Design for Built

Design for Built Let's discuss Revit or BIM issues.

18/04/2025

ငလျင်

design tips for toilet and bath
18/04/2025

design tips for toilet and bath

အဲကွန်းလေးတွေ အိမ်မှာသုံးနေပေမဲ့ ရီမုဒ်လေးတွေကို သေချာမသုံးတတ်ကြဘူး ဟုတ်တယ်ဟုတ် 😊ဒါပေမဲ့ သိထားဖို့ ကအရမ်းအရေးကြီးပါတယ်ဒီ...
09/04/2025

အဲကွန်းလေးတွေ အိမ်မှာသုံးနေပေမဲ့
ရီမုဒ်လေးတွေကို သေချာမသုံးတတ်ကြဘူး ဟုတ်တယ်ဟုတ် 😊

ဒါပေမဲ့ သိထားဖို့ ကအရမ်းအရေးကြီးပါတယ်ဒီနေ့ အဲကွန်း ရီမုဒ်လေးရဲ့ အသုံးပြုပုံလေးပြောပြပေးပါ့မယ် …

ပထမဆုံးပြောမယ်ခလုတ်လေး က ❤️On / Of ခလုတ်လေးပါ သူကတော့ အဖွင့် အပိတ်ခလုတ်လေးပါ ဒီခလုတ်လေးကိုတော့ အများစုကသိကြပါတယ်

နောက်တစ်ခုက ✳️Mode ဆိုတဲ့ ခလုတ်လေးပါ
ဒီခလုတ်လေးကတော့ အရမ်းအရေးပါပါတယ် ဒီခလုတ်လေးကိုကောင်းကောင်းမသုံးတတ်လို့ အဲကွန်းပြင်ဆိုင်ပို့မိတဲ့ အဖြစ်မျိုးကြုံဖူးတဲ့သူတွေအများကြီးကြုံဖူးပါတယ်
Mode ဆိုပြီး အပြည့်အစုံရေးမထားရင် M ဆိုတဲ့ သင်္ကေတလေး ပါပါတယ်… အဲဒါလေးကဘာတွေလုပ်ဆောင်လဲဆိုတော့ အဆင့်ငါးဆင့်လုပ်ဆောင်ပါတယ်

ပထမတစ်ချက်နှိပ်ရင် Auto ဆိုပြီးပေါ်လာပါတယ်
🔸Auto အနေအထားမှာဆိုရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း- Outdoor unit အဖွင့်အပိတ်နဲ့လည်ချိန်တွေကို အဲကွန်းထဲက Processor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်

ဒုတိယတစ်ချက်နှိပ်ရင် Cool ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Cool အနေအထားမှာဆိုရင် အဲကွန်းက အေးနေပါလိမ်မယ်
ဒီအချိန်မှာ Out door unit တခုလုံး အလုပ်လုပ်နေပါလိမ့်မယ်။
သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန် အောက် မရောက်မချင်း အဲကွန်းက လည်နေပါလိမ့်မယ်…

တတိယတစ်ချက် နှိပ်ရင် Dry ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။
ဒီအချိန်မှာ အေးရုံသာမက အခန်းတွင်းက ရေငွေ့ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီး လျှော့ချပေးပါလိမ့်မယ်။

စတုတ္ထတစ်ချက်နှိပ်ရင် Heat ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Heat ဆိုတာကိုနှိပ်ထားပြီး ချိန်ထားမယ်ဆိုရင်တော့ အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့ ဟာဆိုရင်တော့ အခန်းတွင်းက Info or က အပူကွိုင်ဖြစ်သွားပြီး Outdoor unit က အအေးကွိုင်အဖြစ် ပြောင်းပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။

နောက်ဆုံးတစ်ချက်နှိပ်ရင်တော့ Fan ဆိုပြီးပေါ်လာပါလိမ့်မယ်…
🔸Fan ဆိုတဲ့ အနေအထားမှာနှိပ်ထားပြီး ချိန်ထားရင်တော့ အဲကွန်း Outdoor ကအလုပ်မလုပ်ပဲ Indoor ပန်ကာပဲ အလုပ်လုပ်ပါလိမ့်မယ်။
အခန်းတွင်းမအေးတော့ပါ။
ပန်ကာချည်းသာ လည်နေလို့ဖြစ်ပါတယ်

🔴တချို့ဆို ရီမုတ်ကွန်ထရိုးမှာ ဒီအခြေအနေကို နှိပ်ထားပြီး အဲကွန်းမအေးလို့ဆိုပြီး ပြင်တဲ့သူတွေ လှမ်းခေါ်တော့ လမ်းစရိတ်ကုန်တာမျိုး ရှိတတ်ပါတယ်။

