအိပ်ပြီး ဒုတိယအလွှာ အုပ်တဲ့အခါ ပထမ အောက်ခံကိုရေဖြန်းပြီး ၃/၈လက်မအထူ ဒုတိယ အလွှာကို ထပ်တင်၊ထပ်ချောပေးရပါတယ်။

ယနေ့ခေတ်တွင်မည်သူမှ လိုက်မလုပ်သော နည်းဖြစ်နေပါတယ်။

လုပ်သည်ဖြစ်စေ။ မလုပ်သည်ဖြစ်စေ နည်းလမ်း အမှန်ကိုတော့ တင်ပေးလိုက်ပါတယ်။ပုံထဲမှာတော့သင့်တော်တဲ့Wire Mash ကိုသင့်တော်သလို
သုံးနိုင်ပါတယ်။


Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံးဖြစ်တာလား။===========================♦️Foundation ဆိုတာ အိမ်တစ်လုံး ဆောက်တဲ့ န...
29/04/2024

Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံးဖြစ်တာလား။

===========================

♦️Foundation ဆိုတာ အိမ်တစ်လုံး ဆောက်တဲ့ နေရာမှာ အခြေခံကျတဲ့ လုပ်ငန်းတစ်ခုပါပဲ။ အဆောက်အဦတစ်ခုကို တည်ငြိမ်နေအောင်၊ မြေကြီးထဲကို ကျွံဝင်နစ်မြုပ်ခြင်းမရှိအောင် ပင့်တင် ပံ့ပိုးပေးထားတာပါ။



♦️Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံး ဆောက်နိုင်တာလား ဆိုတဲ့ စကားကို ပြန်ကောက်ရရင်တော့ အဆောက်အဦတစ်ခုဆောက်ရာမှာ Foundation သည် အဓိကကျတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အရာရာက သူ့သဘောနဲ့သူ ဆက်စပ်နေတာ/ ပစ်ပယ်ထားလို့ မရတာ ဖြစ်တဲ့အတွက် အဲဒီ့အရာလေးတွေကိုလည်း ဗဟုသုတအနေနဲ့ အနည်းငယ်ဝေမျှပေးပါရစေ။



♦️Foundation ဘာညာ မချခင် Soil Test (မြေသားစစ်ဆေးခြင်း) လုပ်ငန်းဆိုတာ သုံးထပ်နဲ့အထက် အဆောက်အဦတွေမှာ မဖြစ်မနေ စစ်ဆေးရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီမြေပေါ်မှာ ဆောက်မယ့် အိမ်ဖြစ်တဲ့အတွက် ဒီမြေအကြောင်း ကျိန်းသေသိထားရပါမယ်။ Soil Test မစစ်ဘဲ ဆောက်ခဲ့မယ်ဆိုရင် Foundation ဘယ်လောက်ကောင်းကောင်း ပင်လယ်ထဲ သက်ကယ်အင်္ကျီမပါဘဲ သွားနေသလိုပါပဲ။



♦️Foundation မှာပါဝင်တဲ့ Plinth Beam လိုင်းတွေ ပထမထပ်၊ ဒုတိယထပ်တွေမှာပါဝင်တဲ့ Beam လိုင်းတွေ သုံးစွဲရမယ့် အရွယ်အစားတွေက အလကားထည့်ပေးထားတာ မဟုတ်ပါဘူး။



♦️Foundation တစ်ခုကို ဘယ်လိုချမလဲ ဆိုတာကတော့ တည်ဆောက်မယ့် အိမ်ပုံစံရဲ့ Archi Drawing မှာ ပါဝင်တဲ့ အတွင်းပိုင်းဖွဲ့စည်းပုံ Room Plan တွေ၊ တည်ဆောက်ပြီးတဲ့အခါ ထည့်သွင်း ထားသိုမယ့် အခင်းအကျင်းပိုင်းတွေနဲ့ အဆောက်အအုံရဲ့ကြံ့ခိုင်မှုတွေကိုတော့ Structure Design Engineer က တွက်ချက်ပြီး လုပ်ဆောင်ရပါတယ်။



♦️အိမ်တစ်လုံးမှာ ဘာတွေပါဝင်မှာလဲ။ ဘာတွေထည့်သွင်းမှာလဲ။ ဘယ်နေရာ ဘာထားမှာလဲ။ ဘယ်အခန်းက ဘယ်မှာဖွဲ့မှာလဲ။ ရေတိုင်ကီက ဂါလံဘယ်လောက်လဲ။ အလွှာတွေက ဘယ်လောက်အမြင့်လဲ။ ခေါင်အမြင့်ဘယ်လိုယူမလဲ… စတာတွေကို အိမ်ပုံစံ ရေးဆွဲသူ Archi Designer (Engineer) က စနစ်တကျမေးမြန်း ရေးဆွဲရတယ်။



♦️အဲ့ဒီလို မေးမြန်းရေးဆွဲထားတာကို ကြည့်ပြီးမှ Structure Designer (Engineer) က အိမ်ရဲ့ကြံ့ခိုင်မှုကို တွက်ချက်ပေးထားတာပါ။



♦️ဒါကို တာဝန်ယူ တည်ဆောက်သူက Construction Method လို့ခေါ်တဲ့ တည်ဆောက်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ တည်ဆောက်ပေးရပါတယ်။



♦️ရေရှည်အတွက် မျှော်တွေးထားတဲ့ အိမ်တစ်လုံးကို ဆောက်တော့မယ်ဆိုရင်တော့…

အုတ်ဘယ်လိုစီမလဲ။ သံကို စနစ်တကျ ဘယ်လိုဆင်မလဲ။ ဘယ်လိုဆင်ဆင် ဇကာကို နှစ်ထပ်ဆင်ရမယ်လို့ လေ့လာဖူးတယ်။ နှစ်ထပ်ဆို ၄ လွှာ ဆင်ရမယ့်သဘောပေါ့။ တချို့က နားလှည့်ပါးရိုက် ၃ လွှာပဲ ဆင်ကြတယ်။ လက်မတွေ အကျယ်ခြားဆင်ကြတယ်။ Drawing က ၆ လက်မခြား ဆို ၈ လက်မ ၉ လက်မ ခြားပြီး ဆင်ကြတယ်။ တည့်တည့်မဆင်ဘဲ ကွက်ကြားဆင်တော့ ၄ လက်မ ၅ လက်မ ခြား မြင်ရတယ်ပေါ့။ အဲတော့ နားမလည်တဲ့ အိမ်ရှင်ဘက်က နစ်နာလေရော။



