𝚂𝚊𝚠 𝙿𝚑𝚘𝚎 𝚂𝚎𝚕 𝓐𝓾𝓽𝓸𝓶𝓪𝓽𝓲𝓸𝓷, 𝓓𝓻𝓲𝓿𝓮 𝓪𝓷𝓭 𝓟𝓛𝓒

  • Home
  • United States
  • New York, NY
  • 𝚂𝚊𝚠 𝙿𝚑𝚘𝚎 𝚂𝚎𝚕 𝓐𝓾𝓽𝓸𝓶𝓪𝓽𝓲𝓸𝓷, 𝓓𝓻𝓲𝓿𝓮 𝓪𝓷𝓭 𝓟𝓛𝓒

𝚂𝚊𝚠 𝙿𝚑𝚘𝚎 𝚂𝚎𝚕 𝓐𝓾𝓽𝓸𝓶𝓪𝓽𝓲𝓸𝓷, 𝓓𝓻𝓲𝓿𝓮 𝓪𝓷𝓭 𝓟𝓛𝓒 Saw Phoe Sel’s automation � notes.

စက်ရုံလုပ်ငန်း၊သင်္ဘော၊မီးရထား နှင့် စစ်တပ်အသုံး တွေမှာ ဘာလို့ PLC တွေကိုအသုံးပြုလာ တာလဲးဆိုတော့ အနည်းငယ်ရှင်းပြပေးပါမယ်...
11/25/2024

စက်ရုံလုပ်ငန်း၊သင်္ဘော၊မီးရထား နှင့် စစ်တပ်အသုံး တွေမှာ ဘာလို့ PLC တွေကိုအသုံးပြုလာ တာလဲးဆိုတော့ အနည်းငယ်ရှင်းပြပေးပါမယ်။ ကျွန်တော် အညွန်းပေးတဲ့ PLC များဟာ ကိုယ်ပိုင် CPU ထုပ်တဲ့သူများကိုသာ ညွန်း ပါတယ်။

၁။ PLC တစ်လုံးဟာ Digital input (6000) အထိ ချိန်ဆက်နိုင်ပါတယ်။ (လျောပြေားထားတာ)
၂။ PLC တစ်လုံးဟာ Digital output (6000) အထိ ချိန်ဆက်နိုင်ပါတယ်။ (လျောပြေားထားတာ)
၃။ တစ်ချိန်ထဲ nano second အတွင်း digital input (6000) ကဝင်လာတဲ့ data ကို ချက်ခြင်း process လုပ်ပြီး digital output (6000) ကို data ထုပ်ပေးနိုင်ပါတယ်။
၄။ analog input 10bit-12bit-13bit-16bit အသုံးပြုနိုင်သည်။
၅။ analog input 16bit သုံးပြီးရင် input 16384 ကိုတစ်ချိန်ထဲဖတ်နိုင်ပြီး အဖြေထုပ်ပေးနိုင်ပါတယ်။ တစ်ခုပြီးမှ တစ်ခုဖတ်တာမဟုတ်ပါဘူး၊ တစ်ချိန်ထဲ အပြိုင်ဖတ်တာဖြစ်ပါတယ်။
၅။ analog output 16bit သုံးပြီးရင် output 16384 ကိုတစ်ချိန်ထဲထုပ်နိုင်ပြီး အဖြေထုပ်ပေး နိုင်ပါတယ်။ တစ်ခုပြီးမှ တစ်ခု ထုပ်တာမဟုတ်ပါဘူး၊ တစ်ချိန်ထဲ အပြိုင် ထုပ်တာဖြစ်ပါတယ်။
၆။ HSC Count အတွက် Clock generator input, Gate input,Capture input တွေအသုံး ပြုနိုင်ပါတယ်။ ပေါးချောင်ကောင်း Siemens PLC တွေဟာဆိုရင် 400khz ဖတ်နိုင်ပါတယ်။ Counting Range (32 bit) ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ module များ ဟာဆိုရင် ဘယ်လောက် အထိ ရတယ်ဆိုတာ (သိချင် စာဖတ်ကြည့်ပါ)ပေါးချောင်ကောင်း Siemens PLC တွေဟာဆိုရင် HSC Count ကို 64 ခု တစ်ချိန်ထဲ ဖတ်နိုင်ပါတယ်။( လက်တွေ့သုံးထားသည်။)
၇။ Pulse output မှာဆိုရင် Pulse duration ကတော့ 16bit နှင့်ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ပြီး Cycle time အတွက် 32bit နှင့် 400khz ပေါ့ပေါ့ပါးပါးအသုံးပြုနိုင် တာဖြစ်ပါတယ်။ပေါးချောင်ကောင်း Siemens PLC တွေဟာဆိုရင် PWM output ကို 128 ခု တစ်ချိန်ထဲ ထုပ်ယူ နိုင်ပါတယ်။ (လက်တွေ့သုံး ထားသည်။) AC servo motor 128 လုံးမောင်းကိုတစ်ချိန်ထဲမောင်းလို့ရတယ်ဟု ဆိုလိုသည်။
၈။ Temperature range 0 … 60 °C ပုံမှန်အသုံးပြုနိုင်ပြီး (0 … 80 °C) တွေကတော့ စျေးနည်း နည်းများပါတယ်။
၉။ ထူးခြားချက်များကတော့ ပင်လယ်ဆားငန်ရေ အငွေ့ရှိတဲ့ နေရာမှာ အသုံးပြုနိုင်တယ်ဆိုတာ အာမခံ ထားပါတယ်။
၁၀။ စစ်သင်္ဘော တွေမှာ အသုံးပြု မယ်ဆို explosion protection တွေ ပါရှိနေပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က S7-200 PLC တွေမှာကိုပါရှိပါတယ်။ အမြှောက်ပြစ်တဲ့အခါ feedback noise နှင့် feedback damage အတွက် protection တွေဟာ လွန်ခဲ့တဲ့ 15 နှစ်ကတဲ့ကပါရှိပါတယ်။
၁၁။ Bit operation 30 ns ဖြစ်ပါတယ်။ Word operation 36 ns ဖြစ်ပါတယ်။ Floating-point operation 192 ns ဖြစ်ပါတယ်။ Floating-pointမှာတော့ (64bit) LReal ဟုသတ်မှတ်ပါတယ်။
၁၂ ။ PROFINET အတွက် transferring data at a speed of 1 Gbit/s ဖြစ်ပါတယ်။
၁၃။ PLC အသုံးပြုနေတဲ့ စက်ရုံနှင့် service အဖွဲ့က နေရာမတူ (နိုင်ငံမတူ) ဘဲးနှင့် Online service လုပ်လို့ရပါတယ်။
၁၄။ modular type တွေကိုအသုံးပြုမယ်ဆိုရင် module တစ်ခုပျက်သွားတာကို သိနိုင်အောင် လုပ်ပေးထားပါတယ်။
၁၅။ Program ရေးရတာ လွယ်ကူပါတယ်။ စိတ်မဝင်စားတဲ့သူကတော့ ( A-B-C-D) တောင် သင်လို့မရပါဘူး။
၁၅ ။အသင့်အတင့်ရှိတဲ့ SIMATIC S7-1500 CPU 1515-2 ၏ data အချို့ကို ကြည့်မယ်ဆိုရင် အောက်ပါ အတိုင်း တွေ့နိုင်ပါတယ်။
Work memory = 500 KB for program 3 MB for data
Load memory/mass storage = 32 GB
I/O address area, 32/32 KB
Process image 32 KB
Digital channels 262 144
Analog channels 16 384
Distributed I/O modules on PROFIBUS - I/O modules on PROFINET
S7 timers 2048
S7 counters 2048
Data blocks number range 1 – 60999
Data blocks (size) 10 MB (60999 x 10 =?)
Programming languages (LAD, FBD, STL, S7-SCL, S7-GRAPH)
တကယ်တော့ အများကြီး ရှိသေးပါတယ်။ ကျွန်တော့ထင်တယ် PLC အသုံးပြုရမည့်နေရာမှာ မည်သည် controller မှအစားထိုးအသုံးပြုလို့ရမှာမဟုတ်ပါဘူး။ PLC နှင့် ၁ ပေပတ်လည် အသုံးပြုလို့ရတဲ့ I/O 8000 အသုံးပြုနိုင်မှုဟာ ရိုးရိုး controller တစ်ခု အသုံးပြုမယ်ဆိုရင် ၂၀ ပေ ပတ်လည် လောက် circuit board ကြီး ဖြစ်သွားမယ် ထင်ပါတယ်။ industrial အသုံးအတွက် သိသန့် ဖြစ်အောက် ပြုလုပ်ထားပြီး ကမ္ဘာ နိုင်ငံအကြီးကြီးတွေက တရားဝင် ထုပ်ထားတဲ့ ပစ္စည်းဖြစ်တဲ့အတွက် ဒီနေ့အချိန်အထိ industrial မှာ တော့ PLC နေရာမှာ မည်သည့်ပစ္စည်းမှ အစားမဝင်လာနိုင်သေးပါဘူး။ (နောက်တော့မသိဘူး) ကမ္ဘာကျော် PLC ထုပ်တဲ့ နိုင်ငံ ၂ ခု ကတော့ ဂျာမဏီ နှင့် အမေရိကန်ဖြစ်ပြီးတော့ သူတို့ ကိုယ်ပိုင် CPU များ နှင့်သာအသုံးပြုထားခြင်းဖြစ်ပါသည်။ #စောဖိုးဆဲ
ဗဟုသုတအနေနှင့် တင်ပြလိုက်ခြင်းဖြစ်ပါသည်။

