Mya Ayer Construction

Mya Ayer Construction A Myanmar Construction & Engineering Company. Mya Ayer was started as Copra Coconut Oil manufacturing business in early 1986.

In 2015, after successive thirty years in business, ‘Mya Ayer Construction Co., Ltd’ was incorporated to mark our ‘Pearl Anniversary’. The purpose is to assist in Mya Ayer Group’s continuous expansion by handling various building projects of our own, therefore save certain expenses. Besides we aim to provide Smart, Reliable and Cost efficient buildings for others. Moreover, we desire to be a helping hand in Myanmar’s much needed infrastructure building.

“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့”
17/10/2024

“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့”

တာဝတိံသာကနေ သင်္ကဿနဂိုလ်မြို့ဆီ အပြန်ခရီးတလျှောက်မှာ ဆီးမီး‌တွေအသွယ်သွယ်၊ သာယာငြိမ့်ညောင်း ဂီတသံတွေအဖုံဖုံနဲ့ ဂုဏ်ကျက်သရေအပေါင်းပြီးပြည့်စုံတော်မူတဲ့ မြတ်ဘုရားရှင်ကို ဦးခိုက်ပူဇော်နေကြပုံများ .... ကြည်နူးဖွယ်အတိပြီးပါဘိ....ဝမ်းမြောက်ဖွယ်အတိပြီးပါဘိ....။

ရှင်တော်မြတ်ဘုရား ဆင်းသက်ကြွမြန်းလာတဲ့အချိန်မှာ ထိန်ထိန်သာ လပြည့်ဝန်းကြီးကလည်း နောက်ခံပန်းချီကားတစ်ချပ်လို ကူညီအားဖြည့်လို့ ကောင်းကင်ဆီးမီး ၊ မြေပြင်ဆီးမီး အထူးထူးပူဇော်ရင်း ခြေတော်စုံကိုရည်မှန်းလို့ ဖဝါးတော်ဦးခိုက်ကန်တော့လိုက်ပါရစေဘုရား 🙏🏻....

ဒီလို သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့ထူးနေ့မြတ်မှာ ကောင်းမှုကုသိုလ်တွေပွားများပြီး၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ဉာဏ်အလင်းရောင်ဖြင့် အမှောင်များကို ပယ်‌ ဖျောက်နိုင်တဲ့ သီတင်းကျွတ်အခါသမယဖြစ်ပါ‌စေကြောင်း မြဧရာမိသားစု မှ မေတ္တာရှေးရှူဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

Let us wish for peace and prosperity of every citizen on this Full Moon Day of Thadingyut. 🙏🙏🙏



20/07/2024

ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)🌕

🌺” သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွတ်သံချို လဝါဆို”🌺

ဘာသာရေးအထိမ်းအမှတ်များစွာစိုက်ထူထားတဲ့ ဝါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရားရှင် တရားဦး "ဓမ္မစင်္ကြာ” ဟောကြားခဲ့တဲ့နေ့လည်း ဖြစ်တဲ့အတွက် “ဓမ္မစင်္ကြာနေ့” လို့ ယနေ့အချိန်ထိ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ပြုခဲ့ကြပါတယ်။

ဒီလိုဝိသေသတွေပြည့်နှက်နေတဲ့ ဝါဆိုလပြည့်နေ့မှ စတင်ပြီး ဝါတွင်းသုံးလမှာ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်းများကို စိတ်အေးချမ်းသာစွာ ပြုလုပ်ရင်း ကုသိုလ်ယူနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

We wish people of Myanmar a peaceful and healthy soul on Full Moon Day of Waso. 🙏


#ဝါဆိုလပြည့်နေ့

16/06/2024

"ဖေဖေ" တဲ့ ... စကားလုံးလေးက (၂) လုံးတည်းဆိုပေမယ့် ဘဝလမ်းကြောင်း ကောင်းကောင်းဖြောင့်ဖို့ တခါတလေမှာ "နည်းပြဆရာ" ၊ အမှားတွေမများဖို့ ဆုံးမဩဝါဒချွေတတ်တဲ့ "ကျောင်းဆရာ" ၊
ဘဝဒဏ်ကို ကြံ့ကြံ့ခံဖို့ အားပေးသူ "အဖော်မွန်ကောင်း" ဆိုပြီး ခေါင်းဆောင်းတွေအများကြီး ဆောင်းထားတဲ့ အံ့ဖွယ်လူသား...။