♦️နောက်ပြီး ကွန်ကရိအချိုး ဘယ်လို ဖျော်စပ်မလဲ။ သဲသန့်လား၊ ကျောက်သန့်လား၊ ရေသန့်လား၊ Topping ဘယ်လိုလောင်းမလဲ။ ဆေးဘယ်လိုသုတ်မလဲ။ ပတ္တီးရိုက်၊ ကော်ပတ်စား၊ ဆေးပိတ်အောင်သုတ်နည်း တွေကလည်း နည်းစနစ်ကျကျ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဖြစ်တယ်။



♦️ယုတ်စွအဆုံး ရေ/မီး ဘယ်လိုတပ်ဆင်မလဲ။ သုံးစွဲတဲ့ ကြိုး၊ ခလုတ်၊ မီးပွင့် စသည်ဖြင့် ပစ္စည်း အရည်အသွေးကွာလတီတွေ သူ့နေရာနှင့်သူ ချိန်ဆသုံးစွဲခြင်းတွေကလည်း လိုအပ်ပါတယ်။



♦️အပေါ်မှာပြောခဲ့တဲ့ Soil Test စစ်ဆေးခြင်း ဆိုတာကို ကြည့်ပြီးမှသာ Foundation ဘယ်လိုတူးရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။



♦️အနှစ်ချုပ်ပြီး ခြုံပြောရရင် Foundation တစ်ခုတည်း ကောင်းနေရုံနဲ့ အထပ်မြင့်တွေ ဆောက်လို့ ရ/မရဆိုတာ မသိနိုင်သလို၊ အဆောက်အဦ တစ်ခုလုံးကလည်း ကောင်းသွားပြီလို့ မဆိုနိုင်ပါဘူး။



♦️ဆောက်လုပ်ရေး နည်းစနစ်တွေကို စနစ်တကျ လိုက်နာရမှာ ဖြစ်ပြီးတော့ အဆောက်အဦကို တာဝန်ယူထားတဲ့လူတွေကလည်း စနစ်ကျဖို့ လိုအပ်ပါတယ်။



♦️ဒါမှသာ အထပ်အနိမ့်၊ အမြင့် ဘာပဲလာလာ အိမ်ရှင်တွေ လုံခြုံစိတ်ချစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

မူရင်းရေးသားသူအား crd ပေးပါသည်။

 #ဖောင်ဒေးရှင်း က အနက်ကြီး ချထားတာ ….  #၉လက်မထု၊ ၄ပေ ပတ်လည် ကို သံ ကလဲ ငါးမူး ၆ လက်မခြား ထည့်ထားတာ …   #၂ထပ် ၃ ထပ် လောက်...
10/09/2023

#ဖောင်ဒေးရှင်း က အနက်ကြီး ချထားတာ ….

#၉လက်မထု၊ ၄ပေ ပတ်လည် ကို သံ ကလဲ ငါးမူး ၆ လက်မခြား ထည့်ထားတာ …

#၂ထပ် ၃ ထပ် လောက်အတွက် ဆိုရင်တော့ footing တွေက အရမ်းကောင်းနေပြီ …

ဆိုတာမျိုးလေး မကြာခဏ ကြားရတတ်တယ် …


၁။ နက်ရင် ဖို့မြေ လွတ်တယ်၊ မြေကြီး ငြိမ်တာမှန်ပေမယ့် မြေနက်တိုင်း မြေသား ခံနိုင်ရည် တက်လာမယ် လို့ တထစ်ချ မယူဆနိုင်ပါ။

၆ပေ အနက်က ခံနိုင်ရည်ဟာ ပေ ၃၀ အနက်ထိအောင် မပြောင်းတဲ့ မြေမျိုး တွေ့ဖူးတယ်၊ အဲဒီ မြေမျိုးမှာ နက်နက် ချလဲ မထူးဘူး။ သိပ်မာတဲ့ ကျောက်တောင်ကြီး ဆိုရင်လဲ ၆ လက်မ/ ၁ပေ အနက် နဲ့လဲ အိုကေနိုင်တယ်။

၂။ အဆောက်အဦး တခုမှာ ဧရိယာ တူအုံးတော့ ကော်လံတိုင် အကွာအဝေး မတူရင် တတိုင်ချင်း ဆီကနေ footing ပေါ် သက်ရောက်တဲ့ အား မတူပါ။

ဥပမာ ပေ ၄၀ ပတ်လည် အဆောက်အဦး တခု ကိုဘဲ ၁၀ပေ ပတ်လည် ခန်းဖွင့် နဲ့ တိုင် အများကြီး ရှိနေတာနဲ့ ပေ ၂၀ ပတ်လည် ခန်းဖွင့် လုပ်ပြီး တိုင် နည်းနည်းနဲ့ သွားတာမျိုးဆိုရင် ပေ ၂၀ ပတ်လည် ခန်းဖွင့်တွေမှာ တတိုင်ချင်းဆီ ကျရောက်မယ့် အားတွေ ဟာ ၄ဆ လောက်အထိ ပိုများနိုင်ပါတယ်။

ကော်လံတိုင် က လာမယ့် အား ၄ဆ ပိုများနေရင် ၁၀ပေပတ်လည် ခန်းဖွင့် အတွက် မှတ်ထားတဲ့ footing ဟာ ဘယ်လိုမှ အပေါ်ကကျလာမယ့် အား ကို မထမ်းနိုင်ပါ။


၃။ လေးထောင့် တို့ဖူးကျော်လေးကို တူ နဲ့ ထိုးဖောက်ပြီး စားဖူးကြ မှာပါ။

တူ ကိုင်ပြီး အချွန် အား နဲ့ ထိုးဖောက်တာက ကော်လံတိုင် ၊ ပေါက်သွားတဲ့ တို့ဖူးကျော် က footing pad လို့ စဉ်းစားကြည့်ပါ။ ပါးရင် ဖောက်ရ လွယ်တယ်၊ ထူရင် ဖောက်ရ ခက်တယ်။

