Mk Air con & Sales

Mk Air con & Sales Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mk Air con & Sales, Heating, ventilating & air conditioning service, ကမာရွတ်မြို့နယ် နီလာလမ်း, Yangon.

23/10/2025

🙆ချစ်ကာကာတို့အိမ်မှာရှိတဲ့ Aircon တွေကို အမြဲအေးနေစေဖို့အတွက် ဆောင်ရန်/ရှောင်ရန်တွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်❤️

✅လုပ်သင့်တဲ့အချက်များ။
- Aircon ရဲ့ Outdoor ယူနစ်ကို တစ်ခုခုပိတ်မနေအောင် ရှင်းပေးပါ။

- Gas ယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးပေးပါ။ ယိုစိမ့်မှုတွေ့ပါက တတ်ကျွမ်းနားလည်သူတွေကိုခေါ်ကာ ဖာထေးပြုပြင်ပါ။

- Aircon Indoor မှာပါတဲ့ Filter ကိုဖြုတ်ပြီး သန့်ရှင်းပေးပါ။

- Aircon အသုံးပြုတဲ့အခန်းတွင် ပြတင်းပေါက်များကို လိုက်ကာများတပ်ဆင်ထားပါ။

❌မလုပ်သင့်တဲ့အချက်များ။
- Aircon လေကို တားဆီးပိတ်ပင်စေတဲ့ ပစ္စည်းတွေကို Aircon ရှေ့တွင်မထားသင့်ပါ။ (ရှေ့ကနေ တစ်ခုခု ကွယ်မနေတဲ့နေရာမှာ Aircon ကိုတပ်ဆင်ပါ)။

- Outdoor ယူနစ်ကို နေရောင်တိုက်ရိုက်ကျတဲ့နေရာတွင်မထားသင့်ပါ။ (မဟုတ်ရင် Aircon ကို Over Loading ဖြစ်စေပြီး Compressor ကိုရပ်လိုက်လည်လိုက် တောက်လျှောက်ဖြစ်ကာ ပျက်ဆီးနိုင်ပါတယ်)

မိတ်ဆွေတို့အနေနဲ့အိမ်မှာထားဖို့ အရည်အသွေးမြင့် Aircon တွေကိုရှာဖွေနေတယ်ဆိုရင်တော့ MSH ကိုသတိရလိုက်ပါနော်။

Aircon တွေကို ၀ယ်ယူချင်တာပဲ ဖြစ်စေ၊Installation နှင့် Servicing ပြုလုပ်ချင်တာပဲ ဖြစ်စေ ဖုန်းလေးတစ်ကောလ်သာ ခေါ်လိုက်ပါ

☎️Just One Call-09956833044 . 09982179608

အဲကွန်း Servicing ဆိုတာဘာလဲ?🏠အဲကွန်းနဲ့ပတ်သက်လာရင် လူအများစုရဲ့စိတ်ထဲမှာ လွဲမှားနေတဲ့အတွေးတစ်ခုက အဲကွန်း Servicing ဆိုတာ...
19/10/2025

အဲကွန်း Servicing ဆိုတာဘာလဲ?

🏠အဲကွန်းနဲ့ပတ်သက်လာရင် လူအများစုရဲ့စိတ်ထဲမှာ လွဲမှားနေတဲ့အတွေးတစ်ခုက အဲကွန်း Servicing ဆိုတာကို အဲကွန်းပျက်တဲ့အခါပြုပြင်ခြင်းလို့ ထင်နေကြတာပါ 🚫
🏠ဒါ့ကြောင့်ပဲ အဲကွန်းအတွက် ပုံမှန် Servicing မလုပ်ကြသလို၊ ပျက်တဲ့အခါမှာလည်း ကိုယ်တိုင်စမ်းပြုပြင်ပြီး မရတဲ့အဆုံးမှ အဲကွန်း Servicing ခေါ်ကြတာဖြစ်ပါတယ် 🤦

🏠အမှန်တော့ အဲကွန်း Servicing ဆိုတာက အဲကွန်းတွေသက်တမ်းပြည့် အပြစ်အနာအဆာမရှိပဲ အလုပ်လုပ်နိုင်အောင် ပုံမှန်ပြုပြင်ထိန်းသိမ်းပေးရခြင်း လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ် 🧑‍🔧