✳️Temp လို့ရေးထားတဲ့ အခန်းရဲ့လေထု အပူချိန်ကို ကိုယ်လိုသလိုချိန်ဖို့ ဘယ် ညာ မြှားနှစ်ခု နဲ့ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။
အခန်းရဲ့ အပူချိန်ကို ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေမည့် အပူချိန် အနည်းအများကို ချိန်ရာမှာ သုံးပါတယ်။
နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ ကိုချိန်ပြီး နှိပ်ဖို့လိုပါတယ်။
လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့ အပူချိန်က ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ နေ့ညလိုက်လို့ အပြောင်းအလဲရှိပါတယ်။
အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ ကိုယ့်အတွက် ချမ်းမှန်း ပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။

✳️Fan လို့ရေးထားတဲ့ အဲကွန်း Indoor ရဲ့အထဲက ပန်ကာ အမြန်နှုန်းကိုချိန်တဲ့ခလုပ်တခု ပါ ပါလိမ့်မယ်။
သူရဲ့အသုံးက..ပန်ကာ အမြန်နှုန်းကို
အမြန်(Hi)၊ အလည်အလတ်(M)၊
အနှေး(L) ချိန်ပေးရာမှာသုံးပါတယ်။

တစ်ချက်နှိပ်ရင် တမျိုးပြောင်းပါတယ် H-M-Lအစဉ်လိုက် ပြောင်းနေပါလိမ့်မယ်။
အများစု ရီမုတ်တွေမှာတော့ မှန်ပြင်ထဲမှာ အတုံးအကြီး ၊အလတ်၊ အသေး ပြောင်းသွားတဲ့ပုံစံနဲ့ ပြပါလိမ့်မယ်။
ညအိပ်ချိန်တွေမှာတော့..
အနှေး (L) မှာထားခြင်းဖြင့် ဆူညံမှုကို သက်သာစေနိုင်ပါတယ်။

✳️Swing ဆိုတာကို တချက်ချင်းစီ နှိပ်ပြီး အဲကွန်း Indoor Unit ရဲ့ ရှေ့က Louvre ကို အပေါ်အောက် ကစားတာနဲ့ ကိုယ်ကြိုက်တဲ့နေရာမှရပ်ဖို့စောင့်ပြီး နှိပ်လိုက်တာနဲ့ အသေရပ်သွားဖို့ လုပ်နိုင်ပါတယ်။

✳️Timer ဆိုတဲ့ ခလုပ်နဲ့ အပူချိန် အတိုးအလျော့ မြှားတွေနဲ့ ပေါင်းစပ်နှိပ်ပြီးအဲကွန်း ကိုကြိုက်တဲ့အချိန်မှာ ပိတ်ဖို့ ကြိုက်တဲ့အချိန်မှာ ပြန်လည်စေဖို့ အချိန်သတ်မှတ် ပေးထားနိုင်ပါတယ်။
Turbo ဆိုတဲ့ ခလုပ်ပါခဲ့ရင်တော့ အဲကွန်း Indoor fan ကို အရှိမြန်မြန် နဲ့လည်ဖို့ ဖြစ်သွားပါလိမ့်မယ်။

အဲကွန်း ရီမုတ် ကိုနှိပ်တဲ့အခါ✳️
Indoor unit ရဲ့ ဆင်ဆာ ကို သေချာချိန်ပြီး နှိပ်မှာသာ ကိုယ်လိုချင်တဲ့ ချိန်ဆမှုကို ရမယ်လို့ သတိပေးချင်ပါတယ်။
ရီမုတ်အလုပ်လုပ်ရင် အဲကွန်းကနေ ” တီ” ဆိုတဲ့အသံလေးက နှိပ်လိုက်တိုင်း ကြားနေရတတ်ပါတယ်

Credit :;

# Myanmar Click

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ နိုင်ငံတကာ MEDICAL TEAM များ၏ အခမဲ့ ဆေးခန်းလိပ်စာတွေပါ။ ဆေးခန်းပြသရန်လိုအပ...
05/04/2025

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ နိုင်ငံတကာ MEDICAL TEAM များ၏ အခမဲ့ ဆေးခန်းလိပ်စာတွေပါ။