ကော်လံတိုင် အားများ ရင် footing ထူ ဖို့ လိုတယ် ဆိုတာကတော့ common sense နဲ့ စဉ်းစားလို့ ရလောက်ပါပြီ။

(ကော်လံတိုင် အား များတယ် မများ ဘူး ဆိုတာကလဲ အပေါ်မှာ ပြောသလို အထပ် တင်မက၊ ခန်းဖွင့် က အစ စကားပြောပါတယ်)


၄။ လူ က လုပ်လို့ ရတာတွေက Column တွေ၊ footing တွေ …

ဒါပေမယ့် ပိုက်ဆံ အကုန်မခံဘဲ ပြင်မရတာက အောက်က ခံရမယ့် မြေကြီးပါ။

(မြေကြီးရဲ့ ခံနိုင်ရည် တက်လာအောင် လုပ်လို့ ရတဲ့ နည်း ဟာ footing size ကြီးလိုက်ရတာထက် အဆမတန် ပို ကုန်ကျပါတယ်။)


၅။ footing အောက်မှာ အပေါ်က ကျလာမယ့် အားကို တိုက်ရိုက် ခံရမယ့် မြေကြီး ရဲ့ တပေပတ်လည် ခံနိုင်သလောက် ကိုဘဲ တွက်ပြီး ချပေးလို့ ရပါတယ်။

ဆိုတော့ကာ ... မြေကြီး ခံနိုင်တာထက် ပိုချပေးရင် ဘာဖြစ်မလဲ ?

မြေကြီး ကတော့ နည်းနည်း ပုံပျက်သွားရုံလောက် ဖြစ်တာပါ။

ပလာတာ တို့ နံပြားတို့ ရိုက်ရင် စားပွဲ ပေါ် လက်နဲ့ တင် ဖိလိုက်သလို ပိပြီး ကျစ်သွားမျိုးပေါ့။ အဲလိုလေး မြေကြီး ကျစ်သွားတာ ၂ လက်မ ဆိုရင် အပေါ်က အဆောက်အဦး က အောက်ကို ၂ လက်မ ကျလာမယ်။

အဆောက်အဦးရဲ့ ရှိသမျှ footing အားလုံး တညီထဲ ၂လက်မ ကျလာရင်တော့ အိုကေပေါ့။

တခုက မကျ တခုက ၂ လက်မ ဆိုရင် တိုင်တွေ ထုတ်တွေ စောင်း ရွဲ့ကုန်မယ်။ အက်ကြောင်းတွေ ပေါ်လာမယ်။ လူနေဖို့ safe မဖြစ်တော့တဲ့ အခြေအနေ အထိ ရောက်သွားနိုင်တယ်။

ဒါကြောင့် …


၆။ soil test အရ သိထားတဲ့ ထိုက်သင့် လျောက်ပတ်တဲ့ မြေကြီး ခံနိုင်ရည်အား ရှိနေတဲ့ အလွှာထိ အနက် ချဖို့ လိုပါတယ်။

(သေးသေး တွေကတော့ ဒီလိုဘဲ ကြည့်ကျက် ချလိုက်တာဘဲ နဲ့ အိုကေကောင်း အိုကေပါမယ်။ ကြီးကြီး ဆိုရင်တော့ အပေါ်မှာ ပြောသလို အက်ကြောင်းတွေ ပေါ်မလာသေး သ၍တော့ အိုကေတယ်ပေါ့။ ပေါ်လာရင်တော့ မြွေကိုက်ပြီဘဲ။)


Shallow foundation အတွက် လိုအပ်တဲ့ မြေကြီး ခံနိုင်အား ဟာ သိပ် နည်းနေတယ် ဆိုရင် deep foundation ကို မဖြစ်မနေ သုံးကောင်း သုံးရပါမယ်။


၇။ တို့ဖူး ကို တူနဲ့ ထိုးလိုက် သလိုပေါက်မသွားအောင် ကော်လံတိုင် ထိုးအားခံနိုင်မယ့် footing pad အထူ ရှိနေဖို့ လိုပါတယ်။

နေရာတကာ ၁၀ပေပတ်လည် ခန်းဖွင့် တိုင် အတွက် ဖောင်ဒေးရှင်း နဲ့ ယှဉ်ထိုးလို့ မရပါ။


၈။ ကော်လံတိုင်က ကျလာတဲ့ အားကို အောက်ခံမြေကြီး ခံနိုင်တဲ့ အနေအထား ကို မကျော်စေဖို့ footing size ကို တွက်ပြီး ချပေးရတယ်။ စုနေမှာ ဆိုရင် ဖြန့် ချပေးရတယ်။

ကျလာမယ့် အား ကို ဖြန့်ချပေးနိုင်ဖို့ မြေကြီးရဲ့ တပေပတ်လည် ခံနိုင်အားပေါ် မူတည်ပြီး footing ဧရိယာ ကျယ်ဖို့ လိုပါတယ်။ ၃ပေပတ်လည်၊ ၄ပေ ပတ်လည် အသေမှတ်ထားလို့ မရပါ။


၉။ သတိထားဖို့က foundation settlement ကြောင့် structure ထိခိုက်တာကို ပြင်မယ် ဆိုရင် အသစ် ပြန်ဖျက်ဆောက်တာက ပိုသက်သာကောင်း သက်သာပါလိမ့်မယ်။ ဒါကြောင့် heritage အဆောက်အဦးတွေ လောက်သာ ပြင်ကြပါတယ်။


၁၀။ ဒီ အပိုင်း နဲ့ ပတ်သက်ပြီး technical jargon အတတ်နိုင်ဆုံး မပါစေဘဲ ရေးပါတယ်။ construction field က မဟုတ်တဲ့ သူရယ်၊ ဟုတ်ရင်တောင် technically မသိတဲ့ သူတွေရယ်၊ သိပြီးသား အင်ဂျင်နီယာ တွေ အနေနဲ့ client တွေကို ရှင်းပြတဲ့ အခါ technical jargon မပါစေဘဲ ရှင်းပြတဲ့ အခါ အထောက်အကူ နည်းနည်း ရစေဖို့ပါ။