Baud Rate သည် အဘယ်ကြောင့် Modbus Network တွင်အရေးပါရသနည်း?=======================================    Modbus မှာ Communic...
11/14/2024

Baud Rate သည် အဘယ်ကြောင့် Modbus Network တွင်အရေးပါရသနည်း?
=======================================

Modbus မှာ Communication အမျိုးအစားနှစ်ခုရှိပါတယ်။ အဲ့တာက Modbus RTU နဲ့ Modbus ASCII ပါပဲ။ သို့သော် Modbus RTU သည် သူ့ရဲ့ရိုးရှင်းတဲ့ Coding နဲ့ Configuration ရှိတဲ့အတွက်အကြောင့်အသုံးများရခြင်းဖြစ်ပါတယ်။

Modbus မှာပါဝင်တဲ့ Parameter တွေကတော့

- Address
- Data Bit
- Stop Bit
- Parity နဲ့
- Baud Rate တို့ပဲဖြစ်ပါတယ်။

Modbus RTU မှာ အထူးတလည်းဂရုစိုက်ပေးရမယ့် Parameter တစ်ခုရှိပါတယ်။အဲ့တာကတော့ Baud Rate ပါပဲ။

Baud Rate
========

Baud Rate ဆိုတာကတော့ Modbus Protocol မှာရှိတဲ့ Communication Speed ရဲ့ အတိုင်းအတာတစ်ခုကိုဆိုလိုပါတယ်။ Baud Rate သည် Modbus Device နှစ်ခုအကြားက Transmitted သို့မဟုတ် Received လုပ်တဲ့ Data ရဲ့အမြန်နှုန်းကိုဖော်ပြပါတယ်။တစ်စက္ကန့်မှာရှိတဲ့ Signal အပြောင်းအလဲရဲ့ အရေအတွက်ကိုဖော်ပြတာဖြစ်ပါတယ်။ အကျဉ်းချုပ်ပြောရရင် တစ်စက္ကန့်မှာရှိတဲ့ Bits ရဲ့ Transmitted သို့မဟုတ် Received အရေအတွက်ကိုဆိုလိုပါတယ်။

Bit Rate ဆိုတာကတော့ Bit form အနေနဲ့ Transmit လုပ်ပြီး အဲ့ဒါရဲ့ တစ်စက္ကန့်မှာရှိတဲ့ Communication ရဲ့ အမြန်နှုန်းကိုခေါ်တာပါ။

ဒီနေရာမှာ Baud Rate နဲ့ Bit Rate နဲ့မတူတာကို သတိထားရပါမယ်။အောက်မှာပုံကိုဖော်ပြထားပါတယ်။

Baud Rate သည် ချိတ်ဆက်ထားတဲ့ Device တွေအကုန်လုံးအတူတူပဲဖြစ်ရပါမယ်။ ဆိုလိုတာက Master ကို 19200 သတ်မှတ်ထားရင် Slave လည်း 19200 သတ်မှတ်ပေးရပါမယ်။ မတူရင် Communication ဆိုတာလုံးဝဖြစ်လာမှာမဟုတ်ပါဘူး။

Modbus အတွက် Baud Rate ကိုသတ်မှတ်ပုံ
=================================

Baud Rate ကိုသတ်မှတ်ဖို့အတွက် ဘယ်အရာတွေပေါ်မူတည်ပြီး သတ်မှတ်ရသလဲဆိုရင်

- Device နှစ်ခုရဲ့အကွာအဝေး
- Master ကိုချိတ်ဆက်ထားတဲ့ Slave Device အရေအတွက်
- Noise Level နဲ့
- Transmitted လုပ်မယ့် Data ပမာဏ တို့ကို စဉ်းစားပြီးမှ သတ်မှတ်သင့်ပါတယ်။

