Mr. Winner Construction

Mr. Winner Construction Be cool with Mr.winner

ဝါဆိုလပြည့်နေ့အကြောင်းသိကောင်းစရာ🙏🙏🙏ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစ...
01/08/2023

ဝါဆိုလပြည့်နေ့အကြောင်းသိကောင်းစရာ

🙏🙏🙏

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။
မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။

ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ )

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။
Credit - Shwe Nyar Thar

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

မကြာခင်ရောက်ရှိတော့မည့် ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာလေး မျှဝေလိုက်ပါတယ်။

***********************************

ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာများ

ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့လေးတစ်နေ့ပါ။ ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါသည်

၀ါဆိုလပြည့်နေ့ရာဇ၀င်

ဟိုးရှေးရှေးတုန်းက… မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသံဃာအများစုသည် မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရားသည် စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသံဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ့မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့ အချိန်သုံးလသတ်မှတ်ခဲ့ပါသည်။ ထိုကာလကို ဝါတွင်းသုံးလလို့ ခေါ်ပါသည်။ အဲဒါကြောင့်မို့ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသံဃာများဟာ ဘယ်မှဝေးဝေးလံလံ မသွားဘဲနဲ့ ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်းသတ်မှတ်ခဲ့ပါသည်။

၀ါဆိုသင်္ကန်း

၀ါဆိုသင်္ကန်း- ဆိုတာ ဝါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့ ပြောနိုင်မယ်ထင်ပါသည်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ဝါဆိုသင်္ကန်းကို ဝဿာဝါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ တိပိဋက ပါဠိအဘိဓာန်က ဝဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) – မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။
၀ါမဆိုမီကာလမှာ ဝါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိသည်။ ဝါတွင်းကာလမှာ အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်) လုပ်တဲ့သံဃာတော်တွေကို ဝါဆိုသင်္ကန်းဆိုပြီး ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာ၀င်တွေက လှူဒါန်းကြပါသည်။

ပြန်လည်ကူးယူ ဒါနပြုခြင်းဖြစ်ပါသည်။

17/04/2023
09/04/2023
01/01/2023

စိတိသွားတိုင်းကိုယ်ပါလိုရာပြည့်ပါစေ

😇နေညိုချိန်ဆို အဆင်အပြေဆုံးအဖော်😇အိပ်မပျော် စားမ၀င်အညောင်းမိ ကိုက်ခဲ ပင်ပန်းသမျှ 😍လန်းချင်ပါလား😍စိတ်သွားတိုင်းကိုယ်ပါအိမ...
08/06/2022

😇နေညိုချိန်ဆို အဆင်အပြေဆုံးအဖော်😇

အိပ်မပျော် စားမ၀င်
အညောင်းမိ ကိုက်ခဲ ပင်ပန်းသမျှ
😍လန်းချင်ပါလား😍

စိတ်သွားတိုင်းကိုယ်ပါ
အိမ်ထောင်ရေးသုခ
😘ပြည့်ချင်ပါသလား😘

ကိုယ်တိုင်ပဲသုံးလည်းကောင်း
လက်ဆောင်ပေးလည်း မျက်နှာပန်းလှမယ့်
@@ကချင်မြေမှ@@
၁၀၀%သဘာ၀စစ်စစ်
အဖိုးတန်သစ်မြစ်သစ်ဥများနဲ့ အားဖြည့်ထားတဲ့
ရွှေတိုးကချင်ဆေးမြစ်စုံ
တိုင်းရင်ဒေသထွက်စစ်စစ်ကိုမှ
တစ်ပုလင်း ၁၅၀၀၀/ကျပ်နဲ့
မှာယူနိုင်ပါပြီ ! ! !
ပြည်တွင်းဖြစ်ကို အားပေးပါ
🥰🥰တဆင့်ပြန်လည်ရောင်းချလိုသူများနှင့်စားသောက်ဆိုင်များအတွက်လက္ကားစျေးအတွက်ဆက်သွယ်ပါ😍😍

ဖြန့်ချိရေး
ရွှေတိုးစားသောက်ကုန်လုပ်ငန်း(ရန်ကုန်)
095162290, 09456702224

28/02/2022
1.8 အောက် အင်ဂျင်ပါဝါအသုံးပြုကားများအော်တို ဂီယာအသုံးပြုသူများအလွန်မတ်စောက်သောမြင့်မားသော တောင်အတက်များတွင် အဲယားကွန်း မ...
27/01/2022

