Htet Myat Htun Construction

Htet Myat Htun Construction Imagine it.We build it.

*Htet Myat Htun Company Limited *မှ သာစည်မြို့တွင်ဆောင်ရွက်နေသောOne Storey Building (45' x 45')RCC လူနေအိမ် အဆောက်အဦး8....
10/08/2025

*Htet Myat Htun Company Limited *

မှ သာစည်မြို့တွင်ဆောင်ရွက်နေသော
One Storey Building
(45' x 45')RCC လူနေအိမ် အဆောက်အဦး
8.8.2025 ဝါခေါင်လပြည့်နေ့တွင် ကျင်းပခဲ့သော ပန္နက်
တင် မဂ်လာ အခမ်းအနား

ယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံပေးပါသော ဆရာနှင့် အိမ်ရှင် မိသားစုအား အထူးပင်ကျေးဇူးတင်ရှိပါသည်။

*Imagine it.We build it.*

ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ဆောင်ပုဒ်အတိုင်း
လူကြီးမင်းတို့ရဲ့ စိတ်ကူးအတိုင်း အိမ် / အဆောက်အဦး များကို ကျွန်ုပ်တို့ Htet Myat Htun Company Limited နှင့် ပုံဖော်တည်ဆောက်နိုင်ပါတယိပါသည်။

ကျွမ်းကျင် structural designer များ ၊ architectural designer များမှ စနစ်တကျ တွက်ချက် design ဆွဲပေးပီး ဝါရင့်Engineer များမှ ကြီးမှူး ဆောက်လုပ် ပေးလျှက်ရှိတာကြောင့် ယုံကြည်စိတ်ချစွာဖြင့်လုပ်ငန်းများ အပ်နှံ နိုင်ပါသည်ခင်ဗျာ။

ဆက်သွယ်ရန် -
Ph.09955974672
လိပ်စာ - အမှတ် ၁ ရပ်ကွက် . စဥ့်ကူးလမ်း .ရေတာရှည်မြို့ .ပဲခူးတိုင်းဒေသကြီး

11/07/2023

“အုတ်ကောင်း၊ မကောင်း စမ်းသပ်နည်း”

အုတ်တစ်ချပ်ကောင်း မကောင်းကို အောက်ပါနည်းလမ်းများနဲ့ စမ်းသပ်နိုင်ပါတယ်။
(1) Absorption Test ရေစုပ်ယူမှု
(2) Crushing Strength Test ဖိအားခံနိုင်မှု
(3) Hardness Test မာကြောမှု
(4) Shape and Size ပုံစံနှင့် အရွယ်အစား
(5) Color Test အရောင်
(6) Soundness Test အသံကောင်းမွန်မှု
(7) Structure of Brick ဖွဲ့စည်းပုံ
(8) Presence of Soluble Salts (Efflorescence Test) ဆားပေါက် မပေါက်စေတဲ့ နည်းလမ်းတွေနဲ့ စမ်းသပ်လို့ ရပါတယ်။

(1) Absorption Test ရေစုပ်ယူမှုက အုတ်တစ်ချပ်အနေနဲ့ ဘယ်လောက်ရေစုပ်ယူသလဲဆိုတာကို ကြည့်တာပါ။ အုတ်တစ်ချပ်ကိုယူ၊ အလေးချိန် ချိန်ပြီး ရေထဲ ၂၄နာရီ စိမ်ထားရပါမယ်။ အလေးချိန်ပြန်ချိန်ကြည့်တဲ့အခါ ရေစုပ်ယူလို့ တိုးလာတဲ့ အလေးချိန်က မူလအလေးချိန်ရဲ့ ၂၀% မကျော်ရဘူး ဆိုပါတယ်။

(2) Crushing Test ဖိအားခံနိုင်မှုက အုတ်တစ်ချပ်ကို ကွန်ကရစ်တုံးခွဲစမ်းသလို Compression Test Machineမှာ ဖိပြီး စမ်းကြည့်တာပါပဲ။ ကွဲသွား ကျိုးသွားတဲ့ ဖိအားက 3.5N/mm2 ထက် မနည်းရဘူး ဆိုပါတယ်။ 507.632 psi ပေါ့။