အကယ်၍ Rate က အရမ်း High ဖြစ်နေရင်, Device ဟာ လျင်လျင်မြန်မြန်နဲ့သတ်မှတ်ထားတဲ့အရာကို အချိန်တိုအတွင်း Data တွေမရောက်နိုင်ပါဘူး။ အကယ်၍ Slave အရေအတွက်များနေရင် (Slave သည်အများဆုံး 225 ခု Master ကိုချိတ်ဆက်နိုင်) Baud Rate ကို Low လောက်ထားသင့်ပါတယ်။ အဲ့ဒါမှာမဟုတ်ရင် Data တွေဟာ Skip ဖြစ်ပြီး ကျန်တဲ့ Device တွေကိုချောချောမွေ့မွေ့နဲ့ရောက်ရှိမှာမဟုတ်ပါဘူး။ EMI (Electromagnetic Interference) Noise တွေအနီးတစ်ဝှိုက်မှာရှိခဲ့ရင်လည်း Low လောက်ထားသင့်ပါတယ်။ Data ပမာဏဟာများနေရင်လည်း Low Rate လောက်ထားရပါမယ်။

High Rate Baud တွေကို ဘယ်အချိန်မှာသုံးသင့်သလဲဆိုရင် Device နှစ်ခုအကွာအဝေးတိုတဲ့အချိန်, Slave အရေအတွက်နည်းတဲ့အချိန်, Low Noise နဲ့ Data ပမာဏ နည်းရင် သုံးသင့်ပါတယ်။ အပေါ်ကနဲ့ဆန့်ကျင်ဖက်ပါပဲ။

Standard Baud Rate တန်ဖိုးတွေကတော့

- 9600
- 19200
- 38400
- 57600
- 76800
- 115200

အသုံးအများဆုံး Baud Rate နှစ်ခုသည် 9600 နဲ့ 19200 ပါပဲ။ အကောင်းဆုံး Baud Rate ကိုသတ်မှတ်ဖို့အတွက် အဓိကကြည့်ရမှာက Speed နဲ့ Data Reliability ပဲဖြစ်ပါတယ်။ ဒီအချက်တွေကြည့်ခြင်းအားဖြင့် Baud Rate ဟာ ဘယ်လောက်အထိအရေးပါသလဲဆိုတာသိနိုင်ပါတယ်။

Reference: Instrumentationtools

#စောဖိုးဆဲ

Synchronization - အကြောင်းကို ​ မိမိနားလည် လုပ်ကိုင်ဖူးသလို ပြန်​ရေးပြထားပါတယ်။Electrical Power အထူးသဖြစ် Generation အပိ...
07/26/2024

Synchronization - အကြောင်းကို ​ မိမိနားလည် လုပ်ကိုင်ဖူးသလို ပြန်​ရေးပြထားပါတယ်။

Electrical Power အထူးသဖြစ် Generation အပိုင်းမှာ Synchronization လုပ်တယ်......synchro လုပ်မယ် ....Sync. လုပ်ထားတယ် လို့ ပြောတာကြားဖူးကြမှာပါ ...

ကျနော့်အနေနဲ့ SYNCHRONIZATION ( GENERATOR စက်များတစ်လုံးနှင့်တစ်လုံး လက်တွေ့အပြိုင် ယှဉ်တွဲခုတ်မောင်းခြင်း ) ကိုလက်တွေ့နားလည် လုပ်ကိုင်ဖူးသော်လည်း အခြားစိတ်ဝင်စားသူများ နားလည်လွယ်အောင် စာဖြစ်ရေးသားရသည်မှာ သိပ်တော့မလွယ်ကူပါ....

အခု​ခေတ်လို လျှပ်စစ်ဓါတ်အားသုံးစွဲမှု ပိုမိုများလာတဲ့အချိန်မှာ ယခင်အတိတ် လွန်ခဲ့သော နှစ်များစွာက တည်ဆောက်ခဲ့သော လျှပ်စစ်ဓါတ်အားပေးစက်ကြီးများ၏စတင်တည်ဆောက်ဝန်အားမှာ လက်ရှိသုံးဆွဲဝန်အား တိုးတက်သုံးစွဲမှုနဲ့ နှိုင်းယှဉ်ပါက လက်ရှိကာလမှာ လုံလောက်စွာ လိုအပ်သော သုံးဆွဲဝန်အားကို အချိန်နှင့်အမျှ ထောက်မပေးနိုင်ခြင်း မရှိတော့သည်နှင့်အမျှ လျှပ်စစ်ဓါတ်အား လိုအပ်မှု တွေမှာ နှစ်စဉ်နှင့်အမျှ လိုအပ်ချက် ရှိလာပြီဖြစ်ပါတယ်။
ဒီတော့ ဒီလိုဖြစ်စဉ်တွေကို လတ်တလော အမြန်ဆုံး ကုစားနိုင်သည်မှာ ထပ်တိုးလိုအပ်နေသော လျှပ်စစ်ဓာတ်အားကိုအမြန်ဆုံးဖြည့်တင်းပေးနိုင်တာက သက်ဆိုင်ရာလျှပ်စစ်ဓါတ်အားပေးစက်ကြီးနားမှာသဘာဝအရင်းအမြစ် ကို အသုံးပြု လည်ပတ်သော ခေတ်မှီမြန်ဆန်သော လျှပ်စစ်ဓါတ်အားပေးစက်များဖြစ်တည်ဆောက်ထားသော ( POWER PLANT များကို ) ကိုကာလတိုအတွင်း တည်ဆောက်ပြီး လိုအပ်သော လျှပ်စစ်ဓါတ်အားကို လက်ရှိ လျှပ်စစ်ဓာတ်အားပေးစက်များနဲ့ပေါင်းစပ် ထုတ်လုပ်ပေးခြင်းပင်ဖြစ်ပါတယ်။
ဒီတော့ အရင် ရှိနေသော လျှပ်စစ် ဓါတ်အားပေးစက်၏ ဓာတ်အားခွဲရုံများ၏ လျှပ်စစ်ဓါတ်အား နဲ့ ( POWER PLANT အသစ်များ၏ ) လျှပ်စစ်ဓါတ်အားကို ဘယ်လိုပေါင်းစပ်သလဲ၊ဒီလိုဘဲ NATIONAL GRID နဲ့ POWER PLANT ထဲက ထုတ်လုပ်လျှပ်စစ်ဓါတ်အားကို ဘယ်လိုပေါင်းစပ်မလဲ လွယ်ကူလား / ခက်ခဲလား ဘယ်လိုနည်းလမ်းတွေသုံးလဲ
..... ဒီလိုမေးတိုင်းပြန်ကြားရတာက ---- အသစ်နဲ့အဟောင်းကို -SYNCHRONIZATION ပြုလုပ်ထားတယ် ..စက်အချင်းချင်း SYNCHRO တွဲတယ် ၊ GRID နဲ့ SYNCHRO တွဲတယ် စသဖြစ် ..လျှပ်စစ်လုပ်ငန်းတွေလုပ်နေတိုင်းမှာ အမြဲကြားနေရသော စကားလုံး က SYNCHRONIZATION ဆိုတာပါဘဲ ။
SYNCHRO တွဲတယ်ဆိုတာဘာလဲ SYNCHRO ဘယ်လိုတွဲလဲဆိုတာနားမလည်ခင် ပုံစံတူ အခြေအနေ တခုကို နားလည်လွယ်အောင် စဉ်းစားကျပါစို့ ။
ကျနော်တို့ ငယ်ငယ်က ကြည့်ဖူးတဲ့ ရုပ်ရှင်ဇာတ်လမ်း တစ်ကားရှိပါတယ်။
THE SPEED ဆိုသော ဇာတ်လမ်းပါ။ ( အညွှန်းက )
ဒီဇာတ်လမ်းမှာ ဖောက်ခွဲကျွမ်းကျင်သူ ရဲဝန်ထမ်းဟောင်း လူဆိုးက ခရီးသည်တင် BUS ကားရဲ့ အောက်မှာ SPEED အမြန်နှုန်း 50 km/hr ထက်နှေးပြီးမောင်းရင် ပေါက်ကွဲနိုင်သော ချိန်ကိုက်မိုင်း တစ်လုံးကို တပ်ဆင်ထားပါတယ်။ ဒီချိန်ကိုက်မိုင်းက BUS ကား ကို သတ်မှတ်အမြန်နှုန်းအတိုင်း မဟုတ်ဘဲ (လျှော့ကျ /မြန်ဆန် ) မောင်းနှင်မှုရှိရင် BUS ကား ကို ပေါက်ကွဲစေခြင်းဖြစ် ပါလာသော ခရီးသည် တွေကို သေဆုံးစေမှာဖြစ်ပါတယ်၊ ဒါကို ရဲတပ်ဖွဲ့က ဒီ မိုင်းထောင်ထားသော BUS ကားဘေးကနေ တခြားကားတစီးနဲ့ ဒီ BUS ကားဘေးကနေ အမြန်နှုန်းတူလိုက်မောင်းနှင်ကာ Bus ကားပေါ်မှ ခရီးသည်တွေကို မိမိကားဘက်ကို ကူးပြောင်းစေခြင်းဖြစ် ကယ်တင်ခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ တခြားကားတစီးက ဒီကားကို အမှီလိုက်နိုင်ဖို့နဲ့ ခရီးသည်တွေကို ( ဟိုဘက်ကား ကနေ ဒီဘက်ကားကို ကူးပြောင်းခိုင်းပြီး )ကယ်နိုင်ဖို့အတွက်က ဒီကားကို တထပ်တည်း ထပ်တူညီ ( SYNCHRONIZE DRIVING ) ပြုလုပ်မယ်ဆိုရင်

