Coolest

Coolest # > Do you want to install a new Air Con?
# > Do you want to repair an old Air Con?

Installation
03/03/2026

Installation







Installation Part 2
20/02/2026

Installation Part 2







Normal Servicing ( Not Overhaul Servicing )No need to take off😁
17/02/2026

Normal Servicing ( Not Overhaul Servicing )
No need to take off😁







PSH Private School, Branch @ Shwe NatarPreparation For Installation💪
15/02/2026

PSH Private School, Branch @ Shwe Natar
Preparation For Installation💪

Reimstallation 3.0Hp Ceiling CassetteReinstallation 1.5Hp Wall Mountedသပြေညို - ရောင်နီဦး
27/01/2026

Reimstallation 3.0Hp Ceiling Cassette
Reinstallation 1.5Hp Wall Mounted

သပြေညို - ရောင်နီဦး







Re-Installation 3.0Hp Ceiling Cassetteသပြေညို - ရောင်နီဦး1st Day Preparing Installation
24/01/2026

Re-Installation 3.0Hp Ceiling Cassette
သပြေညို - ရောင်နီဦး

1st Day Preparing Installation







Air Con Outdoor ကြောင့် အဆင်မပြေတဲ့ Customer တွေကို အဆင်ပြေအောင် လုပ်ပေးခဲ့ရင်းInstallation 1.0Hp & 1.5Hpစန္ဒာ Beauty Sa...
24/01/2026

Air Con Outdoor ကြောင့် အဆင်မပြေတဲ့ Customer တွေကို အဆင်ပြေအောင် လုပ်ပေးခဲ့ရင်း

Installation 1.0Hp & 1.5Hp
စန္ဒာ Beauty Salon

မနှစ်က Accident ဖြစ်ခဲ့ပီး ကိုယ်တိုင်လဲ မလိုက်နိုင်ခဲ့တဲ့ 2025 Unlucky နှစ်ဟောင်းအခု 1.1.2026 နှစ်သစ်ကနေ  Installation အ...
10/01/2026

မနှစ်က Accident ဖြစ်ခဲ့ပီး ကိုယ်တိုင်လဲ မလိုက်နိုင်ခဲ့တဲ့ 2025 Unlucky နှစ်ဟောင်း

အခု 1.1.2026 နှစ်သစ်ကနေ Installation အသစ်များနှင့် စတင်ခဲ့သည့် 2026 Lucky နှစ်သစ်

အားပေးသူ မိတ်ဟောင်းမိတ်သစ်များအားလုံး ကျေးဇူးအထူးတင်ရှိပါသည်။🙏

# # service post လေးတွေ ကိုယ်တိုင်မလိုက်နိုင်ခဲ့တော့ မရိုက်ဖြစ်တာ မတင်ဖြစ်တာ တော်တော်ကြာခဲ့ပေါ့ # #







28/11/2025

Inverter Air-con နဲ့ ရိုးရိုး Air-con ဘာကွာလဲ? တကယ်ရော မီတာခ သက်သာလား?

Air-con ဝယ်မယ်လို့ စဉ်းစားလိုက်တာနဲ့ "Inverter တပ်မလား၊ ရိုးရိုး (Non-Inverter) ပဲ တပ်မလား" ဆိုတဲ့ မေးခွန်းက ခေါင်းစားစရာပါ။ Inverter က ဈေးပိုကြီးပေမယ့် မီတာခသက်သာတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ နည်းပညာအရ ဘာတွေကွာခြားပြီး၊ ဘယ်လိုအခြေအနေမှာ ဘယ်ကောင်က ပိုကိုက်လဲဆိုတာကို အမှန်ကန်ဆုံး ရှင်းပြပေးပါမယ်။

အဓိက ကွာခြားချက်

"Compressor" အလုပ်လုပ်ပုံ
အဲကွန်းတစ်လုံးရဲ့ နှလုံးသားက Compressor ပါပဲ။ မီတာခ အများဆုံးစားတာလည်း သူပါပဲ။