အဲကွန်း Servicing ထဲမှာ
🔧 Filter များ အစားထိုးခြင်း
🔧 အအေးခန်းများကို စစ်ဆေးခြင်း
🔧 ကွိုင်များကိုသန့်ရှင်းပေးခြင်းနဲ့
🔧 အဲကွန်း System တစ်ခုလုံးရဲ့ လုပ်ဆောင်ချက်ကို စစ်ဆေးခြင်းတို့ပါဝင်ပါတယ်
လူအများစုလွဲမှားနေတဲ့အတွေးလိုမျိုး
👉 အဲကွန်းပျက်မှ Servicing ခေါ်မယ်၊ ကိုယ့်ဘာသာပြင်ကြည့်မယ်
👉 အဲကွန်းကိုလည်း ပုံမှန် Servicing မလုပ်ဘူးဆိုရင်တော့
🔴 အအေးဓာတ်လျော့ခြင်း
🔴 အဲကွန်းရေကျခြင်း
🔴 အဲကွန်းစွမ်းဆောင်ရည်လျော့ကျလာခြင်း
🔴 ဘေလ်စားကြီးခြင်းနှင့်

🔴 အဲကွန်း သက်တမ်းပြည့်အလုပ်မလုပ်ခြင်း စတဲ့ မလိုလားအပ်တဲ့ ဆုံးရှုံးထိခိုက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီတော့ မိတ်ဆွေတို့ကိုအကြံပေးချင်တာက အဲကွန်းတစ်လုံးဝယ်ထားပြီးပြီဆိုရင် ကျွမ်းကျင်ပညာရှင်တွေပြောတဲ့အချိန်အတိုင်း ပုံမှန် Servicing လုပ်ဖို့ကိုပါပဲ 🤗

မဟုတ်ရင်တော့ လိုတာထပ်ပိုတဲ့ ကုန်ကျမှုနဲ့ ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်လို့ပါ 🚫

Air-Con တွေကို ဝယ်ယူချင်တာပဲဖြစ်စေ ၊ Installation နှင့် Servicing ပြုလုပ်ချင်တာပဲဖြစ်စေ ဖုန်းလေးတစ်ကောသာဆက်လိုက်ပါ။

Just One Call – 09 956833044 .09 -982179608

19/10/2025

အဲကွန်းတိုင်းမှာ အအေးပေးတဲ့ Refrigerant တစ်မျိုးတော့ပါဝင်ပါတယ်။Refrigerant ဆိုတာကတော့ Air Con outdoor unit ထဲမှာနဲ့ ကြေးပိုက်စနစ်ထဲမှာ သုံးတဲ့ Gas ပါ။ ဈေးကွက်ထဲမှာ အသုံးများတာကတော့ R410A hydro-fluorocarbon (HFC) နဲ့ R32 Difluoromethane (HFC32) ပါ။

✅R22 hydro-chlorofluorocarbon (HCFC) အမျိုးအစားကတော့ အိုဇုန်းလွှာကို ပျက်စီးစေတဲ့ Gas အမျိုးအစားဖြစ်တဲ့အတွက် နိုင်ငံအများစုမှာ R22 gas သုံးတဲ့ Air Con တွေကို ထုတ်လုပ်ခြင်း မရှိတော့ပါဘူး။

✅R410A hydro-fluorocarbon (HFC) အမျိုးအစားကတော့….
✅အိုဇုန်းလွှာကို ထိခိုက်ပျက်စီးမှုမရှိတာကြောင့် Ecofriendly Gas လို့လည်း ခေါ်ကြပါတယ်။
R410a Gas ဟာ ပတ်ဝန်းကျင်လေထုကို မညစ်ညမ်းစေပါဘူး။

✅စွမ်းအင်ကို ပိုပြီး ထိရောက်စွာ အသုံးပြုနိုင်တာကြောင့် အဲကွန်းကအသုံးပြုတဲ့ စွမ်းအင်ကိုပိုပြီးချွေတာနိုင်ပါတယ်။