၁။ ကားသွားနေသော အမြန်နှုန်းချင်း ( တထပ်ထည်းနီးပါးတူညီရမည် 50 km / Hr)
၂။ကားသွားနေသော ဦးတည်ချက်ချင်း တူရမည် ( အမြန်နှုန်း တူသော်လည်း လားရာ မတူလို့မရ FORWARD )
၃။ကားချင်းနီးကပ်စွာ ယှဉ်တွဲမောင်းနှင်ချိန်တွင် အမြန်နှုန်း /အကွေ့အကောက်များတွင်လည်း TURNING ANGLE တူညီစွာမောင်းနှင် နိုင်ရမည်ဖြစ်သည်။

တကယ်လို့ ကျနော်တို့ ကိုယ်တိုင်က ကျွမ်းကျင်ကားမောင်းသူတွေဖြစ်ခဲ့ရင်တောင်မှ ဒီလို မျက်မြင်အခြေအနေမှာ တခြားကား တစ်စီးကို တူညီ သတ်မှတ် အမြန်နှုန်းနဲ့ ထပ်တူညီ နီးကပ်စွာလိုက်မောင်းနိုင်ဖို့ဆိုတာ အတော်ပင်မလွယ်သော ကိစ္စတစ်ခုပါ ၊
ကဲဟုတ်ပြီ ဒီလို မျက်မြင်မဟုတ်သော အခြေအနေဖြစ်နေတဲ့ လျှပ်စစ်ထုတ်စက် ( GENERATOR ) တွေ ရဲ့ ထုတ်လုပ် လျှပ်စစ် ဓာတ်အားကို တစ်လုံး နဲ့ တစ်လုံး ထပ်တူညီစွာ မောင်းနှင်မယ်ဆိုရင်ရော လွယ်ပါ့မလား အချိန်နှင့်အမျှပြောင်းလဲနေနိုင်သော NATIONAL GRID ရဲ့ လျှပ်စစ်ဓာတ်အား နဲ့ တွဲရင်ရော --- ။
ကားချင်း ယှဉ်မောင်းရသလောက် လွယ်ပါ့မလား ၊ ကားချင်း ယှဉ်မောင်းသလို ဘယ်အချက်တွေနဲ့ လျှပ်စစ်ထုတ်စက်တွေကိုချိန်ညှိမလဲ ဘယ်လို လျှပ်စစ် အင်ဂျင်နီယာ သဘောတရား သီအိုရီကို အသုံးပြုပြီး. မမြင်ရသော လျှပ်စစ်ဓာတ်အားနှစ်ခုကို ယှဉ်တွဲပြီး မောင်းနှင်မလဲ....
ဒီအတွက် ဉပမာ အနေနဲ့ GENERATOR နှစ်လုံး ယှဉ်တွဲမောင်းနှင် ( SYNCHRONIZE ) ပြုလုပ်ရာမှာဖြစ်စေ ၊ GENERATOR နှင့် အခြား NATIONAL GRID နဲ့ SYNCHRO ပြုလုပ်ချိတ်ဆက်ရာမှာ မြင်သာသော ကားနှစ်စီးယှဉ်တွဲမောင်းနှင်ခြင်းထတ်ပိုပြီး တိကျဖို့ ၊ မှန်ကန်ဖို့ လိုအပ်တာက အသေအချာပါဘဲ ဒါတွေကတော့၊

၁။ ကားသွားနေသော အမြန်နှုန်းချင်း ( တထပ်ထည်းနီးပါးတူညီရမည် )
ဒီလိုဘဲ GENERATOR ၂ လုံးမှ မှထုတ်လုပ်သော VOLTAGE MAGNITUDE လျှပ်စစ်တွန်းအား/ဖိအား ချင်းထပ်တူညီရမည်ဖြစ်သည်။
GENERATOR ၂ လုံး၏ လည်ပတ်နှုန်းပေါ် မူတည်သော FREQUENCY ပမာဏ ချင်းထပ်တူညီရမည်ဖြစ်သည်။