ရိုးရိုး Air-con (Non-Inverter / Fixed Speed)
သူ့ရဲ့ Compressor က "အဖွင့် (ON)" နဲ့ "အပိတ် (OFF)" နှစ်မျိုးပဲ နားလည်ပါတယ်။ အခန်းအေးဖို့အတွက် Compressor က အစွမ်းကုန် (100% Speed) မောင်းပါတယ်။ အခန်းအေးသွားရင် ရပ် (OFF) သွားပါတယ်။ အခန်းပြန်ပူလာရင် ပြန်နှိုး (ON) ပါတယ်။ ကားမောင်းတာနဲ့ ယှဉ်ရင် "Traffic မီးပွိုင့်တွေမှာ ရပ်လိုက်၊ မောင်းလိုက် လုပ်နေရသလို" ပါပဲ။ ရပ်ထားရာကနေ ပြန်ပြန်ထွက်တိုင်း ဆီပိုစားသလို၊ Compressor ပြန်ပြန်နှိုးတိုင်း Starting Current မြင့်မားစွာ ဆွဲတဲ့အတွက် မီတာခ အလွန်တက်ပါတယ်။

Inverter Air-con (Variable Speed):
သူ့မှာ အဆင့်မြင့် Controller ပါပါတယ်။ Compressor ကို မရပ်ပစ်လိုက်ဘဲ "အနှေး၊ အမြန်" လိုသလို ချိန်ညှိမောင်းနှင်ပါတယ်။ အခန်းစဖွင့်ချင်းမှာ အမြန်ဆုံးနှုန်းနဲ့ မောင်းပေမယ့်၊ အခန်းအေးသွားတဲ့အခါ Compressor က ရပ်မသွားဘဲ အရှိန်လျှော့ပြီး ပုံမှန်လေး ဆက်လည်နေပါတယ်။ ကားမောင်းတာနဲ့ ယှဉ်ရင် "Highway လမ်းမပေါ်မှာ အရှိန်မှန်မှန်နဲ့ မောင်းနေရသလို" ပါပဲ။ ရပ်လိုက်၊ သွားလိုက် မလုပ်တဲ့အတွက် စွမ်းအင်ကုန်ကျမှု အလွန်သက်သာပါတယ်။

Inverter က တကယ်ရော မီတာခ သက်သာလား?
အဖြေက "မှန်ကန်စွာ သုံးစွဲရင် သေချာပေါက် သက်သာပါတယ်"။
ပုံမှန်အားဖြင့် Inverter AC ဟာ ရိုးရိုး AC ထက် လျှပ်စစ်စွမ်းအင် 30% ကနေ 50% အထိ သက်သာစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ -
Compressor ကို ခဏခဏ ပြန်မနှိုးရတဲ့အတွက် Power အများကြီးစားတဲ့ Inrush Current မရှိတော့ပါဘူး။
အခန်းအေးသွားရင် Low Power Mode နဲ့ပဲ ဆက်ထိန်းထားလို့ပါ။

ဒါပေမဲ့ ဒီအချက် (၂) ချက်ကို သတိပြုပါ (အရေးကြီး)

အချိန်ကြာကြာ သုံးမှသာ သက်သာမယ်: Inverter က အခန်းအေးသွားပြီးမှ (Compressor လည်ပတ်နှုန်း လျှော့ချလိုက်မှ) မီတာခ စတင်သက်သာတာပါ။ ဒါကြောင့် တစ်ခါဖွင့်ရင် ၄-၅ နာရီအထက် (ဥပမာ- ညအိပ်ချိန်) သုံးမှသာ ထိရောက်မှုရှိပါတယ်။ ၁ နာရီလောက်ပဲ ဖွင့်ပြီး ပြန်ပိတ်မယ်ဆိုရင် ရိုးရိုး AC နဲ့ မီတာခ သိပ်မကွာပါဘူး။

အခန်းနဲ့ ကောင်ရေ (HP) မျှတရမယ်: အခန်းကကျယ်ပြီး AC ကောင်ရေက သေးနေရင် (Undersized)၊ Inverter Compressor ဟာ အခန်းအေးအောင် အမြဲတမ်း 100% အပြည့်ရုန်းနေရမှာမို့ အရှိန်မလျှော့နိုင်တော့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ Inverter တပ်လည်း မီတာခ သက်သာမှာ မဟုတ်ပါဘူး။