(3) Hardness Test မာကြောမှုက မာကြောတဲ့ အရာတစ်ခုနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရဘူး ဆိုပါတယ်။ လုပ်ငန်းခွင်မှာ အများအားဖြင့် လက်သည်းနှင့် ခြစ်ကြည့်တာပါပဲ။ လက်သည်းနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရင် မာကြောတယ်လို့ ယူဆကြပါတယ်။

(4) Shape and Size ပုံစံနှင့် အရွယ်အစားမှာ ပုံစံအားဖြင့် စောင်းခြင်း ရွဲ့ခြင်းမရှိ လေးထောင့်ကျပြီး အစွန်းအနားတွေဟာ ဖြောင့်တန်းညီညာနေရပါမယ်။ အရွယ်အစားအားဖြင့် အုတ်ချပ်၂၀လောက်ကို ကောက်ယူပြီး တိုင်းတာကြည့်တဲ့အခါ တစ်ချပ်နှင့်တစ်ချပ် တူညီမှု ရှိရပါမယ်။ အတိုအရှည် အထူအပါး ကွဲပြားမှု မရှိရပါ။

(5) Color Test အရောင်က အုတ်ချပ်တွေဟာ တူညီတဲ့ အရောင်ရှိရမှာဖြစ်ပြီး အုတ်ချပ်တစ်ချပ်မှာကို အရောင်အနုအရင့် ကွဲတာမျိုး မဖြစ်ရပါဘူး။

(6) Soundness Test အသံကောင်းမွန်မှုက အုတ်၂ချပ်ကိုယူပြီး တစ်ချပ်နှင့်တစ်ချပ် ရိုက်ကြည့်ရာမှာ ပေါ့ပါးတဲ့ ချိုလွင်တဲ့အသံကြားရပါမယ်။ လေးလေးပင်ပင် ထုံတုံတုံ အသံမျိုး မရှိရပါဘူး။

(7) Structure of Brick ဖွဲ့စည်းမှုက အုတ်ကို ချိုးကြည့်ပြီး ဒါမှမဟုတ် အုတ်ကျိုးကို ယူကြည့်တဲ့အခါ အုတ်ရဲ့ အတွင်းသားမျက်နှာပြင်တွေက အက်ကြောင်း အပေါက် စတာမျိုးတွေ မရှိရဘဲ တစ်သားတည်း ရှိနေရပါမယ်။

(8) Efflorescence Test ဆားပေါက် မပေါက်က အုတ်ကို ရေထဲ ၂၄နာရီစိမ်ထားပြီး အခြောက်ခံပါ။ ခြောက်သွေ့သွားတဲ့အခါ အုတ်ချပ်ပေါ်မှာ မီးခိုးရောင် အဖြူရောင် အမှုန်လေးတွေ ကပ်နေတာမျိုး တွေ့ရရင် အုတ်မှာ ဆားဓါတ်ပါတယ် ဆိုပါတယ်။

အဲဒါတွေက ယေဘုယျအားဖြင့် စမ်းသပ်ကြည့်လို့ရတဲ့ နည်းလမ်းတွေပါ။ Lab တွေမှာ ဒီထက် အသေးစိတ် စမ်းသပ်ကြည့်လို့ ရပါတယ်။

ခုနကပြောတဲ့ အုတ်က မကျိုးရဘူး ဆိုတာက ဒီလိုပါ။ ရိုက်ကြည့်လို့ မကျိုးရဘူး ဆိုတာမှာ ဖြည်းဖြည်းရိုက်ရင်တော့ ဘယ်ကျိုးပါ့မလဲ။ အင်းဟာ … အင်းဟာ … ဆိုပြီး အားနှင့် ရိုက်လို့ကတော့ ကျိုးမှာပေါ့။ တချို့များ ပစ်ချရင် မကျိုးရဘူး ဆိုပြီး အပေါ်ကိုတောင် အားပါးတရ ပစ်တင်လိုက်ကြတယ်။ အမှန်က အောက်မှာရှိတဲ့ အုတ်တစ်ချပ်အပေါ်ကို အမြင့် 1m(3ft) အမြင့်ကနေ အသာကိုင်ပြီး လွှတ်ချရတာပါ။ အဲလိုလွှတ်ချတဲ့ အုတ်က မကျိုးရဘူးလို့ ဆိုတာပါ။