1.8 အောက် အင်ဂျင်ပါဝါအသုံးပြုကားများအော်တို ဂီယာအသုံးပြုသူများ
အလွန်မတ်စောက်သောမြင့်မားသော တောင်အတက်များတွင် အဲယားကွန်း မဖွင့်ပါနှင့်၊
တောင်တက်ရန်အတွက် Second ဂီယာဖြစ်သော
S, 2 တို့ဖြင့်သာ တောင်တက်လမ်းများတွင် အသုံးပြုသင့်ပြီး အလွန်မတ်စောက်သော တောင်တက်လမ်းများတွင် Auto/Manual ပါသော အော်တိုကားများအနေဖြင့် Manual ပြောင်း၍ တက်သင့်ပါသည်...

ဒီဇယ် Pickup ကားများနှင့်
Manual ဂီယာသုံး အိမ်သုံးကားငယ်များတွင်
ဂီယာကို ကြိုဒေါင်းပါ...

မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါက
Manual ဂီယာကားများတွင်
ကလပ်ပလိတ်ပြား မျက်နှာပြင်များ
ချော်တတ်ပါသည်။

မြင့်မားသော
တောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေ
Manual ဂီယာဖြစ်စေ...
ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့်
အနည်းဆုံးဆင်းပါ...
အဆင်းရှည်သော တောင်ဆင်းများတွင်
ဂီယာအသေးဖြစ်သော
3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အား
ကြာရှည်စွာ မှေးထားပါက
တောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည်...
ဘရိတ်ပျောက်ပါက ဘရိတ်အောက်ကျကာ
မမိတော့ပါ...

ဘရိတ်ပျောက်ခဲ့ပါက မစိုးရိမ်ပဲ
ဂီယာဖြင့် ထိန်းရပ်ကာရပ်ပြီး နာရီဝက်ကျော်ခန့်
နားလိုက်ပါက ဘရိတ်နဂိုကဲ့သို့ အပေါ်ပြန်တက်ကာ
ကောင်းသွားပါလိမ့်မည်...

တောင်တက် တောင်ဆင်း မျက်ကွယ်ကွေ့များတွင်
ဟွန်းတီးရန် မမေ့ပါနှင့်...
ဟွန်းသံသည် ကျဉ်းမြောင်းသော
တောင်ကွေ့များတွင် နှစ်ဖက်လုံးအတွက်
အန္တရယ်ကာကွယ်နိုင်ပါသည်...

တောင်တက် တောင်ဆင်းချောက်ကမ်းပါးနား
ကားချင်းကပ်ရှောင်ရာ၌
ဘေးကာတန်းနှင့် တိုင်မရှိသောနေရာများတွင်
ဖို့မြေသားပေါ် မနင်းပါနှင့်...
မသေချာပါက ရပ်ထားကာ ရှောင်ပါ...
ဘယ်မောင်းကားများ မသေချာပါက
ရပ်ပြီးသာ ရှောင်သင့်ပါသည်...

တောင်တက် တောင်ဆင်းများတွင်
ကားကြီးများကို ဦးစားပေးပါ...
ကားကြီးများသည် ဝန်အလေးချိန်များသဖြင့်
အချို့နေရာများ ဖို့မြေသားများတွင်
ချောက်နုတ်ခမ်းအထိ ကပ်သွား၍ မရပါ...
ထို့ကြောင့် ကားကြီးများအား လမ်းဦးစားပေးပါ...

တောင်တက် တောင်ဆင်းများတွင်
တအိအိ တက်ဆင်းနေသော
ကားကြီးများ အနှောင့်အယှက်ဖြစ်စေရန်
ဟွန်း တတီတီ တီး၍ လမ်းမတောင်းပါနှင့်...
လမ်းလွတ်သောနေရာများတွင်
လမ်းမတောင်းသည့်တိုင်
နောက်ကားအား ကျော်ရန်နေရာပေးပါလိမ့်မည်...
ကျော်မရသော လမ်းကျဉ်းများ
လမ်းပေးမရသောနေရာများတွင်
ဝန်အလေးဖြင့် တက်ဆင်းနေသော
ကားကြီးများအား ဟွန်းသံဖြင့်
အနှောင့် အယှက်မပေးပါနှင့်...