ဘယ်ဟာကို ရွေးသင့်လဲ?
Inverter ကို ရွေးပါ - အကယ်၍ သင်က ညတိုင်း အဲကွန်းဖွင့်အိပ်သူ၊ တစ်ခါဖွင့်ရင် အကြာကြီးဖွင့်သူ၊ အခန်းအပူချိန် အသံငြိမ်ငြိမ်လေးနဲ့ တိတ်ဆိတ်တာကို ကြိုက်သူဆိုရင် ရွေးချယ်ပါ။ (ရေရှည်မှာ မီတာခ ပြန်ကျေပါလိမ့်မယ်)။

ရိုးရိုး (Non-Inverter) ကို ရွေးပါ - အကယ်၍ သင်က ဧည့်ခန်းလိုမျိုး တစ်ခါတလေ ဧည့်သည်လာမှ ခဏဖွင့်မယ့်သူ၊ မီတာခ သိပ်မပူရသူ၊ ပြုပြင်ထိန်းသိမ်းစရိတ် (Maintenance) သက်သာချင်သူဆိုရင် ရွေးချယ်ပါ။ (Inverter PCB board တွေက ဈေးကြီးပြီး ပြင်ရခက်တတ်လို့ပါ)။

နိဂုံးချုပ်အနေနဲ့ Inverter AC တပ်မယ်ဆိုရင် မီတာခသက်သာဖို့အတွက် အခန်းလုံဖို့လိုသလို၊ Over Voltage Protection ကောင်းကောင်းတပ်ဖို့လည်း လိုအပ်ပါတယ် လို့ အကြံပြုပါရစေခင်ဗျာ။








#

 #အဲကွန်းသုံးရင်မီတာခအများကြီးကုန်ပါမယ်။ #မီတာခသက်သာချင်ရင်EER မြင့်တဲ့အဲကွန်းဝယ်တပ်ပါ။⛔ဒီရာသီမှာအဲကွန်းသုံးရင်ပြင်အပူချ...
18/10/2025

#အဲကွန်းသုံးရင်မီတာခအများကြီးကုန်ပါမယ်။
#မီတာခသက်သာချင်ရင်
EER မြင့်တဲ့အဲကွန်းဝယ်တပ်ပါ။

⛔ဒီရာသီမှာအဲကွန်းသုံးရင်ပြင်အပူချိန်များလို့
အခန်းတွင်းကိုအပြင်ကအပူစိမ့်ဝင်နှုန်းများပါတယ်။

အရိပ်မရှိအုတ်နံရံမထူ ရိုးရိုးမှန်ပဲတပ်ထားတဲ့ပြူတင်းတံခါးတွေနဲ့အိမ်ဆိုရင်

⛔ရီမုတ်ကနေ 27'C လောက်ချိန်ထားရင်တောင်
မနက် ၁၀ နာရီကနေ ည၁၀နာရီကြား အဲကွန်းဖွင့်ထားရင်
စက်က အလိုအလျောက်လုံးဝ ရပ်နားချိန်မရှိပါ။

⛔Home stay နေသူတွေက မနက်၁၂ နာရီကနေ
ည ၁၀နာရီကြားအိမ်မှာနေပြီးအဲကွန်းဖွင့်နေရင်တော့
အဲကွန်းတကောင်အားတလုံးကို ဆားဗစ်မလုပ်ထားရင်