21/06/2023
Our creation
28/05/2023

Our creation

လျှပ်စစ်နဲ့ရေပိုက် စကားမ‌ပြောကြသောအခါ
24/03/2023

လျှပ်စစ်နဲ့ရေပိုက် စကားမ‌ပြောကြသောအခါ

13/01/2023
ပါမစ်မြေအကြောင်း သိကောင်းစရာ====================🧑🏻‍💻ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုး...
30/09/2022

ပါမစ်မြေအကြောင်း သိကောင်းစရာ
====================

🧑🏻‍💻ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။

🧑🏻‍💻အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။

🧑🏻‍💻နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။

🧑🏻‍💻ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်။

🧑🏻‍💻စာရွက်စာတမ်းစစ်၊ အမည်ပေါက် မှန်/မမှန်၊ အရှုပ်အရှင်း ရှိ/မရှိ စစ်ဆေးလို့ ရောင်းသူဝယ်သူ နှစ်ဘက်စလုံးအဆင်ပြေရင် စရန်ငွေပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာ အရောင်းအဝယ်စာချုပ်ကြီး ချုပ်ဖို့ ရက်ချိန်းကြရတယ်။

🧑🏻‍💻ဝယ်သူက လည်း ရှေ့နေငှားပြီး ကန့်ကွက်ရန်ရှိ ၊ မရှိ သတင်းစာမှာ ကြော်ငြာရတယ် ။ ကန့်ကွက်ချက်ကင်းမှ နောက်ကျန်တဲ့ငွေကို ပေးချေရတာပါ ။ ပါမစ် မြေကွက်ရဲ့ သဘောက ပါမစ်မူရင်းနဲ့ အရောင်းအဝယ်စာချုပ်အဆက်အစပ် မူရင်းတွေနဲ့ တင်ပြည့်စုံပါတယ်၊ဂရန်လျှောက်လို့ရပါတယ်။

🧑🏻‍💻ယခုပိုစ့်သည်သင့်အတွက်အကျိူးရှိတယ်ဆိုလျှင် တခြားသူများလဲအကျိူးရှိစေရန်အလို့ငှါ မျှဝေပါ

#အိမ်လှလှလေးဆောက်ကြမယ်






#လုံးချင်းတိုက်များ

ကိုယ်အသုံးပြုနေတဲ့ သစ်ဟာ ဘယ်အမျိုးအစားထဲမှ ပါသလဲ ?????💡💡💡💡💡💡သစ်အတန်းအစားများအဆောက်အဦး လုပ်ငန်းများတွင် နေရာအလိုက်အသုံးပ...
28/07/2022

ကိုယ်အသုံးပြုနေတဲ့ သစ်ဟာ ဘယ်အမျိုးအစားထဲမှ ပါသလဲ ?????

💡💡💡💡💡💡

သစ်အတန်းအစားများ

အဆောက်အဦး လုပ်ငန်းများတွင် နေရာအလိုက်အသုံးပြုနိုင်ရန် သစ်အတန်းအစားများကို အပြစ်အနာများ အလျောက် ခွဲခြားသတ်မှတ်ထားပါသည်။

ပထမတန်းစားသစ်

✅✅✅

ပထမတန်းစားသစ်တွင် ကျွန်း ၊ ပျဥ်းကတိုး ၊ ပိတောက် ၊ သစ်ရာ ၊ အင်ကြင်း ၊ ယမနေ ၊ တမလန်း ၊ သင်္ကန်းစသည်တို့ ပါဝင်သည်။
၎င်းသစ်သား၏ အရည်အသွေး အညံ့ဆုံးသော အပိုင်းပင်လျှင် အပြစ်အနာအဆာမရှိသောသစ် ခံနိုင်ရည်အား၏ 75% အနည်းဆုံးခံနိုင်ရမည်။
ပထမတန်းစားသစ်များဖြင့် အဆောက်အဦ ဆောက်လုပ်မည် ဆိုပါက အနည်းဆုံး အနှစ် 100 ကျော်မျှ အသုံးပြုနိုင်မည် ။