Min Zaw & Associates မှကူးယူဖော်ပြအပ်ပါသည်

ကျီတော်ဓမ္မာရုံ foundation မှတ်တမ်းအချို့
_

Capital Hypermart အနီးဘုရင့်နောင်လမ်းက တိုက်လေးတော့ပြီးသွားပြီ
08/07/2023

Capital Hypermart အနီး

ဘုရင့်နောင်လမ်းက တိုက်လေးတော့ပြီးသွားပြီ

PAE ဘယ်စျေးလည်းလို့ မေးရင် မဖြေချင်ပါ ။ =====================================Archi နဲ့ Structure drawings ပေါ်မူတည်ပါတယ်...
17/06/2023

PAE ဘယ်စျေးလည်းလို့ မေးရင် မဖြေချင်ပါ ။
=====================================
Archi နဲ့ Structure drawings ပေါ်မူတည်ပါတယ်လို့ အကြမ်းဖြင်းဖြေရင် သိပ်ပြီးတော့ လက်မခံလိုကျ ။
Archi နဲ့ structure ကို ကြည့်ပြီး bill of quantity ထွက်လာမှ PAE ဘယ်ရွေ့ ဘယ်မျှ ကြတယ် အတိအကျ ပြောလို့ရတာ ဆိုတာကို သိတဲ့သူ နည်းပါတယ် ။

20 mm သံချောင်း သုံးပါတယ်ဆိုစေအုံးတော့ size ပြည့်ရဲ့လား ၊ အရည်အသွေး ပြည့်မှီလားဆိုတာ ခွဲခြားတတ်ပြီလား ။
ပြည်တွင်းက သံ နဲ့ နိူင်ငံခြားက လာတဲ့ သံချောင်းစျေးက တစ်တန်ကို ၈ သိန်းကျော် စျေး အဟ ရှိတယ် ။
၂ ထပ်အိမ် တစ်လုံးက သံ ( rebar ) တန် ချိန် ၂၀ ကုန်တယ် ဆိုပါတော့ စျေး အဟ က သိန်း ၁၆၀ ကျော် ကွာနေပြီ ။
BQ ချပြနိူင်တဲ့ contractor ၊ အရည်အသွေး စစ်ဆေး ခံန်ူင်တဲ့ contractor မျိူး က PAE စျေး ဟာ သူများထက်ပိုနေမှာပါ ။
သာကေတ က မဟာဗန္ဓုလ တံတားနဲ့ ဂျပန်တံတား ပေါ် က ဖြတ်တဲ့ အခါ နည်းပညာနဲ့ ငွေကြေးကုန်ကျမှု မတူ့တဲ့ အတွက် အရည်အသွေး ကွာခြားတာ သိနိုင်ပါတယ် ။

ဂျပန်တံတားလို လက်ရာ မျိူးကို မဟာဗန္ဓုလ ဘတ်ဂျက်နဲ့တော့ မလိုချင်နဲ့ပေါ့ ။

ပေါ ချောင် ကောင်း ဆိုတာ စကား အဖြစ်သာရှိတာ။
ပေါ ချောင် နေမှ တော့ အကောင်း မရပါဘူး အစုတ်ပဲ ရမှာပါ ။
တွေးစ ဆင်ခြင်နိူင်ဖို့ပါ ။

Credit to Original Uploader

Zey Min Paing -ဇေမင်းပိုင် ဆောက်လုပ်ရေး

09421050367, 09953433334

လိုင်စင်ရ ကန်ထရိုက်တာ နှင့်အကျိုးတူ တိုက်သစ်တည်ဆောက်လိုသော မြေပိုင်ရှင်များအားဖိတ်ခေါ်ခြင်းဇေမင်းပိုင်ဆောက်လုပ်ရေး (LC-9...
16/06/2023

လိုင်စင်ရ ကန်ထရိုက်တာ နှင့်အကျိုးတူ တိုက်သစ်တည်ဆောက်လိုသော မြေပိုင်ရှင်များအားဖိတ်ခေါ်ခြင်း

ဇေမင်းပိုင်ဆောက်လုပ်ရေး (LC-932) မှ တိုက်သစ်ဆောက်လုပ်ရန် အမည်ပေါက် မြေကွက်ပိုင်များနှင့်အကျိုးတူပူပေါင်းဆောင်ရွက်လိုပါသည်။

ဆောင်ရွက်လိုသည့် မြေပိုင်ရှင်များ နှင့် အကျိုးဆောင်ကြီးများ အောက်ပါ ဖုန်းနံပါတ်နှင့် viber နံပါတ်များ သို့တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

ဖုန်း - 09421050367, 09953433334

𝐕𝐢𝐛𝐞𝐫 - 𝟎𝟗𝟗𝟓𝟑𝟒𝟑𝟑𝟑𝟑𝟒

ဇေမင်းပိုင် ဆောက်လုပ်ရေးက တိုက်တွေမဆောက်တော့ဘူးလား မေးနေကြလို့ တိုက်ဆောက်ပါတယ် ခင်ဗျ post မတင်ဖြစ်တာပါမကြာခင် အရင်လို အတ...
16/06/2023

ဇေမင်းပိုင် ဆောက်လုပ်ရေးက တိုက်တွေမဆောက်တော့ဘူးလား မေးနေကြလို့
တိုက်ဆောက်ပါတယ် ခင်ဗျ post မတင်ဖြစ်တာပါ
မကြာခင် အရင်လို အတိုးမဲ့အရစ်ကျလေးတွေ ပြန်ရောင်းပေးပါမယ်
လက်ရှိ project လေးပါ

🇨🇳  #တရုတ်အကြီးဆုံးဆောက်လုပ်ရေးလုပ်ငန်းကြီးဒေဝါလီခံရတော့မှာလား❓▪️ Evergrande ဆောက်လုပ်ရေးလုပ်ငန်းစုဂရုကြီးဟာ ပြိုကျလုနီး...
21/09/2021