ဆေးခန်းပြသရန်လိုအပ်သူများ သွားရောက် ကုသလို့ ရပါတယ်။

#ငလျင်
#ငလျင်ကယ်ဆယ်ရေး
#ငလျင်အကူအညီ
#ကယ်ဆယ်ရေး




#ပြန်လည်ထူထောင်ရေး
#ငလျင်ဘေးသင့်ပြန်လည်ထူထောင်ရေး

29/03/2025

ရန်ကုန်မှ မန္တလေးသို့သွားကြမည်ဆိုလျှင်
အမြန်လမ်း ၁၃၈မိုင် ပေါက်ခေါင်းမှ တဆင့် လမ်းဟောင်းသို့ပြောင်းမောင်းပါ။
မန္တလေးမှ ရန်ကုန်သို့လာကြမည်ဆိုလျှင်လည်း
လမ်းဟောင်းမှ ပေါက်ခေါင်းထိမောင်း
ထိုမှတဆင့် အမြန်လမ်းကိုပြန်တက်ပါခင်ဗျ။

၂၀၁/၀ ပ​လွေးတံတားနိမ့်ကျ
၁၉၄/၂ အသွားလမ်း ကျိုး
၁၉၃/၁ ၂ တံတားအဝင်နိမ့်
၁၉၀/၁-၂ ​မှောက်ခုံ​ချောင်းတံတား သွား+ပြန် နိမ့်
၁၈၉/၁ အပြန်လမ်း တွန့်ခေါက်
၁၈၈/၇ အသွားလမ်း box အဝင်နိမ့်ကျ
၁၈၈/၁-၂ အပြန်လမ်း ကျိုး(​ဘေးကသွားလို့ရ)
၁၈၆/၂ လမ်းသားကွဲအက်
၁၇၉/၄ အပြန်လမ်းကျိုး
၁၇၇/၂ အသွားလမ်းကျိုး
၁၇၆/၀-၁ အသွားလမ်းကျိုး
၁၇၃/၆ အပြန်း box အဝင်လမ်းacကျိုး
၁၇၂/၅ အပြန်လမ်း ​ပေ၂၀၀ ac တွန့်​ခေါက် (​ဘေးကသွားလို့ရ)
၁၇၁/၆ အပြန်လမ်း ​တံတားဝင်လမ်း တွန့်​ခေါက် (​ဘေးကသွားလို့ရ)
၁၆၈/၅ အပြန်လမ်း တံတား​ပေါ် ac ကျိုး (​ဘေးကသွားလို့ရ)
၁၆၈/၀ အပြန်လမ်း လမ်းကျိုး (​ဘေးကသွားလို့ရ) grader / dozer ဝင်ရမယ်
၁၆၇/၆ ပြန် ကွန်ကရစ် လမ်းကျိုး
၁၆၇/၅ ပြနိ ကွနိကရစ်လမ်း ကျိုး
၁၆၇/၁-၂ ပြန် ကွန်ကရစ်လမ်းကျိုး
၁၆၆/၆-၇ ပြန် ကွန်ကရစ်လမ်းကျိုး
၁၆၀/၀-၁ ပြန် လမ်း/ကွဲ/ကျိုး ပြင်းထန်
Dozer

၁၆၅/၇ ပြန် လမ်းကျိုး
၁၆၅/၁ ဆွာ​ချောင်း ၈၀၀ ​ပေ ,P3,4,5 ယိုင်, လမ်းသား အပြန်လမ်း ၄ ​​ပေ နိမ့်ကျ, diversion လိုအပ် နေပါသည်.
သွားမရပါ

Crd to Sayar Bo Bo Kyawအုတ်နံရံ​တွေ ကွဲအက်တာ​တွေက အ​ဆောက်အဦကြံ့ခိုင်မှုအတွက် စိတ်ပူစရာမရှိပါဘူး။ ဒါ​ပေမယ့် ​နောက်ဆက်တွဲ...
29/03/2025

Crd to Sayar Bo Bo Kyaw

အုတ်နံရံ​တွေ ကွဲအက်တာ​တွေက အ​ဆောက်အဦကြံ့ခိုင်မှုအတွက် စိတ်ပူစရာမရှိပါဘူး။ ဒါ​ပေမယ့် ​နောက်ဆက်တွဲငလျင်​ကြောင့် ပြိုလာနိုင်​ချေရှိရင်​တော့ လူကိုမထိခိုက်​အောင် ဂရုစိုက်ဖို့​တော့ လိုပါမယ်။

ဒီပုံကလို တိုင်​တွေမှာ ကွဲအက်​နေတာမှာ အပြင်ကာဘာပြုတ်ထွက်ပြီး သံ​ချောင်း​ပေါ်ရုံမက သံ​ချောင်းအတွင်းက ကွန်ကရစ်ပါ​​ကြေ​နေရင်​တော့ အန္တရယ်ရှိပါတယ်။ အိမ်အတွင်း မ​နေသင့်ပါဘူး။