မေတ္တာတွေပေးရင်း ၊ ဘဝသင်ခန်းစာတွေပို့ချရင်း ကြီးပြင်းလာစေခဲ့သူ ‌"ဖေဖေ့" ကြောင့် လောကဓံတွေဟာလည်း "တောင်ကြီးဖဝါးအောက်" ရောက်ခဲ့ရပါတယ်။

သားသမီးတွေအပေါ် တန်ဖိုးဖြတ်မရတဲ့ မေတ္တာတွေ ထုနဲ့ထည်နဲ့ သွန်းလောင်းချပေးခဲ့တဲ့ ဖေဖေတို့ရဲ့ ‌ မယုံကြည်နိုင်လောက်တဲ့ ချစ်ခြင်းမေတ္တာနဲ့ သြဇာလွှမ်းမိုးမှုကို ရည်စူးအောက်မေ့ရင်း ကမ္ဘာပေါ်က ကျေးဇူးရှင်ဖခင်များအားလုံးကို ဒီနေ့ ကျရောက်တဲ့အဖေများနေ့မှာ ဂုဏ်ပြုလိုက်ရပါတယ်။

♥️Let's not forget to celebrate all the fathers in the world who selflessly sacrificed and raised their children 🙏🏻.... .


#အဖေများနေ့

တိုကျိုမြို့ရဲ့အောက်မှာ ရေကြီးခြင်းကိုကာကွယ်ဖို့ ဒီလိုအလွန်ကြီးမားတဲ့ စက်ဝိုင်းလုံးရှည်ပုံသဏ္ဍန်မြေအောက်ရေစုကန်ကြီး ၅ ခု...
19/05/2024

တိုကျိုမြို့ရဲ့အောက်မှာ ရေကြီးခြင်းကိုကာကွယ်ဖို့ ဒီလိုအလွန်ကြီးမားတဲ့ စက်ဝိုင်းလုံးရှည်ပုံသဏ္ဍန်မြေအောက်ရေစုကန်ကြီး ၅ ခုရှိပါတယ်။ ဒီလိုထားရှိခြင်းက ရေကြီးခြင်းကြောင့်မြို့ပျက်ဆီးခြင်းကို အကာအကွယ်ဖြစ်စေပါပါတယ်။

Photo - credit

01/05/2024

၁၉ ရာစုနှောင်းပိုင်းကာလကို ပြန်ကြည့်ရင် ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရတဲ့ သူတို့ရဲ့ နေ့ရက်ရှည်တွေ၊ ဆံချည်မျှင်လောက်တောင် မလျေ့ာတဲ့ ဇွဲသတ္တိတွေ၊ ရဲရင့်တဲ့ တိုက်ပွဲတွေကြောင့် ဥရောပလယ်သမား တွေရဲ့ ပွဲတော်နေ့ကို စက်မှု၊လက်မှု၊ကာယ၊ဥာဏအလုပ်သမားတွေကို ဂုဏ်ပြုအောက်မေ့တဲ့ နေ့ထူးအဖြစ် ဂုဏ်ပြု ကူးပြောင်းပေးခဲ့ရတာကို မြင်ရပါလိမ့်မယ်။

မျှတတဲ့ လုပ်ခလစာ၊ သင့်လျော်တဲ့ အလုပ်ချိန်၊ ပိုမိုလုံခြုတဲ့ လုပ်ငန်းခွင်အခြေအနေတွေ ဖြစ်လာဖို့အတွက် ကြိုးစားအားထုတ်ခဲ့ရတဲ့ အလုပ်သမားတွေရဲ့တိုက်ပွဲတွေဟာ ဒီနေ့ခေတ် လူသားတွေ အလွယ်တကူရထားတဲ့ အခွင့်အရေးတွေဖြစ်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။

အာကာသထဲအထိ ခရီးဆန့်ဖို့ ကြိုးစားနေတဲ့ အာကာသိပ္ပံပညာရှင်ကနေ တံမြက်စည်း‌ကိုင်ပြီး လှည်းကျင်းနေတဲ့ သန့်ရှင်းရေးဝန်ထမ်းအထိ အားလုံးမှာ ကိုယ်ပိုင်တန်ဖိုးရှိတာမို့ လူ့အဖွဲ့အစည်းကို တိုးတက်စေမယ့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးဖို့လိုပါတယ်။