🇨🇳 #တရုတ်အကြီးဆုံးဆောက်လုပ်ရေးလုပ်ငန်းကြီးဒေဝါလီခံရတော့မှာလား❓

▪️ Evergrande ဆောက်လုပ်ရေးလုပ်ငန်းစုဂရုကြီးဟာ ပြိုကျလုနီးနီးဖြစ်နေတာပါ။ ပေးရမယ့်အကြွေးပေါင်း ဒေါ်လာ (၃၀၅) ဘီလျံဆိုတာနည်းတဲ့ပမာဏမဟုတ်ပါ။

▪️မနေ့က Mid-Autum Festival လမုန့်ပွဲတော်မှာတရုတ်ပြည်မှာမပျော်နိုင်သူတွေအများကြီးပါ။

▪️အားလပ်ရက်ဖြစ်လို့ စတော့ဈေးကွက်ပိတ်ပေမယ့် အားလုံးက Evergrande ဂရုကြီးစတော့ရှယ်ယာဈေးကျနေတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေပါတယ်။

▪️ရိုက်တာသတင်းဌာနရထားတဲ့သတင်းအရ Evergrande ဟာ တရုတ်ဘဏ်ကြီးတွေကို မနေ့က စက်တင်ဘာလ ၂၀ ရက်နေ့မှာပေးရမယ့် ချေးငွေ loan payment ကိုမပေးနိုင်ပဲကတိပျက်ခဲ့တယ်လို့ဆိုပါတယ်။

▪️အရင်ရက်တွေကလည်း ရှယ်ယာရှင်တွေ၊ အကြွေးရှင်တွေကို ငွေမပေးနိုင်လို့ တရုတ်ပြည်မှာ Evergrande ရုံးချုပ်ကို အကြွေးရှင်တွေ ဒေါသနဲ့စုပြုံဝင်ရောက်ခဲ့ကြတဲ့အထိ ဖြစ်နေတာပါ။

▪️မနှစ်က အောက်တိုဘာလ ၁ ရက်နေ့နဲ့ယှဉ်ကြည့်ရင် ဟောင်ကောင်စတော့ဈေးကွက်မှာ Evergrande Group ရဲ့ရှယ်ယာဈေးဟာ (၈၆•၈၁ %) အထိတောင်ကျဆင်းသွားတာဖြစ်ပါတယ်။

ရှယ်ယာတစ်ခုကို ဟောင်ကောင်ဒေါ်လာ (၂၀) လောက်ကနေ ယနေ့ပေါက်ဈေးအရ (၂•၁၆) ဟောင်ကောင်ဒေါ်လာပဲကျန်ပါတော့တယ်။

▪️ရှယ်ယာဈေးကျလေ ကုမ္ပဏီကအရှုံးပေါ်လေ။ ကုမ္ပဏီကအရှုံးပေါ်လေအကြွေးတင်လေ။ အကြွေးတင်လေပြဿနာတက်ကာ ရှယ်ယာဈေးကျလေဖြစ်နေတာပါ။

▪️တရုတ်ပြည်မှာလက်ရှိဖြစ်နေတဲ့ Evergrande crisis ဟာ "Made in China" Economic Crisis ဖြစ်သွားနိုင်မလားဆိုပြီးမေးခွန်းထုတ်နေကြပါတယ်။

တရုတ်အစိုးရဟာ ဒီလောက်ကြီးမားတဲ့ သူ့ရဲ့အကြီးမားဆုံးဆောက်လုပ်ရေးလုပ်ငန်းစုကြီး ဘုံးဘုံးလဲသွားတာကိုလက်ခံမယ်လို့တော့မထင်ပါ။

တရုတ်အစိုးရဟာ ဒီ Evergrande ဂရုကြီးကျဆင်းမှုမှာ အညင်သာဆုံးဖြစ်အောင် ဝင်ထိန်းမယ်လို့အားလုံးကယူဆထားပါတယ်။

▪️အချို့ကစိုးရိမ်နေတဲ့ ၂၀၀၈ ခုနှစ်ကမ္ဘာ့စီးပွားပျက်ကပ်လိုမျိုး ကမ္ဘာအနှံ့ရိုက်ခတ်သွားမှု ဆိုးဆိုးရွားရွားမရှိနိုင်ဘူးလို့လည်းမြင်ကြပါတယ်။

🔹Evergrande ဂရုကြီးဘာလုပ်ငန်းတွေလုပ်သလဲ❓

Hengda ဆိုတဲ့နာမည်နဲ့ ၁၉၉၇ ခုနှစ်မှာ Hui Ka Yan ကစတင်ထူထောင်ခဲ့တာဖြစ်ပြီးမနှစ်ကဒီအချိန်မှာသူဟာ တရုတ်ပြည်ရဲ့တတိယအချမ်းသာဆုံးဘီလျံနာဖြစ်ခဲ့ပါတယ်။

ကွမ်ကျိုးပြည်နယ်မှာစတင်ထူထောင်ခဲ့တဲ့ အဲ့ဒီကုမ္ပဏီကြီးအောက်မှာ ဆောက်လုပ်ရေးလုပ်ငန်းပရောဂျက်ပေါင်း ၁၃၀၀ ဆောက်လုပ်ခဲ့ပါတယ်။

ရေသန့်ဘူးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ လျှပ်စစ်ကား၊ TV ရုပ်ရှင်ကစလို့ Football club အသင်းအထိရှိပါတယ်။

🔹Evergrande ဂရုကြီး #ဘာလို့ပြဿနာတက်ရတာလဲ❓

ပဲကြီးဟင်းတွေမတရားစားထားချိန်မှာမိုးရွာပြီးဝမ်းအေးချိန်နဲ့တိုးသွားတာပါ။

တရုတ်ပြည်မှာ property market အကြီးအကျယ်ဖွံ့ဖြိုးမှုဖြစ်ခဲ့ပါတယ်။ နိုင်ငံတိုင်းမှာဖြစ်နေကျပါ။

property market အကြီးအကျယ်ဖွံ့ဖြိုးမှုနောက်ကွယ်မှာ ပူဖောင်းရုတ်တရက်ထပေါက်တတ်တဲ့ပြဿနာကလည်းရှိပါတယ်။