၂။ကားသွားနေသော ဦးတည်ချက်ချင်း တူရမည် ( အမြန်နှုန်း တူသော်လည်း လားရာ မတူလို့မရ )
GENERATOR ၏ PHASE ဦးတည်ရာ ( PHASE ROTATION / PHASE SEQUENCE ) တူညီရမည် ဖြစ်သည်။

၃။ကားချင်းနီးကပ်စွာ ယှဉ်တွဲမောင်းနှင်ချိန်တွင် အမြန်နှုန်း /အကွေ့အကောက်များတွင်လည်း တူညီစွာမောင်းနှင် နိုင်ရမည်ဖြစ်သည်။
GENERATOR ၏ PHASE လည်ပတ်မှုတိုင်း၏ ANGLE ( PHASE ANGLE ) များထပ်တူညီရမည်ဖြစ်သည်။ ဒီတော့ အချုပ်အားဖြစ် GENERATOR နှစ်လုံး ယှဉ်တွဲမောင်းနှင် ( SYNCHRONIZE ) ပြုလုပ်ရာမှာ

အခြေခံလိုအပ်ချက် တွေကတော့
1. VOLTAGE MAGNITUDE ( Genset ၏ output voltage ဘယိလောက်လဲ၊ ဘယ်လောက် rating
အတွင်းအလုပ် လုပ်နိုင်လဲ ) +/- 5%
2. FREQUENCY ( Genset ၏ output frequency နှင့် သတ်မှတ်အလုပ်လုပ်နိုင်သော High frequency / low
frequency rating များ ) +/- 2 Hz
3. PHASE SEQUENCE
4. PHASE ANGLE +/- 60°
တို့ဖြစ်ပါတယ်။
ဒီနေရာမှာ ပုံမှန်အားဖြစ် SYNCHRONIZING မပြုလုပ်ခင်ကတည်းက GENERATOR များ၏ PHASE ROTATION / SEQUENCE ကို ကြိုတင်ချိန်ညှိထားပြီး၊ SYNCHRONIZING ပြုလုပ်ချိန်၌ နှိုင်းယှဉ်ရန်လိုအပ်သော အဓိက အချက်မှာ VOLTAGE / FREQUENCY နှင့် PHASE ANGLE တို့သာဖြစ်ပြီး VOLTAGE ကို DOUBLE VOLT METER / FREQUENCY ကို DOUBLE FREQUENCY METER ဖြစ်စစ်ဆေးနိုင်သလို GENERATOR SOURCE ၂ ခုကြား VOLTAGE / CURRENT နဲ့ VECTOR ကွာခြားမှုကို SYNCHRO SCOPE ဖြစ်စစ်ဆေးနိုင်ပြီး၊ SYNCHRONIZING ပြုလုပ်ရာတွင် FULLY AUTOMATIC SYSTEM / SEMI AUTOMATIC SYSTEM / MANUAL SYNCHRONIZATION METHOD ဟူ၍ စနစ်အမျိုးမျိုးရှိနိုင်ပါသည်၊ အချို့သော စက်များတွင်မူ အထက်ပါ စနစ်အားလုံးကို ထည့်သွင်းတည်ဆောက်ထားခြင်းများရှိပါသည်။

ဒီနေရာမှာ ကျနော်တို့အနေနဲ့ POWER PLANT တွေမှာ NATIONAL GRID နဲ့ SYNCHRONIZING ပြုလုပ်ရာမှာ လက်တွေ့ကြုံရသော အခက်အခဲ တချို့နဲ့ PLANT SHUT DOWN ဖြစ်ရသော ပြသနာတချို့မှာ SYNCHRONIZING ပြုလုပ်ထားပြီး GENERATOR များ GRID နှင့်အပြိုင်မောင်းနှင်နေချိန်တွင်
GRID ၏ FREQUENCY သည် LINE FAULT or အခြားပြင်းထန်သော FAULT တခုခုကြောင့် အချိန်ပိုင်း အတွင်း ဥပမာ ၊ ၊ 4 CYCLE/SECONDS အတွင်း FREQUENCY ပမာဏ ရုတ်ချည်းပြောင်းလဲချင်းအတွက် ( ROCOF RATE OF CHANGE OF FREQUENCY ) (ANSI 81R ) ဖြစ် GENERATOR အား SHUT DOWN ဖြစ်ခြင်း။
GRID ၏ VOLTAGE MAGNITUDE သည် LINE FAULT or အခြားပြင်းထန်သော FAULT တခုခုကြောင့် အချိန်ပိုင်းအတွင်း VOLTAGE ရုတ်ချည်း အပြောင်းအလဲ မြန်ဆန်စွာဖြစ်ပေါ်ပြီး ထိုပြောင်းလဲမှုအား GENERATOR TERMINAL VOLTAGE RATING ( +/- 5 % ) အတွင်း ကျော်လွန်ဖြစ်ပွါး၍ GENERATOR သည် VECTOR SHIFT (ANSI 78) / Vector surge relay အခြား VOLTAGE PROTECTION ဖြစ် GENERATOR အား SHUT DOWN ဖြစ်စေခြင်း။
GENERATOR များ SYNCHRONIZATION ပြုလုပ်ရာတွင် စက် တစ်လုံးနှင့်တစ်လုံး ယှဉ်တွဲရာတွင် SYNCHRONIZATION SOURCE အဖြစ် အသုံးပြုသော POTENTIAL TRANSFORMER များ၏ INTERNAL CHARACTERISTICS များပြောင်းလဲမှုကြောင့် VOLTAGE မငြိမ်မသက်ဖြစ်ခြင်း များဖြစ်လာနိုင်ပါသည်။ ထို့အပြင် AVR CIRCUIT/ EXCITATION CIRCUIT များ DROOP CT များ ကြောင့် LOAD SHARING တွင် ပြသနာပေါ်စေနိုင်သလို FUEL RACK / MECHANICAL LINKAGE /Governor များတွင် ERROR MOVEMENT များရှိလာပါကလဲ SYNCHRONIZATION ဖြစ်စဉ်တွင်သာမက ယှဉ်တွဲမောင်းနှင် ခြင်းများတွင်ပါ GENERATOR ၏ CONTINUOUS RUNNING OPERATION ကို ထိခိုက်စေနိုင်သော အကြောင်းအရာတချို့ ဖြစ်လာနိုင်ကြောင်းပါခင်ဗျား။



#စောဖိုးဆဲ

Basic of Differential Pressure Transmitter (1)     ယနေ့ခေတ် စက်ရုံလုပ်ငန်းမှာ အသုံးအများဆုံး, အသုံးအဝင်ဆုံးနဲ့ Pressure ...
07/26/2024

Basic of Differential Pressure Transmitter (1)

