NExT-BioTech AgriClinic

NExT-BioTech AgriClinic A one-stop service and lifelong learning hub 📚 for farmers 👩‍🌾, producers, professionals🧑‍🔬, & graduates👩‍🎓.

📣📣📣We had a chance to participate in this Interactive Webinar on "Adding Value and Sharing Income all along the Value Ch...
27/03/2025

📣📣📣
We had a chance to participate in this Interactive Webinar on "Adding Value and Sharing Income all along the Value Chain". 🧑‍🔬🧑‍🌾🧑‍🍳🧑‍💻


မင်္ဂလာပါ...... BioPioneers တို့ရေ။ “NExT” ဖြစ်ပါတယ်။ 🙋ဒီနေ့တော့ အခုခေတ်ကိုယ်တို့လူငယ်တွေရဲ့ သစ္စာရှိမှုကို စမ်းသပ်ကြည့်...
07/03/2025

မင်္ဂလာပါ...... BioPioneers တို့ရေ။ “NExT” ဖြစ်ပါတယ်။ 🙋
ဒီနေ့တော့ အခုခေတ်ကိုယ်တို့လူငယ်တွေရဲ့ သစ္စာရှိမှုကို စမ်းသပ်ကြည့်ကြရအောင်။ အဲဒီအတွက် BioPioneers တို့ကို “Loyalty Test” လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

💁
ဒီtestလေးမှာတော့ BioPioneers တို့ ကိုယ်တွေနေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကြီးအပေါ်မှာ ဘယ်လောက်တောင် သစ္စာရှိလဲဆိုတာကို ကိုယ်အပြင်ထွက်တိုင်းလွယ်တဲ့အိတ်လေးထဲက ပါဝင်ပစ္စည်းလေးတွေပေါ်မူတည်ပြီး ဆုံးဖြတ်ကြည့်လို့ရပါတယ်။ အကျုံးဝင်တဲ့ပစ္စည်းလေးတွေကတော့ ‼️
*ပြန်လည်အသုံးပြုလို့ရနိုင်တဲ့ Recycle Tote Bagလေးတွေ၊ 👜
*စျေးဝယ်ရာမှာသုံးတဲ့ Recycle shopping bag လေးတွေ၊ 🛍️
*ရေ၊ဖျော်ရည် စသဖြင့် ထည့်နိုင်တဲ့ဘူး (Tumblr Water Bottles)လေးတွေ၊ 🫙
*တစ်ခါသုံးဇွန်းခရင်း၊ပိုက်၊တူ စတာတွေ လျှော့ချဖို့ ကိုယ်ပိုင်အသုံးအဆောင်ဘူး(Recycle tableware box)လေးတွေ၊🍴
*ဒါမှမဟုတ် အမြဲသုံးစွဲနေတဲ့ပလတ်စတစ်ပစ္စည်းတွေလျှော့ချဖို့ လက်လှမ်းမီရာ၊ပြန်လည်သုံးစွဲလို့ရတဲ့ ကိုယ်ပိုင်အသုံးအဆောင်လေးတွေ ပဲဖြစ်ပါတယ်။

🥇တကယ်လို့ ကိုယ့်အိတ်ထဲမှာ အထက်က ပစ္စည်းသုံးမျိုးနဲ့အထက်ပါနေရင်တော့ ကိုယ်ဟာ သဘာဝပတ်ဝန်းကျင်ကြီးကို ချစ်မြတ်နိုးတဲ့ သစ္စာရှိလူငယ်တစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။

🥈ကိုယ့်အိတ်ထဲမှာ အထက်က ပစ္စည်းနှစ်မျိုးလောက်ကို ဆောင်ထားမိတယ်ဆိုရင်တော့ ကိုယ်ရဲ့ သစ္စာရှိမှုက သဘာဝပတ်ဝန်းကျင်ကြီးကို အရမ်းအကျိုးပြုနေပါသေးတယ်။

🥉ကိုယ့်အိတ်ထဲမှာ အထက်က ပစ္စည်းတွေထဲက တစ်မျိုးကို ဆောင်ထားမိတယ်ဆိုရင် ကိုယ်နဲ့ သဘာဝပတ်ဝန်းကျင်ကြီးကြားမှာ လက်ရှိရှိနေတဲ့ချစ်ခြင်းမေတ္တာတွေကို ထပ်တိုးစေဖို့ လုပ်ဆောင်ပေးလို့ရပါတယ်။

‼️ဒီပစ္စည်းတွေထဲက တစ်ခုကိုမှမဆောင်ထားဖြစ်သေးဘူးဆိုရင်တော့ ကိုယ်ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်အရေးကြီးတဲ့ လူငယ်တွေရဲ့အခန်းကဏ္ဌမှာ တက်တက်ကြွကြွစတင်ပါဝင်ဖို့ လိုနေပါပြီ။

🤷 ဒီလိုဗဟုသုတတွေ ရှိနေပါလျက် တစ်ကိုယ်ရည်အဆင်ပြေဖို့အတွက် ပလတ်စတစ်ထုတ်ပိုးမှုတွေကို အားပေးနေမိပြီ ဆိုရင်တော့ ကိုယ်ဟာ သဘာဝပတ်ဝန်းကျင်ကြီးအတွက် အရမ်းကိုအကျိုးယုတ်စေတဲ့ လူငယ်တစ်ယောက်ဖြစ်သွားပါလိမ့်မယ်။

📢
အဲ့တော့ Biopioneers တို့လည်း ကိုယ်ရဲ့ သစ္စာရှိမှုကို တစ်ဖန်ပြန်လည်သုံးသပ်ကြည့်လို့ရပါတယ်။ နောက်postတွေမှာလည်း သဘာဝပတ်ဝန်းကျင်ကြီးအတွက် အရေးကြီးတဲ့ “ပလတ်စတစ်ဘူးခွံများအား စနစ်တကျပြန်လည်အသုံးချခြင်း”ဆိုတဲ့ခေါင်းစဥ်နဲ့ ဗဟုသုတတွေ ဝေမျှပေးမှာဖြစ်လို့ BioPioneers တို့က “NExT” နဲ့ အတူတူရှိနေပေးဖို့ မမေ့နဲ့နော်.....

ที่อยู่

Bangkok
10150

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NExT-BioTech AgriClinicผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์