တနာရီ ၁ယူနစ် နှုန်းနီးပါးနဲ့ တနေ့ ၁၀နာရီဆိုရင်

0.9 Kwhr × 10Hr =9 ယူနစ် ကုန်ကျပါမယ်။
တလစာဆိုရင် ၂၇၀ ယူနစ်က အသာလေးပါ။

♦️ယူနစ် ၂၇၀ × ၁၂၀ = ၃၂၄၀၀ ကျပ်ကုန်ပါမယ်။

ညပိုင်း ၁၂နာရီနောက်ပိုင်း ဖွင့်ထားရင်
အဲကွန်းတလုံးရဲ့ တလစာမီတာခက
အနည်းဆုံး

♦️တနေ့ ၁၆ယူနစ် × ရက် ၃၀ = တလ ၄၈၀ ယူနစ်

♦️ယူနစ် ၄၈၀ × ၁၂၀ = ၅၇၆၀၀ ကျပ်ကုန်ပါမယ်။

⛔ဆားဗစ်မလုပ်ထားရင် အဲကွန်းကပုံမှန်သတ်မှတ်ထားတဲ့လျှပ်စစ်ပါဝါထက်
ဒီရာသီမှာ ပိုကုန်ပါမယ်။

ဒီရာသီအိမ်မှာ အဲကွန်းတပ်ထားပြီး
သုံးလည်းနေတယ်...လကုန်လို့မှ..
မီတာခ အနည်းဆုံး ၃၅၀၀၀/- ကနေ ၅၅၀၀၀/-ကြား လောက်ပိုမကုန်ဘူးဆိုရင်
မီတာပျက်လို့ရင်ဖြစ်စေ နောက်လမှမီတာစာရေးကပေါင်းဖတ်လို့ဖြစ်စေ
တခုခုဖြစ်နိုင်ပါတယ်။

မည်သူမဆိုလွပ်လပ်စွာမျှဝေနိုင်ပါတယ်ခင်ဗျာ

#ကိုနန္ဒမိုး








#

Air Con Sale & Service

🚩 #အဲကွန်းနဲ့ဒီဇိုင်းအပူချိန်အဲကွန်း၀ယ်ရင် အဲကွန်းသမားမှန်ရင် ဒါလေးတော့သိထားရင်ပိုကောင်းပါတယ်။🔺ပုံမှန်အခြေအနေမှာအေးနေတဲ့...
21/03/2025

🚩 #အဲကွန်းနဲ့ဒီဇိုင်းအပူချိန်
အဲကွန်း၀ယ်ရင် အဲကွန်းသမားမှန်ရင် ဒါလေးတော့သိထားရင်ပိုကောင်းပါတယ်။

🔺ပုံမှန်အခြေအနေမှာအေးနေတဲ့အဲကွန်းတွေ
နွေ ရောက်ရင်နေ့လည်ချိန်မအေးတာက
ပြင်ပအပူချိန်ကအဲကွန်းစက်အများစုရဲ့
ဒီဇိုင်းအပူချိန်ကိုကျော်နေလို့ဖြစ်တတ်ပါတယ်။
အိမ်သုံးအဲကွန်းစက်အများစုမှာအကြမ်းဖျဉ်းပြောရရင်

ပြင်‌ပဒီဇိုင်းအပူချိန်က 35'C နဲ့ထုတ်တဲ့ T2အမျိုးအစား

ပြင်‌ပဒီဇိုင်းအပူချိန်က 43'C နဲ့ထုတ်တဲ့ T1အမျိုးအစား

ပြင်‌ပဒီဇိုင်းအပူချိန်က 52'C နဲ့ထုတ်တဲ့ T3အမျိုးအစား

ဆိုပြီးသုံးမျိုးရှိပါတယ်။

ပြည်တွင်းကစက်အများစုက ရေးထားတဲ့အချက်အလက်အရ T1 နဲ့ T2စက်အမျိုးအစားတွေပါ။


T1,T2အမျိုးအစားတွေဟာ နွေဆိုရင် ပတ်၀န်းကျင်လေထုအပူချိန်ကသတ်မှတ်ချက် ဒီဇိုင်အပူချိန်နားကပ်လို့ လွန်ကဲလို့ အပူစွန်းအားမကောင်းတော့ပဲ အခန်းထဲမှာမအေးဖြစ်ကုန်တော့တာပါ။

လက်ရှိဈေးကွက်ထဲမှာ ပတ်၀န်းကျင်အပူချိန် 40'C ကျော်ပေမယ့်အပူစွန့်အားကောင်းတဲ့
စက်အမျိုးအစားတချို့ရှိပါတယ်။