အရေးပေါ်ဖုန်းအားသွင်းဖို့လိုပါက အခမဲ့ ဖုန်းအားသွင်းနိုင်သောနေရာများ စုစည်းမှုPro Tech Care - ရန်ကုန် တာမွေhttps://www.fa...
29/03/2025

အရေးပေါ်ဖုန်းအားသွင်းဖို့လိုပါက အခမဲ့ ဖုန်းအားသွင်းနိုင်သောနေရာများ စုစည်းမှု

Pro Tech Care - ရန်ကုန် တာမွေ
https://www.facebook.com/share/p/1A3ZYMcHWg/

Great One အိမ်ခြံမြေ - ရန်ကုန် ရွှေပြည်သာ
https://www.facebook.com/share/p/1DePYAvLKF/

Nail House by Grace - ရန်ကုန် ရွှေပြည်သာ
https://www.facebook.com/share/p/15RCwf1McG/

ZZ Mobile Service & Training - ရန်ကုန် လှည်းတန်း
https://www.facebook.com/share/p/169dqTDes2/

နဝရတ် ဆန်ဆီရောင်းဝယ်ရေး - ‌ရန်ကုန် မြောက်ဒဂုံ
https://www.facebook.com/share/p/197HgWPfpM/

Htun Brother Electronics - ရန်ကုန် ယုဇနဥယျာဉ်မြို့တော်
https://www.facebook.com/share/p/1ADJf5uHwd/

Real Choice မီးအားမြှင့်စက်ဆိုင် - ရန်ကုန် မြောက်ဥက္ကလာပ
https://www.facebook.com/share/p/1A9Z8frMJV/

မမပို - ရန်ကုန် တောင်ဥက္ကလာပ
https://www.facebook.com/share/p/19MTXNbt8T/

AUTO LIFE Car Service - မန္တလေး
https://www.facebook.com/share/p/1A4cRTsnP6/

Aye Myit Tar Store - ပဲခူး
https://www.facebook.com/share/p/12EYmadGetp/

ဦးတရုတ် Battery ဆိုင်ကယ် - ပဲခူး
https://www.facebook.com/share/p/1AXvqUiveD/

စွမ်းအားလျှပ်စစ် - ပဲခူး
https://www.facebook.com/share/p/1AShxEsHD6/

June အထည်ဆိုင် - ပဲခူး
https://www.facebook.com/share/p/1EuN5aCRE4/

အဆွေတော်-ကွမ်းဒိုင် - ပြည်
https://www.facebook.com/share/p/12GMQXExm3H/

A-One ဖိတ်စာဆိုင် - ပြည်
https://www.facebook.com/share/p/1EZkRsCzbm/

Sayargyi မူကထ - ပြည်
https://www.facebook.com/share/p/18sMfnG77G/

Golden Galaxy - ကစားကွင်း - ကျိုက်ထို
https://www.facebook.com/share/p/1BFRiYgkvQ/

စိန်ချယ်-စားသောက်ဆိုင် - လင်းခေး
https://www.facebook.com/share/p/18b33Ncd6Q/

အထင်ကရ မိုဘိုင်း - သာစည်
https://www.facebook.com/share/p/1697JEynWq/

Mobile City - သရက်မြို့
https://www.facebook.com/share/p/1EazGyDe5N/

အောင်မြင်သူ သင်တန်းကျောင်း - မကွေး
https://www.facebook.com/share/p/17L6u97YQg/

ဒေါ်လာလျှပ်စစ်ပစ္စည်းဆိုင် - မကွေး
https://www.facebook.com/share/p/1A5eHyq1ny/

Shwe Yi Win Mobile - သနပ်ပင်မြို့
https://www.facebook.com/share/p/14kpnuxqxQ/?mibextid=oFDknk

