13/06/2015
ပစ္စည်းဝယ်အတွေအကြုံလေးပေါ့။ ကျွန်တော့်အထင် လူတောတောများများလည်းကြုံဘူးမှာပါ။ ( မီးပြင်ဆရာအများစုပေါ့ )
ဟိုတနေ့က မီး trunking ရိုက်ဖို့ ကျွန်တော် ညီနဲ့ အတူ ပစ္စည်းတွေ သွားဝယ်ပါတယ်။ အဲဒီမှာ အုတ်ရိုက်သံအသေးလေး ၈ ဘူးဝယ်ခဲ့ပါတယ်။ ဘူးပေါ်မှာရေးထား တာက တဘူးအချောင်း ၁၀၀ ပါတယ်တဲ့။ မီးပြင်တဲ့ အိမ်ရောက်မှ ဖွင့်ကြည့်လိုက်တော့ တဘူးမှာ အချောင်း ၂၀ ကျော်ပဲ ပါပါတယ်။ ရောင်းတဲ့ ဆိုင်ကိုပြန်သွားမေးတော့ သူတို့လည်း မသိဘူးတဲ့။ ဘူးတိုင်းအဲလိုပဲတဲ့။
ထုတ်လုပ်တဲ့ နေရာဒေသ လည်းမပါ.. ကုမ္ပဏီ နာမည်လည်းမပါ..ဝယ်ယူသူတွေကိုမလိမ်လဲသင့်ဘူး လို့ထင်ပါတယ်။ အများသိရှိရန် အသိပေးခြင်းတာဖြစ်ပါတယ်။ ရှောင်နိုင်ရန်ပြောခြင်းသာ ဖြစ်ပါသည်။