ဒုတိယတန်းစားသစ်

✅✅✅

ဒုတိယတန်းစားသစ်တွင် နှော ၊ စကားဝါ ၊ ဘင်္ဂ၊
ယင်းမာ ၊ တောင်တမာ ၊ သစ်ခါး ၊ ကရှစ် ၊ သစ်ရှို ၊ သဒီ၊ သစ်ကတိုး ၊ သစ်စည်း ၊ သင်္ဂဒူ ၊ မှန်သင်၊ သင်းဝင် စသည်တို့ပါဝင်သည် ။
၎င်းသစ်သား၏ အညံ့ဆုံးသော အပိုင်းပင်လျှင် ခံနိုင်ရည်အားသည် အပြစ်အနာအဆာမရှိသောသစ် ခံနိုင်ရည်အား၏ 60% အနည်းဆုံးရှိရမည်။
ဒုတိယတန်းစားသစ်မှာ အနှစ် လေးငါဆယ်ခန့် အသုံးပြုနိုင်သည်။

တတိယတန်းစားသစ်

✅✅✅

၎င်းသစ်အမျိုးအစားမှာ အင်၊ ကညင်၊ ထောက်ကြန့် ၊ ကောက်မှု ၊ သပြေ ၊ ပျဥ်းမ ၊ ဖန်ခါး ၊ ကုက္ကိုလ် ၊ တောင်ပိန်းနဲ ၊ သရဖီ ၊ ရင်ကပ်၊ ကျနဲ ၊ ကညောင် ၊ မဏိသြဂတ စသည်တို့ဖြစ်သည်။၎င်းအမျိုးအစာ သစ်သား၏ ဖြတ်ပိုင်းဧရိယာသည် ၂၄ စတုရန်းလက်မထက် မပိုချေ။ ဝန်အလေးများကို တိုက်ရိုက်ထမ်းဆောင်ရမည့် နေရာများတွင် ၎င်းသစ်အမျိုးအစားကို မသုံးရချေ။ ထိုသစ်သား၏ အညံ့ဆုံး အစိတ်အပိုင်းပင်လျှင် ခံနိုင်ရည်အားသည် အပြစ်အနာအဆာ မရှိသော သစ် ခံနိုင်အား၏ 40% အနည်းဆုံး ရှိရမည်။တတိယတန်းစားသစ်မှာ ၁၅နှစ်မှ အနှစ် ၂၀ ကျော်အထိ အသုံးပြုနိုင်သည် ။

တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ ======================= တိုက်ခန်းဝယ်တော့မယ်ဆိုရင်. တိုက်ခန်း အရ...
16/07/2022

တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ =======================
တိုက်ခန်းဝယ်တော့မယ်ဆိုရင်.

တိုက်ခန်း အရောင်းအဝယ်လုပ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ပိုပြီးခိုင်မာမှုရှိအောင် တောင်းယူရမယ့် စာရွက်စာတမ်းတချို့ကို မဖြစ်မနေ တောင်းယူသင့်ပါတယ်။

အရောင်းအဝယ် လုပ်တဲ့အခါ ရောင်းသူနဲ့ပွဲစားတွေရဲ့ ပြောစကားတွေကိုသာ ဝယ်သူတွေက ယုံကြည်ကြရပါတယ်။

ဒါကြောင့် အရောင်းအဝယ် လုပ်တဲ့အခါ ပိုပြီးစိတ်ချနိုင်အောင် လုပ်သင့်တာတွေ ရှိပါတယ်။

စရန်ပေးရင် ပိုင်ဆိုင်မှု မိတ္တူတောင်းပါ။ ဝယ်ယူသူတွေအနေနဲ့
တိုက်ခန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မှန်ကန်အောင် ပြည့်စုံအောင် သေချာမသိကြဘူး။

ဈေးတန်ရင် ဈေးဆစ်ဝယ်ကြတာပါပဲ။
ကိုယ်ဝယ်မယ့်တိုက်ခန်းစာရွက် စာတမ်းတွေကလည်း စရန်မြေပေး စာချုပ်ချုပ်တော့မှ ထုတ်ပြကြတာပါ။

တစ်ခါတရံရောင်းသူတွေက ကျန်ငွေချေတဲ့အခါမှသာ မူရင်းပေးမယ်လို့ ပြောတတ်ကြပြီး ဒါတွေကို သတိထားသင့်ပါတယ်။ စာရွက်စာတမ်းကျွမ်းကျင်သူ ဝယ်သူတော်တော်များများက စရန်ပေး စာချုပ်ချုပ်တဲ့အခါ ရှေ့နေခေါ်ဖို့ မလိုဘူးထင်ပြီး ပွဲစားတွေ ယူလာတဲ့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်တွေ တိုက်ခန်းအရောင်းအဝယ် စာချုပ်တွေနဲ့ပဲ စရန်ငွေပေးပြီး စလွယ်လုပ်တတ်ကြပါတယ်။