✅အခုလက်ရှိစျေးကွက်ထဲမှာဆိုရင်လည်း Brand တော်တော်များများဟာ R410a Gas ကို အသုံးပြုပြီးထုတ်လုပ်လာကြပါတယ်။

✅R410a Gas ကို သက်သာတဲ့ စျေးနှုန်းနဲ့ဝယ်ယူရရှိလာနိုင်ပြီ ဖြစ်တောကြောင့် ပြုပြင် ထိန်းသိမ်းရာမှာလည်း အရင်လို အကုန်အကျမများတော့ပါဘူး။

✅R410A system က အခြား Refrigerant တွေထက် ဖိအားလည်ပတ်မှု ပိုမိုမြင့်မားတာကြောင့် အစိတ်အပိုင်းများကို ဒီဇိုင်းပြုလုပ်တပ်ဆင်ရာတွင် ကွဲပြားခြားနားသော ပစ္စည်းကိရိယာများကို အသုံးပြုတပ်ဆင်ရပါတယ် ။

✅ဒါကြောင့် ဘေးကင်းလုံခြုံတဲ့ စံချိန်စံညွှန်းများနှင့် နည်းပညာများ ၊ Equipment များ နှင့် မတူကွဲပြားသော စက်ကိရိယာများကိုတပ်ဆင်၀န်ဆောင်မှုပေးရန် R410A system ကျွမ်းကျင်ပညာရှင်တွေနဲ့တပ်ဆင်ဖို့လိုအပ်ပါတယ် ။

✅အခုဆို ဥရောပ နဲ့ အမေရိကန်ပြည်ထောင်စု ၊ ဂျပန်နိင်ငံ၊ ထိုင်းနိုင်ငံတို့မှာ Residential နှင့် Commercial တို့အတွက် Air Conditioners တွေကို R410A Refrigerant နဲ့ R32 Refrigerant သုံး Air Conditioners တွေကိုတွယ်ကျယ်စွာ အသုံးပြုလာကြပါပြီ ။

✅R32 Difluoromethane (HFC32) အမျိူးစားကတော့
ကာဗွန်ပါဝင်မှုကို လျှော့ချပေးပြီး ကမ္ဘာကြီးပူနွေးလာစေတဲ့ အကျိုးသက်ရောက်မှုကို (၃) ဆအထိ သက်သာစေပါတယ်။

✅အိုဇုန်းလွှာကို ထိခိုက်ပျက်စီးမှုမရှိတဲ့ Gas အမျိုးအစားဖြစ်ပါတယ်။
ပိုမိုကောင်းမွန်ထိရောက်တဲ့ စွမ်းအင်တွေနဲ့ အအေးဓာတ်ကို ပိုထုတ်ပေးပါတယ်။
အဆိပ်အတောက်ပါဝင်မှုလည်း မရှိသလောက်နည်းပါတယ်။

✅မီးလောင်စေဖို့ခက်ခဲတာကြောင့် ပေါက်ကွဲမှုကိုလည်းမဖြစ်စေပါဘူး
လွယ်လွယ်ကူကူ reuse and to recycle ပြုလုပ်နိုင်ပါသေးတယ်။

✅ဒီအချက်တွေကြောင့် R32 Gas ကို အနာဂတ်မျိုးဆက်တွေအတွက် အရေးပါတဲ့ အသုံးပြုသင့်ဆုံးအရာအဖြစ် ဖော်ပြကြပါတယ်။

✅R32 Refrigerant ကို သုံးခြင်းအားဖြင့် သင့်အနေနဲ့ ရေရှည်မှာ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးဖြစ်စေဖို့အတွက် ပံ့ပိုးမှု ဖြစ်စေမှာပါ။

✅HCFC နှင့် နိင်ငံတကာသဘာ၀ပတ်၀န်းကျင်သဘောတူညီချက်အရ သဘာ၀ပတ်၀န်းကျင်ကို ဆိုးကျိုးဖြစ်စေသော chlorine ပါ၀င်မှုကင်းမဲ့တဲ့ R410A Refrigerant နဲ့ R32 Refrigerant တို့ကို အိုဇုန်းလွှာပျက်စီးစေမှုနှုန်း (0) ဖြစ်သည့်အတွက် အသင့်တော်ဆုံး၊အသုံးပြုသင့်ဆုံး Refrigerant ဖြစ်ကြောင်း သတ်မှတ်ထားကြပါတယ် ။