သဘောက demand ဝယ်လိုအားနဲ့ supply ရောင်းလိုမှုမျှခြေကိုအမြဲသတိထားရပါတယ်။

Property market အိမ်ခြံမြေဈေးကွက်ဟာမပေါက်သင့်တဲ့ဈေးစပေါက်ရင် အန္တရာယ်ရှိပါတယ်။

ဥပမာ - တိုက်ခန်းတစ်ခန်းဟာ သိန်း ၁၀၀ တန်တယ်။ လူတွေမှာပိုက်ဆံရှိလာတော့ သိန်း ၁၂၀ ပေးပြီးကြိုက်တဲ့သူကဝယ်သွားတယ်။

နောက်လူမှာကငွေရှိနေတော့ ၁၆၀ လာပေးတယ်။ အဲ့ဒီလိုမျိုးတွေများလာပြီး အိမ်ခြံမြေမှာရင်းနှီးမြှုပ်နှံရင်မြတ်မှန်းသိတော့ အရောင်းအဝယ်စည်ကားလာတယ်။

၁၆၀ ကနေ နေ့မကူးဘူး ၂၀၀ ပေးသူရှိတယ်။ တပတ်အတွင်း ၃၀၀ ပေးသူရှိတယ်။ ပေးနိုင်တဲ့သူရှိနေသ၍ လူတွေငွေအဆင်ပြေနေသ၍ market saturated ဈေးကွက်ဝယ်လိုအား ဗိုက်မကားသွားသ၍ ဈေးကဆက်တက်နေမှာပဲ။

ပြဿနာက ၄၀၀ တန်သွားတဲ့တိုက်ခန်းဟာ တကယ်ရော ၄၀၀ တန်ရဲ့လား? ဈေးကွက်လှုပ်လို့လိုက်လှုပ်နေတာလား?

လူဆိုတာက လောဘနဲ့ပါ။ ၃၀၀ နဲ့ဝယ်ပြီး ၄၀၀ ပြန်ရရင် ငွေ ၂၀၀ ချေးပြီး ၃၀၀ (၂) ခန်း ၆၀၀ ဖိုးရင်းချင်ပါတယ်။ ဒါမှမဟုတ် ၄၀၀ ချေးပြီး (၂) ခန်း ၈၀၀ ရင်းချင်ပါတယ်။

ကိုယ့်ရှိတဲ့ငွေနဲ့မဟုတ်ပဲ ငွေချေးပြီး အိမ်ခြံမြေကို တကယ်မပေါက်သင့်တဲ့ဈေးနဲ့ဝယ်တဲ့အချိန်မှာ ပြဿနာစပါပြီ။

လောကကြီးမှာ #စားနိုင်တာထက်ပိုမြိုတိုင်းမှာပြဿနာကြုံရတတ်ပါတယ်။

တိုက်ခန်းရောင်းရင်မြတ်မှန်းသိတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတွေကလည်း ပရောဂျက်တွေပြကာ ဘဏ်ကနေအလုံးအရင်းနဲ့ငွေချေးကာ ပရောဂျက်အသစ်တွေထပ်ဆောက်ပါတော့တယ်။

အဲ့ဒီမှာအကြောင်းတစ်ခုခုကြောင့် buying frenzy #အလုအယက်ဝယ်နေမှုတုန့်ကရပ်သွားရင် စားပိုးနင့်ကြတော့တာပါပဲ။

မထွေးနိုင်မအန်နိုင်ကို ဖြစ်ကြတော့တာပါ။ ပိုက်ဘောမိသူတွေလည်းတသီကြီးဖြစ်။ ကြိုပွိုင့်နဲ့ဝယ်ထားသူတွေလည်းတလှေကြီးဒုက္ခရောက်။ ဘဏ်တွေလည်းအကျပ်ရိုက်။ ဘဏ်မှာငွေအပ်ထားသူတွေလည်းမျက်ခုံးလှုပ်တော့တာပါပဲ။

Evergrande Group ဟာ လုပ်ငန်းအဆမတန်ကြီးထွားအောင်မြင်လာပြီး ဆောက်သမျှရောင်းရလေတော့ အချီကြီးတွေထပ်လုပ်ကာလုပ်ငန်းချဲ့ပါတယ်။

အဲ့ဒါနဲ့ ​Evergrande Group ရဲ့အကြွေးပမာဏဟာ ဒေါ်လာ ဘီလျံရာနဲ့ချီတဲ့အထိဖြစ်သွားခဲ့တာဖြစ်ပါတယ်။

မနှစ်ကဩဂတ်စ်လထဲမှာ တရုတ်ပြည်မှာ Baoshang ဘဏ်လုပ်ငန်းစုကြီးပြိုခဲ့တဲ့အကြောင်း ကျနော်ရေးခဲ့ဖူးတာမှတ်မိကြမယ်ထင်ပါတယ်။

တရုတ်အစိုးရဟာ မနိုင်မနင်းနဲ့အကြွေးဝန်ပိကြတဲ့ပြဿနာကိုထိန်းဖို့ 3-red lines system (အနီလိုင်း ၃ လိုင်းစနစ်) ကိုပြဌာန်းခဲ့ပါတယ်။

Color code : အစိမ်းရောင်ဆိုရင် နှစ်စဉ်အကြွေးပမာဏတိုးမှုကို (၁၅%) အထိတိုးလို့ရတယ်။

Color code : အဝါရောင်ဆိုရင် နှစ်စဉ်အကြွေးပမာဏတိုးမှုကို (၁၀%) အထိတိုးလို့ရတယ်။

Color code : လိမ္မော်ရောင်ဆိုရင် နှစ်စဉ်အကြွေးပမာဏတိုးမှုကို (၅%) အထိတိုးလို့ရတယ်။

Color code : အနီရောင်ဆိုရင် နှစ်စဉ်အကြွေးပမာဏတိုးမှု #လုံးဝမရတော့ပါ။ အကြွေးထပ်တိုးမပေးတော့ပါ။

