06/20/2023
မေး။ ။ဇဗဟ်ပြုခြင်း၊ပြုနည်းကို ရေးပါ။
ဖြေ။ ။မိမိကုရ်ဘာနီအား မိမိလက်ဖြင့် ကိုယ်တိုင်ဇဗဟ်ပြုခြင်း ပို၍မြတ်သည်။
👍ကိုယ်တိုင်မပြုလုပ်နိုင်ပါက အခြားသူအား ဇဗဟ်ပြုလုပ်စေနိုင်သည်။သို့ရာတွင် ဇဗဟ်ပြုသည့်အချိန် ထိုနေရာ၌ ရပ်နေခြင်မြတ်သည်။
👍သားကောင်အား နာကျင်မှုဝေဒနာ အနည်းဆုံးဖြစ်အောင် အထူးသတိထားရမည်။ထို့ကြောင့် ဓါးကိုထက်မြက်အောင် သွေးထားရမည်။
👍"သားကောင်၏ရှေ့၌ ဓါးသွေးခြင်း မပြုပါနဲ့" "သားကောင်တစ်ကောင်အား အခြားသားကောင်၏ရှေ့၌ ဇဗဟ်မပြုရ။" ဟု ဟဒီးစ်တော်များ၌လာရှိပေသည်။
👍သားကောင်အား လည်ဂုတ်မှ ဇဗဟ်မပြုရ။
သားကောင်အား လည်ဂုတ်မှ ဇဗဟ်ပြုသော အသားမှာ ဟလာလ်မဖြစ်ဟု လာရှိပေသည်။
👉ဇဗဟ်ပြုမည့်နေရာမှာ လည်ပင်းနှင့် ပါးစပ်ကြား အလယ်နေရာဖြစ်သည်။
လည်ပင်အား လုံးဝဖြတ်တောက်ခြင်းမပြုရ။
👍လည်ပင်းရှိ လည်ချောင်း၊ အသက်ရှူကြောနှင့်သွေကြောများကိုသာ ဖြတ်တောက်ပြီး မသန်းသောသွေးများ ကုန်စင်အောင် ထွက်စေရမည်။ဤသို့ပြုခြင်း သားကောင်အဖို့ လွန်စွာ ခံစားနာကျင်မှု မဖြစ်တော့ပါ။
👉ဤနည်းလမ်းနှင့် ဆန်ကျင်၍ပြုသော နည်းလမ်းဟူသမျှတွင် သွေးများလည်း ကုန်စင်အောင် ထွက်မည်မဟုတ်သည့်အပြင် သားကောင်းကိုလည်း ပြင်ထန်စွာ ခံစားရစေသည်။
☪ဇဗဟ်ပြုချိန်တွင် "ဗိစ်မလ္လာဟ် အလ္လာဟုအက္ကဘရ်"ဟူသော အလ္လာဟ်အသျှင်မြတ်၏ နာမတော်ကို မြွတ်ဆိုရန် အရေးကြီးသည်။
👏👏ယာအလ္လာဟ် --- အခက်အခဲမရှိဘဲ အားလုံးသူ လွယ်ကူစွာ ပြုလုပ်နိုင်စွမ်း ပေးသနားတော်မူပါ - အလ္လာဟ် - - အာမီန်းးးး Yasin