18/10/2025

🩷✅အဲယားကွန်း အသုံးပြုသောအခါ လိုက်နာသင့်သည့် (အခြေခံ) အချက်လက်များ🙆✅
----------------------------------------------------------

၁။ Air con အပိတ်အဖွင့်လုပ်သည့်အခါ ပလပ်ကိုဆွဲဖြုတ်ခြင်း၊ ထိုးသွင်းခြင်းဖြင့် အပိတ်အဖွင့်လုပ်ခြင်း (လုံးဝ) မလုပ်ပါနှင့်။ Shock ဖြစ်ပြီး စက်ပျက်တတ်ပါသည်။🙆🩷
၂။ Remote Control ကို အသုံးပြုပြီး မိမိနှင့်သင့်တော်မည့် အပူချိန်မှာ ချိန်ထားသင့်ပါသည်။ (အရမ်း)မအေးပါစေနှင့်။လူကို (တိုက်ရိုက် )လေမထိုးထားပါနှင့်။ အထူးသဖြင့် အိပ်သည့်အခါတွင်ဖြစ်စေ ၊ ညဘက်လူအိပ်နေချိန်ဖြစ်စေ လူဆီကို အအေးတည့် တည့်မကျရောက်
အောင်သတိထားသင့်ပါသည်။🩷✅
၃။ ညအိပ်ချိန်များတွင်အအေးဓာတ်ကိုထိန်းရန်အချိန်ထိန်းခလုတ်(Timer) ကို အသုံးပြုနိုင်ပါသည်။🫶✅
၄။အခန်းတွင်းကို အအေးဓာတ်မပေးပဲ လေချည်းသက်သက်ပေးချင်ပါက Fan mode ပန်ကာကို အသုံးပြုနိုင်ပါသည်။ ပန်ကာချည်းသုံးခြင်းဖြင့် လျှပ်စစ်ဓါတ်ခြွေတာရာရောက်ပါသည်။
၅။အခန်းတွင်း အပူချိန်အား သင့်သလောက်သာချိန်ထားသင့် ပါသည်။ အပူချိန် ပူလွန်း / အေးလွန်းလျှင် လျှပ်စစ်ဓါတ်အားကို ပိုကုန်စေနိုင်သည်။🫶🫶
၆။ Remote Control အဝေးထိန်းခလုတ်ကို Air con အောက် တစ်ပေခန့်အကွာရှိ နံရံတွင် အထိုင်ခွက်ဖြင့် တပ်ဆင်ထားပါ။ လွတ်မကျပါစေနှင့် ။ ရေ နှင့် အချိုရည် ကဲ့သို့သော အရည်များမထိပါစေနှင့် ။ လွတ်ကျလျှင် ရေစင်လျှင် Remote ပျက်စီးပြီး အလုပ်ကောင်းကောင်း လုပ်နိုင်မည်မဟုတ်ပါ။
၇။ Remote Control အဝေးထိန်းခလုပ်အား Air con နှင့် ၁၅ပေခန့် အကွာအဝေးအတွင်း၌သာ သုံးပါ။သိပ်ဝေးလွန်းလျှင် အလုပ်မလုပ်ပါ။
၈။ Air con နှင့် Remote controlတို့ကြားတွင် ခန်းစည်း / ကန့်လန့်ကာ တို့နှင့် ခံနေလျှင် Remote ကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။🫶✅
၉။ Air con Indoor Filter ( လေစစ်ဆန်ကာ) ကို ဖြစ်နိင်လျှင် တစ်လလျှင် တစ်ကြိမ်ခန့် သန့်ရှင်းရေးလုပ်ပေးပါ ။ ခရီးရက်ရှည်ထွက်စရာရှိ လျှင်
Air con ကို သေသေချာချာ ပိတ်ခဲ့ပါ ။
၁၀။ Air conရဲ့ Indoor unit အတွင်း( သို့မဟုတ်) အပြင်ဘက်ရှိ အစိတ်အပိုင်းများကို ရေဖြင့် ဆေးပြီး သန့်ရှင်းရေးမလုပ်သင့်ပါ ။ Shock ဖြစ်ပြီး ဓာတ်လိုက်တတ်သောကြောင့် ကျွမ်းကျင်သူများကို သာ ခေါ်လုပ်သင့်ပါသည်။
