17/07/2026
OOPS (Command)
Ctrl + Z (Undo) မလုပ်ဘဲ ဖျက်လိုက်တဲ့ object ကို ပြန်ခေါ်လို့ရတဲ့ OOPS Command အကြောင်း။
ကိုယ်က Object တစ်ခုကို ဖျက်လိုက်ပြီးမှ နောက်ထပ် တွေအများကြီး ဆွဲထားတယ်။ အဲဒီအချိန်ကျမှ စောစောက ဖျက်လိုက်တဲ့ object ကို ပြန်လိုချင်တယ်ဆိုရင် OOPS ဆိုတဲ့ command ကို အသုံးပြုပြီး ပြန်ခေါ်လို့ရပါတယ်။
Ctrl + Z သုံးရင် ကိုယ်နောက်မှာဆွဲထားတဲ့ အလုပ်တွေအကုန်လုံး ပျက်ကုန်မှာပါ။ ဒီလိုအခြေအနေမျိုးမှာ OOPS ဆိုတဲ့ Command ကိုသုံးနိုင်ပါတယ်။
OOPS Command
OOPS က နောက်ဆုံး ဖျက် (Erase) လိုက်တဲ့ Object သို့မဟုတ် Block တွေကိုပဲ ပြန်ခေါ်ပေးတာဖြစ်ပါတယ်။ သူက Ctrl + Z လို နောက်ပိုင်းလုပ်ခဲ့တဲ့ အလုပ်တွေကို ရှေ့ကနေ ပြန်ဖျက်သွားတာမျိုး မဟုတ်ပါဘူး။ ကိုယ်နောက်ထပ်လုပ်ထားသမျှ Drawing တွေက ပုံမှန်အတိုင်းကျန်ခဲ့ပြီး၊ ဖျက်လိုက်တဲ့ object ပဲ ပြန်ပေါ်လာမှာပါ။
သိထားရမည့်အချက်
OOPS က နောက်ဆုံးအကြိမ် ဖျက်လိုက်တဲ့ (Last Erase engagement) အရာတွေကိုပဲ မှတ်မိတာဖြစ်ပါတယ်။ (ဖျက်ပြီး တစ်ခါ ထပ်ဖျက်လိုက်ရင် ပထမဆုံးဖျက်တာကို သွားခေါ်လို့ မရတော့ပါဘူး)။