အဲ့ဒီမှာ Evergrande Group ကအနီလိုင်းနဲ့မိပြီး အကြွေးထပ်ချေးလို့မရပဲ အကျပ်အတည်းနဲ့ရင်ဆိုင်ရပါတယ်။

ပြဿနာကငွေထပ်ချေးလို့မရရင် မတန်တဆတနင့်တပိုးယူထားတဲ့ ပရောဂျက်တွေဆက်လုပ်ဖို့ခက်သွားပါတယ်။

အဲ့ဒီအခြေနေမှာ Evergrande Group ရဲ့ ၂၀၁၉ မှာစတည်ထောင်ခဲ့တဲ့ လျှပ်စစ်ကားလုပ်ငန်းကလည်း တစ်စီးမှမထုတ်နိုင်သေးပါဘူး။

🔹Evergrande Group ဘာပြဿနာတွေရင်ဆိုင်နေရသလဲ❓

လောလောဆယ် ဒေါ်လာ (၃၀၅) ဘီလျံဖိုးအကြွေးရှိနေပါတယ်။

နောက်နှစ်မှာ ဒေါ်လာ (၇•၄) ဘီလျံဘွန်းစာချုပ်တွေသက်တမ်းစေ့ပါမယ်။

မပြီးသေးတဲ့ property units ပေါင်း (၁•၅) သန်းရှိပါတယ်။

ရှယ်ယာဈေး (၈၅%) ကျော်ကျဆင်းထားပါတယ်။

အိမ်အသစ်ဈေးကို (၄ ပုံ ၁ ပုံ) ဈေးလျော့က ၂၅% Offer နဲ့အမြန်ချရောင်းကာအကြွေးဆပ်ဖို့လုပ်နေရပါတယ်။

🔹Evergrande Group သာပြိုရင်ဘာဖြစ်မလဲ❓

တိုက်ရိုက်နဲ့သွယ်ဝိုက်ဝန်ထမ်းပေါင်း ၂၀၀၀၀၀ အလုပ်ပြုတ်သွားနိုင်ပါတယ်။

အိမ်ခြံမြေယူနစ်ပေါင်း (၁•၅) သန်းဆောက်လုပ်မှုရပ်သွားပါလိမ့်မယ်။ ကြိုပွိုင့်နဲ့ဝယ်ထားသူတွေ ထိုင်ငိုရမယ့်ကိန်းဆိုက်သွားပါလိမ့်မယ်။

အရင်ဈေးနဲ့ဝယ်ထားသူတွေ ပိုက်ဘောမိနေကြပါပြီ။ နောက်လူတွေကရော ပိုက်ဘောမိမှာစိုးလို့ ဝယ်ရဲပါ့မလား မေးစရာဖြစ်ပါတယ်။

Evergrande Group ဝန်ထမ်းတွေဟာ ကုမ္ပဏီထဲမှာရှယ်ယာပြန်လည်ရင်းနှီးမြှုပ်နှံထားကြရတယ်လို့ဆိုပါတယ်။ အဲ့ဒီရှယ်ယာတွေဆုံးရှုံးမှုပြဿနာပါထပ်ရင်ဆိုင်ရပါမယ်။

ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းအကြွေးရောင်းထားသူ suppliers တွေ အကြွေးဆုံးနိုင်တဲ့ပြဿနာရှိပါတယ်။

ချေးငွေထုတ်ချေးထားတဲ့ဘဏ်တွေ ချေးငွေဆုံးနိုင်တဲ့ပြဿနာရှိပါတယ်။

တရုတ်ပြည်မှာ Real Estate ဟာ တရုတ်စီးပွားရေးရဲ့ (၂၉%) ရှိပါတယ်။ အခုလိုအကြီးဆုံးဆောက်လုပ်ရေးလုပ်ငန်းကြီးပြိုကျရင် တရုတ်စီးပွားရေးကို လှိုင်းအကြီးကြီးရိုက်ခတ်သွားမှာဖြစ်ပါတယ်။

အခုအချိန်အထိကတော့ Evergrande Group ဟာ အရင်ကကုမ္ပဏီကြီးတွေကိုကယ်ခဲ့တဲ့ financial advisers ငွေကြေးအကြံပေးသူတွေကိုငှားရမ်းကာ မပြိုလဲအောင်ကြိုးစားနေသလို တရုတ်အစိုးရကလည်းဝင်ကူမယ်လို့မျှော်လင့်ရပါတယ်။

နောက် ၁၀ ရက်ဆိုရင် တရုတ်ပြည်မှာရက်ရှည်အားလပ်ရက်ရောက်ပါပြီ။ အားလုံးလုပ်ငန်းပိတ်ပြီး အေးအေးလူလူအိမ်ပြန်လေ့ရှိပါတယ်။

အခုရက်တွေမှာ တရုတ်ပြည်ကအိမ်ခြံမြေဝယ်ပြီးရင်းနှီးမြှုပ်နှံထားသူတွေဟာ စိတ်မအေးနိုင်ပဲ မျက်ခုံးလှုပ်နေကြမှာဖြစ်ပါကြောင်း။

Richard Myo Thant
21-September -2021

16/01/2021

❗ ဆောက်လုပ်ခွင့် ပါမစ်ပုံစံ ပြောင်းလဲသွားသောအချက်များ
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

ယခုလက်ရှိနှစ်မကုန်ခင် ဒီဇင်ဘာလ၊ ဇန်နဝါရီ လ၊ ရက်ပေါင်း (၃၀) ကျော်အတွင်း အရပ်စာချုပ်နဲ့ ဆောက်လုပ်ခွင့်တင်စရာရှိတာတွေ တင်ထားဖို့ အသိပေးပါရစေ...။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ၊ ၁ရက်နေ့အထိကို ပေ ၃၀အောက်ရှိတဲ့ ဂရန်မြေနှင့်ပါမစ်မြေ၊ ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေစတဲ့ မြေအမျိုးအစားတွေကို အမည်မပြောင်းပဲ အရပ်စာချုပ်နဲ့ဆောက်မည်ဆိုလျှင်ပေ ၃၀အောက်ဖြစ်သည့်၂၉ပေအထိခွင့်ပြုမည်။နောက်အရှည်ကတော့ကန့်သတ်ချက်မရှိပါဘူး ပေ ၅၀၊ ပေ ၆၀ ပြသာနာမရှိပါဘူး။ (Low Risk Without DMap).