၁၁။ Air con ရှေ့တည့်တည့်တွင် မည်သည့်ပစ္စည်းမှ ခံမနေပါစေနှင့် ။
လေလမ်းကြောင်းရှေ့တွင် အရာဝတ္ထု ပစ္စည်းများ ပိတ်ဆို့နေလျှင် လိုအပ်တဲ့ အအေးဓာတ် မရှိနိုင်ပါ။
၁၂။ Air con တွင် ခရမ်းလွန်ရောင်ခြည် အချက်ပေး ကိရိယာပါရှိပါသည်။ Aircon ပေါ်သို ့နေရောင်ခြည်တိုက်ရိုက်ကျရောက်နေပါကကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။ထို့ကြောင့် နေရောင်ခြည်တိုက်ရိုက် ကျရောက်မနေစေရန် ခန်းစီး ကန့်လန့်ကာတို့ဖြင့် ပြတင်းပေါက်များအား ကာထားသင့်ပါသည်။
၁၃။ အခန်းထဲ၌အန့ံအသက်မကောင်းတော့ဘူးဆိုလျှင် ပြတင်းပေါက်များအားဖွင့်ထားပြီး လေကောင်းလေသန့်ရအောင် လုပ်ပါ။
၁၄။ မီးလောင်စေတတ်သောမှုတ်ဆေး နှင့်သုတ်ဆေးများအား Air con နားမှာ အသုံးမပြုသင့်ပါ ။ တင်နာ ပိုးသတ်ဆေး ရေနံဆီ ဓာတ်ဆီကဲ့သို့သော အရည်များဟာ Air con ကို ထိခိုက်ပျက်စီးနိုင်ပါသည်။
၁၅။ မီးပူ မီးဖိုတို ့လို အပူထုတ်သည့်ပစ္စည်းများအား Air con နှင့်ဝေးဝေးမှာထားပါ ။ အပူချိန်မြင့်လျှင် Air con ပျက်တတ်ပါသည်။
၁၆။ Air con မှ ညှော်နံ့ရလျှင် ခလုတ်ကို ချက်ခြင်းပိတ်ကာ ပြင်ဆိုင်သို့အကြောင်းကြားပါ
၁၇။ Outdoor unit Condenser ထဲသို ့တုတ် (သို့မဟုတ်) လက်ဖြင့် မထည့်ပါနှင့် ။ အထဲမှာ အရှိန်ပြင်းပြင်း လည်နေတဲ့ ပန်ကာ ရှိသောကြောင့် လူကို အန္တာရာယ် ဖြစ်စေတတ်ပါသည်။
၁၈။ Outdoor unit Condenser ပေါ်တွင် အဝတ်များလှန်းခြင်း၊ ပစ္စည်းများတင်ခြင်း မပြုလုပ်ပါနှင့်။စက်အပူလွန်ပြီး ပျက်စီးတတ်ပါသည်။
၁၉။အိမ်အပြင်ရှိ Outdoor unit Condenser တွင် အမှိုက်သရိုက်များ ကပ်နေမနေ ပုံမှန် စစ်ဆေးပါ။ အမှိုက်များကပ်နေလျှင် ရှင်းပေးပါ။🫶✅

Air-Con တွေကို ဝယ်ယူချင်တာပဲဖြစ်စေ ၊ Installation နှင့် Servicing ပြုလုပ်ချင်တာပဲဖြစ်စေ ဖုန်းလေးတစ်ကောသာဆက်လိုက်ပါ။

☎️Just One Call 09-982179608.09-956833044

18/10/2025

Cooling Tower 🗼 Diagram

18/10/2025

Refrigerant pressure P T chart 🎯❄️✔️

Cool service EHSAN

Address

ကမာရွတ်မြို့နယ် နီလာလမ်း
Yangon

Website

Alerts

Be the first to know and let us send you an email when Mk Air con & Sales posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share