T3ရာသီဉတုအခြေအနေနဲ့ ထိထိရောက်ရောက်အလုပ်လုပ်တဲ့အဲကွန်းတံဆိပ်က တခုစနှစ်ခုစပဲတွေ့ပါသေးတယ်။

🔺ဒီအချိန်မှာ T1,T2 အမျိုးအစားဖြစ်ပြီး ၊
အဲကွန်းအောက်ဒိုးက အရိပ်ထဲရှိမနေတဲ့စက်အများစုက
စက်ဖွင့်ထားပေမယ့် နွေရာသီ နေ့လည်၁၂နာရီကနေ ညနေ၄နာရီလောက်ကြား အပူစွန့်ထုတ်နှုန်း မကောင်းလို့မအေးတတ်ပါ။

အဲဒီအချိန်မှာဆိုရင် ပြင်ပ ‌အပူစွန့်မည့် လေထုရဲ့အပူချိန်ကဒီဇိုင်းအပူချိန်နီးပါးမြင့်လို့ အဲကွန်းအောက်ဒိုးယူနစ်ရဲ့အပူထုတ်အားက ပုံမှန်အောက် အရမ်းကျနေရတဲ့ကြားထဲ အဲကွန်းတပ်ထားတဲ့အခန်းကလည်းအပူချိန်မြင့်ပြန်ဆိုတော့ ဒယ်ဘလယ်ဖြစ်ပြီးဂျာအေးသူ့အမေရိုက်နေချိန်မလို့ပါ။

(ကိုယ့်စက်က T1, T2, T3 ဘယ်အမျိုးလဲ စစ်ချင်ရင် အောက်ဒိုးယူနစ်ဘေးက Name Plame မှာတဲ့ Climate typeကို အလွယ်တကူဖတ်ပြီးကြည့်နိုင်ပါတယ်)

🚩 #အဲကွန်း၀ယ်ရင်Name Plate ပေါ်ကစာကိုဖတ်တတ်ဖို့

🚩 type ဆိုတာက ဒီစက်ကအလုပ်လုပ်ဖို့သင့်တော်တဲ့ပတ်၀န်းကျင် ရာသီဉတုအပူချိန်အမျိုးအစားပါ။ဒီစက်မှာပတ်၀န်းကျင်အပူချိန် T1 ဆိုတော့ 18'C ကနေ 43'C ကြားကောင်းကောင်းအလုပ်တယ်လို့ဆိုတာပါပဲ။ T2ဆိုရင်တော့မြန်မာပြည် နွေရာသီအတွက်အဆင်မ ပြေပါဘူး။

🚩 ဆိုတာက စက်ကိုထိခိုက်မှုမရှိစေပဲလည်ပတ်နိုင်တဲ့ စမ်းသပ်အာမခံပေးထားတဲ့ ဗို့ လို့မှတ်နိုင်ပါတယ်။

🚩 ဆိုတာကလည်း
စက်ဟာသတ်မှတ်ထားတဲ့ ဒီဇိုင်ူအပူချိန် ၊သတ်မှတ် ဗို့အား၊ဂက်စ်ပမာဏ
နဲ့ သတ်မှတ်ထားတဲ့ဖိအား နဲ့ အပူချိန်‌ေတွမှာရှိနေရင် ဒီစက်က တနာရီအတွင်း အခန်းထဲအမြင့်ဆုံးထုတ်ပေးနိုင် အပူပမာဏ (တနည်း) အများဆုံးအအေးပေးနိုင်တဲ့ပမာဏလို့မှတ်နိုင်ပါတယ်။
အပေါ်က အချက်တွေ အနည်းအများပြောင်းသွားတာနဲ့
အဲဒီထုတ်နိုင်တဲ့ပမာဏက ပြောင်းသွားမယ်လို့လည်းမှတ်နိုင်ပါတယ်။
ဒါကို Btu/Hr သို့ မဟုတ် Watt သို့မဟုတ် KiloWatt (kW)နဲ့ဖော်ပြတတ်ပါတယ်။

