26/11/2022
အတွေးအခေါ်ရှိပြီး အရည်အချင်းပြည့်ဝသူတွေဟာ
ပြသနာတစ်ခုဖြစ်တိုင်း အားနည်းချက်များကို
ရှာဖွေနေချိန်မှာတော့ လူညံ့တွေက
ဘယ်သူ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုပြီး
ကိုယ့်အားနည်းချက်ကို ဖုံးကွယ်ကာ အခြားသူကို
လက်ညှိုးထိုးတတ်ကြတယ်။
ပညာရှိတွေဟာ တန်ဖိုးကြီးတဲ့ ပိုက်ဆံလို
အောင်မြင်ချိန်မှာလည်း အသံမထွက်ကြပေမယ့်
ပညာမဲ့တွေကတော့ နည်းနည်းလေးအောင်မြင်လာရင်
တန်ဖိုးမရှိတဲ့ အကြွေစေ့တွေလို အသံမြည်လာပြီး
ကျရူံးလာရင်တော့ ဆင်ခြေတွေနဲ့ အခြားသူကို
လက်ညှိုးထိုးနေတတ်ကြတယ်။
ပညာရှိတွေဟာ အောင်မြင်ချိန်မှာ တည်ငြိမ်ပြီး
ပညာမဲ့တွေကတော့ အောင်မြင်ချိန်မှာ
ထောင်လွှားနေတတ်ကြတယ်။
လူတော်တွေဟာ အားနည်းချက်ကို အားသာချက်ဖြစ်လာအောင်
လုပ်ဆောင်နိုင်ပြီး လူညံ့တွေကတော့ နည်းနည်းလေး
အားနည်းလာတာနဲ့ ခေါင်းရှောင် ကိုယ်လွတ်ရုန်းတတ်ကြတယ်။
လူတော်တွေက ဆင်ခြေပေးဖို့ထက် ဘယ်လိုအောင်မြင်အောင်
လုပ်မလဲ စဉ်းစားနေချိန်မှာ လူညံ့တွေကတော့
အောင်မြင်အောင်လုပ်ဖို့ထက် ကိုယ်နေရာရအောင်လုပ်ဖို့
ပိုအားသန်တတ်ကြကာ ဆင်ခြေတွေနဲ့ သူတို့ရဲ့အားနည်းချက်တွေကို
ဖုံးကွယ်ထားတတ်ကြတယ်။
လေးစားစွာဖြင့် ♥ ♥ ♥
Credit - ဇင်းနစ် (မကွေး)