Michael T.

Michael T. Knowledge sharing, contributing my knowledge and experiences back to community..

Today is the “World Password Day”!!Please make sure to change your passwords at least once a year, and stay safe!!! 🤗🤗🤗
05/01/2025

Today is the “World Password Day”!!
Please make sure to change your passwords at least once a year, and stay safe!!! 🤗🤗🤗

As part of my ‘pay-it-forward’ project, today I participated in a career day event at a local public school. My interest...
06/10/2024

As part of my ‘pay-it-forward’ project, today I participated in a career day event at a local public school.
My interest in an IT career dates back to 1995 when I first received a scholarship to attend the National High School Students Computer Literacy Program.
Today I am recruiting future leaders for cybersecurity with my eye-catching presentation, cybersecurity awareness stickers, and kids’ favorite gifts: lollipops, candy, and ballpoint pens sponsored by my employer Bank NA.

Step on the Boston University Seal..**************************************ခရစ်နှစ် 1839 မှာ စတင်တည်ထောင်ခဲ့တဲ့ ဘော်စတွန်...
05/20/2024

Step on the Boston University Seal..
**************************************
ခရစ်နှစ် 1839 မှာ စတင်တည်ထောင်ခဲ့တဲ့ ဘော်စတွန်တက္ကသိုလ် Boston University ရဲ့ သမိုင်းအစဉ်အလာ ရှေးရိုးစွဲအယူအရ ဘော်စတွန်တက္ကသိုလ် ကျောင်းသားကျောင်းသူတွေဟာ ကျောင်းမပြီးခင် Commonwealth Avenue လမ်းမကြီးက Marsh Plaza ရဲ့အလည်ခေါင် လမ်းပေါ်မှာ ထွင်းထုထားတဲ့ တက္ကသိုလ်ရဲ့ တံဆိပ်ကို နင်းခွင့်မရှိပါဘူး၊ အကယ်လို့ ဖြတ်သွားဖြတ်လာ လမ်းလျှောက်ရင်း နင်းမိခဲ့ရင် ဘွဲ့မရနိုင်တော့ဘူးလို့ ဆိုကြပါတယ်။
ဒါကြောင့် တစ်နှစ်တစ်ခါ ဘွဲ့ယူကြတဲ့ ကျောင်းသားကျောင်းသူတွေကို တက္ကသိုလ် ကျောင်းသားဟောင်းများအသင်းက အခမဲ့ အထူးအစီအစဉ်အဖြစ်နဲ့ ကျောင်းရဲ့တံဆိပ်ပေါ် နင်းပြီးဓါတ်ပုံရိုက်ဖို့ စီစဉ်ပေးပါတယ်။ ဒီနှစ်တော့ ကိုယ်တွေရဲ့အလှည့် နင်းခွင့်ရခဲ့ပါပြီ… 😇

Quote of the day: “Innovate or Die - Peter F. Drucker”Many organizations have been adopting the word “Innovation” in the...
05/03/2024

Quote of the day: “Innovate or Die - Peter F. Drucker”

Many organizations have been adopting the word “Innovation” in their vision and mission statements, one way or another, without actually promoting a culture for innovation. One scholar uses the quote “Organization culture eats Strategy for breakfast, innovation for lunch, and transformation for dinner” (Sanja Mestrovic).

Why is organizational culture so important? Because many individuals in leadership roles are working hard to improve efficiency in their organizations. But what does efficiency actually accomplish? I will use another quote from Peter Drucker, “Efficiency is doing the thing right. Effectiveness is doing the right thing.” That is one of the key differences between “Output-based Leadership vs Outcome-based Leadership”. Skillful leaders care for the outcomes while management-minded people are chasing outputs. Leaders encourage criticism for better innovation while managers suppress it. Leaders accept their failure for improvement while managers deny and hide it.

Therefore, for an organization of any type and size, developing a culture to foster leadership skills and an outcome-based leadership mindset is critical to achieving innovation. Without those skills and mindset, organizations risk being left behind in the industry.

As mentioned in below HBR article, innovation comes not from the superiority of any particular invention but from the ability of leaders to “foster an organization that can learn from mistakes faster, more efficiently, and more consistently than competitors do.”

The origin of the phrase “innovate or die” is a matter of some dispute. Peter Drucker famously declared it, though others may have shared in its coinage. But whatever its genesis, the sentiment is now widespread: Stay ahead of the pace of change or you’re toast. Of course, not every company ha...