🚩Rated Cooling current ဆိုတာကလည်း
သူ့ရဲ့သတ်မှတ်ထားတဲ့အမြင့်ဆုံး အပူချိန်၊အပူထုတ်‌ေပးနိုင်မှု နဲ့သတ်မှတ်ထားတဲ့ ဗို့အားတွေအတိုင်းရှိနေချိန်မှာ စက်ကဆွဲနေတဲ့ လျှပ်စီးအမ်ပီယာပမာဏကိုပြောတာလို့မှတ်ယူနိုင်ပါတယ်။

🚩Rated Cooling input ဆိုတာကလည်း
သတ်မှတ်ထားတဲ့ဂက်စ်ပမာဏ၊ ဗို့၊အပူချိန်၊လျှပ်စီးတွေရှိနေချိန်မှာ စက်က စားသုံးတဲ့ တနာရီ‌ေမာင်းရင်ကုန်မည့်အမြင့်ဆံုးကုန်နိုင်တဲ့ #လျှပ်စစ်၀ပ်ကိုပြောတာပါ။
အပူထုတ်ပေးနိုင်တဲ့ BTU သို့မဟုတ် Cooling Wattချင်းအတူတူ လျှပ်စစ်၀ပ်ပိုစားတဲ့စက်က ကွာလတီပိုညံ့ပါတယ်။ Watt များရင် အမ်ပီယာလည်းမြင့်နေပါလိမ့်မယ်။

တချို့စက်တွေမှာ Cooling Power Input လို့လည်းရေးတတ်ပါတယ်။
အဲကွန်းတလုံးဘယ်နှကောင်လည်းသိချင်ရင်
ဒီနေရာမှာ ဖော်ြပထားတဲ့ ၀ပ်ကို
850 နဲ့ စားရင် အကြမ်းဖျဉ်းအနီးစပ်ဆုံး
မြင်းကောင်ရေ HP ကိုရပါတယ်။
ဉပမာ အောက်က အဲကွန်းမှာ
1.12 kW လို့ရေးထားပါတယ်။
တနာရီမောင်းရင် 1120 ၀ပ်ကုန်တယ်လို့ပြောတာပါ။
အဲဒါကို 850 နဲ့ စားရင် 1.317ရပါတယ်။
အကြမ်းဖျဉ်း 1.5HP လိုသိရပါတယ်။
အဲကွန်းတွေရဲ့အကောင်ရေက
1,1.5,2.5,3,4,5 HP ကိန်းြပည့်နဲ့ပဲလာပါတယ်။
တကယ်တမ်းကအဲကွန်းဟာ သူ့ Cooling capacity
But/Hr ၊ Watt နဲ့ခေါ်တာအကောင်းဆုံးပါ။

🚩Maximum discharge pressure(High side pressure) ဆိုတာက
အဲဒီစက်ရဲ့ Discharge ပိုက်တွေရှိတဲ့အပိုင်းကအများဆုံးခံနိုင်တဲ့ စမ်းသပ်ထားတဲ့ ဂက်စ်ရဲ့ဖိအား pressure ကိုပြောတာပါ။
အဲကွန်းတလုံးကိုဂက်စ်တွေအစားထိုးသုံးတဲ့အခါ ဒါကိုသေချာဖတ်ဖို့လိုပါတယ်။
ကိုယ်သုံးမည့်ဂက်စ်အသစ်ရဲ့
Discharge ဖိအားက အဲဒါထက်ပိုများမယ်ဆိုရင်
မသုံးသင့်ပါ။
R22သုံးတဲ့စက်တွေထက် R410aနနဲ့ R32သုံးတဲ့စက်တွေက Test Pressure ခံနိုင်ရည်ပိုမြင့်ရပါတယ်။
ဒါကိုပိုက်ရဲ့ခံနိုင်ရည်စမ်းသပ်ဖိအား Test Pressure
လို့လည်းရေးတတ်ပါတယ်..Test pressure ပိုမြင့်မြင့်ခံနိုင်ရည်ရှိတဲ့စက်က ပိုက်ပိုထူတယ်ဆိုတဲ့သဘောပါ
စက်ပိုမာတယ် ကွာလတီပြည့်တယ်ပေါ့။
အိမ်သုံးအဲကွန်းတွေကို အမြင့်ဆုံး ဖိအား
500PSI ကြားထက်မကျော်ဖို့ ဒီဇိုင်းလုပ်သတ်မှတ်လေ့ရှိကြပါတယ်။
အောက်ကစက်ကိုကြည့်ရင် Highsideဟာ 4.15 Mpa (600 Psi )ကျော်ထိခံနိုင်တာတွေ့ရပါမယ်။