ဒါကြောင့်ဝယ်တဲ့အခါ ခိုင်မာအောင် စာရွက်စာတမ်း ကျွမ်းကျင်သူတွေကို ခေါ်ယူသင့်ပါတယ်။

ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ)၊ ရောင်းသူနဲ့ကျန် ကန်ထရိုက်တာနှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊ BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။ ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။

မြေရှင်လက်မှတ်ယူပါ။

တိုက်ခန်းအရောင်းအဝယ် စာချုပ်ပြီး အခွန်မဆောင်ရင်တော့ မိမိဝယ်တဲ့တိုက်ခန်းနဲ့ မြေရှင်လက်မှတ်ယူသင့်ပါတယ်။

အရင်ဆုံး မြေရှင်လက်မှတ်ထိုးခအဖြစ် မြေနဲ့အိမ်တန်ဖိုးပေါ်မူတည်ပြီး တစ်ရာခိုင်နှုန်း ပေးရပါတယ်။

မြေရှင်လက်မှတ် ထိုးပေးတဲ့အတွက် အရောင်းအဝယ် ကောင်းစွာပြုလုပ်နိုင်ပါတယ်။

ဆောက်လုပ်ရေးဆိုင်ရာဗဟုသုတနှင့်အိမ်ပုံလှလှတေကြည်ရန် pageလင့်ထဲဝင်ပါ

https://www.facebook.com/အိမ်ဆောက်ကြမယ်-108564495134505/

#အိမ်ဆောက်ကြမယ် #အိမ်ဆောက်ခြင်နေသူများ #အိမ်ဆောက်ခြင်နေသူများအတွက်



#ကန်ထရိုက်

 #မြေအမျိုးအစားကိုအလွယ်တကူသိစေရန်မြေနဲ့ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ (၁၀၅)မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည...
16/07/2022

#မြေအမျိုးအစားကိုအလွယ်တကူသိစေရန်

မြေနဲ့ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ (၁၀၅)မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်

၁။ ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်

၂။ ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်

၃။ အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်

၄။ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပြီးတော့

၅။ သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း

ဘာမြေအမျိုးအစားဖြစ်နိူင်တယ်

၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား

၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်

ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊

ကျနော်လည်း စုပီးသားဖြစ်သွားအောင်

သိထားသလောက်လေး ပြောရရင်..

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပြီး

ပထမတန်းစားဆိုရင် R1

ဒုတိယတန်းစားဆိုရင် R2

တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3

တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။

Credit Sayar Gyi U KYI SOE IC

မြေပုံရာဇဝင်အကြောင်း လေ့လာသိရှိထားရန် 📢📢📢 #မြေပုံမြေရာဇဝင်ဆိုသည်မှာမရွှေ. ဖြစ်တဲ့မြေကို အရောင်းအဝယ်လုပ်ပြီဆိုတာနဲ. မြေပု...
28/04/2022

မြေပုံရာဇဝင်အကြောင်း လေ့လာသိရှိထားရန်
📢📢📢

#မြေပုံမြေရာဇဝင်ဆိုသည်မှာ

မရွှေ. ဖြစ်တဲ့မြေကို အရောင်းအဝယ်လုပ်ပြီဆိုတာနဲ. မြေပုံမြေရာဇဝင်ဆိုတာ ပါလာပါပြီ။

မြေတစ်ကွက်ကိုဝယ်မယ်ဆိုရင် “မြေပုံမြေရာဇဝင်” ကို အရင်စစ်ဆေးရမယ်လို. ဥပဒေတွေမှာ ပါပါတယ်။
“မြေပုံစာရွက်ရယ်” ၊ “မြေရာဇဝင်စာရွက်ရယ်” နှစ်ရွက်ပေါင်းပြီး မြေပုံမြေရာဇဝင်လို. ခေါ်ကြတာပါ။

မြေပုံမြေရာဇဝင်ကို အသုံးပြုကြတာပုံစံအမျိုးအမျိုးရှိပါတယ်၊ လူသိအများဆုံးကတော့ အိမ်ခြံမြေအရောင်း အဝယ်စာချုပ်ချုပ်တဲ့အခါပေါ့။

