23/09/2021
စျေးရောင်းနေတယ်ဆိုတာ ဂုဏ်ယူစရာပါ
စျေးရောင်းနေရတာ ရှက်စရာမဟုတ်ပါဘူး 😐
Online shop ရောင်းတာရှက်စရာမဟုတ်ပါဘူး
Master ဘွဲ့တွေ ပါရဂူဘွဲ့တွေရထားပြီးမှ
စျေးရောင်းရင် ပိုတောင် ဂေါ်ပါသေးတယ် 😎
တစ်ကယ်တော့ ကမ္ဘာပေါ်က လူသားတိုင်းဟာ
အရောင်းသမားတွေပါ
ဟာ ဟုတ်ပါ့မလားလို့ စဥ်းစားနေပါသလား
သေချာ စဥ်းစားကြည့်လိုက်ပါ
လူတိုင်းရောင်းနေကြတာပါပဲ
ရောင်းပုံရောင်းနည်းနဲ့ ရောင်းတဲ့အရာပဲ
ကွာခြားသွားတာပါ
ကျွန်တော်တို့လူအများစုဟာ Products or Services
တစ်ခုခုကို ရောင်းနေကြပါတယ်
ဘာမှ မရောင်းဘူးလို့ထင်တဲ့သူတွေကလဲ
ကိုယ့်ရဲ့ ideas တွေ ရောင်းနေရပါတယ်
ကျွန်တော်ကြိုက်တဲ့ အသားငါးတစ်ခုရှိတယ်ဆိုပါစို့
ဥပမာ Salmon ငါးပေါ့ 🤤
ဒီမှာမရှိတော့ ဝယ်စားရတာ စျေးကြီးတယ်လေ 😬
ကျွန်တော့် အမေက စျေးဝယ်ပြီး ဟင်းချက်ပေးတဲ့သူဆိုရင်
ကျွန်တော်စားချင်တဲ့ ဟင်းတွေ ဝယ်ချက်လာအောင်
ပြောဆို စည်းရုံးနိုင်ဖို့လိုအပ်ပါတယ်
ကျွန်တော်ငယ်ငယ်က ကြည့်ခဲ့ရတဲ့
Korea ဇာတ်လမ်းတွဲက အွန်စောရုပ်ရှင်ကား၊
တစ်ချိန်ထဲမှာပဲ ကျန်ကျောင်းကားလဲရှိတယ်
စွန်းဝူခုန်းကားရှိတယ်၊ ဘောလုံးပွဲတွေရှိတယ်ဆိုပါတော့
အခုလိုလဲ ဖုန်းကောင်းကောင်းတွေလဲ မရှိသေးတော့
TV တစ်လုံးထဲကိုပဲ အိမ်ကလူတွေနဲ့ လုကြည့်ရတဲ့အခါ
ကိုယ်ကြည့်ချင်တာကို အခြားသူတွေပါ ကြည့်ချင်လာအောင်
ပြောဆိုရှင်းပြပြီး ဆွဲဆောင်နိုင်ဖို့ လိုအပ်လာပါတယ်
ဒီလုပ်ဆောင်ချက်တွေအားလုံးက
အရောင်းပညာရပ်ရဲ့ အခြေခံသဘောတရားတွေထဲမှာ
ပါဝင်ပါတယ်
အလုပ် Interview သွားရင်လဲ
ကိုယ့်အကြောင်း နားလည်လာအောင်
ကိုယ်တော်တာကို သဘောပေါက်လာအောင်
ကိုယ့်ကို အလုပ်ခန့်ချင်လာအောင်
ကိုယ့်ကိုယ်ကို ရောင်းရတာပဲလေ
လူတွေနဲ့ အဆင်မပြေတာ၊
တည့်အောင်မပေါင်းသင်းနိုင်တာ၊
ကိုယ်ပြောချင်တာကို လက်ခံလာအောင်မလုပ်နိုင်တာ၊
အခြားသူတွေကို မစည်းရုံးနိုင်တာတွေက
အရောင်းပညာ မတတ်ကျွမ်းသေးတဲ့သဘောပါ 😪
နောက်ဆုံးဗျာ လူတစ်ယောက်ကို ချစ်မိရင်တောင်
ချစ်နေရုံနဲ့ မလုံလောက်ဘူးလေ
ကိုယ်ချစ်တာ သူသိလာအောင် ပြောပြဖို့လိုသလို
သူပြန်ချစ်လာအောင် လုပ်နိုင်ဖို့လိုတယ်လေ
ဟုတ်တယ်မလား ?
မဟုတ်ဘူးထင်ရင်တော့ FA ဆက်လုပ်ပေါ့ 😅
Crush ရတဲ့သူရှိပြီး ကိုယ့်ကို သူက သိတောင်မသိဘူး
အခုထိ FA ဖြစ်နေရတယ်ဆိုရင် အခုချက်ချင်း
အရောင်းသင်တန်းတက်ဖို့ လိုနေပါပြီ 😁
ကျွန်တော် ၁၀ နှစ် ဝန်းကျင်လောက်
အရောင်းလောကမှာ ကျင်လည်ခဲ့ပြီး
Sales Training တွေ ပေးတဲ့အခါတိုင်း
အမြဲပြောနေကျ အရမ်းကောင်းတဲ့ စာသားလေးတစ်ခု
လက်ဆောင်အနေနဲ့ ဒီမှာ ရေးပေးပါမယ်
အဲ့တာကတော့ ....
When you Master the art of Selling,
you will Master the art of Life
ပြောချင်တာက သင်ဟာ အရောင်းပညာရပ်မှာ
master ဖြစ်လာတဲ့အခါ သင့်ရဲ့ဘဝကိုလဲ လိုချင်သလို
ပုံဖော်နိုင်တဲ့ Master တစ်ယောက်ဖြစ်လာပါလိမ့်မယ်
အဲ့တော့ Online ကနေပဲရောင်းရောင်း
အပြင်မှာပဲရောင်းရောင်း ဘယ်လိုပဲရောင်းရောင်း
ဆက်ပြီး ရောင်းနေဖို့ တိုက်တွန်းပါတယ် 😊
ဘာမှမလုပ်ပဲ နေနေတာကမှ ရှက်စရာဖြစ်ပါတယ်
လူငယ်တွေ အလုပ်လုပ်နေတာ ဝမ်းသာစရာပါ
လူတိုင်း အလုပ်လုပ်နေရင် တိုင်းပြည်တိုးတက်မှာပါ
ကံကြမ္မာဆိုတာ ကြိုတင်ဟောကိန်းထုတ်လို့ရတယ်
အလုပ်လုပ်လေ ကံကောင်းလေပါပဲ 😇
ကျွန်တော်တို့အတူတူ ဆက်ကြိုးစားကြတာပေါ့ 😊
မိတ်ဆွေတို့အတွက် အကျိုးရှိအောင်
ကျွန်တော် နားလည်ထားတဲ့ အရောင်းပညာရပ်တွေကို
ကြိုးစား မျှဝေပေးသွားပါမယ်
မိတ်ဆွေများ အောင်မြင် ပျော်ရွှင်ကြပါစေ
YE Naing
Sales Coach & Wealth Manager