ယနေ့ခေတ် စက်ရုံလုပ်ငန်းမှာ အသုံးအများဆုံး, အသုံးအဝင်ဆုံးနဲ့ Pressure ဖိအားကိုတိုင်းတဲ့အရာတစ်ခုကတော့ Differential Pressure Transmitter ဖြစ်ပါတယ်။ သူ့ကို အတိုအကောက်အနေနဲ့ DP Transmitter လို့လည်းခေါ်ပါတယ်။ ဒီ DP ဟာ Port နှစ်ခုကြားမှာရှိတဲ့ Pressure ရဲ့ ကွာဟချက်ခြားနားချက်ကိုတိုင်းတာပေးတာပါ။ သူ့ရဲ့ Output Signal ကလည်း Pressure ရဲ့ ချိန်ညှိထားတဲ့ အကွာအဝေးကိုဖော်ပြပေးပါတယ်။

DP Construction & Behaviour

DP ကို ခိုင်မာတဲ့ (Forged Metal) ကိုယ်ထည်နဲ့ဖွဲ့စည်းထားတဲ့နေရာမှာ အာရုံခံကိရိယာပါပြီးတော့ သူရဲ့ ထိပ်ပိုင်းမှာ Mechanical သို့မဟုတ် Electronic အပိုင်းတွေထားပေးတဲ့ အကန့်တစ်ခုလည်းပါဝင်ပါတယ်။

အဲ့ဒီထိပ်ပိုင်းမှာပါတဲ့ Electronic Components တွေက Physical to Electrical Signal ပြောင်းပေးတဲ့အရာ ( အာရုံ Pressure ကနေ Instrumentation Standard Signal ) ကိုပြောင်းပေးပါတယ်။ ( 3-15 psi, 4-20mA, digital fieldbus codes )

Model နဲ့ Manufacture ကတော့ အမျိုးမျိုးရှိပါတယ်။ မည်သို့ပင် Model အမျိုးမျိုးနဲ့ရှိစေကာမူ Differential Pressure Transmitter တိုင်းမှာ (DP, dp or (triangle) P ) ဟာ fluid process ရဲ့ ခြားနားချက် Pressure ကို အာရုံခံပေးမယ့် Pressure Port ၂ခုကတော့ အမြဲပါပါတယ်။

အဲ့ဒီ Port မှာ လုပ်ငန်းစဥ် (Process) နဲ့ ချိတ်ဆက်ဖို့အတွက် အဆင်ပြေအောင် 1/4 လက်မလောက်ရှိတဲ့ Female NPT Thread တွေပါပါတယ်။

Port တွေရဲ့ တစ်ဖက်တစ်ချက်စီမှာ HIGH နဲ့ LOW ဆိုပြီးစာတွေပါပါတယ်။ ဒီနေရာမှာ မှတ်ရမှာက HIGH ဘက်အခြမ်းမှာ အမြဲတမ်း Pressure ကြီးကြီးရှိနေရမယ်လို့မဆိုလိုပါဘူး။ အဲ့ဒီစာတွေက ဘာကိုဆိုလိုတာလဲဆိုရင် Increasing ဖြစ်တဲ့ မည်သည့် Fluid Pressure မဆို အဲ့ဒီ Port တွေမှာသက်ရောက်မယ် ဆိုရင် အထွက်အချက်ပြလှိုင်းရဲ့ ဦးတည်ချက်အပေါ်သက်ရောက်မှုရှိပါလိမ့်မယ်။

ခေတ်သစ် Modern DP Transmitter တွေမှာ Sensing Element အာရုံခံကိရိယာကို Diaphragm နဲ့အသုံးများပါတယ်။ Diaphragm ရဲ့တစ်ဖက်မှာ High Port ကနေ Process Fluid Pressure ကိုရပြီး နောက်တစ်ဖက်မှာ Low Port ကနေ Process Fluid Pressure ကိုရပါတယ်။

မည်သည့် Port ဘက်ကနေ Pressure ပဲပေးပေး ဘက်နှစ်ဖက်မှာရှိတဲ့အခြမ်းမှာ တစ်ဖက်ဖက်ကနေ ကြီးမားတဲ့ Pressure တစ်ခုခုသောက်ရောက်ရင်တော့ Diaphragm ဟာ Flex ဖြစ်သွားပါမယ်။ အဲ့ဒီ Flexing ဖြစ်တာက နည်းပညာနဲ့ Modelပေါ် မူတည်ပြီး Output Signal ကို Transmitter ကနေထုတ်ပေးပါတယ်။

Reference: Instrumentationtools

#စောဖိုးဆဲ

Encoder     Encoder တွေက နည်းပညာအမျိူးမျိုးပေါ်မူတည်ပြီးတော့ Motion ကနေ Electrical Signal ကိုပြောင်းလဲပေးပါတယ်။ အဲ့ဒီ Si...
07/26/2024

Encoder

Encoder တွေက နည်းပညာအမျိူးမျိုးပေါ်မူတည်ပြီးတော့ Motion ကနေ Electrical Signal ကိုပြောင်းလဲပေးပါတယ်။ အဲ့ဒီ Signal တွေကို Program နဲ့ အတူသုံးမယ့် Value တွေကို ဖော်ပြဖို့အတွက် PLC လိုမျိုး Controlling Device တွေကိုပို့ပေးပါတယ်။

Encoder Types and Technologies

Encoder မှာပါဝင်တဲ့ နည်းပညာတွေက

-Magnetic
-Mechanical
-Resistive
-Optical တို့ပဲဖြစ်ပါတယ်။

ဒီအထဲမှာက Optical ဟာ Motion အတွက် အသုံးအများဆုံး Encoder တစ်ခုဖြစ်ပါတယ်။ Absolute နဲ့ Incremental လိုမျိုး Encoder တွေရှိပါတယ်။ ဒါကိုနောက်မှပဲသက်သက်ရေးပါမယ်။

Encoder Working Principle

ဒီ Incremental ဥပမာနဲ့ဆိုရင် Optical Type Encoder ဟာ ဘီးလိုမျိုး Disk တစ်ခုမှာတိကျတဲ့ပုံစံ Opaque လိုင်းပေါ်မှာ အပေါက်ဖောက်ထားတဲ့ အပေါက်ကနေပြီးတော့ အလင်းတန်း ( A beam of Light ) သုံးပြီး Disk မှာရှိတဲ့အပေါက်ကနေဖြတ်သန်းစေပါတယ်။ ဒါကတော့ Optical ရဲ့ ဥပမာပါ။

Disk ရဲ့ တစ်ခြားတစ်ဖက်မှာကတော့ Disk ပေါ်မှာရှိတဲ့ အပေါက်ကနေဖြတ်သန်းလာတဲ့အလင်းကို Interpret လုပ်ဖို့အတွက် Photo Sensing Device ရှိပါတယ်။

အဲ့ဒီက အလင်းရဲ့ Pulses တွေဟာ Electrical Signal ပြောင်းပြီးတော့ Encoder ရဲ့ Output ကနေ တစ်ဆင့် Processor ဆီကိုပို့ပေးပါတယ်။