စာချုပ်စာတမ်းမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ (၂၁) တွင်မရွှေ.မပြောင်းနိုင်သော ပစ္စည်းရောင်းဝယ်၊ ပေးကမ်း၊ စွန်.လွှတ်စသည့်စာချုပ်များ မှတ်ပုံတင်ချုပ်ဆိုလ ျှင် “မြေပုံမြေရာဇဝင်” မပါရှိခဲ့လ ျှင်လက်ခံချုပ်ဆိုခြင်းမပြုရလို.ပါရှိပါတယ်။

မြေပုံမြေရာဇဝင်ဆိုသည်မှာ နှစ်စဉ်အမြဲပြောင်းလဲအတည်ပြုရေးဆွဲနေရပါသော “မြို.ပြမြေစာရင်း” မှ ကောက်နုတ်ချက်မိတ္တူသာဖြစ်ပါ၍ မှန်ကန်မှုရှိ/မရှိဆိုတာကို အိုးအိမ်ဦးစီးဌာန (သို.) မြို.တော်စည်ပင်တို.တွင်သာ တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။

မြို.နယ်မြေစာရင်းကထုတ်ပေးတဲ့ ပုံစံ ၁၀၅ မြေပုံ။ ပုံစံ ၁၀၆ ကမှမြေရာဇဝင်၊ အဲဒီ (၂)ရွက်ပေါင်းကိုမြေပုံမြေရာဇဝင်လို.ခေါ်ပါတယ်။ မြို.တော်စည်ပင်ကထုတ်ပေးတဲ့ မြေပုံကလေးပါတာကိုမြေပုံ။ မြေရာဇဝင်ပါတဲ့ စာရွက်ကိုမြေရာဇဝင်လို.ခေါ်ပြီး (၂)ရွက်ပေါင်းလိုက်တော့ မြေပုံမြေရာဇဝင် ဖြစ်သွားပါတယ်။

အောက်ပါကိစ္စရပ်များအတွက် သက်သေခံ မြေပုံ-မြေရာဇဝင်(Certified Map) လျှောက်ထားနိုင်ပါသည်။

- အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရန်
- အဆောက်အအုံ အကြီးစားပြင်ဆင်ခွင့် လျှောက်ထားရန်
- ခြံစည်းရိုးကာရံခွင့် လျှောက်ထားရန်
- အဝီစိတွင်းတူးခွင့် လျှောက်ထားရန်
- ဘဏ်ငွေချေးခွင့် လျှောက်ထားရန်
- မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားရန်
- ကျူးလွန်ခြင်းပြမြေပုံ လျှောက်ထားရန်
- အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- စွန့်လွှတ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မေတ္တာဖြင့် အပိုင်ပေးမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မြေကွက်လဲလှယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- အမှားပြင်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မှတ်တမ်းအဖြစ်ထားရှိရန်

ဒီလိုအကန့်အသတ်တွေရှိတယ်


ရွာမြေ၊ ဉယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေမှအပ ကျန်မြေအမျိုးအစာများကို မြေပုံမြေရာဇဝင် ရေးကူးပေးသည်။ မြေတိုင်းတားပေးသည်။
လိုင်စင်မြေနှင့် ပါမစ်မြေကို အဆောက်အဉီး ဆောက်လုပ်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်နှင့် အဝီစိတွင်းတူးရန်အတွက်သာ သက်သေခံမြေပုံ ထုတ်ပေးသည်။
အဆောက်အဉီးဆောက်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်၊ အဝီစိတွင်းတူးရန်၊ ဘဏ်ငွေချေးရန် အတွက်မြေပုံမြေရာဇဝင်ကို အမည်ပေါက်ကသာ လျှောက်ထားနိုင်သည်။



စွန့်လွှတ်စာချုပ်ချုပ်ဆိုရန်၊ မြေပုံနှင့် မြေရာဇဝင်ကို မြေကွက်ပူးတွဲပိုင်ဆိုင်သူများကသာ လျှောက်ထားနိုင်သည်။
ကျုးလွန်ခြင်းပြ မှန်ကန်ကြောင်း သက်သေခံသည့် မြေပုံမြေရာဇဝင်ကို မြေတိုင်းမြေပုံရရှိပြီးသူကသာ လျှောက်ထားခွင့်ရှိသည်။
မြေကွက်ခွဲစိတ်ခွင့်လျှောက်ထားသည့် သက်သေခံ မြေပုံနှင့် မြေရာဇဝင်ကို မြေပိုင်မြေ၊ ဘိုးဘွာပိုင်မြေ (အိမ်ယာမြေ)၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိ ဂရန်မြေဖြစ်မှသာ လျှောက်ခွင့်ရှိသည်။
သက်တမ်းကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ် ချုပ်ဆိုရန်အတွက်သာ မြေပုံမြေရာဇဝင် လျှောက်ထားခွင့်ရှိသည်။