လူ့အဖွဲ့အစည်းရဲ့ ကျောရိုးဖြစ်တဲ့ အလုပ်သမားလူတန်းစားရဲ့ စွမ်းအားနဲ့ အရေးပါမှုကို အသိအမှတ်ပြု၊ ဂုဏ်ပြုကြတဲ့ "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" (May Day) မှာ ဒီလူ့အဖွဲ့အစည်းကြီး ရှင်သန်တိုးတက်စေဖို့ အဘက်ဘက်က ဝိုင်းဝန်းကြိုးစားနေတဲ့ ကမ္ဘာတဝှမ်းက ကာယ၊ ဥာဏ အလုပ်သမားများအားလုံးကိုMya Ayer Group of Companies က ဂုဏ်ပြုလိုက်ရပါတယ်။




၁၃၈၆ ခု၊ တန်ခူးလပြည့်နေ့ နှစ်ဦးကုသိုလ်။
24/04/2024

၁၃၈၆ ခု၊ တန်ခူးလပြည့်နေ့ နှစ်ဦးကုသိုလ်။

17/04/2024

"သိမ်သရေထိန်ဝေတောက်…ပန်းပိတောက်ပွင့်ရာသီ ဖူးပွင့်လို့စီ၊ အဟောင်းတွေပျက်ကြွေသုဥ်း၊
တိုင်းနိုင်ငံတပြည်လုံး၊ ပျော်လို့မဆုံး"

ရွက်ဟောင်းကြွေကျမြေခ ရွက်သစ်ဝေတဲ့အချိန်...နှစ်ဟောင်းလည်း ဆွေးမြေ့လို့ နုပျိုနှစ်သစ်ကူးပြောင်းချိန်မှာ မိဘပြည်သူအားလုံး စိတ်နှလုံးအေးချမ်းပျော်ရွှင်ကြပါစေ🙏💦

နွေဂိမာန်အတာတန်ခူးနဲ့ အပြိုင် ပူလောင်ကြောင့်ကြနေကြရတဲ့ ပရိဒေဝသောကမီးတွေကို သင်္ကြန်အတာရေစင်နဲ့ပက်ဖျန်း ငြိမ်းအေးနိုင်ကြပါစေ 💦 🙏

နှစ်ဟောင်းက စိတ်အညစ်အကြေးတွေသန့်ရှင်းစင်ကြယ်စေဖို့ သီလရေစင်နဲ့ ဆေးကြောနိုင်ကြပါစေ 💦 🙏

မိဘပြည်သူတိုင်းရင်းသားမောင်နှမများအားလုံး ကုသိုလ်တရားများထုံမွှမ်းပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ကောင်းကျိုးလိုရာဆန္ဒများပြည့်စုံပြီး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ Mya Ayer Group မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 💦🙏

💦Wishing all the people of Myanmar a healthy, happy, and splashing good time during Thingyan! May the New Year wash away troubles and bring you peace, prosperity, and good fortune. ❤🙏



Step into the Vila-Lobos Residence and indulge in the luxury of tranquility. This villa offers a haven where modern eleg...
15/04/2024

Step into the Vila-Lobos Residence and indulge in the luxury of tranquility. This villa offers a haven where modern elegance meets natural beauty. 🏡✨

Concept design by [IG]

10/02/2024

🧧🏮🐉Gong Xi Fa Cai 🏮🧧🐉

ဖေဖော်ဝါရီ (၁၀) ရက်နေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူး မင်္ဂလာနဂါးနှစ်သစ် အချိန်အခါမှစတင်ပြီး မြန်မာပြည်ဖွား တရုတ်လူမျိုးများနှင့်တကွ မိတ်ဆွေ သင်္ဂဟများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး၊စည်းစိမ်ဥစ္စာများ ပိုမိုတိုးပွားကြပါ‌ စေ။ ပျော်ရွှင်ဖွယ်ရာ အချိန်အခါဖြစ်ပါစေလို့ Mya Ayer Group မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။

🏮🧧🐉Happy Chinese Year🐉🏮🧧

We, Mya Ayer Group, wish all Chinese descendants who were born in Myanmar, families, and friends to be healthy wealthy, and prosperous from this auspicious Year of the Dragon onwards.