လူတော်တော်များများဟာ ကိုယ်သိထားတဲ့ အကြောင်းအရာတစ်ခု၊ လမ်းစတစ်ခုကို သူများကို ပြန်မျှဝေပေးဖို့ တွန့်တိုနေတတ်ကြပါတယ်။ တကယ်...
03/10/2024

လူတော်တော်များများဟာ ကိုယ်သိထားတဲ့ အကြောင်းအရာတစ်ခု၊ လမ်းစတစ်ခုကို သူများကို ပြန်မျှဝေပေးဖို့ တွန့်တိုနေတတ်ကြပါတယ်။ တကယ်တော့ သူများထက်သာပြီး အောင်မြင်ဖို့အတွက် အခြေခံလိုအပ်ချက်ဟာ အသိတရားသက်သက်မဟုတ်ပဲ၊ သိထားတဲ့အသိကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မယ့် “လက်တွေ့အလုပ်” ပါ။
For many people, “Information” is one of the competitive advantages. But not by withholding, just by utilizing effectively!!!

02/23/2024

Steak စားနေတဲ့သူတွေကို ပျော်အောင်လုပ်ပေးနိုင်တဲ့အခါ နွားတွေဟာ ပျော်နိုင်မှာမဟုတ်ပါဘူး… အဲဒါသဘာဝပါ။
ဒါကြောင့် တစ်ခါတစ်ခါမှာ ကိုယ့်ဘက်က ဘာတွေလုပ်ပေးပေး မပျော်နိုင်တဲ့သူတွေတွေ့လာရင် ဘယ်လိုခေါင်းစဉ်ကြောင့်လဲ ဆိုတာမျိုးလေး ဖြည့်တွေးပေးလိုက်ပါ... 😊

US နဲ့ Canada ကြားမှာ ဗီဇာကင်းလွတ်ခွင့်နဲ့ ခရီးသွားလာလို့ ရနေပေမယ့်၊ အလုပ်ကိစ္စနဲ့ ခရီးသွားတာမျိုးတွေ ရှိလာရင်တော့ ၂ နို...
02/23/2024

US နဲ့ Canada ကြားမှာ ဗီဇာကင်းလွတ်ခွင့်နဲ့ ခရီးသွားလာလို့ ရနေပေမယ့်၊ အလုပ်ကိစ္စနဲ့ ခရီးသွားတာမျိုးတွေ ရှိလာရင်တော့ ၂ နိုင်ငံစလုံးမှာ အခွန်ဆောင်ဖို့ တင်ရပါတယ်။
အစိုးရပိုင်းမှာ ၂ နိုင်ငံအပြန်အလှန် ကွန်ပြူတာစနစ်ချိတ်ဆက်မှု စတင်ခဲ့ပြီးနောက်မှာ မသိအောင် ဖုံးကွယ်ထားဖို့ ပိုခက်လာပြီး၊ ကိုယ်အလုပ်လုပ်နေတဲ့ ကုမ္ပဏီက စီစဉ်ပေးထားတဲ့ ဝန်ဆောင်မှု ရှိနေရင်တော့ စာရွက်စာတမ်းပြင်ရတာ လွယ်ပါတယ်။ မရှိခဲ့ရင်တော့ ကိုယ့်ဘာသာတင်ဖို့လိုပြီး၊ ပျက်ကွက်ခဲ့ရင် နောင်သွားတဲ့အခါ ပြသနာရှိလာပါမယ်။

တစ်ခါတစ်လေမှာ သင့်အနားက အားပေးနေတယ်လို့ ထင်ထားသူတွေဟာ၊ သင့်ကိုဒုက္ခရောက်အောင် အချွန်နဲ့မနေသူတွေပါ!!! 😎
02/06/2024

တစ်ခါတစ်လေမှာ သင့်အနားက အားပေးနေတယ်လို့ ထင်ထားသူတွေဟာ၊ သင့်ကိုဒုက္ခရောက်အောင် အချွန်နဲ့မနေသူတွေပါ!!! 😎

မနေ့က Apple Inc. ရဲ့ လေးလပတ် ဝင်ငွေ/အမြတ်ကြေငြာချက် ထွက်မှာမို့ လိုရမယ်ရ ဒေါ်လာ ၃၀,၀၀၀ ကျော်ဖိုး ရှယ်ယာထပ်ဝယ်ဖို့ တစ်ရှယ...
02/02/2024

မနေ့က Apple Inc. ရဲ့ လေးလပတ် ဝင်ငွေ/အမြတ်ကြေငြာချက် ထွက်မှာမို့ လိုရမယ်ရ ဒေါ်လာ ၃၀,၀၀၀ ကျော်ဖိုး ရှယ်ယာထပ်ဝယ်ဖို့ တစ်ရှယ်ယာကို $၁၈၂ နဲ့ စျေးခေါ်အော်ဒါပေးထား လိုက်တာ ဒီမနက် စျေးကွက်ဖွင့်စမှာပဲ တစ်ရှယ်ယာကို ပေါက်စျေး $၁၇၉.၉၆ နဲ့ ဝယ်လို့ရလိုက်တယ်!!!
နေ့ခင်းဘက်စျေးပြန်တက်တာ $၁၈၆ အထိ ဖြစ်လာလို့ တစ်မနက်ခင်းထဲ ဒေါ်လာ တစ်ထောင်ကျော် မြတ်သွားတယ်!!! 😇