ဆောင်ရွက်ရပုံခြင်း မတူပါ

အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့်မြေရာဇဝင်မှအပ ကျန်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည် -
လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူနိုင်ငံသားစိစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်စာချုပ်နှင့် နောက်ဆုံးထမ်းဆောင်ထားသော မြေခွန်ပြေစာ၊ အမည်ပေါက်သူကလျှောက်ထားခြင်းမဟုတ်လျှင် ပိုင်ဆိုင်မှုအထောက်အထား သို့မဟုတ် ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် တရားရုံး စီရင်ချက်နှင့် ဒီကရီမူရင်းများ တင်ပြလျှောက်ထားရပါသည်။



ဌာနမှ အထောက်အထားမိတ္တူများအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေး၍ လက်ခံပေးပါသည်။



တင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိ အထောက်အထားမှန်ကန်ပါက ကွင်းဆင်းစစ်ဆေးခြင်း၊ လိုအပ်ပါက သတင်းစာတွင် (၁၄) ရက်ကြော်ငြာခြင်းများဆောင်ရွက်ပါသည်။ ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေပုံနှင့် မြေရာဇဝင် ထုတ်ပေ:ပါသည်။

အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည်



လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့် အတူ အထက်ပါ အထောက်အထားများအပြင် အမွေရှင်နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ကြောင်း ကျန်းမာရေးဉီးစီးဌာနမှသေစာရင်း၊ အမွေရှင်နှင့် ကျန်အမွေဆိုင်များကွယ်လွန်ပြီးဖြစ်၍ လျှောက်ထားသူသာ အမွေဆက်ခံခွင့်ရှိကြောင်း ပြည့်စုံစွာဖော်ပြရေးသားထားသည့် လျှောက်ထားသူကိုယ်တိုင် တရားရုံးတွင် ပြုလုပ်သည့် ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ၊ တစ်မြို့နယ်တည်းတွင်နေထိုင်သူ (၂) ဉီးက လျှောက်ထားသူအား သိရှိကြောင်းနှင့် မှန်ကန်ကြောင်းထောက်ခံသည့် တရားရုံးကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ (၂) စောင်၏မူရင်းများပါ တင်ပြလျှောက်ထားရပါမည်။



ဌာနမှ အထောက်အထားမိတ္တူများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ လက်ခံပေးပါသည်။



တင်ပြထားသော အထောက်အထားနှင့် မြေစာရင်းပါအထောက်အထားများ ကိုက်ညီမှုရှိပါက ကွင်းဆင်း စစ်ဆေးခြင်း၊ လျှောက်ထားသည့် မြေကွက်နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြ၍ သတင်းစာတွင် သီးခြားကြော်ငြာများ ဆောင်ရွက်ပါသည်။



သတင်းစာကြော်ငြာပြီး (၁၄) ရက်ပြည့်သည်အထိ ကန့်ကွက်မှုတစ်စုံတစ်ရာ မပေါ်ပေါက်ပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေ၍ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆို၍ မြေပုံနှင့် မြေရာဇဝင် ထုတ်ပေးပါသည်။



မြေပုံမြေရာဇဝင်သက်တမ်း

သက်တမ်းကိုနှစ်အတွင်းဟုသတ်မှတ်လေ့ရှိသည်။ သို.သော် လက်ရှိမြေကွက်ကိုခွဲစိတ်တာ၊ အခြားနည်းအသုံးပြုတာ တွေပြုလုပ်ပါက မြေပုံမြေရာဇဝင်ရဲ.သက်တမ်းပြတ်ပြယ်ပါသည်။ အသစ်ပြန်လေ ျှာက်ရပါသည်။




Credit : Kyi Soe (I.C)

Address

Sint Ku
Yedashe

Telephone

+959402555859

Website

Alerts

Be the first to know and let us send you an email when Htet Myat Htun Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htet Myat Htun Construction:

Share