ဒါက R-410aဂက်စ်ကိုသုံးထားလို့ပါ။ဒီအတွက်လည်း ဒီဖိအားခံနိုင်ဖို့ပိုက်ကို ပိုထူရတာပါ။
(R-22 ဂက်စ်သုံးထားတဲ့စက်ဆိုရင် 350-Psi ခံနိုက်ရင်အဆင်ပြေပါပြီ)
အိမ်သုံးအဲကွန်းတွေမှာ R-410a ဂက်စ်သုံးထားတဲ့စက်ရဲ့ Highside Pressureဟာ Condensing Temperature ဟာ 55'Cပဲ အများဆုံးထားသုံးလေ့ရှိပါတယ်။အဲဒီဆူမှတ်အပူချိန်မှာရှိတဲ့ ဂက်စ်ရဲ့ ဖိအားက 3.33-Mpa(483-Psi)ရှိလို့ 600Psi ဟာ ခံနိုင်ရင်လုံလောက်ပါတယ်။

🚩Maximum Suction pressure(Low Side Pressure) ဆိုတာက
အဲဒီစက်ရဲ့ Suctionပိုက်တွေရှိတဲ့အပိုင်းကအများဆုံးခံနိုင်တဲ့ စမ်းသပ်ထားတဲ့ ဂက်စ်ရဲ့ဖိအား pressure ကိုပြောတာပါ။
ဂက်စ်တွေအစားထိုးသုံးတဲ့အခါ ဒါကိုသေချာဖတ်ဖို့လိုပါတယ်။
ကိုယ်သုံးမည့်ဂက်စ်အသစ်ရဲ့
Suctionဖိအားက အဲဒါထက်ပိုများပြီး
မသုံးသင့်ပါ။

နောက်တခုက Maximum allowable Suction test pressure ပါ။စက်ထဲကပိုက်ရဲ့ခံနိုင်ရည် ကိုစမ်းသပ်ထားတဲ့ဖိအားပါ။
R22သုံးတဲ့စက်တွေထက် R410aနနဲ့ R32သုံးတဲ့စက်တွေက Test Pressure ခံနိုင်ရည်ပိုမြင့်ရပါတယ်
(ဒါကိုပိုက်ရဲ့ခံနိုင်ရည်စမ်းသပ်ဖိအား Test Pressure
လို့လည်းရေးတတ်ပါတယ်)

အောက်ကစက်မှာဆိုရင် သူ့ရဲ့ Low side သို့မဟုတ် Suction pipe ဘက် သို့မဟုတ် Indoor unit ဘက်ရဲ့ဖိအားခံနိုင်ရည်ဟာ 1.15 Mpa (167-Psi )ပဲခံနိုင်ရှိတာတွေ့ရမှာပါ။ဒါဟာစက်မောင်းနေချိန်မှာ R-410a ဂက်စ်ဟာEvaporatining temperature 7.2'-C ၀န်းကျင် အများဆုံး ဖြစ်လို့ ဖိအားအနေနဲ့ 130-Psi သာရှိလို့ လုံလောက်မှာပါ။

ဒါပေမယ့် R-410a စက်ဟာ ဂက်စ်အပြည့်နဲ့စက်ရပ်ထားတဲ့အချိန်မှာ သူ့ရဲ့ပိုက်ထဲကဂက်စ်ဖိအားဟာအတွေ့အကြုံအရပြောရရငပတ်၀န်းကျင်အပူချိန် 29'C အပူချိန် နဲ့ကိုက်ညီတဲ့ ဖိအား
250-Psi အကျော်မှာရှိပါတယ်။