Motivated Blindness…ကိုယ့်အကျိုးစီးပွါး၊ ကိုယ့်ဆွေမျိုးသားချင်း၊ ကိုယ့်လူ၊ ကိုယ့်ပါတီ၊ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး၊ ကိုယ့်...
02/02/2024

Motivated Blindness…
ကိုယ့်အကျိုးစီးပွါး၊ ကိုယ့်ဆွေမျိုးသားချင်း၊ ကိုယ့်လူ၊ ကိုယ့်ပါတီ၊ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယုံကြည်ရာ တွေရဲ့ အကျိုးကို မြင်တဲ့အခါ၊ နောက်ဆက်တွဲ အဆိုးတွေကို ဆက်မမြင်နိုင်တော့လောက်အောင် ကန်းသွားတတ်ကြပါတယ်…
Michael Thu (February 1, 2024).

Harvard - a University or a Political entity?ကမ္ဘာကျော် Harvard တက္ကသိုလ်ကြီးရဲ့ President ဖြစ်တဲ့ “Claudine Gay” ကတော့ ...
01/03/2024

Harvard - a University or a Political entity?

ကမ္ဘာကျော် Harvard တက္ကသိုလ်ကြီးရဲ့ President ဖြစ်တဲ့ “Claudine Gay” ကတော့ PhD ပါရဂူဘွဲ့ သုတေသနစာတမ်းမှာ ခိုးချထားတာတွေ ပေါ်လာလို့ ဂုဏ်သိက္ခာမဲ့စွာနဲ့ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါပြီ။
ဒါပေမယ့် သူ့ရဲ့ ပြဿနာဟာ ဒီလောက်နဲ့ ပြီးမသွားပဲ နောက်ဆက်တွဲအနေနဲ့ သူ့ရဲ့ PhD ပါရဂူဘွဲ့ သုတေသနစာတမ်းကို စီစစ်လက်ခံပြီး ဘွဲ့ပေးအပ်ခဲ့တဲ့ Harvard လို ကမ္ဘာကျော်တက္ကသိုလ်ကြီးဟာ ဘာကြောင့် အခုလိုခိုးကူးတွေနဲ့ ပြည့်နေတဲ့ သုတေသနစာတမ်းကို သေချာစီစစ်ဖို့ ပျက်ကွက်ခဲ့လဲ ဆိုတဲ့အကြောင်းကို အမေရိကန် အောက်လွှတ်တော် အမတ် Virginia Foxx ဦးဆောင်တဲ့ အောက်လွှတ်တော် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ကော်မတီ ကနေ စတင်စစ်ဆေးနေပါပြီ။
Harvard တက္ကသိုလ်ဟာ အရည်အသွေးမြင့်မားတဲ့ အဆင့်မြင့်ပညာတွေကို လူမျိုး၊ ဘာသာ၊ အဆင့်အတန်း မခွဲခြားပဲ အရည်အချင်းရှိသူ၊ အရည်အသွေး ပြည့်မှီသူတိုင်း ကတက်ရောက်သင်ယူနိုင်စေမယ့် အခွင့်အလမ်းတွေကို ပိတ်ပင်ပြီး၊ လူမျိုးနဲ့ အသားအရောင်အလိုက် အဆင့်ခွဲခြား လက်ခံမှု၊ စီစစ်မှု၊ ဘွဲ့ပေးအပ်မှုတွေ ရှိနေတဲ့အတွက်ကြောင့် ယခုလို အာဖရိကန်အမေရိကန် အမျိုးသမီးတစ်ဦးတင်တဲ့ ခိုးယူကူးချမှု တွေပြည့်နေတဲ့ သုတေသနစာတမ်းကို သေချာစီစစ်ဖို့ စစ်ဆေးဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။
ကမ္ဘာကျော် Harvard တက္ကသိုလ်ဟာ ကျောင်းသား လက်ခံမှုစနစ်မှာ၊ အရည်အချင်း အလိုက် လက်ခံတာမျိုးမလုပ်ပဲ လူမျိုးနဲ့ အသားအရောင်အလိုက် အဆင့်ခွဲခြား လက်ခံမှု၊တွေရှိနေပြီး လူဖြူတွေနဲ့ အာရှတိုက်သားတွေရဲ့ လက်ခံမှုအဆင့်ကို အထူးတင်းကျပ်ကာ၊ လူမည်းတွေနဲ့ လက်တင်အမေရိက နွယ်ဖွားတွေ ကိုသာ လျှော့လျှော့ပေါ့ပေါ့ ဝင်ခွင့်ပေးနေတဲ့အတွက် အာရှတိုက်သားတွေ အများစုပါတဲ့ “ကျောင်းသားတိုင်း တန်းတူညီမျှ ပညာသင်ကြားခွင့်ရရေး” အဖွဲ့အစည်း “Students for Fair Admissions” က ၂၀၁၃ ခုနှစ်ကစလို့ တရားရုံး အဆင့်ဆင့် တရားစွဲဆို ခဲ့ရာမှာ၊ ၂၀၂၃ ဂျွန်လမှာ အမေရိကန်ရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ The Supreme Court of the United States ကနေ “လူမျိုးနဲ့ အသားအရောင်အလိုက် အဆင့်ခွဲခြား လက်ခံမှု ပြုလုပ်ပြီး အာရှတိုက်သားတွေရဲ့ တက္ကသိုလ်ဝင်ခွင့်ကို တင်းကျပ်ထားမှုဟာ တည်ဆဲဥပဒေများနဲ့ မကိုက်ညီကြောင်း” ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။
အခုလို Harvard ကျောင်းဆင်း ပါရဂူဘွဲ့ရ Harvard တက္ကသိုလ် ရဲ့ President တစ်ယောက်ဟာ ခိုးကူးတွေနဲ့ပြည့်နေတဲ့ ပါရဂူဘွဲ့ သုတေသနစာတမ်း ပြဿနာကြောင့် နှုတ်ထွက်သွားရခြင်းဟာ Harvard တက္ကသိုလ်ရဲ့ ကျောင်းသားလက်ခံမှု အပိုင်းမှာသာမက၊ ကျောင်းသားတွေရဲ့ စာမေးပွဲ စစ်ဆေးမှု အပိုင်းတွေမှာပါ ဘက်လိုက်မှုနဲ့ လူမျိုးရေးခွဲခြားမှုတွေ ရှိနေတယ်ဆိုတာကို သက်သေပြလိုက်သလို ဖြစ်နေတာကြောင့် အမေရိကန်လွှတ်တော်ကနေ စစ်ဆေးဖို့အထိ ဖြစ်လာရတာပါ။
Harvard တက္ကသိုလ် ကျောင်းသားဟောင်းများနဲ့ နိုင်ငံရေးသမားအချို့ကတော့ Harvard တက္ကသိုလ်ကြီးကို လက်ဝဲ/လက်ယာ နိုင်ငံရေး အယူအဆ၊ ရပ်တည်ချက် ကိုအခြေပြုတဲ့ လုပ်ရပ်တွေနဲ့ ကင်းရှင်းအောင်နေပြီး၊ အရည်အသွေးမြင့်မားတဲ့ အဆင့်မြင့်ပညာတွေကို လူမျိုး၊ ဘာသာ၊ အဆင့်အတန်း မခွဲခြားပဲ အရည်အချင်းရှိသူ၊ အရည်အသွေး ပြည့်မှီသူတိုင်း ကတက်ရောက်သင်ယူနိုင်စေမယ့် အခွင့်အလမ်းတွေကို ပေးဖို့ တောင်းဆိုထားကြပါတယ်။