-အရပ်စာချုပ်နဲ့ ပေးဆောက်ရာတွင်လည်းလူနေအိမ်ဖြစ်ရမည် ၃ထပ်၊ အမြင့် ပေ ၃၀ အထိသာခွင့်ပြုမည်။ ၃ထပ်ကို ကန်ထရိုက်တိုက်ပုံစံ တစ်ထပ်စီကို သီးခြားစီ တက်လို့ရတဲ့ ဘေးလှေကားဖြင့်ဆောက်လုပ်ခွင့်မပေးတော့ဘူး။ လှေကားကိုအဆောက်အဦအတွင်းထဲကသာ တက်ရတဲ့ အတွင်းလှေကားဖြင့် ခွင့်ပြုမည်။

-၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ၊ ၁ရက်နေ့ကျော်လို့ ၂ရက်နေ့ရောက်ရင်တော့ ပေ၃၀ကျော်တဲ့ ဂရန်မြေနဲ့ပါမစ်မြေတွေ (ဘိုးဘွားပိုင်၊မြေပိုင်မြေတွေမပါ) အဆောက်အဦဆောက်ချင်ရင် ဂရန်အမည်ပေါက်လျှောက်ကို လျှောက်ရတော့မည်။ ဂရန်ရှိမှ Demarcation Map (DMap) လျှောက်လို့ရပါမည်။ ထိုအခါမှဌာနကပြောတဲ့Low Risk With DMap တင်လို့ရမည်။ ဂရန်ဖြစ်ပြီဆိုရင်တော့ ကျန်တဲ့ သတ်မှတ်ချက်တွေကိုက်ရင် Medium Risk, High Risk ကြိုက်တာဆောက်လိုရပါတယ်။

-ဂရန်မရှိလျှင်၊ဂရန်အမည်ပေါက်မဟုတ်လျှင်ပေ ၃၀ကျော်တဲ့ ဘယ်လို မြေမဆို အဆောက်အဦဆောက်လို့မရဘူးလို့ပြောချင်တာပဲ ဖြစ်ပါတယ်။ပေ၃၀ကျော်ရင် အခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ရန် အမည်ပေါက်ပြောင်းလဲမှ ဆောက်လုပ်ခွင့်ရတော့မှာဖြစ်ပါသည်။ နိုင်ငံတော်၏ အခွန်ငွေဆုံးရှုံးမှုမရှိစေရန်အတွက် စည်းကမ်းတိုးမြှင့်လိုက်ခြင်းဖြစ်ပါသည်။

အကျဉ်းချုပ်အနေဖြင့်
-----------------------

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြေပိုင်ဆိုင်မှုအရပ်ကတိစာချုပ်များဖြင့် လျှောက်ထားသည့်ဆောက်လုပ်ခွင့်အမှုတွဲများ (Low Risk Without D-Map)နှင့်ပတ်သက်၍ အောက်ပါ အတိုင်းသာ စိစစ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည် ။

(က) ဂရန်မြေနှင့်ပါမစ်မြေများဖြစ်ပါက မျက်နှာဖွင့် ၃၀'-၀" အောက်အကျယ်ရှိသော မြေကွက်များတွင် အမြင့် ၃၀'-၀" ထက်မပိုသော (၃)ထပ်ထိ ဆောက်လုပ်ခွင့်များ။

(ခ) မိသားစုတစ်စုသာအသုံးပြုမည့် (ကန်ထရိုက်တိုက်ပုံစံ၊ စီးပွားရေးသုံးအဆောက်အအုံ မဟုတ်သည့်)ဆောက်လုပ်ခွင့်များ။

၂။ ဂရန်မြေ၊ ပါမစ်မြေများကိုဝယ်ယူ၍ ဆောက်လုပ်ခွင့်လျှောက်ထားမှုများကို (၁-၂-၂၀၂၁)ရက်နေ့ နောက်ပိုင်းတွင် Low Risk With D-Map ဖြင့်သာ ဆောက်လုပ်ခွင့်တင်ပြရန်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ၊အဆောက်အအုံဌာနမှ (၁၁၊နိုဝင်ဘာလ၊၂၀၂၀) တွင်ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ပါသည်။

Credit . YCDC

ဇေမင်းပိုင် ဆောက်လုပ်ရေး အား Real Estate Asia Awards 2021 ယဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း ခံရသည့်အတွက် လွန်စွာ ဝမ်းမြောက် ဂုဏ...
06/11/2020

ဇေမင်းပိုင် ဆောက်လုပ်ရေး အား Real Estate Asia Awards 2021 ယဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း ခံရသည့်အတွက် လွန်စွာ ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။
Covid ကာလဖြစ်သည့်အတွက် ဝင်ပြိုင်သင့်၊ မပြိုင်သင့် ကို မိတ်ဆွေတို့ရဲ့ အမြင်လေးကို comment မှာ ပြောပြပေးပါအုံး။





"စွန်ဦးတီထွင်သူဆိုတာ ပြုလုပ်တဲ့သူပါ။ အိမ်မက်မက်နေတဲ့သူ မဟုတ်ပါဘူး"¶ Nolan Bushnell ¶Credit :ညာလက်ရုံးသင်တန်းကျောင်း
19/10/2020

"စွန်ဦးတီထွင်သူဆိုတာ ပြုလုပ်တဲ့သူပါ။ အိမ်မက်မက်နေတဲ့သူ မဟုတ်ပါဘူး"

¶ Nolan Bushnell ¶

Credit :ညာလက်ရုံးသင်တန်းကျောင်း





Address

No(225), Banyadala Road, Maugone Quater, Tarmwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959421050367

Alerts

Be the first to know and let us send you an email when Zey Min Paing -ဇေမင်းပိုင် ဆောက်လုပ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zey Min Paing -ဇေမင်းပိုင် ဆောက်လုပ်ရေး:

Share