မိုးမခ Mobile - ပေါင်းတည်မြို့
https://www.facebook.com/share/p/15zr5VZbax/

ရုပ်စုံကမ္ဘာ - တောင်ငူ
https://www.facebook.com/share/p/18owT9Ev1u/

Heart Beat Restaurant - တောင်ကြီး
https://www.facebook.com/share/p/18t3orCjoF/

Moonlight Korea - အောင်ပန်း
https://www.facebook.com/share/p/1J7qokx2ps/

ရတနာ အလှပြင်ဆိုင် - စကုမြို့
https://www.facebook.com/share/p/19BEVKvgyR/

ဟိဏ်း မိုဘိုင်း - တပ်ကုန်းမြို့
https://www.facebook.com/share/p/1HTYTfoJk7/

AH Fashion - ကျိုက်ထိုမြို့
https://www.facebook.com/share/p/15gEgrScuG/

လိုတရ - အမရပူရမြို့
https://www.facebook.com/share/1LC3bFfPq4/?mibextid=wwXIfr

ထပ်မံ၍ ဖြည့်စွက်ပါမည်။

#ဖုန်းအားသွင်း #အရေးပေါ်အားသွင်း #ငလျင် #ငလျင်လှုပ် #မီးပြတ်

နိုင်ငံတကာ အဆင့်မီ Accessibility Code တွေကိုလည်း နားလည်ထားဖို့ လိုအပ်တယ်D4B Team ကတော့ အရမ်းကျွမ်းကျင်ပါတယ်
27/03/2025

နိုင်ငံတကာ အဆင့်မီ

Accessibility Code တွေကိုလည်း နားလည်ထားဖို့ လိုအပ်တယ်

D4B Team ကတော့ အရမ်းကျွမ်းကျင်ပါတယ်

စိတ်ကူးထဲက အိမ်တွေ တည်ဆောက်ချင်တယ် ဆိုရင် Design for BUILT ရှိပါတယ်ဧပြီ လ မှာ အထူး အစီ အစဉ် လေး တစ်ခု ရှိ ပါတယ်
22/03/2025

စိတ်ကူးထဲက အိမ်တွေ တည်ဆောက်ချင်တယ် ဆိုရင်

Design for BUILT ရှိပါတယ်

ဧပြီ လ မှာ အထူး အစီ အစဉ် လေး တစ်ခု ရှိ ပါတယ်

♥️တပေါင်းလပြည့်အ​ဖေများနေ့♥️တပေါင်းလပြည့်အဖေများနေ့ဟာ သင့်ဘဝမှာ ချစ်မြတ်နိုးပြီး ဂရုစိုက်တတ်သော ဖခင်ဆိုသူ အမျိုးသားများက...
13/03/2025

♥️တပေါင်းလပြည့်အ​ဖေများနေ့♥️

တပေါင်းလပြည့်အဖေများနေ့ဟာ သင့်ဘဝမှာ ချစ်မြတ်နိုးပြီး ဂရုစိုက်တတ်သော ဖခင်ဆိုသူ အမျိုးသားများကို ဂုဏ်ပြုဖို့အတွက် နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်. ချစ်ခြင်းမေတ္တာ နဲ့ လုံခြုံမှု အပြည့်အဝပေးခဲ့တဲ့ အဖေ့ကျေးဇူးတွေကို ဂုဏ်ပြုရင်း အဖေများနေ့ကို D4B မိသားစုမှ ကြိုဆိုလိုက်ပါတယ်....


#မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့
#တပေါင်းလပြည့်နေ့

#ကမ္ဘာ့အဖေများနေ့

🙏တပေါင်းလပြည့်နေ့ (မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့)🙏တပေါင်းလပြည့်နေ့ကို မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့အဖြစ်လည်း ကျင်းပခ...
13/03/2025

🙏တပေါင်းလပြည့်နေ့ (မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့)🙏

တပေါင်းလပြည့်နေ့ကို မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့အဖြစ်လည်း ကျင်းပခဲ့ကြပါတယ်။
မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့အဖြစ် ကျင်းပရခြင်းမှာ တပေါင်းလပြည့်နေ့တွင် ကာဠုဒါယီမထေရ်က မြတ်စွာဘုရားအား ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူပါရန် လျှောက်ထားသည်ကို အကြောင်း ပြု၍ ကျင်းပရခြင်း ဖြစ်ပါတယ်။

တပေါင်းလပြည့်နေ့မှာ သဲပုံစေတီပွဲတော်ကို ကျင်းပခြင်းကလည်း မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးပဲဖြစ်ပါတယ်။ ယနေ့ကျရောက်သော တပေါင်းလပြအချိန်အခါ သမယမှသည် မြန်မာပြည်သူပြည်သားများအားလုံး စိတ်နဲ့ခန္ဓာ အေးချမ်းကြပါစေကြောင်း D4B မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ......🙏🙏🙏



#မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့
#တပေါင်းလပြည့်နေ့

Address

Singapore

Telephone

+6598797229

Website

Alerts

Be the first to know and let us send you an email when Design for Built posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share