ခုလက်ရှိဖော်ပြထားထားတဲ့ Low side , Suction pressure ဖိအားဟာ စက်ရဲ့ အင်ဒိုး ပိုက်ရဲ့အများဆံုးခံနိုင်ရည်ဖိအားဖြစ်ရင် ဒီခံနိုင်ရည်ဟာစက်ရပ်ထားချိန်ဂက်စ်ဖိအားကိုခံနိုင်ဖို့အတွက်နည်းနေပါတယ်။ တကယ်လို့သာ အဲဒီဖိအားဟာ အင်ဒိုးရဲ့ ခံနိုင်ရည်အမြင့်ဆုံးအမှန်ဆိုရင် အဲဒီ အဲကွန်းရဲ့အင်ဒိုးကွိုင်တွေ ကြာကြာမခံပဲ အလွယ်တကူပေါက်ကုန်မှာပါ။ပိုက်ပါးလို့ပါ။

🚩Refrigerant ဆိုတာကတော့ စက်ထဲမှာသုံးထားတဲ့ဂက်စ်အမျိုးအစားပါ။ဒီစက်မှာတော R-410aအမျိုးအစားပါ။

🚩Refrigerant Quantity ကတော့
သတ်မှတ်ထားတဲ့အပူပမာဏထုတ်နိုင်ဖို့ စက်ထဲမှာ လည်ပတ်ဖို့
ထည့်ထားတဲ့ ဂက်စ်ပမာဏကိုပြောတာပါ။
ပိုက်အတိုအရှည်လိုက်လို့ လိုတိုးပိုလျော့လုပ်‌ေပးရတတ်ပါတယ်။ဒီ 1.5HP စက်မှာတော့ 0.9Kg (2-lb)ခန့်ပါ၀င်ပါတယ်။

🚩Airflow volume ကတော့
သတ်မှတ်ထားတဲ့ အမြင့်ဆုံးအပူထုတ်အားရအောင်
အင်ဒိုး ဒါမှမဟုတ် အောက်ဒိုးယူနစ်ပန်ကာက လည်ပတ်ပေးရတဲ့လေပမာဏပါ။နှစ်ခုလုံးမှာလည်းဖော်ပြထားတတ်ပါတယ်။
Weight ကတော့ အောက်ဒိုးရဲ့ အလေးချိန်ပြောတာတာပါ။Outdoorနဲ့ Indoorရဲ့ လေလည်ပတ်တဲ့ပမာဏကို ခွဲပြထားတတ်ပါတယ်။
လေရဲ့ထုထည်ကတော့ များလေလေ စက်ရဲ့မီးအားစားတဲ့ပမာဏပိုများလေမှတ်နိုင်ပါတယ်။
ပုံမှန် Standardကတော့ 12000Btu/Hr(3500Watt) ၀န်းကျင်အတွက် 650 CMH (400CFM)၀န်းကျင်ရှိတတ်ပါတယ်။

🚩Noiseကတော့ ဆူညံမှုပါ ဒက်ဆဘယ်ယူနစ်(dB )နဲ့
ဖော်ပြတတ်ပါတယ်။ အင်ဒိုးကကတော့dB 30 နဲ့ 35 ကြားကပုံမှန်ပါသူ့ထက်ပိုရင်တော့ည‌ေရာက်ရင်ဆူပါမယ်။အောက်ဒိုးက‌တော့ dB 40 ကနေ 45 ကြားဆိုအတော်ပါ။စက်ကြီးတွေမှာတော့ပိုပါမယ်။
စက်သေးမှ အဲဒါထက်ပိုရင်တော့ ညညအိပ်မရလို့ ဘေးအိမ်က ဆဲပါလိမ့်မယ်😁။

#ကိုနန္ဒမိုး

21/02/2025

Customer များအား March လမှစ၍ ပုံမှန်အတိုင်း ဝန်ဆောင်မှု့များ ပြန်လည် ပေးသွားပါမည် ခင်ဗျာ
အားပေးမှု့ကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

Address

Htauk Kyant, Mingalardon Township
Yangon
11021

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959889977246

Website

Alerts

Be the first to know and let us send you an email when Coolest posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Coolest:

Share