လေးစားစွာဖြင့်၊

မိုက်ကယ်ကျော်သူ
January 03, 2024

ကိုးကား။

https://www.nytimes.com/2024/01/02/us/harvard-claudine-gay-resigns.html
https://www.cnn.com/2023/12/29/business/harvard-plagiarism-claudine-gay-education-committee/index.html

https://edition.cnn.com/2023/12/15/business/harvard-president-claudine-gay-corrects-scholarly-articles-plagiarism-allegations/index.html?utm_source=business_ribbon

https://www.bbc.com/news/world-us-canada-67782799

https://www.nytimes.com/2023/12/20/us/harvard-claudine-gay-plagiarism.html

https://www.nytimes.com/2023/06/29/us/politics/supreme-court-admissions-affirmative-action-harvard-unc.html #:~:text=The%20Supreme%20Court%20on%20Thursday,a%20pillar%20of%20higher%20education.

https://www.bostonglobe.com/2023/12/11/metro/harvard-president-testimony/

https://freebeacon.com/campus/this-is-definitely-plagiarism-harvard-university-president-claudine-gay-copied-entire-paragraphs-from-others-academic-work-and-claimed-them-as-her-own/

https://en.wikipedia.org/wiki/Claudine_Gay

https://en.wikipedia.org/wiki/Students_for_Fair_Admissions_v._Harvard

Claudine Gay faced backlash over the university’s response to antisemitism on campus, which led to increased scrutiny of her academic record.

Happiness is, I received another $ 5,254.00 in tuition scholarship for Spring 2024 module from NEW YORK UNIVERSITY (NYU)...
12/26/2023

Happiness is, I received another $ 5,254.00 in tuition scholarship for Spring 2024 module from NEW YORK UNIVERSITY (NYU)… 😇😇😇

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when Michael T. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share