Encoder ကို Servo သို့မဟုတ် VFD Control, Measuring နဲ့ Count ကဲ့သို့သော် " Closed-Loop " Applications တွေမှာအသုံးများကြပါတယ်။

Encoder နဲ့သုံးတဲ့ Processes တွေကို ဥပမာအချို့နဲ့ဖော်ပြပါမယ်။

Encoders for Controlling the Speed of a VFD

VFD Control အတွက်မှာဆိုရင် တိုင်ကီတစ်ခုမှာ ရေအပြည့်ဖြည့်ဖို့အတွက် VFD ကနေ Pump တစ်ခုကိုလည်ပတ်နေရပါမယ်။

VFD ကနေ သတ်မှတ်ထားတဲ့ Speed နဲ့ Pump ကို Run ဖို့အတွက်နဲ့ တိကျတဲ့ Speed ကို တောင်းဆိုထားတဲ့အချိန်မှာသုံးရတော့မယ်ဆိုရင် Encoder ဟာ Speed ရဲ့ Feedback အနေနဲ့ VFD မှာသုံးပါမယ်။

Encoder In Measuring Processes

ဒီ Application မှာဆိုရင် သတ်မှတ်ထားတဲ့ Size ကိုရဖို့အတွက် Aluminum က အပြားကိုဖြတ်ရမယ်ဆိုပါတော့။ ဒီ Aluminum အပြားကလည်း ပေ (feet) ရာနဲ့ချီပြီးရှည်နိုင်ပါတယ်။ အဲ့ဒီအပြားဟာ ရှည်လျားတဲ့ Rollပေါ်ဖြတ်ပြီးတော့ Cutting Mechanism ထဲကိုထည့်မယ်ပေါ့။

Aluminum ကို ဘယ်လောက်ပမာဏနဲ့တိတိကျကျဖြတ်မယ်ဆိုတာလိုအပ်လာပါပြီ။

Emcoder ကို Conveyor ကနေချိတ်ပြီးတော့ Cutting Assembly ကနေ ကျွေးမယ့် Material ကိုဖတ်မယ်။ နောက်ဆုံးဖြတ်တောက်ပြီးလို့ ကျွေးထားတဲ့ ပစ္စည်းရဲ့အရှည်ကို ညွန်ပြမယ်။ အဲ့ဒီကရလာတဲ့ Feedback နဲ့ လိုအပ်တဲ့အရှည်ကိုဖြတ်ဖို့နဲ့ ဖြတ်တောက်ထားတဲ့ ဓားကိုချိန်ညှိဖို့အတွက်သုံးနိုင်ပါတယ်။

Encoder In Counting Applications

ပုလင်းတွေတင်ပြီး Running လုပ်မယ့် Conveyor လိုင်းတစ်ခုရှိတယ်ဆိုပါတော့။ Assembly ထဲကို ဝင်တဲ့အချိန်နဲ့ ထွက်တဲ့အချိန် ပုလင်းတွေကို Count လုပ်မယ့် Photo-eye Sensor တစ်ခုလည်းတပ်ဆင်ထားမယ်။ တိုတိုပြောရင်ပုလင်းကို အဖုံးဖုံးမယ်ပေါ့။ အဖုံးကလည်း Aluminum Foil လိုပေါ့။

Foil ကို Seal တစ်ခါလုပ်ပြီးရင် Conveyor Line ကရွေ့မယ်။ နောက်ပြီးတော့ Seal လုပ်ပြီးတဲ့ တပ်ဆင်ခြင်းကနေထွက်ကြောင်းကိုသိဖို့ Photo-Eye Sensor ကိုသုံးမယ်။ လွယ်လွယ်နဲ့ပြောရရင် Bottle တွေတစ်ခုချင်းစီရွေ့ဖို့အတွက် Encoder ဟာ အဝင်နဲ့အထွက် Value ဟာကိုဖော်ပြဖို့အတွက် Conveyor နဲ့တွဲပြီးတော့သုံးပါတယ်။ Encoder ကနေရလာတဲ့ Pulses တွေဟာ Conveyor ကိုဘယ်လောက်အကွာအဝေးနဲ့ ရွေ့လျားတယ်ဆိုတာ Signal ထုတ်ပေးပါတယ်။ အဲ့ဒီ Signal နဲ့ Sensor တွေကိုသုံးပြီးတော့ လိုအပ်တဲ့ပုံစံတွေမှာအသုံးပြုကြပါတယ်။

Reference : Realpars

#စောဖိုးဆဲ

Description of RS-485    RS-485 ဟာ Industrial တွေမှာအသုံးများတဲ့ Communication တစ်ခုဖြစ်ပါတယ်။ RS-485 ကိုနောက်တစ်နည်း EI...
07/26/2024

Description of RS-485

RS-485 ဟာ Industrial တွေမှာအသုံးများတဲ့ Communication တစ်ခုဖြစ်ပါတယ်။ RS-485 ကိုနောက်တစ်နည်း EIA/TIA-485 လို့လည်းခေါ်ဝေါ်သေးပါတယ်။ USB နဲ့ Ethernet တို့ထက်စာရင် RS-485 ဟာ Industrial တွေ‌မှာအသုံးများပါတယ်။ အကြောင်းမှာတော့ RS-485 ဟာ သိပ် Complex မဖြစ်သလိုဈေးလဲသိပ်မကြီးတဲ့အတွက်ကြောင့်ပါ။ သို့သော်လည်း Low Speed Data Communication လုပ်ငန်းစဉ်တွေမှာပဲသုံးလို့အဆင်ပြေမှာပါ။

RS-485 Connection ကို အများအားဖြင့် Two Wires သို့မဟုတ် Three Wires နဲ့လည်းသုံးကြ‌ပါသေးတယ်။ RS-485 မှာ Contact သုံးခုရှိပါတယ်။ အဲ့တာကတော့ Data A , Data B နဲ့ GND လို့ခေါ်ပြီး နောက်တစ်နည်းအခေါ်အဝေါ်ကတော့ Data Wire, Inverted Data Wire နဲ့ Zero Wire သို့မဟုတ် Ground ဆိုပြီးတော့လည်းခေါ်ကြပါသေးတယ်။

သူရဲ့အဓိက Design ကတော့ ရိုးရှင်းပါတယ်။ Data Signal တွေကို Wire ကြိုးနှစ်ခုကနေ ဖြတ်သန်းစေပြီးတော့ Signal တွေကို အပြန်အလှန်ပို့ဆောင်ပေးပါတယ်။ RS-485 သည် Data ပို့တဲ့အခါ Data တွေကိုအချင်းချင်း Collided ဖြစ်မိတာမျိုးကိုရှောင်ရှားပေးနိုင်ပါတယ်။ဥပမာ ကြိုးတစ်ကြိုးထဲကနေ Signal ကိုအပြန်အလှန်ပို့နေရင် Device တစ်ခုက‌နေ တစ်‌ခုပို့ပေးတဲ့ Data တွေ တိုက်မိတာမျိုးကို Collided ဖြစ်တာလို့ပြောတာပါ။

