13/11/2026
Shwe Lunn Pyan 85 - CCTV လုံခြုံရေးကင်မရာ နှင့် Solar + Inverter + Battery ၏ ဆူးလေနှင့် ဝေဇယန္တာရုံးခွဲများတွင် အောက်ပါဝန်ထမ်းများ လိုအပ်ပါသည်.
(1) ကျွမ်းကျင် အရောင်းဝန်ထမ်း- 5ဦး (ကျား/မ)
(အခြေခံလစာ 500,000 မှ 600,000 )
အသေးစိတ်တွက်ချက် ရောင်းချတတ်သူ ဦးစားပေးမည်။ ကျွမ်းကျင် သူများ လစာကောင်းရမည်။ အရောင်းတက်အောင် အမြဲကြံစည်ပေးနိုင်ရမည်။
ပစ္စည်းများကို Customers များ စိတ်တိုင်းကျ ရောင်းချနိုင်သော သူဖြစ်ရမည်။
စာကျက်မှတ် လေ့လာသင်ယူနိုင်သူ ဖြစ်ရမည်။
အလုပ်ချိန်တွင် အလုပ်များကို အချိန်နဲ့ တစ်ပြေးညီ အပြည့်အဝလုပ်ကိုင်နိုင်ရမည်။။
(2) ကျွမ်းကျင် Installers ဝန်ထမ်း - 5 ဦး (ကျား)
(အခြေခံလစာ 500,000 to 600,000)
Site များကို တာဝန်ယူ လုပ်ကိုင်နိုင်ရမည်။
မီး Main Panel များနှင့် Solar ကိုပါ နားလည်ရမည်။ အရည်အချင်းပေါ် မူတည်ပြီး လစာတိုးမည်ဖြစ်သည်။
နေ့စဥ် site ထဲ သွားရောက်လုပ်ကိုင်ရမည်။
လိုအပ်ပါက ခရီးသွားနိုင်သူဖြစ်ရမည်။ အလုပ်ကို ကြိုးစားတက်ကြွစွာလုပ်ကိုင်နိုင်ရမည်။
အခြား systems များကိုပါ ကျွမ်းကျင်သူကို ဦးစားပေးမည်။
(3) သာမန် အရောင်းဝန်ထမ်း - ၄ဦး( ကျား/မ)
(အခြေခံလစာ 300,000 မှ 400,000)
နေ့စဥ်အရောင်းကိစ္စများကိုတာဝန်ယူ ရောင်းချပေးရမည်။ ဖုန်းများလိုက်လံဆက်သွယ်ပြီး အရောင်းတိုးတက်အောင် တာဝန်ယူရမည်။
နည်းပညာနှင့်ပတ်သက်သည့် စာများကို လေ့လာကျက်မှတ်နိုင်ရမည်။
(4) တပ်ဆင်ရေးသမား - 6ဦး (ကျား)
(အခြေခံလစာ 300,000 မှ 400,000)
ကျမ်းကျင်မှုပေါ်မူတည်ပြီး လစာကွာခြားမည်။ လုပ်ကိုင်နိုင်မည့်အပိုင်းကို လက်တွေ့လုပ်ပြနိုင်ရမည်။ cctv တစ်မျိူးတည်းသာမက အခြား systems များကိုပါ လုပ်နိုင်သူကိုဦးစားပေးမည်။
- ပညာများကို ကိုယ်တိုင်လေ့လာပြီး ပြန်လည်သင်ကြားပေးရမည်။
- ရိုးသားကြိုးစားသူများသာ ဖြစ်ရမည်။
- ကျမ်းကျင်အဆင့်တို့သည် လစာကောင်းကျမည်။
- အရောင်းသမားသည် တစ်လ လျှင် နှစ်ရက်ပျက်ခွင့်ပြုမည်။ တပ်ဆင်ရေးသမားများသည် တစ်လနှစ်ရက်အပြင် ရုံးပိတ်ရက်များပိတ်ပေးသည်။ အလုပ်နှင့် အနီးဆုံးနေရာတွင်အဆောင်ထားပေးထားသည်။
- အလုပ်အတွေ့အကြုံ နှင့် မျှော်မှန်းလစာကို ထည့်သွင်းဖော်ပြရမည်။ လုပ်ကိုင်နိုင်မှုအပေါ်ကိုကြည့်ပြီး လစာ ထိုက်တန်စွာ ရမည်။
- အစမ်းသပ် ကာလသုံးလဖြစ်မည်။
- Company မှ နည်းပညာများကို ကျွမ်းကျင်အောင် သင်ကြားပေးထားသည့် အပေါ် သစ္စာရှိပြီး စိတ်ဓာတ် ကောင်းမွန် ရိုးသားကြိုးစားသူများဖြစ်ရမည်။
- အလုပ်ကိုတန်ဖိုးထားပြီး ပေးအပ်သော တာဝန်များကို အချိန်မြန်မြန်အတွင်း ပြီးမြောက်အောင်မြင်စွာ လုပ်တတ်ရမည်။
- အဖွဲ့လိုက်အလုပ်လုပ်ကိုင်ရာမှာ အထက်အောက်ရာထူးအလိုက် အဆင်ပြေစွာ ပြောဆိုလုပ်ကိုင်နိုင်ရမည်။ လက်အောက်ဝန်ထမ်းများကို နည်းပညာများ ပြန်လည်မျှဝေ သင်ကြားပေးတတ်သူဖြစ်ရမည်။
- နှစ်ကြာရှည်စွာ လုပ်ကိုင်နိုင်ပြီး နည်းပညာများကို အစဥ်မပျက် အမြဲ လေ့လာနေသူဖြစ်ရမည်။
#လျှောက်ထားလိုသူများ CV Form နဲ့အတူ Page Chat Box သိုမဟုတ် 09 - 250024587 (Viber) ကို ပေးပို့တင်ပြရမည်။ အဆင်ပြေသူများကို Shwe Lunn Pyan ၏ ဝေဇယန္တာရုံးသို့ Interview ခေါ်ယူမည်ဖြစ်ပါသည်။
*အလုပ်အတွက် အင်တာဗျူး မည့် လိပ်စာ
Shwe Lunn Pyan ဝေဇယန္တာရုံး၏ လိပ်စာ = ဝေဇယန္တာလမ်းမပေါ်, သစ္စာလမ်းမီးပွိုင့်နှင့် ပါရမီမီးပွိုင့်ကြား, ရန်ကုန်မြို့ 09250024587
*အလုပ်ဝင်ရမည့် Shwe Lunn Pyan ၏ အရောင်းဆိုင်များ၏လိပ်စာ
1) အနော်ရထာလမ်းနှင့် ဆူးလေ လမ်းထောင့်,Naing Group Tower 2, မြေညီထပ်, ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့
2) ဝေဇယန္တာလမ်းမပေါ်, သစ္စာလမ်းမီးပွိုင့်နှင့် ပါရမီမီးပွိုင့်ကြား, တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့