ရှမ်းအရှေ့ ကိုးကွေ့တောင်ကဲ့သို့
အတက်များတွင် ကားကြီးများသည်
ညာကွေ့များတွင် ကွေ့၍ မလွတ်သောကြောင့်
ဘယ်ဘက်ယာဉ်ကြောမှ ပန်းကွေ့တတ်ပါသည်...
ထို့ကြောင့် ကျဉ်းမြောင်းသော အကွေ့များတွင်
ကားကြီး ဘယ်ကြောယူကွေ့ပါက
ကားငယ်များ ဘယ်ကြောမှ
ဖြေးညှင်းစွာဆင်း၍ လမ်းပေးပါ...

ဝန်အလေးတင်ထားသော ကားကြီးများသည်
ရပ်ပြီးမှ အကွေ့တင်ပြန်တက်ပါက
အခန့်မသင့်ပါက နောက်ကရောင်းကြွေခြင်း...
ကလပ်ပလိတ်ကုန်ခြင်း...
ရှပ်များကျိုးခြင်းဖြစ်တတ်ပါသည်...

တောင်တက်များတွင် ဖြေးဖြေးမှန်မှန်သာ
တက်ခြင်းသည် ကားအင်ဂျင်ကို ဝန်ရုန်းရ
သက်သာစေပြီး အန္တရာယ်ကင်းပါသည်...
အတက် အကွေ့များတွင်
ချောက်ကမ်းပါးဘက်မှ ပန်းကွေ့ရပါက
အရှိန်ကြိူလျော့ထားပါ...
အကွေ့မနိုင်ပါက တစ်ဘက်
ချောက်နုတ်ခမ်းအထိပါသွားတတ်ကာ
အန္တရာယ် ရှိပါသည်...

တောင်တက် တောင်ဆင်းများတွင်
မိတ်ဆွေတို့ကားများ ခေတ္တနားလိုပါက
မျက်ကွယ်ကွေ့နေရာများနှင့်
လမ်ကျဉ်းသောနေရာများကို
ရှောင်ပြီး လမ်းကျယ်သောနေရာတွင်သာနားပါ...

မည်မျှမြင့်မားသော တောင်ပင်ဖြစ်ပါစေ...
အိမ်စီးကားများသည် ရပ်ပြီး ပြန်တက်ရာတွင်
ယခုခေတ်ကားများသည် သာသာယာယာပင်
တက်နိုင်ကြသေကြောင့် ကုန်ဝိတ်ပါသောကားကြီးများနှင့် ယှဥ်တက်ရမည့်အခါအခွင့်အသင့်ကြုံလာပါက မသေချာသောနေရာများတွင် ကုန်ဝိတ်ပါသော ကားကြီးမျအား ဦးစားပေးပါ...

မိတ်ဆွေကားအန္တရာယ်ကင်းအောင်မောင်းတတ်သလို အခြားသူကားများလည်း အန္တရယ်မဖြစ်အောင်ဂရုပြု မောင်းနှင်ပေးတတ်ရန် လိုအပ်ပါသည်...

ခရီးမထွက်ခင်...
ပန်ကာကြိုး...
အင်ဂျင်ဝိုင်...
ဂီယာဝိုင်...
ဘရိတ်ဆီ...
ရေတိုင်ကီ Coolant...
ပါဝါဆီ...
ရေသုတ်တံနှင့် မှန်ဆေးရည်...
ကားဟွန်း...
တိုင်မင်ကြိုး...
ဘရိတ်ရှုးနှင့် အောက်ပိုင်းစစ်ဆေးရန်
မမေ့ပါနှင့်...

လေစစ်များ မကောင်းပါက
အသစ်လဲလှယ်ပြီးမှ ခရီးထွက်ပါ...

ကား တာယာရက်စွဲများကို ခရီးမထွက်ခင်
အသေအချာ စစ်ဆေးပါ...
တာယာ ပန်း ကောင်း မကောင်း စစ်ဆေးပါ...
အမြန်လမ်းပေါ်တွင် အရှိန်ဖြင့်မောင်းနှင်ရမည်ဆိုပါက တာယာရက်စွဲသည် ၄ နှစ်ခန့်အထိသာ
စိတ်ချရပါသည်။

ညီအစ်ကိုများအားလုံး
လိုရာခရီးသို့ ချောမောစွာ ရောက်ကြပါစေ.

Crd: Original uploader + Me

Address

No. 672, Swel Daw Street. . 8 Qtr. East Dagon Township, Yangon. Myanmar
Yangon
95

Telephone

095162290

Website

Alerts

Be the first to know and let us send you an email when Mr. Winner Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mr. Winner Construction:

Share