#တရုတ်နှစ်သစ်ကူး
#နဂါးနှစ်သစ်

#မြဧရာနှလုံးသားဖြင့်ထုတ်လုပ်သည်

11/01/2024

ဒီနေ့မှာ ကျရောက်တဲ့ “ကရင်နှစ်သစ်ကူးနေ့” ကို မြဧရာ လုပ်ငန်းစု မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင့် ။ ကရင်တိုင်းရင်းသား ညီအကိုမောင်နှမများ အပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ဘေးဘယာကင်းကွာပြီး ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်ရှင့် 🙏





#မြဧရာနှလုံးသားဖြင့်ထုတ်လုပ်သည်။

25/12/2023

🎄🔔❄နှင်းမြူအုံ့မှိုင်းတဲ့ ညချမ်းချိန်ခါ ...ဓမ္မတေးသံတွေ၊ နာတာလူးသီချင်းသံတွေနဲ့ "ဟာလေလုယာ"... ထာဝရဘုရားကို ချီးမွမ်းကြတဲ့ ခရစ္စမတ်ချိန်ခါမှာ ... 🎅

🧔‍♀️♰မာန်မာနတွေရှိနေရင် ...အမုန်းတရားတွေရှိ‌နေရင် ... ခရစ်တော်ယူဆောင်လာတဲ့ ကယ်တင်ခြင်း လမ်းပြမီးအိမ်အောက်မှာ ခွင့်လွှတ်ခြင်းတရားတွေနဲ့သာ ချေဖျက်လိုက်ပါ။

🤍♥️ချစ်ခြင်းမေတ္တာ၊ ရက်ရောမှုနဲ့ မိသားစုဝင်တွေရဲ့ ဝမ်းမြောက်မှုတွေဟာ လောကတခွင်လုံးကိုပါ ပျံ့နှံ့သွားပါစေသား ...

🎄♰ ခရစ္စမတ်သစ်ပင်ထိပ်က တောက်ပနေတဲ့ ကြယ်ရောင်အလင်းဟာ လောကအမှောင်ကိုခွင်ပြီး အလင်းကို ယူဆောင်လာပါစေသား ...

🧔‍♀️ အပြစ်သားတွေရဲ့ စိတ်ရိုင်းမိစ္တာတွေကို ဘုရားရှင်ရဲ့ နာမတော်နဲ့ နှိမ်နှင်းနိုင်ပါစေသား ...

🎄⛄🤶🦌ဒီဇင်ဘာ ၂၅ ရက်နေ့မှာကျရောက်တဲ့ "ဘုရားရှင်ကိုချီးမွမ်းဝမ်းမြောက်ရာ" အခါတော်နေ့မှာ ခရစ်ယာန်မိတ်ဆွေတွေ သာမက မြန်မာတစ်ပြည်လုံးအပေါ် ဘုရားသခင် ကောင်းချီပေးပါစေ၊ စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာပြီး ပျော်ရွှင်ဖွယ်ရာအချိန်အခါ ပိုင်ဆိုင်ကြပါစေလို့ မြဧရာမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

We, Mya Ayer, wish Myanmar people to be healthy and happy for many years with their loved ones.

# Merry_Christmas
# ခရစ္စမတ်နေ့


# Mya_Ayer_Group_of_Companies
# Made_in_Myanmar
#မြဧရာ_နှလုံးသားဖြင့်ထုတ်လုပ်သည်

လှပတဲ့မျက်နှာကျက်များ၊ အိပ်ခန်း ၂ ခန်း၊ ကျွန်းပါကေး၊ အလင်းရောင်ကောင်းစွာရတဲ့မှန်ပြတင်းများ၊ ထိုင်ချင့်စဖွယ်ဧည့်ခန်း တွေန...
12/12/2023

လှပတဲ့မျက်နှာကျက်များ၊ အိပ်ခန်း ၂ ခန်း၊ ကျွန်းပါကေး၊ အလင်းရောင်ကောင်းစွာရတဲ့မှန်ပြတင်းများ၊ ထိုင်ချင့်စဖွယ်ဧည့်ခန်း တွေနဲ့ နေချင်စရာ ‘Home Sweet Home’ ဖြစ်ရအောင် တန်ဖိုးသက်သာစွာပြင်ဆင်ပေးထားတာဖြစ်ပါတယ်။

Project. - Residential
Project scope - Design, Interior Decoration, M&E
Area - 1,200 sq-ft
Design - Mya Ayer Construction
Installation - Mya Ayer Construction

ဒီဇိုင်းကောင်းကောင်း ဈေးနှုန်းချိုချိုနဲ့ အကောင်းဆုံးရလဒ် လိုချင်ရင်တော့ Mya Ayer Construction ကိုဆက်သွယ်လိုက်ပါနော်။

Let us help you create your dream home ☺️

အသေးစိတ်ဆွေးနွေးလိုပါက -

Ph number - 09403797359, 0943182113
Email. - [email protected]

Address

(55), Sein Lei Kan Thar Street, Ywar Thar Gyi Heavey Industrial Zone, South Dagon T/S
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959403797359

Alerts

Be the first to know and let us send you an email when Mya Ayer Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mya Ayer Construction:

Share