RS-485 ရဲ့အသုံးအများဆုံး Data Transfer Type မှာ Half Duplex နဲ့ Full Duplex ဆိုပြီး နှစ်မျိုးရှိပါတယ်။ သူရဲ့ Maximum Distance ကတော့ 1200 Meters ကို 9600 Bps နဲ့ အလုပ်လုပ်ပါတယ်။ Maximum Baud Rate ကတော့ 10Mbps ပါ။ Topology ကတော့ Multiple Point ဖြစ်ပြီးဆက်သွယ်လို့ရနိုင်တဲ့ အများဆုံး Device တွေကတော့ 32ခုရှိပြီး Repeater ခံရင် 256 ခုအထိသုံးနိုင်ပါတယ်။ သို့သော် လက်တွေ့မှာ ကောင်းမွန်ပြီးတည်ငြိမ်တဲ့ Signal နဲ့ အလုပ်လုပ်မယ်ဆိုရင် Device ချိတ်ဆက်မှုကို 24 ခုလောက်အထိပဲချိတ်ဆက်သင့်ပါတယ်။

Reference: IPC2U, Renke, Electronic Team Inc

#စောဖိုးဆဲ

Scan Time ========    PLC နဲ့ sequence program တစ်ခုကိုဖန်တီးတဲ့အချိန်မှာ device တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ Exchanging d...
07/26/2024

Scan Time

========

PLC နဲ့ sequence program တစ်ခုကိုဖန်တီးတဲ့အချိန်မှာ device တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ Exchanging data တွေရဲ့ မတူညီတဲ့ Scan Time ကိုသိထားဖို့လိုပါတယ်။

Reliable( ယုံကြည်ရတဲ့ ) Signal reading process အတွက် PLC ထဲမှာရှိတဲ့ Scan Time အချိန်ရဲ့ကြာချိန် ( the length of the time ) ဟာ တခြား Controller မှာရှိတဲ့ Scan Time ထက် ပိုပြီးကြီးနေရပါမယ်။

(တချို့သော် PLC ထုတ်သည့် ကုမ္ပဏီများသည် PLC ၏ Scan Time ကို Controller ၏ Scan Time ထက် အနည်းဆုံး နှစ်ဆနီးပါးထားပေးဖို့အကြံပြုထားပါတယ်။)

PLC's scan time > Other Controllers' scan times

ပုံမှာပြထားတဲ့အတိုင်း Device နှစ်ခုမှာမတူညီတဲ့ Scan Time ရှိတယ်ဆိုပါစို့။ I/O timing ဟာ သိသိသာသာပဲ စည်းချက်မကိုက်ဘူးဆိုတာ မြင်သာလိမ့်ပါမယ်။
တစ်ဖက်မှာက Scan Time ဟာ 20 ms ရှိပြီး တစ်ဖက်မှာက Scan Time ဟာ 1ms ပဲရှိပါတယ်။

Controller ရဲ့ မည်သည့် Signal မဆို Trigger ဖြစ်မယ်ဆိုရင် PLC ဟာချက်ချင်းအလုပ်မလုပ်ပါဘူး။ ဒါကြောင့်ပဲ Reliable Signal ကိုရဖို့အတွက် PLC ရဲ့ Scan Time ဟာ Controller ရဲ့ Scan Time ထက်များနေမှရမှာပါ။

"The safety factory of time setting is 2 or 4 times or more of the scan."

ဆိုလိုတာက Time Setting ရဲ့ Safety factory သည် နှစ်ဆ သို့မဟုတ် လေးဆ သို့မဟုတ် ဒီထက် ပိုများတဲ့ Scan time ကိုထားပေးရမယ်လို့ပြောတာပါ။

ဒီလိုအရာတွေဘာကြောင့်လုပ်ရလဲဆိုရင် Input Component တွေဆီကို Noise စတဲ့ မလိုလားအပ်တဲ့ အရာတွေကနေ ကာကွယ်ပေးဖို့အတွက်ကြောင့်ရော တခြား device တွေ reading လုပ်နေချိန်အတွင်း Data collision မဖြစ်အောင်အတွက်ရောစတဲ့ပုံစံနဲ့သုံးထားရတာပါ။

Reference : PLC's Manuel book.

#စောဖိုးဆဲ

How to control ABB drive from 2 x Locations
07/17/2024

How to control ABB drive from 2 x Locations

This video will share about the ABB ACS880 drive control from 2 external locations. ABB ACS880 called EXT1 and EXT2.

ABB ACS880Using Adaptive Programming to performauto Forward Reverse function.https://youtu.be/xGX164aYvfc?si=u3wFiqbGptD...
07/06/2024

ABB ACS880
Using Adaptive Programming to perform
auto Forward Reverse function.

https://youtu.be/xGX164aYvfc?si=u3wFiqbGptDU-k8p

#စောဖိုးဆဲ

This video, i will explain about adaptive programming which is built in feature in ACS880 ABB Drive. Easy to use. you can use up to 20 blocks for one drive. ...

How to commission ABB Drive using ABB Drive Composer Entry, Please watch this video.
06/30/2024

How to commission ABB Drive using ABB Drive Composer Entry, Please watch this video.

This video , I will share you about how to commission the ABB VSD by using drive composer entry. After watch this video, you will be able to perform ACS880, ...

How to download drive composer entry at ABB website.please watch this video.
06/30/2024

How to download drive composer entry at ABB website.

please watch this video.

This video show you about ABB Drive composer entry how to download, Install and trend the signals. it can monitor 8 signals. it is free of charge.

ဝါယာကြိုး ဆက်နည်းများ။ #စောဖိုးဆဲ
07/23/2023

ဝါယာကြိုး ဆက်နည်းများ။

#စောဖိုးဆဲ

Address

America
New York, NY
11847

Alerts

Be the first to know and let us send you an email when 𝚂𝚊𝚠 𝙿𝚑𝚘𝚎 𝚂𝚎𝚕 𝓐𝓾𝓽𝓸𝓶𝓪𝓽𝓲𝓸𝓷, 𝓓𝓻𝓲𝓿𝓮 𝓪𝓷𝓭 𝓟𝓛𝓒 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝚂𝚊𝚠 𝙿𝚑𝚘𝚎 𝚂𝚎𝚕 𝓐𝓾𝓽𝓸𝓶𝓪𝓽𝓲𝓸𝓷, 𝓓𝓻𝓲𝓿𝓮 𝓪𝓷𝓭 𝓟𝓛𝓒:

Share